တပည့်တူမလေး
Vol. 38 Ch. 518
ယာမူက ကံကြမ္မာမျိုးနွယ်စုကို ငေးမောရင် အံသြသွားသည်။ ထိုအချိန်မှာ သူ့စိတ်များ သတိလွတ်ဖြစ်သွား လေသည်။ ကံကြမ္မာမျိုးနွယ်စု ၏ကျွန်းသို့ ထွက်ပြေးရန် မှန်ကန်သော ဆုံးဖြတ်ချက်ချခဲ့ကြောင်း သူခံစားရသည်။
အဘိုးအို၏ မျက်နှာက ကောင်းကင်တွင် ရပ်နေချိန်၌ မိုးကြိုးများကဲ့သို့ မည်းမှောင်နေသည်။ သူက မာန်စိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကိုရောက်ရှိပြီးသူတစ်ဦးဖြစ်ပြီး အရှေ့မြေရိုင်းနယ်မြေရှိ အစွမ်းထက်သောကျငိ့ကြံသူတစ်ဦးဟု ယူဆနိုင်သည်။ သို့သော်လည်း ကျွန်းပေါ်ရှိ ဤဒါဇင်သော အားနည်းသော လူများကို ရင်ဆိုင်ရာတွင် သူ့ အမှန်တကယ်သတိရှိခဲ့သည်။
ထိုသတိပေးမှုက သူ့နှလုံးသားထဲတွင် မယုံနိုင်လောက်အောင် လျင်မြန်စွာ ပေါက်ပွားလာခဲ့ပြီး ၎င်းကို အလွန်ရှင်းလင်းစွာ ခံစားနိုင်သည်။
ထိုသတိရှိမှုက ကျွန်းပေါ်ရှိ လူတစ်ဒါဇင်၏ လူသတ်အငွေ့အသက်ကြောင့် ဖြစ်သည်။ ကလေးများပင်လျှင် လူကြီးများကဲ့သို့ သီခြားဆန်ကာေအးစက်နေခဲ့ကြသည်။ ယခင်က ထိုကဲ့သို့လူမျိုးများကို တကယ်မြင်ဖူးသော်လည်း လူမျိုးစုတစ်စုလုံးအနေအထားကိုတော့ မမြင်ဖူးခဲ့ပေ။
“ကံကြမ္မာမျိုးနွယ်စု...ငါ မင်းတို့ကိုသတိရနေမှာပါ”
အချိန်အတော်ကြာပြီးနောက် အဘိုးအိုက တီးတိုးစွာ ပြောလာသည်။
“မင်းတို့အားလုံးကို ငါသတ်ပြီးတာနဲ့ အရှေ့မြေရိုင်းနယ်မြေရဲ့ မျိုးနွယ်အားလုံးကို ငါပြောပြမယ်.. တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာ ကံကြမ္မာမျိုးနွယ်စုလို့ခေါ်တဲ့ လူမျိုးတစ်မျိုးရှိတယ်..ငါတို့ထဲက တစ်ယောက်ယောက်က မင်းတို့ကို တွေ့ရင် မင်းတို့အားလုံးကို သတ်ပစ်လိမ့်မယ်”
အဘိုးအို၏ ကြောက်စရာကောင်းသော စကားလုံးများက လူသတ်ရန် ရည်ရွယ်ချက်နှင့် အေးစက်သော အေးစက်မှုများဖြင့် ပြည့်နှက်နေသော်လည်း ကံကြမ္မာမျိုးနွယ်စု၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်ပြောင်းလဲမှုမျှ မတွေ့နိုင်ပေ။
ကလေးများပင်လျှင် မကြောက်မရွံ့ဘဲ ၎င်းတို့၏ အမူအရာများက ယခင်အတိုင်းပင် သီးခြားဆန်နေခဲ့သည်။
