ကိုယ်လုပ်တော်
Vol. 38 Ch. 519
ကျီယွင်က နဝမမြောက်တောင်ထွတ်မှ သူမ၏မျိုးနွယ်စုဝင်တစ်ဦးဖြစ်သည့် စုမကို အသိအမှတ်ပြုလိုက်သည်၊ သူမ၏မျက်လုံးများက ရှင်းလင်းလာပြီး သူမမြင်နေရသည့်အရာကို မယုံနိုင်ဖြစ်သွားသည်။လွန်ခဲ့သည့်အခိုက်အတန့်တွင် သူမ မသေချာသေးသော်လည်း သူ့တပည့်တူမဖြစ်သူ ကျီယွင်ဟုခေါ်ခံရသည့်အခိုက်တွင် မိုးကြိုးပစ်ခံရသကဲ့သို့ ထိတ်လန့်သွားသည်။
“ရှင်က...တကယ် စုမင်လား”
ကျီယွင်သည် စုမင်ကို ကြည့်လိုက်သည်။ ထိုအချိန်တွင်ပင်၊ သူမ၏အမှတ်တရများတွင် နဝမမြောက်တောင်ထွတ်မှလူက ပြန်ပေါ်လာသည်။ သူ၏လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် မာန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်တွင် စွမ်းအားကြီးမားသောကျင့်ကြံသူကိုသေစေနိုင်ခဲ့သည်။ သူမ ထိတ်လန့်တုပ်လှုပ်သွားသည်။
“ငါ့ကို ဆရာဦးလေးလို့ ခေါ်သင့်တယ်”
စုမင်က ကျီယွင်ကို ကြည့်ရင်း သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။ သူ့အတွက်ကတော့ သူ့မျက်စိရှေ့မှာတင် အမျိုးသမီးက ကျီချဲ၏အစ်မတစ်ယောက်တင်မဟုတ်ပဲ သူ့ဒုတိယစီနီယာအစ်ကိုကလည်း ကြိုက်နှစ်သက်သူပင်...
“ဆရာဦးလေး… စု”
ကျီယွင်က တခဏမျှ တုံ့ဆိုင်းသွားကာ သူ့ဆီသို့ ဦးညွှတ်ရန် သူမ၏ လက်သီးကို အလိုလို ရစ်ပတ်လိုက်သည်။ သူမမျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ရှိနေသေးသည်။
“ငါ မာန်မျိုးနွယ်စုကို မပြန်ဖြစ်တာ နှစ်အတော်ကြာပြီ..နဝမမြောက်တောင်ထွတ်ရော ဘယ်လိုလဲ....”
စုမင်က သူ့ရှေ့မှာ ရပ်နေသော အမျိုးသမီးကို ကြည့်လိုက်သည် ။ သူမက ငယ်ဂုဏ်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ရှေးယခင်က ချောမောလှပသော ဆယ်ကျော်သက်မိန်းကလေးက ယခုအခါ လူလတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်လာသည်။ သူ့မျက်လုံးထောင့်က အရေးအကြောင်းတွေက သိပ်မရှင်းသော်လည်း တချို့ကို သူမြင်နေရဆဲပင်ဖြစ်၏။
တစ်ချိန်က ဤမိန်းက လေးက သိမ်မွေ့သည်။ သူမ၏ ရှေးဆန် သောအသွင်အပြင်နှင့် ရင့်ကျက်မှုဆောင်နေချိန်တွင် သူမ၏
ငယ်ရွယ်မှုက အလွန်အမင်း မပျောက်ကွယ်သွားပေ။ ထိုမိန်းကလေးက ယခုအခါ ကျက်သရေ အပြည့်ရှိသော အိမ်ထောင်ရှင် အမျိုးသမီး ဖြစ်လာသည်။
