တောင်ပိုင်းစိမ့်မြေကျွန်း
Vol. 38 Ch. 520
“တောင်ပိုင်းစိမ့်မြေကျွန်း”
ကျီယွင်၏ ခန္ဓာကိုယ်က လေထဲ၌ ရုတ်ခြည်းရပ်သွားကာ စုမင်ကို ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်သည်။
“ငါ့ကို ရက်နည်းနည်းလောက် စောင့်နေ.. ပြီးရင် တောင်ပိုင်းစိမ့်မြေကျွန်းကို လာခဲ့မယ်..”
စုမင်၏အသံက ရေခဲကဲ့သို့ အေးစက်သော်လည်း၊ ထိုပျော်ရွှင်မှုက လွန်ခဲ့သည့်အခိုက်အတန့်က သူမခံစားခဲ့ရသည့်ဝေဒနာနှင့် ရောထွေးနေသော်လည်း ကျီယွင်၏နှလုံးသားကို အားတက်စေခဲ့သည်။ သူမသည် စုမင် ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။
ယာမူက ရံဖန်ရံခါ သူမဆုံးဖြတ်ခဲ့သော အချိန်အတောအတွင်း ကျီယွင်၏ ဆုံးဖြတ်ချက်များကို ဘယ်သောအခါမှ မဆန့်ကျင်ခဲ့ပေ။ယင်းအစား စုမင်ကို တိတ်တဆိတ် ဖိတ်ခေါ်ပြီး လွတ်လွတ်လပ်လပ် ပြောခွင့်ပေးခဲ့သည်။ သူလည်း ထွက်မသွားဘဲ ကျွန်းပေါ်တွင် နေခဲ့သည်။
စုမင်က လောကကြီးကို တုန်လှုပ်စေမည့်ပုံပေါက်သည်ကို တွေ့လိုက်သောအခါ ကံကြမ္မာမျိုးနွယ်စု၏ မျက်လုံးများတွင် ထက်သန်သော အကြည့်များများ နေရာယူထားသည်။စုမင် က စကားတစ်ခွန်းပဲ ပြောလျှင်နောင် သူ့အတွက် အရာအားလုံးကို စွန့်လွှတ်လိုက်မည်ဖြစ်သည်။
ထိုသို့ဆုံးဖြတ်ချက်မျိုးက နေ့ချင်းညချင်း မွေးဖွားလာခြင်း မဟုတ်ပေ။ စုမင်က သူတို့ကို ယင်ကိုးပါး လောကမှ ခေါ်ထုတ်လာရုံသာမက အခြားအရာများစွာလုပ်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် သူတို့က စုမင်ကိုကိုးကွယ်ပြီး သူတို့၏နှလုံးသားထဲမှာ စွဲထင်ကျန်ရစ်နေခဲ့သည်။
ကံကြမ္မာမျိုးနွယ်စုက သီးခြားဆန်သောကြောင့် အပြင်လူများနှင့် အချိန်ကြာမြင့်စွာ ပေါင်းသင်းရန် ခက်ခဲစေသည်။ သူတို့၏သီးခြားဆန်မှုခြင်းနှင့် စွန့်ပစ်ခံရခြင်းများက ပြင်ပလူများကို မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ သူတို့ကိုယ်သူတို့နှင့် ၎င်းတို့၏ မျိုးနွယ်စုများကိုသာ ယုံကြည်ကြသည်။
သူတို့၏ဘဝတွင် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို များများစားစား ချုပ်နှောင်မထားခဲ့ကြပေ။ ယင်ကိုးပါးလောက၌ သူတို့၏ဆယ့်ငါးနှစ်တာဘဝက ကျင့်ကြံမှုက သူတို့၏သဘောထားအပါအဝင် သူတို့ကို အများကြီးပြောင်းလဲစေခဲ့သည်။ ဆယ့်ငါးနှစ်တာကာလအတွင်း အသက်ရှင်ကျန်ရစ်ခဲ့သော ကံကြမ္မာမျိုးနွယ်စုဝင်တိုင်းနီးပါးက ၎င်းတို့၏အချိန်အများစုကို ကျင့်ကြံရေးတွင် ကုန်ဆုံးကြသည်။