ယာမူတောင်မှ သူ့တစ်ကိုယ်လုံး ကျောချမ်းသွားကြောင်းကို တွေ့လိုက်ရတယ်။ သူတို့၏ရန်သူဖြစ်ခဲ့သော အရှေ့နယ် မြေသား အဘိုးကြီးအတွက်မူ ထိုအကြည့်များကို မုန်းစပြုလာသည်။ ထို့နောက် အေးစက်စက်ဖြင့် သူ့ညာလက်ကို မြှောက်ကာ သူ့လက်ကို ရှေ့သို့ တွန်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် လောထုတွင် မိုးခြိမ်းသံနှင့် တိမ်တိုက်ကြီးများ ထိတွေ့ရိုက်ခတ်သံများထွက်ပေါ်လာသည်။ ထို့နောက် ပေသုံးရာရှိသော ဧရာမရုပ်တုကြီးက ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ထိုရုပ်တုကြီး ရောက်လာချိန်မှာတော့ လောကကြီးတစ်ခုလုံး ဖိအားအချို့ကို ခံစားခဲ့ရသည်။
ရုပ်တု၏ အသွင်အပြင်က အဘိုးအိုက ကျွန်းပေါ်ရှိ လူအားလုံးကို သတ်လိုသောကြောင့် သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်ပေးသည်ဟု ဆိုလိုသည်။
အဝေးမှာကျန်နေသေးသော ကံကြမ္မာမျိုးနွယ်စုက တင်ပျဉ်ခွေထိုင်ပြီး စုမင်၏ရုပ်ထုတဝိုက်မှာ စုဝေးနေခဲ့သည်။ သူတို့က မျက်လုံးများကိုမှိတ်ထားကာ အဖိုးအိုနှင့်မာန်နတ်ဘုရားသခင်ရုပ်တုကို စိတ်မ၀င်စားတော့ပေ။ ယင်းအစား၊ ၎င်းတို့၏ အသက်ရှုသံများအောက်တွင် တီးတိုးရွတ်ဆိုခဲ့သည်။ သူတို့၏ အသံများသည် လေထဲတွင် ပဲ့တင်ထပ်နေသည်။
“ကျုပ်တို့ ကံကြမ္မာမျိုးနွယ်စုက ခေါင်ပါးပြီး မဖွံ့ဖြိုးသေးတဲ့လောကတစ်ခုမှာ မွေးဖွားခဲ့တယ်.. ကျုပ်တို့ သားသမီးတွေနဲ့ မြေးမြစ်တွေက လေးစားထိုက်တဲ့အကြီးအကဲမိုကို ထာဝရကိုးကွယ်ကြလိမ့်မယ်…”
“လေးစားအပ်တဲ့အကြီးအကဲမိုက ကျုပ်တို့ရဲ့ ဘုရားသခင်ပဲ.. ကျုပ်တို့ရဲ့ကံကြမ္မာကို ထိန်းချုပ်လိုတာကြောင့် ကျုပ်တို့ရဲ့ကံကြမ္မာအတွက် တိုက်ပွဲဝင်နေပါတယ်..”
“နတ်ဘုရားတွေမှာ မျက်စိမရှိဘူး၊ လောကကြီးက မျက်ရည်မကျဘူး၊ ကောင်းကင်ကြီးက ငါတို့ကို မချစ်ဘူး..ဒါကြောင့် ငါတို့ကံကြမ္မာမျိုးနွယ်စု ကို စွန့်ပစ်ခဲ့တာ.. ငါတို့ရဲ့ အနာဂတ်ကို ဆုံးရှုံးခဲ့ရပေမယ့် ငါတို့က ကံကြမ္မာမျိုးနွယ်စုဖြစ်လာခဲ့တယ်...ငါတို့အတူတူပူပေါင်းပြီး ကံကြမ္မာမျိုးနွယ်စုကို မြင့်မားအောင်လုပ်မယ်...”