ယခင်က လှပပြီး အသက်ကြီးလာသော်လည်း အမျိုးသားများ၏ နှလုံးသားကို လှုပ်နှိုးနိုင်လောက်အောင် ဆွဲဆောင်မှုရှိသော ပုံပေါက်နေသေးသည်။ ငယ်ရွယ်သော မိန်းကလေးများနှင့် ယှဉ်လျှင် မတူသော ဆွဲဆောင်မှုတစ်ခု ရှိသည်။ သို့သော်…စုမင်က သူ နှင့်ယာမူ အကြားအကွာအဝေးကိုမြင်လိုက်ရသောအခါတွင် သူတို့ကသာမန်ဆက်ဆံရေး မဟုတ်ကြောင်း ခံစားလိုက်ရသည်။
ကျီယွင်က စုမင်၏မေးခွန်းကိုကြားသောအခါတွင် သူမ၏နှလုံးသားကို ထိတ်လန့်စေကာ ရောထွေးနေသောခံစားချက်များဖြင့် အစားထိုးခဲ့သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ပျောက်ကွယ်သွားခဲ့သော စုမင်က တစ်နေ့တွင် သူမရှေ့တွင် ဤမျှ ခိုင်ခံ့စွာ ရပ်တည်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထိုကဲ့သို့ ခွန်အားမျိုးက သူမပိုင်ဆိုင်ရန် အိပ်မက်တောင် မမက်ဝံ့သည့် အရာတစ်ခုပင်ဖြစ်သည်။
ထိုအချိန်တွင် သူက သူမ၏ဆရာဦးလေးဖြစ်ရန် အမှန်တကယ်ထိုက်တန်ပြီး သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ သူမအတွင်းရှိရှုပ်ထွေးပွေလီသောခံစားချက်များနှင့် ရောယှက်နေသော ရိုသေလေးစားသောအမူအရာတစ်ခု သူမမျက်နှာသို့ရောက်လာသည်။
“အေးခဲကောင်းကင်ကလန်... လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ကွဲပြိုသွားခဲ့တယ်.. ကောင်းကင်တံခါးက ထွက်သွားပြီး သူတို့နဲ့အတူ ထူးချွန်တဲ့ တပည့်တွေကို ခေါ်ဆောင်သွားခဲ့တယ်.. အရှေ့မြေရိုင်းနယ်ေမြရဲ့ ကပ်ဆိုးကြီးကို ခုခံနိုင်စေဖို့အတွက်ကောင်းကင်ဘုံကိုးခုထက်က ကောင်းကင်တံခါးကြီးရဲ့ တန်ခိုးကို သုံးခဲ့ကြတယ်...”
“မြေပြင်ပေါ်မှာ တောင်တွေက ပတ်ပတ်လည်မှာ ရှိနေတုန်းဘဲ၊ ဒါပေမယ့် စွန့်ပစ်ခံလိုက်ရပြီ… တခြားတောင်ထွတ်က မျိုးနွယ်စုဝင်တွေ အများစုကတော့ တကွဲတပြားစီးဖြစ်သွားတယ်..ဆရာကြီးလက်အောက်မှာကျွန်မတို့ညီမတွေပဲကျန်ခဲ့တယ်.. ... လမ်းမှာ အခက်ခဲတွေ အများကြီး ကြုံခဲ့ရတယ်..စီနီယာယွမ်လွမ်နဲ့မတွေ့ခင်အထိပေါ့ …”
ကျီယွင်က ထိုစကားများကို ပြောသောအခါ သူမ၏အမူအရာမှာ အနည်းငယ် မှိန်ဖျော့သွားကာ သူမစကားလုံးများကိုရှင်းရှင်းလင်းလင်းပြောရခက်နေပုံရသည်။
အဲဒီတုန်းက ဂိုဏ်းထဲမှာ ရှုပ် ထွေးနေတယ် ကျွန်မ… နဝမမြောက် တောင်ထွတ်ကို သိပ်ဂရုမစိုက်မိဘူး...”