သူတို့ ပိုသန်မာလာမှ၊ တခြားသူများ သည်းမခံနိုင်သော အထီးကျန်မှုကို ခံနိုင်ရည်ရှိမည်။ သူတို့ ဘာသာရှင်သန်ပြီး ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ယခင်က ယာမူ၏ ဖိတ်ခေါ်မှုကို ငြင်းဆိုခဲ့ပြီး ဤကျွန်းတွင် နေထိုင်ရန် လူတစ်ဒါဇင်ကျော် စုစည်းနေထိုင်ခဲ့သည်။အပြင်လောကကြီးနှင့်အဆက်သွယ်ဖြတ်ခဲ့သည်။ သူတို့က ကျွန်းကို ပြောင်းလဲပြီး နေထိုင်ရန် သင့်တော်သော နေရာအဖြစ် ပြောင်းလဲခဲ့သည်။
ထို့ကြောင့် စုမင်က ကံကြမ္မာမျိုးနွယ်စုအား သူနှင့်အတူထွက်သွားရန် မစည်းရုံးခဲ့သော အကြောင်းရင်းဖြစ်သည်။ ယင်းအစား သူက ကျွန်း ၏အသေးစိတ်ပြင်ဆင်မှုများနှင့် အစီအစဉ်များပြုလုပ်ရန် သုံးရက်ကြာခဲ့သည်။
ဤနေရာ၌ မှော်အစီအရင်အကာအကွယ် ကို ပထမဆုံး ခိုင်ခံ့စေခဲ့သည်။ စုမင်၏ လက်ရှိစွမ်းအားဖြင့်၊ယခင်က ကျွန်းပေါ်ရှိ မှော်အစီအရင်အားလုံးကို ဖြန့်ကျက်ကာ ပထမကာကွယ်ရေးအလွှာ အဖြစ်သို့ ပြောင်းလဲခဲ့သည်။
ထို့နောက် မရဏပင်လယ်၏ နက်နဲရာသို့ ခုန်ဆင်းခဲ့သည်။
သူပြန်လာသောအခါ မရဏပင်လယ်ဘီလူးကြီးရှစ်ကောင်က မရဏပင်လယ်၏နက်နဲသောနေရာတွင် ကျွန်းကိုဝိုင်းရံထားသည်။ အားလုံး တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးများက အသက်မဲ့နေကြသည်။စုမင်၏စိတ်ဝိညာဉ် လုယူမှု ကြောင့် သူတို့၏ဝိညာဉ်များက လုယက်ခံလိုက်ရသည်။
သူက ထိုဝိညာဉ်လုယူခြင်းကို ကံကြမ္မာမျိုးနွယ်စုအား ပေးခဲ့သည်။ အကယ်၍ ကျွန်းက အခြားအန္တရာယ်များနှင့် ကြုံတွေ့ရပါက ဤမရဏပင်လယ်သဘီလူးကြီးရှစ်ကောင်က ကျွန်း၏ဒုတိယကာကွယ်ရေးအလွှာအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
စုမင်က ဤအရာများအားလုံးကို ပြီးသည်နှင့် မျှားကြီးနှစ်ချောင်းကို သူ့လက်ထဲတွင် ကိုင်ဆောင်ကာ ရိုးရေးစတေးနယ်ပယ်၏ အစွမ်းရှိသမျှဖြင့် လောင်းထည့်လိုက်သောအခါတွင် လေးများ၏ စွမ်းအားက ပိုမိုထက်မြက်လာစေသည်။ ဤသည်မှာ တတိယအလွှာဖြစ်သည်။
ထို့မျှတင် မကသေးပေ။ စုမင်၏မရဏအရှိန်အဝါကို နားမလည်နိုင်သော်လည်း ကံကြမ္မာမျိုးနွယ်စုက နားလည်သည်။ သူတို့၏ထင်မြင်ယူဆချက်များနှင့် စိတ်ကူးများအတိုင်း ကျွန်းကို ပြန်လည်ပြင်ဆင်ခြင်းအား စတင်ခဲ့ပြီး မရဏအရှိန်အဝါများက ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့သည်။ ဤသည်မှာ ၎င်းတို့၏ စတုတ္ထအလွှာဖြစ်သည်။