ယာမူ နှင့် မာန်ဝိညာဉ်ကျင့်ကြံသူ အမျိုးသမီးတို့သည် ကံကြမ္မာမျိုးနွယ်စုကို အံသြသောအမူအရာဖြင့် ကြည့်ကြသည်။ သူတို့မျက်လုံးထဲမှာတော့ ထိုလူများက ရူးသွပ်နေပြီး သူတို့၏ထူးဆန်းမှုက ၎င်းနှစ်ယောက်၏မျက်နှာများကို ဖြူဖျော့သွားစေသည်။
အရှေ့မြေရိုင်းသားအဘိုးအိုက အေးစက်စွာ ပြုံးကာ သူ၏ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် ရုပ်ထုထဲမှ စူးရှသော အလင်းတန်းများ ပျံ့နှံ့သွားသည်။ ထိုမှောင်မိုက်သော အလင်းရောင်အောက်တွင် ရုပ်ထုက မြေပြင်ဆီသို့ တည့်တည့် ကျရောက်လာပြီး ရာပေါင်းများစွာသော အမှောင်ရောင်ခြည်များအဖြစ်သို့ ပြောင်းလဲသွားသည်။
မှောင်မိုက်သော အလင်းတန်းများက ဖြာထွက်ပြီး ကျွန်းပေါ်ရှိ သက်ရှိအားလုံးဆီသို့ ပြေးဝင်သွားသော သရဲတစ္ဆေ၏ ပြင်းထန်သော မျက်နှာအသွင်သို့ ပြောင်းလဲသွားသည်။
“ဒါက ကံကြမ္မာမျိုးနွယ်စုရဲ့ နောက်ဆုံး ရိုက်ချက်ပဲ… သူတို့ရဲ့ကံကြမ္မာကို တွန်းလှန်ဖို့ သူတို့ရဲ့ အသက်ကို စွန့်လွှတ်ပြီး မရဏရောင်ဝါနဲ့ပေါင်းစပ်ကြလိမ့်မယ်...”
စုမင်က မတ်တပ်ထရပ်ပြီး သူ့ရုပ်တုဘေးမှာ ထိုင်နေသောကံကြမ္မာမျိုးနွယ်စုဆီသို့ လျှောက်သွားသည်။
သူက အလွန်လျင်မြန်စွာ လျှောက်လှမ်းနေပုံမပေါ်သော်လည်း ခြေတစ်လှမ်းသာသာဖြင့် ကံကြမ္မာမျိုးနွယ်စုများ ဝန်းရံထားသော ရုပ်တုကြီးပေါ်တွင် ရပ်တည်နိုင်ခဲ့သည်။ ထိုနေရာ၌ သူရပ်လိုက်သည်နှင့် ဖြစ်ပေါ်လာပြီး ကံကြမ္မာမျိုးနွယ်စု၏စွန့်လွှတ်မှုကို ရပ်တန့်စေသည် ။ သူတို့မျက်လုံးဖွင့်လိုက်သည်နှင့် လူတစ်ဦးတည်းသာ တွေ့လိုက်ရသည်။
ကျောက်ရုပ်ထုပေါ်တွင် ရပ်နေသော စုမင်ပင်...
သူ၏ရှည်လျားသောဆံပင်များက ပင်လယ်လေညှင်းတွင် ကခုန်နေ လေသည်။သူ၏အဖြူရောင်ဝတ်လုံများက လေထဲတွင် လွင့်ပျံနေကာ သူ့အကြည့်များက လေးနက်နေပုံရပြီး ကောင်းကင်ကြီးကိုတောင် အစားထိုးနိုင်သည့် တည်ရှိနေမှုကို ထုတ်ဖော်ပြသလိုက်သည်။
“လေးစားရပါသော အကြီးအကဲမို”
ကံကြမ္မာမျိုးနွယ်စုအားလုံးက ခဏတာမျှ အံ့အားသင့်သွားခဲ့ကြသည်။ မြင်သူတိုင်းကို ထိတ်လန့်စေသည့်သူတို့၏သီးခြားဆန်မှုကို ၎င်းတို့မျက်နှာပေါ်မှစိတ်အားထက်သန်မှုကအစားထိုးဝင်ရောက်လာသည်။
ဤစိတ်အားထက်သန်မှုက ယခင်အခိုက်အတန့်များနှင့်မတူဘဲ ဆန့်ကျင်ဘက်ဖြစ်နေလေသည်။