ကျီယွင်က ထိုစကားကို ပြောသောအခါ စုမင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်ကို သူမ တွေ့လိုက်ရသည်။
“ဒါပေမယ့် မငြိမ်မသက်မဖြစ်ခင် နှစ်အနည်းငယ်လောက်က ထွက်ခွာသွားတဲ့ ဒုတိယစီနီယာဦးလေးကို ကျွန်မ မှတ်မိတယ် သူပြန်မလာသေးဘူးထင်တယ်”
ကျီယွင် က အလျင်အမြန်ပြောသည်။
စုမင်က နှုတ်ဆိတ်သွားသည်။ အချိန်အတော်အတန်ကြာပြီးနောက်၊ အဝေးမှာ ရှိနေသော မာန်မျိုးနွယ်စု နယ်မြေဆီသို့ ကြည့်ရန် ခေါင်းကို မော့လိုက်သည်။
“ဆရာကြီးကော ဘယ်လိုနေလဲ”
“ကျွန်မ... ဆရာဘိုးဘိုးထျန်းရှဲကျီ အကြောင်းကို သိပ်မသေချာမသိဘူး.. ဒါပေမယ့်အကြီးဆုံးဆရာဦးလေးက ရှာမန်နဲ့မာန်မျိုးနွယ်စုတွေကြားကတိုက်ပွဲကြီးပြီး ငါးနှစ်အကြာ သီးခြားကျင့်ကြံနေရာကနေ အပြင်ထွက်လာတာကို သိတယ်..သူ ပြန်ရောက် မရောက်တော့မသိသေးဘူး...”
ကျီယွင်က ခဏမျှစဉ်းစားပြီး အမြန်ပြန်ဖြေလိုက်သည်။ သူမက စုမင်ကိုကြည့်လိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် မတွေ့တာ အနှစ်နှစ်ဆယ်လောက် ရှိကောင်းရှိနိုင်သော်လည်း အတိတ်က အမှတ်ရစရာများက သူ့ခေါင်းထဲမှာ ရှိနေဆဲပါပဲ။ နဝမမြောက်တောင်ထိပ်ရှိ ဒုတိယစီနီယာဦးလေးက သူမကို သဘောကျခဲ့သည်၊ သူမက မစဉ်းစားပေးခဲ့ပေ။
သို့သော် ထိုအဖြစ်ကို သူမ သတိရလိုက်သောအခါ ဝမ်းနည်းပူဆွေးမှုများအပြင် ကျီယွင်၏ နှလုံးသားထဲတွင် အချိန်များစွာ ပြောင်းလဲသွားသည့် ခံစားချက်တစ်ခုလည်း ရှိခဲ့သည်။
‘ငါက သူ့ဒုတိယစီနီယာအစ်ကိုနဲ့ တွဲဖြစ်ခဲ့ရင် အခု…’
ကျီယွင်၏စိတ်ထဲမှာ နာကျင်မှုအနည်းငယ်ခံစားရပြီး သူမတိတ်ဆိတ်သွားသည်။
ယာမူက ဘေးတွင် ရပ်နေရင်း မင်တက်အံ့သြမိသွားသည်။ ကျီယွင်နှင့် စုမင်၏ စကားများကို နားထောင်ရင်း သူ့မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်သွားသည်။ သူက စုမင်ကို ထိတ်လန့်သောအမူအရာဖြင့် စိုက်ကြည့်ကာ သူ့အသက်ရှူသံ ရုတ်တရက် မြန်လာသည်။
‘မိုစု...မိုစု...စုမင်...’
ယာမူသည် စုမင်ကိုကြည့်ကာ သူ့စိတ်ထဲတွင် ဖရိုဖရဲဖြစ်သွားသည်။သူ စုမင်ကို မှတ်မိပြီး ဆောင်းဦးပင်လယ်မျိုးနွယ်စုတွင် သူတို့နှစ်ဦးရှိစဉ်အချိန်က မီးပုံကြီးဘေးတွင် အချိန်အတော်ကြာ စကားပြောဖူးသူအဖြစ် အသိအမှတ်ပြုခဲ့သည်။...