နောက်ဆုံးကတော့ မရဏပင်လယ်ပင်ဖြစ်သည်။ ၎င်းက အရှေ့ မြေရိုင်းနယ်မြေမှ ကပ်ဘေးများကို ရင်ဆိုင်ရရုံသာမက မရဏပင်လယ်မှ ရက်စက်ကြမ်းကြုတ်သော သားရဲများကလည်း တိုက်ခိုက်ကြမည်ဖြစ်သည်။ ထို့ကြောင့်နတ်ဘုရား၏အာရုံတစ်စွန်းတစ်စကို ချန်ထားခဲ့၍ ရုပ်ထုပေါ်တွင် စုဆောင်းထားလေသည်။ ရုပ်ထု၏ စွမ်းအားက သူ၏နတ်ဘုရား အာရုံနှင့် ပေါင်းစပ်လိုက်သည်နှင့် တပြိုင်နက် အခြားသူများ၏ စိတ်ကို တိုက်ခိုက်နိုင်ချေရှိလာနိုင်ပြီး ထိုစွမ်းအားက သူ၏ကျင့်ကြံမှု တန်ခိုးနှင့် အတူတူပင် ဖြစ်သည်။
ဤသည်မှာ ပဉ္စမအလွှာဖြစ်သည်။
ထို့နောက် သူကအဆိပ်အလောင်းကိုလည်း ချန်ထားခဲ့သည်၊၊စုမင်က ဤကျွန်းပေါ်ရှိကံကြမ္မာမျိုးနွယ်စုကိုပေးခဲ့သော ဆဋ္ဌမမြောက် ကာကွယ် ရေးအလွှာပင်ဖြစ်သည်။ အဆိပ်အလောင်းနှင့် ၎င်းတို့တွင်ရှိခဲ့သော အခြားနည်းလမ်းများနှင့်အတူ မာန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်ရှိသူများ ထပ်မံကျူးကျော်လာပါက များပြားလှသော ကာကွယ်ရေးအတားအဆီးများက ထိုလူကို တွန်းထုတ်နိုင်မည်ဖြစ်ပြီး စုမင်ကို မလိုအပ်တော့ပေ။
အကယ်၍ တစ်စုံတစ်ယောက်က ကျွန်းပေါ်တွင် အစုလိုက်အပြုံလိုက် ကျူးကျော်ရန် ဆုံးဖြတ်ခဲ့လျှင် တားဆီးရန်ဖြစ်သည်။ဟုန်လော့ ထံမှ အမွေဆက်ခံခဲ့သော စွမ်းရည်များဖြင့် ရိုးရှင်းသော နေရာပြောင်းအစီအရင်ကို ရေးဆွဲခဲ့သည်။ ဤမှော်အစီအရင်က စုမင်၏ ဝိညာဉ်ကျောက်တုံးများ ဖြင့် အသက်သွင်းထားသည်။ ဆိုးရွားသော အန္တရာယ် ကျရောက်ပါက ကံကြမ္မာမျိုးနွယ်စုက ၎င်းကို ကျော်ဖြတ်သွားနိုင်သည်။
စုမင်၏ စီစဉ်မှုများကြောင့် ကြီးမားသော ခိုင်ခံ့မှုရှိသော ကျွန်းက ခံတပ်တစ်ခုသဖွယ်ဖြစ်လာခဲ့သည်။ ၎င်းသည် ကံကြမ္မာမျိုးနွယ်စုအား စိတ်မပူဘဲ အပြင်ထွက်ရန် အခွင့်အရေးကိုလည်း ပေးခဲ့သည်။ ထို့ကြောင့် သူတို့ မျိုးနွယ်စုဝင်များကို များများရှာနိုင်မည်။
ဤနေရာသည် ကံကြမ္မာမျိုးနွယ်စုအတွက်သာမက မရဏပင်လယ်ရှိ ကျွန်းများစွာတွင် စုမင် အတွက် ယာယီလေ့ကျင့်ရေးကွင်းလည်းဖြစ်သည်။ ဤနေရာ၌၊ သူ၏စိတ်နှလုံးသည် အဆုံးမရှိသောငြိမ်သက်ခြင်းကို ရှာတွေ့လိမ့်မည်၊ အကြောင်းမှာ ဤနေရာ၌ သူသည် သူတို့၏ဘုရားသခင်ဖြစ်၏။