စုမင်က ထိုကံကြမ္မာမျိုးနွယ်စုများကို ငေးကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ရာနှင့်ချီသော အလင်းတန်းများမှ ဖြစ်ပေါ်လာသော အန္တရာယ်ရှိသော တစ္ဆေမျက်နှာများက သူ့နောက်တွင် ရှိနေပြီး ရှေ့ကို တစ်ဟုန်ထိုးသွားရင်း ပါးစပ် ဖွင့်ထားသည်။
“ပွဲပြီးသွားပြီ”
စုမင်က ကောင်းကင်ကို မော့ကြည့်လိုက်သော် ရွှေရောင်အလင်းတန်းများ သူ့မျက်လုံးများထဲ လင်းလက်လာသည်။ ကောင်းကင်သို့ လက်သီးပစ်မလွှတ်ခင် ညာလက်ကို မြှောက်လိုက်သည်။
စုမင်က ၎င်း၏ဗဟိုချက်တွင်နေရင်း သူ့လက်သီးများကို ပစ်လွှတ်လိုက် သောအခါ မြေပြင်မှ လေပြင်းများ တလိမ့်လိမ့်တက်လာသည်။ ထို့နောက် လက်သီးလှုပ်ရှားမှုနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ထိုလေပြင်းက ရုတ်တရတ်အထက်သို့တက်လာပြီး ညည်းညူသံများက နေရာအနှံ့ပျံ့နှံ့သွားသည်။ လေပြင်းများက မှောင်မိုက်နေသောအလင်းတန်းများနှင့်ထိတွေ့မိသောအခါ ပဲ့တင်သံများ ထပ် နေ တော့သည် ။ ထို့နောက် ခုခံမှုပုံစံမရှိဘဲ ထိုအလင်းတန်းများ ပျက်စီးသွားခဲ့သည်။
စုမင်က သူ့လက်ကို မြှောက်လိုက်သောအခါ ပေါ်လာသော လေပြင်းများက အမှောင်အလင်းတန်းများအားလုံးကို ဖျက်ဆီးလိုက်ပြီး ချက်ချင်းပင် ကောင်းကင်ရှိ တိမ်တိုက်များထဲသို့ တိုးဝင်လာသည်။ ထူထဲသော တမ်လွှာများကို ထိတိုက်မိသောအခါ ကျယ်လောင်သော ပေါက်ကွဲသံများက ကောင်းကင်ယံတွင် ကျယ်လောင်စွာ မြည်ဟီးနေလေသည်။ တိမ်တိုက်များက ပြန့်ကျဲသွားပြီး အရပ်ရပ်သို့ ရွေ့လျားသွားသည်။
အ ရှေ့မြေရိုင်းသား အဘိုးအို၏ ၏အမူအရာက သိသိသာသာပြောင်းလဲသွားသည်။ ရုတ်တရက်ပေါ်လာသော စုမင်ကို စူးစူးစိုက်စိုက်စိုက်ကြည့်ကာ သူ့နှလုံးသားထဲတွင် မုန်တိုင်းကြီးတစ်ခု ထန်လာသည်။ သူ တုန်လှုပ်သွား လေသည်။ ထိုကျွန်းပေါ်ရှိ အခြားမည်သူမျှ သတိမထားမိခဲ့ပေ။
စုမင်က သူ့အမြင်အာရုံထဲသို့ လျင်မြန်စွယ ရောက်ရှိလာပြီး သူတိုက်ခိုက်ချိန်မှာ ထိုတည်ရှိမှုက သူ့နှလုံးသားကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
ဤအရာအားလုံးက တစ်ခုတည်းသော အဓိပ္ပါယ်ဖြစ်သည်။ ဤလူငယ်က ခွန်အားဖြင့်ဆိုလျှင် သူ့အား ကျော်လွန်နေပြီဖြစ်သည်။
ကံကြမ္မာမျိုးနွယ်စုက သူ့အား အံ့သြလောက်အောင် တုန်လှုပ်သွားစေခဲ့ပြီး ယခုတွင် သူ့ကို ထိတ်လန့်စေသော အခြားလူ ပေါ်လာသည်။ မဆိုင်းမတွဘဲ အဘိုးအိုက သူ့ဘေးနားက ကောင်လေးကို ဆွဲကိုင်ကာ အမြန်ပြန်ဆုတ်သွားခဲ့သည်။ စကားတစ်ခွန်းမှမပြောဘဲ သူထွက်ပြေးသွားသည်။