“မင်္ဂလာပါ အကြီးအကဲ. ကျုပ်ကယာမူပါ... ကျုပ်ကိုယ်တိုင် ပြန်သုံးသပ်ဖို့ အခွင့်အရေးပေးခဲ့တာကို ဘယ်တော့မှ မမေ့ပါဘူး...”
ယာမူက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး စုမင် ဆီသို့ လေးလေးနက်နက် ဦးညွှတ်ကာ သူ့လက်သီးကို ရစ်ပတ်လိုက်သည်။
ဆောင်းဦးပင်လယ်မျိုးနွယ်ရှိ ယာမူ၏ အသက်စွမ်းအားအားလုံးကို ပေးကမ်းခဲ့သည့် ဟုန်လော့အား ကျေးဇူးတင်ကြောင်းပြသကာ ဦးညွှတ်နေသည်။ ဤသည်မှာ ယာမူက နောက်ဆုံးရှာမန် ဖြစ်လာရန် လမ်းတစ်ဝက်တွင် ရောက်နေရသည့် အကြောင်းရင်းဖြစ်သည်။
အချိန်တွေကြာလာသည်နှင့်အမျှအထူးသဖြင့်စုမင်ကိုယခင်ကမြင်ဖူးပြီး သိကျွမ်းခဲ့တဲ့သူများအနေနှင့် အတိတ်မှာ ဖြစ်ပျက်ခဲ့သည့်အရာများကို ပို၍ယှဉ်တွဲသတိရစေလေသည်။
“အကြီးအကဲမိုက ကျုပ်ချစ်သူနဲ့ အတူတူ မျိုးနွယ်စုက ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး နှစ်ယောက်စလုံး မာန်မျိုးနွယ်စုကပဲ...အေးခဲ ကောင်းကင်ကလန်က လာတာလား...”
ယာမူ၏ မျက်နှာပေါ်တွင် ရိုသေလေးစားသော အကြည့်တစ်ခု ပေါ်လာပြီး မတ်တပ်ထရပ်လိုက်သည်။၊ တွယ်တာသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
“ချစ်သူလား”
စုမင်၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက ယာမူနှင့် မရင်းနှီးသည်မှာ ကြာပြီဖြစ်၍ သူငယ်ချင်းဟုပင် မသတ်မှတ်နိုင်ပေ။ အများဆုံးအနေနဖြင့် အသိအကျွမ်းများဟုသာ ယူဆနိုင်သည်။ သူတို့နှစ်ယောက်၏ဆက်ဆံရေးက ကျီယွင်နှင့်ယှဉ်လျှင် လုံးဝခြားနားသည်။
အခြားလူများအတွက် စုမင်၏ မျက်လုံးများတွင် တောက်ပနေသော ရွှေရောင်အလင်းတန်းများကြောင့် သူ့အရေပြားပင် ရွှေရောင်ဖြစ်သွားပုံပေါ်သည်။ သက်ရှိအားလုံး၏ နှလုံးသားများနှင့် ဝိညာဉ်များကို တွန်းပို့လိုက်သော ပြင်းထန်သော ဖိအားတစ်ခုက သူ့မျက်လုံးများမှ ရုတ်ခြည်း ထွက်လာပြီး ယာမူက သူ့စိတ်ဝိညာဉ် ပြိုပျက်လုနီးပါး ခံစားနေရသည်။ နောက်တစ်ကြိမ် သူ တုန်လှုပ်လာပြီး ခေါင်းထဲမှာ ကျယ်လောင်သော အသံများ မြည်လာသည်။ လေပြင်းမုန်တိုင်းကျ သောပင်လယ်၌ ဖမ်းမိသော တစ်ဦးတည်းသော သင်္ဘောတစ်စင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရကာ အချိန်မရွေး ပြိုကျလုနီးပါး ဖြစ်ခဲ့ရသည်။
ဤပြင်းထန်သောဖိအားက ခေါင်းဆောင်တစ်ဦး၏ အံ့အားသင့်ဖွယ်ကောင်းပြီး ဂုဏ်သိက္ခာရှိသော လေထုကဲ့သို့ ခံစားရသည်။ ယာမူ၏အမူအရာက သိသိသာသာပြောင်းလဲသွားကာ သူ့အသက်ရှုရပ်လုနီးပါးဖြစ်ခဲ့သည်။ ထိုအချိန်တွင် စုမင်က သူ၏အမြင်အာရုံတစ်ခုလုံးနှင့် သူ့ဝိညာဉ်တစ်ခုလုံးကို သိမ်းပိုက်လိုက်သည်။ယာမူဘဝပျက်စီးသွားရန် စုမင် အတွေးတစ်ခုတည်းသာ လိုအပ်သည်။
ကျီယွင်က လျင်မြန်စွာ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ယာမူဆီသို့ စူးမင်၏ အကြည့်ကို ပိတ်ဆို့လိုက်သည်။ အချိန်က အမှတ်အသားပြုထားသည့် သူမ၏မျက်နှာပေါ်တွင် ရှုပ်ထွေးသောအကြည့်တစ်ခု ပေါ်လာသည်။ သူမ ပါးစပ်ကိုဖွင့်ကာ တစ်ခုခုပြောချင်နေပုံပေါ်သည်။
“ဒါက မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စပဲ...ငါနဲ့ဘာမှမဆိုင်ဘူး. ဒါပေမဲ့နားမလည်တော့ဘူး.. ငါ့ရဲ့ဒုတိယစီနီယာအစ်ကိုက မင်းနဲ့မထိုက်တန်ဘူးလား...”
စုမင်က မျက်မှောင်ကြုတ်ပြီး ခေါင်းမယမ်းခင် ကျီယွင်ကို ကြည့်လိုက်သည်။
“သွားခွင့်ပြုပါအုံး...”
ကျီယွင်၏ မျက်နှာက ဖြူဖျော့သွား၏။ သူမသည် စူးမင်အား လေးစားသမှုဖြင့် အရိုအသေပြုဟန်လုပ်ကာ အနည်းငယ်အံ့သြ နေသေးသော ယာမူကို ဆွဲထုတ်လိုက်သည်။ သူတို့နှစ်ယောက်စလုံး ထွက်ခွာခါနီးတွင် ကျီယွင်က သူမခေါင်းကိုလှည့်ပြီး စုမင်ဘက်သို့ မကြည့်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
“ဦးလေး...စု၊ ဟန်ချန်ကျီကို မှတ်မိသေးလား...မျိုးနွယ်စုတွေ အပြောင်းအလဲဖြစ်တဲ့အခါ သူက ကျွန်မနဲ့အတူ ဒီနေရာကို လိုက်လာခဲ့တယ်.. သူ့ကို မှတ်မိသေးရင် ကူညီပေးပါလို့ တောင်းပန်ပါရစေ...”