တည်ငြိမ်သောမျက်နှာဖြင့် စုမင်က ကျောက်ရုပ်ထုပေါ်မှ ခြေလှမ်းကိုလှမ်းလိုက်သည်။ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ ဆုတ်ခွာသွားသော အဘိုးအို၏ ရှေ့တွင် ရှိနေပြီဖြစ်သည်။
စကားတစ်ခွန်းမှ မပြောဘဲ စုမင်က သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး အဖိုးအို၏ မျက်ခုံးအလယ်ကို ထောက်လိုက်သည်။ ထိုလက်ချောင်းက အဘိုးအိုအား ဤလောက၏ဥပဒေသဟု ချက်ချင်းခံစားရစေသည်။ ၎င်းက သူ၏ဝိညာဉ်ပျောက်ကွယ်လုနီးဖြစ်နေသကဲ့သို့ ခံစားရကာ ၎င်းကို မခုခံနိုင်တော့ပေ။ သူ့မျက်လုံးများ ပြူးကျယ်သွားကာ ခပ်အုပ်အုပ် အော်ဟစ်သံများထွက်လာသည်။ သူ့က သနားစရာကောင်းသောအမှိုက်တစ်စသဖွယ်ဖြစ်နေလေတော့သည်။ သူ၏ မာန်အမှတ်အသားက ချက်ချင်းပင် သူ့တစ်ကိုယ်လုံးပေါ်ထွက်ပြီး သူ့ရှေ့မှ ဧရာမတောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုပုံရိပ်က စုမင်ကို ဖုံးလွှမ်းထားပြီး အတွင်း၌ တံဆိပ်ခတ်ထားပုံရသည်။
“ချိုးဖျက်စမ်း”
အဘိုးအိုက သူနောက်ဆုတ်သွားသည်နှင့် တပြိုင်နက် သူ့မျက်ခုံးအလယ်တည့်တည့်တွင် အလင်းရောင်များ ထွန်းတောက်လာသည်။ ချက်ချင်းပင် မာန်ကျင့်ကြံသူတို့ ၏ မာန်နတ်ဘုရားရုပ်ထုက တစ်ဖန်ပေါ်လာသည်။ ယခုတစ်ခါတော့ ရုပ်ထုက အရင်ကထက် ပို၍ရုပ်လုံးပေါ်လေသည်။
အဘိုးအိုက အေးဆေးစွာ မနေနိုင်သေးပေ။ သူ့ဘယ်ဘက်လက်ကို မြှောက်လိုက်သောအခါတွင် ကြီးမားသောဒယ်အိုးကြီးတစ်လုံး ချက်ချင်းပေါ်လာသည်။ ထိပ်တွင် ထူးဆန်းသော သားရဲလေးကောင်ကို ထွင်းထုထားသည်။ ထိုအချိန်တွင် သားရဲလေးကောင် နိုးလာပြီး ကျယ်လောင်စွာ ဟောက်လိုက်ရာ ဒယ်အိုးကို ရွှေ့လိုက်နိုင်တော့သည်။
အဘိုးအိုက စကားတစ်ခွန်းမှ မပြောမီတွင်ပင် တောင်ကြီးက ရုတ်တရက် ပေါက်ကွဲသွားသည်။ ချက်ချင်းပင် တစ်ချက်မျှ အရှိန်မလျှော့ဘဲ စုမင်က အဘိုးအို ၏မာန်နတ်ဘုရားရုပ်ထုကို လက်ညှိုးဖြင့်ဖိလိုက်သည်။
ဟိန်းဟောက်သံများက လေထဲမှာပဲ့တင်ထပ်နေပြီး ရုပ်ထုက အပိုင်းပိုင်းကွဲမသွားခင် တုန်လှုပ်ခါသွားေတာ့သည်။ သွေးများ စွန်းထင်းနေသော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသောအခါ ဆုတ်ခွာသွားသော အဖိုးအိုက သွေးတစ်လုတ်အန်လိုက်ရသည်။ ထို့နောက် သူ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုဖြင့် ပြည့်နှက်နေသည်။သူ့ရှေ့ရှိ ဆံပင်အနက်ရောင် လူငယ်လေးက လေးထောင့်ဒယ်အိုးကြီးကို တို့ထိနေသည်ကို တွေ့လိုက်ရသည်။