ကျီယွင်က စုမင်ကိုကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
“တူညီတဲ့မျိုးနွယ်စုဝင်တွေ ကိုယ်စား..သူမကိုယ်စား...အတိတ်က ရှင့်ကိုချစ်တဲ့စိတ်နဲ့ အရာရာကိုမြှုပ်နှံထားလို့ ကျေးဇူးပြုပြီး သူ့ကိုကူညီပေးပါ ဦးလေးစု…”
“ဟန်ချန်ကျီ”
စုမင်က ထိုနာမည်ကိုကြားလိုက်သည့်အခါ သူ့စိတ်ထဲမှာလှပသောအမျိုးသမီးတစ်ယောက်ပေါ်လာသည်။ ထိုအမျိုးသမီး၏ နူးညံ့သိမ်မွေ့သော အကြည့်၊ သူမ၏ နူးညံ့သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေး၊ သူမ၏ စိတ်ပိုင်းဖြတ်ထားသည့် မျက်လုံးများ၊ ဟန်တောင်တန်းမြို့တွင် ဖြစ်ပျက်ခဲ့သည့်အရာများနှင့်စစ်မာရှင်းနှင့် သူ၏ ပဋိပက္ခများအားလုံးကို...အမှတ်ရသွားသည်။
ထိုအမှတ်တရများက သူ့ခေါင်းထဲမှာ မူလက အတော်လေး မှေးမှိန်းနေသော်လည်း ယခုအခါ ပို၍ရှင်းလင်းလာသည်။
“ဖန်ချန်းလန်”
စုမင်က တည်ငြိမ်စွာပြောသည်။
“ဟုတ်တယ်..ဂျူနီယာညီမလေးဖန်”
ဟန်ချန်ကျီ၏ နာမည်ကို စုမင်ပြောနေသည်ကို ကျီယွင်ကြားလိုက်သည့်အခါ စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။
“လွန်ခဲ့တဲ့ လေးနှစ်က စီနီယာယွမ်လွမ်က ဂျုနီယာညီမလေးဖန်းကို သူရဲ့ကိုယ်လုပ်တောအဖြစ် လုပ်ချင်တယ်..ဒါပေမဲ့ ဂျုနီယာညီမလေးဖန်က သူမရဲ့ကျင့်ကြံမှုကို လေ့ကျင့်ချင်လို့ ခဏငြင်းထားတာ.. လွန်ခဲ့တဲ့နှစ်နှစ်လောက်ထိ အချိန်ဆွဲထားခဲ့တာ.. အခု ညီမလေးဖန်က ကျင့်ကြံမှု ပြီးဆုံးတော့မှာ...အဲ့ဒီ့အခါကျ အဲ့ဒီတောင်းဆိုမှုကို ဆက် ငြင်းဆိုဖို့ သူမအတွက် ခက်ခဲလိမ့်မယ်...စီနီယာယွမ်လွမ်က အပြင် ထွက်လာပြီး ဒီတောင်းဆိုမှုကို ထပ်လုပ်လိုက်တဲ့အခါ ညီမ လေးဖန်က သူ့ကို ငြင်းပယ်နိုင်မှာ မဟုတ်ဘူး…”
ကျီယွင်က စုမင်ကို ကြည့်ကာ မြန်မြန်ဆန်ဆန် ပြောလိုက်သည်။
စုမင်က က တိတ်ဆိတ်နေခဲ့သည်။ သူ့အမှတ်တရများတွင် ထိုအမျိုးသမီး၏အသွင်အပြင်က ပိုမိုရှင်းလင်းလာသည်။ အများအားဖြင့် သူက အတိတ်က ဖြစ်ပျက်ခဲ့သမျှများကို သတိရသောအခါတွင် သူ့အမှတ်တရများကို ဖုံးကွယ်ထားသကဲ့သို့ အမြဲလိုလို ခံစားရတတ်သည်။ အနှစ်နှစ်ဆယ်ကြာခဲ့ပြီ၊ စုမင်က မသေနိုင်သောထာဝရလောကမှာလည်း ကျင်လည်ခဲ့ရသည်။
ကျီယွင်က စုမင်၏ အဖြေကို စောင့်နေသည်။ အချိန်များ ကုန်ဆုံးသွား လေပြီ။ သို့သော် ယာမူက သတိပြန်ရလာကာ စုမင်ကို ကြောက်ရွံ့နေချိန်တွင်ပင် သူက ထိုနေရာတွင် ရိုးရှင်းစွာ ရပ်နေပြီး အဝေးကို လှမ်းကြည့်ကာ သူ့အတွေးရေယာဉ်ထဲတွင် နှစ်မြောနေလေသည်။
ကျီယွင်၏ မျက်နှာက ဖြူဖျော့သွား၏။ အဆုံးတွင် သူမက စုမင် ကိုကြည့်ရင်း ကြေကွဲစွာ ရယ်မောခဲ့ပြီး သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် တဖြည်းဖြည်း စိုစွတ်လာသည်။
“ထားလိုက်ပါ.. ဒါက ရှင်နဲ့ဘာမှမဆိုင်ဘူး..ရှင်..ကူညီစရာအကြောင်းလည်းမရှိပါဘူး... ရှင့်ရဲ့ဒုတိယစီနီယာအစ်ကိုက ကျွန်မကိုကြိုက်တယ်ဆိုတာသိတယ်...ကျွန်မတို့အချိန်တွေကိုပြန်လှည့်ပြီး အတိတ်ကိုပြန်သွားနိုင်ရင် သူ့ခံစားချက်တွေကို လက်ခံဖို့ ရွေးချယ်မယ်...”