ထိုအိုးက တုန်ခါသွားကာ အလယ်ဗဟိုမှ ထက်ဝက်မကွဲမီ ကြီးမားသော အက်ကွဲကြောင်းများ ပေါ်လာသည်။ အပိုင်းနှစ်ပိုင်း ကွဲထွက်သွားပြီး အဘိုးအိုနှင့် သူ့ရန်သူကြားတွင် မည်သည့်အရာမှ ကာဆီးမနေတော့ပေ။
စုမင်၏မျက်နှာတွင် အေးစက်စူးရှသောအမူအရာများပြည့်နှက်နေပြီး အဘိုးအို၏မျက်ခုံးအလယ်ဗဟိုသို့ သူ့လက်ချောင်းကို ရောက်သွား လေသည်။
အဘိုးအိုက ပြင်းထန်စွာ တုန်လှုပ်သွားသည်။ စုမင် ၏လက်ချောင်းများ ချက်ချင်းရောက်သွားပြီး လျှာဖျားကိုကိုက်ကာ ပါးစပ်မှသွေးအန်လိုက်ရသည်။ ထို့နောက် အဘိုးအိုကိုင်ထားသော ကောင်လေးက နာကျင်အော်ဟစ်သံကိုပင် မထုတ်နိုင်မီ လျင်မြန်စွာ ညှိုးနွမ်း ဖျော့တော့လာသည်။ အဆုံးတွင် ထို ကောင်လေးက အသွေးအသားအပိုင်းအစများဖြစ်ကာ ပေါက်ကွဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အဘိုးအိုက သူ့ခန္ဓာကိုယ်ကို နောက်သို့ အမြန်ရွှေ့လိုက်ပြီး စုမင်၏ထိုးနှက်ချက်အောက်တွင် အမှန်တကယ် အသက်ရှင်နေနိုင်ခဲ့သည်။ သို့သော်၊ သူ၏ရှင်သန်မှုက နောက်ပိုင်းတွင် သူ့အား အဆုံးမရှိသောပြဿနာများဖြစ်စေမည့် လျှို့ဝှက်ကျင့်စဥ်ကို ဖန်တီးခဲ့ခြင်းကြောင့်ဖြစ်သည်၊သူ၏တပည့်အား သူ့နေရာကိုဝင်ယူခိုင်းကာ အစားသေဆုံးစေခဲ့သောကြောင့်သာ သူအသက်ရှင်နေခြင်းဖြစ်သည်။
“မာန်စိတ်ဝိညာဉ်နယ်ပယ်မှာ ကောင်းမွန်တဲ့ ပြီးမြောက်မှု.. မင်းက မာန်ဝိညာနယ်ပယ်မှာ ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်သွားခဲ့ပြီပဲ”
ထိုအချိန်တွင်အရှေ့မြေရိုင်းသား အဘိုးအိုက သနားစရာကောင်းသည့်ပုံပေါက်နေသော်လည်း သူ့ဘဝက သေရေးရှင်ရေး အကြပ်အတည်းတစ်ခုနှင့်ရင်ဆိုင်ခဲ့ရသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုများ ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် သူ၏ဦးခေါင်းထက်တွင် သေခြင်းတရားကို ခံစားရပြီး ကြီးမားသော စွမ်းအားများက သူ့ဆီသို့ ရောက်ရှိလာသည်။ သူက ထိုအရာကို တွန်းလှန်ရန် နည်းလမ်းမရှိတော့ကြောင်း သူသဘောပေါက်သောကြောင့် သူ့စိတ်ထဲ၌ ကြောက်ရွံ့မှုများ ပွက်လောရိုက်နေခဲ့သည်။သူ(စုမင်)က မာန်ဝိညာဉ်နယ်ပယ် နှောင်းပိုင်းအဆင့်ရှိကျင့်ကြံသူဖြစ်လောက်မည်။ ထို့ကြောင်ြလက်တစ်ချောင်းတည်းဖြင့် သူ့ထံသို့ ထိုခံစားချက်ကို ယူဆောင်လာနိုင်မည်မဟုတ်ပေ။ မာန်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်သော ပြီးမြောက်အောင်မြင်သူများသာ လုပ်နိုင်သည် ။