“ဒါပေမယ့် မဖြစ်နိုင်ဘူး မဟုတ်လား.....”
“ယာမူ မှန်တယ်....ကျွန်မကစုံတွဲကျင့်ကြံမှုအတွက် ကျွန်မရဲ့အဖော်ပဲ.. ကျွန်မက ငယ်ရွယ်ပျိုမြစ်တဲ့အပျိုစင်လေး မဟုတ်တော့ဘူး...စုံတွဲကျင့်ကြံဖို့အတွက် စီနီယာယွမ်လွမ်ရဲ့အဖော်မဟုတ်ဘဲ ကိုယ်လုပ်တော်ဖြစ်ခဲ့ရတယ် ပြီးတော့ ကျွန်မကို ပစ္စည်းတစ်ခုလိုမျိုး ယာမူဆီကိုပေးပစ်ခဲ့တယ်..”
ကျီယွင်၏ မျက်နှာက ဖြူဖျော့ဖျော့ ဖြစ်နေသည်။ သူမ၏ ကြေကွဲရယ်မောသံက တိတ်တိတ်ဆိတ်ဆိတ်ပင်။ သူမပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ သူ့ခံစားချက်တွေကို နှစ်အတော်ကြာအောင် ချုပ်တည်းထားသလိုဖြစ်ပြီး ယခုချိန်မှာတော့ သူမက မထိန်းချုပ်နိုင်တော့ပေ။ သူမရင်ထဲက ခံစားချက်များက ပွင့်ထွက်လာသည်။
“ရှင်..ကျွန်မကို ကြိုက်သလောက် နှိမ့်ချလို့ရတယ်၊ ဒါပေမယ့် ရှင်က ကျွန်မမဟုတ်ဘူး.. သူ့မျိုးရိုးက စွန့်ပစ်ခံရပြီး ဆက်ရှင်သန်ဖို့ မိန်းကလေးတစ်ယောက် ဘာလုပ်ရမယ်ဆိုတာကို ရှင် ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး...မာန်မျိုးနွယ်စုနယ်မြေတွေမှာ မငြိမ်မသက်ဖြစ်မှုတွေအပြင်အရှေ့မြေရိုင်းနယ်မြေရဲ့ကပ်ဆိုးကြီးဟာ အချိန်မရွေးရောက်လာနိုင်ခြေကို ရင်ဆိုင်ရတယ်....”
“ချန်းလန်က အမြဲတမ်း နူးညံ့သိမ်မွေ့တယ်.. လောကကြီးက စည်းမျဉ်း၊ ဥပဒေသတွေပျက်စီးသွားပြီး ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့အချိန်မှာ ကျွန်မတို့ နှစ်ယောက် ဘယ်လို ရှင်သန်ရမှာလဲ..”