အကြောက်တရားက သူ့ရင်ထဲမှာ နစ်မြုပ်နေသော လှိုင်းလုံးကြီးသဖွယ်ဖြစ်နေလေသည်။ သူက မာန်ဝိညာဉ်အလယ်လတ်အဆင့်ရှိကျင့်ကြံသူဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူက လူသားတစ်ဦးဖြစ်နေဆဲဖြစ်သည်။ သို့သော် သူက ထိုလူ(စုမင်)နှင့် ကြုံကြိုက်မိသွားရုံသာမက စုမင်က မာန်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သော ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်းသိရသည်။ သူ မကူညီနိုင်ဘဲ တုန်လှုပ်သွားခဲ့သည်။
နောက်ဆုံးတော့… အရှေ့မြေရိုင်းမယ်မြေ၌ မာန်ဝိညာဉ်နယ်ပယ်မှာ ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သူမှာ ခြောက်ယောက်သာ ရှိသည်။ သူတို့အားလုံး ကျော်ကြားပြီး တုနှိုင်းမမီကြပေ။
သူနောက်ဆုတ်လိုက်ချိန်မှာတော့ သူ့စိတ်ကမောက်ကမဖြစ်သွားသည်။ သူ၏ခါးသီးခက်ခဲသော အချိန်တွင် သူ့တပည့်အား ‘ငါးဖမ်းခြင်း’ အကြောင်း ပြောနေခြင်းကို သူ မမေ့နိုင်ပေ။ သူက ‘ငါး’ ကို အမှန်တကယ် ဖမ်းနိုင်ခဲ့သော်လည်း ထို ‘ငါး’ ( စုမင်) က သူဆန့်ကျင်နိုင်သည့် အရာမဟုတ်ပေ။
မာန်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သော ကျင့်ကြံသူတစ်ဦးထံမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သူသိသည်။ ထို့ကြောင့် သူပြေးတာကို ရပ်ရန် ဆုံးဖြတ်လိုက်ပြီး အရူးတစ်ယောက်လို ညာလက်ကို မြှောက်လိုက်ပြီး မျက်ခုံးအလယ်ကို ပြင်းပြင်းထန်ထန် ထိုးလိုက်လေသည်။
ချက်ချင်းဆိုသလိုပဲ သူ့၏မာန်အမှတ်အသား က သူ့တစ်ကိုယ်လုံးမှာ ပေါ်လာပြီး ပူလောင်နေပုံရသည်။ ၎င်းက မာန်ဝိညာဉ်နယ်ပယ် ရှိသူတို့၏ကိုယ်ပိုင်မာန် အမှတ်အသားများကိုလောင်ကျွမ်းစေသောထူးခြားမြင့်မြတ်သောစွမ်းရည်တစ်ခုဖြစ်သည်။ သူ၏အရှိန်အဝါများက လျင်မြန်စွာ မြင့်တက်လာပြီး သွေးမျက်လုံးများဖြစ်လာသည်။ ပြင်းထန်စွာ တိုက်ခိုက်မှုတစ်ခုတွင် သူ၏ မြင့်မြတ်သော အစွမ်းအစများကို အသက်သွင်းတော့မည်...
သူ့နားဘေးမှာ ခပ်အုပ်အုပ် အသံတစ်ခု ထွက်လာသည်။ ထိုအသံက သူ့ဘဝတွင် ထာဝရတည်မြဲနေမည့် စကားစုအဖြစ်သို့ ပြောင်းလဲသွားသည်။
“ငါ့ရဲ့ ဘယ်လက်က အတိတ်ကို ကိုယ်စားပြုတယ်..အချိန်တွေ နောက်ပြန်သွားတဲ့အခါ ကံကြမ္မာရဲ့ ဆိုက်ရောက်မှုကို အမှတ်အသားပြုတယ်...”