“ကပ်ဆိုးကြီးက စီနီယာယွမ်လွမ်နဲ့တွေ့ပြီးတဲ့အထိ ကြာသွားတယ်... သူက ချန်းလန်ကို သဘောကျခဲ့ပေမယ့် ချန်းလန်ရဲ့ နူးညံ့သိမ်မွေ့တဲ့ အကျင့်စရိုက်အောက်မှာ မာနတစ်ခုရှိတယ်..သူ့ကို သနားတာထက် သေရတာ ပိုကြိုက်တယ်... ကျွန်မက သူ့နေရာကို ဝင်ရပြီး ကိုယ်လုပ်တော်ဖြစ်ခဲ့ရတယ်.. ကျွန်မ တတ်နိုင်သလောက် သူ့ကို စိတ်ကျေနပ်အောင် ကြိုးစားပြီး ဘေးဆိုးကြီးမှာ နှစ်ယောက်စလုံး လွတ်မြောက်ပြီး ရှာမန်တွေရဲ့နယ်မြေကို ရောက်လာရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပါပဲ”
“လူတိုင်း ဘယ်လိုရှင်သန်နေထိုင်ရမလဲကို ရွေးချယ်ပိုင်ခွင့်ရှိတယ်.. မှားနေရင်တောင် အနည်းဆုံးတော့ ကျွန်မတို့ အသက်ရှင်နေသေးတယ်.. ဆုံးဖြတ်ချက်မှန်ရင်တောင်… ချန်းလန်ကို မကူညီဖို့ရှင်ရွေးချယ်နိုင်ပါတယ်.. လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က လူကို သူ့နှလုံးသားထဲမှာ သိမ်းထားရတာ သူ့အပြစ်ပဲ”
ကျီယွင်က သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ဆုံးဖြတ်ချက် ပေါ်လာသည်။ သူမက စုမင်ကို မကြည့်တော့ဘဲ ရှည်လျားသောစက်ဝန်းပြတ်ဖြင့် ကောင်းကင်သို့ ပျံသန်းရန် ရွေးချယ်ခဲ့သည်။ ယာမူက သူမနောက်သို့ တိတ်တဆိတ် လိုက်လာသည်။ ကျီယွင်ကိုကြည့်နေစဉ် သူ၏အကြည့်များက ကြီးမားသောနူးညံ့သိမ်မွေ့မှုနှင့် နက်နဲသောကရုဏာတရားများဖြင့် ပြည့်နှက်နေလေသည်။
သူက ကျီယွင်ကို ချစ်သည်။ လွန်ခဲ့သည့်နှစ်များစွာက သူမကို ပထမဆုံးတွေ့သောအခါတွင် ချစ်စရာကောင်းသော အမူအရာဖြင့် သူမ၏ဝမ်းနည်းခြင်းများကို ဖုံးကွယ်ထားသည့် ဤအမျိုးသမီးကို သူချစ်မိသွားခဲ့သည်။
ဤမြတ်နိုးမှုသည် ထာဝရတည်မြဲနေမည့် အချစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ယာမူ၏နှလုံးသားထဲတွင် ပျော့ညံ့သွားမည်မဟုတ်ပေ။ ပင်ပန်းနွမ်းနယ်မှုများပြည့်နှက်နေသော သူမ၏
မျက်လုံးထဲ၌ မျက်ရည်များ စီးကျလာသည်။
ထို့ကြောင့် သူက အဆုံးသတ်ရှာမန် ကျုံးယိ အား ကူညီရန် တောင်းပန်ခဲ့ပြီး ထိုအချိန်က သူမကို ငြီးငွေ့လာခဲ့သည့် ယွမ်လွမ်ထံမှ ကျီယွင်ကို ဝယ်ယူရန် စျေးကြီးပေးခဲ့သည်။
စုမင်က ခေါင်းမော့ပြီး ယာမူနှင့်ထွက်သွားသောကျီယွင်ကို ကြည့်လိုက်သည်။ သူ ငြိမ်သက်နေပုံရသော်လည်း ကျီယွင်၏ စကားကြောင့် သူ့နှလုံးသားကို တုန်လှုပ်သွားစေသည်။
“သူမဘယ်မှာလဲ”
သူက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ အစကတည်းက သူမ၏တောင်းဆိုချက်ကို ငြင်းပယ်ရန် သူဘယ်တုန်းကမှ မစဉ်းစားခဲ့ပေ။ သို့သော် သူ့အမှတ်တရများကြောင့် စိတ်လွတ်သွားပြီး ငိုင်တိုင်တိုင်ဖြစ်နေခဲ့သည်။ထို့အပြင် ကျီယွင်ကလည်း သူ့ကို နားလည်မှုလွဲစေခဲ့သည်။