ထိုအသံကို အဘိုးကြီး ကြားလိုက်သည်နှင့် သူ့ပတ်ဝန်းကျင် ကမ္ဘာကြီးသည် ချက်ချင်းပင် ကွဲပြားသွားသလို ခံစားလိုက်ရသည်။ သူ၏မာန်အမှတ်အသား လောင်ကျွမ်းနေသော မီးက ချက်ချင်း ငြိမ်းသွားပြီး နောက်ပြန်ဆုတ်သွားတော့သည်။ သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ ပေါ်လာသည်နှင့်အမျှ စုမင်က သူ့မျက်ခုံးအလယ်ကို ဖိလိုက်သောအခါ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
ထို့နောက်မှာတော့ အရာအားလုံးဟာ နောက်ပြန်လှည့်သွားခဲ့သည်... သူ့နားထဲမှာ ကျန်ရစ်ခဲ့သော တစ်ခုတည်းသောအသံက သူ့စိတ်ဝိညာဉ်က အပိုင်းပိုင်းကွဲအက်သွားသည်။
ကံကြမ္မာမျိုးနွယ်စု၊ ယာမူနှင့်မာန်ကျင့်ကြံသူအမျိုးသမီး၏မျက်လုံးများရှေ့တွင် မူလက ပြန်လည်ဆုတ်ခွာသွားသောအရှေ့မြေရိုင်းသားအဘိုးအိုက သူ့ခေါင်းကိုစုမင်ထိမည်စိုးသောကြောင့် ရုတ်တရက် ခြေလှမ်းအနည်းငယ်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ့ဦးခေါင်းပေါက်ကွဲကာ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွားသည်။ အဘိုးအို၏ သိုလှောင်အိတ်က သူ့ဘာသာသူ လွင့်ထွက်သွားပြီး စုမင်မှ သိမ်းဆည်းရမိခဲ့သည်။
“ကံကြမ္မာက ခင်မင်လေးစားရတဲ့ အကြီအကဲမိုကို နှုတ်ခွန်းဆက်သပါတယ်”
ယာမူဘေးက ကံကြမ္မာမျိုးနွယ်စုက မြေပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး စုမင်အား စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ယာမူးက စုမင်ကို သေချာစိုက်ကြည့်နေသည်။ အကြောင်းတစ်ခုခုကြောင့် လေးစားအပ်သောအကြီးအကဲမိုက မယုံနိုင်လောက်အောင် ရင်းနှီးကြောင်း ခံစားမိခဲ့သည်။
ထိုအချိန်တွင် မာန်မျိုးနွယ်စု အမျိုးသမီး၏ မျက်လုံးများတွင် မယုံကြည်နိုင်မှု ပေါ်လာသည်။
“စုမင်...”
“တပည့်တူမလေးကျီယွင်အချိန် တွေကြာခဲ့ပြီပဲ... ငါ့ရဲ့ဒုတိယစီနီယာအစ်ကို အဆင်ပြေရဲ့လား”
စုမင်က လေထဲ၌ရပ်နေချိန်တွင် မာန်မျိုးနွယ်စု အမျိုးသမီးအပေါ်တွင် သူ့အကြည့်များ ကျဆင်းသွားသည်။ တစ်ဖန် အချိန်အတော်ကြာသွားပြီဟု ခံစားလိုက်ရသည်။
အနှစ်နှစ်ဆယ်...
ဘာသာပြန်သူ၏ မှတ်စုများ-
ကျီယွင်ရဲ့ ညီမက ကျီချဲ/ ဖန်းချန်လန် / ဟန်ချန်ကျီ..သူတို့က ဆရာကြီးလက်အောက်မှာရှိခဲ့တယ် ဒုတိယအစ်ကိုက သူ့ကို သဘောကျခဲ့တာ...