ဤအစီအစဥ်များ ပြီးသည်နှင့် စုမင်၊ ကျီယွင်နှင့် ယာမူတို့က ကောင်းကင်ဆီသို့ တက်လှမ်းသွားပြီး ကျွန်းဆီမှထွက်ခွာသွားခဲ့သည်။ တစ်ဖက်တွင် ဒူးထောက်ထိုင်နေသောကံကြမ္မာမျိုးနွယ်စုက ကျယ်လောင်သောအော်သံများနှင့်အတူ ကျန်ရစ်ခဲ့သည်။
ယာမူ ထွက်ခွာသွားပြီးသည့်တိုင် အိပ်မက်ထဲတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ ကံကြမ္မာမျိုးနွယ်စု၏ ခွန်အား၊ ၎င်းတို့၏ လျှို့ဝှက်ဆန်းကြယ်မှု၊ သီးခြားဆန်ခြင်း နှင့်စုမင်ကို မြင်လိုက်သည်နှင့် ပေါ်လာသည့် ဇွဲလုံ့လတို့က သူ့အမှတ်တရများထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားပြီး တစ်သက်လုံး မေ့နိုင်မည်မဟုတ်ပေ။ သူ့စိတ်ထဲမှာ ကျန်ရစ်ခဲ့သော ကံကြမ္မာမျိုးနွယ်စုအပေါ် ခံစားချက်များက မည်သည့်အခါမှ ပျောက်ကွယ်သွားတော့မည် မဟုတ်ပေ။
သူတို့ထွက်သွားသောအခါ စုမင်က တိတ်ဆိတ်နေ၏။ သို့သော်၊ တောင်ပိုင်းစိမ့် မြေကျွန်းရှိ ကိစ္စကြောင့် သူ၏ တိတ်ဆိတ်မှုက ၎င်းတို့ဝန်းကျင်ရှိ လေထုကို အနည်းငယ် တင်းမာသွားစေသည်။ထိုတင်းမာမှုကြားတွင် ကျီယွင်နှင့် ယာမူသည် စုမင်နောက်သို့ အရှိန်အပြည့်ဖြင့် လိုက်သွားခဲ့သည်။
ရက်အတော်ကြာပြီးနောက်၊ သူတို့သုံးယောက်က ကံကြမ္မာမျိုးနွယ်စု၏ကျွန်းမှ လီသောင်းနှင့်ချီကွာဝေးသော ပင်လယ်ပြင်ကျယ်ကြီးတစ်ခုပေါ်တွင် ရပ်သွားသည်။
“စီနီယာစု ဒါကတောင်ပိုင်းစိမ့်မြေကျွန်းပါ” ဟု ယာမူက သူ့ဘေးမှာ ရပ်ရင်း တလေးတစားနှင့် ပြောလေသည်။
စုမင်က အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုနေရာက လွတ်နေပုံရပြီး ကျွန်းတစ်ကျွန်းမျှ မတွေ့နိုင်ပေ။ သူ၏နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်ကြည့်လိုက်သော်လည်း သူ့မျက်လုံးထဲတွင် အရိပ်တစ်ခု ပေါ်လာသည်။ထို့နောက် ကောင်းကင်ရှိ တိမ်မည်းများကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ ခေါင်းကို နောက်တစ်ကြိမ် ငုံ့ကြည့်လိုက်သော် နတ်ဘုရား အာရုံက လျင်မြန်စွာ လွင့်ပျံသွားသည်။ယခုတစ်ခါတော့ ပင်လယ်၏ နက်နဲသော အပိုင်းအထိ အားဖြည့်ပေးလိုက်သည်။ သူ့မျက်လုံးများက တဖြည်းဖြည်း စူးရှလာသည်။
ပင်လယ်၏အောက်ခြေက မှေး မှိန်းနေပြီး နတ်ဘုရားအာရုံများကို တွန်းလှန်နိုင်သော စွမ်းအားတစ်ခုရှိသည်။ သို့သော်လည်း စုမင်က ဤ နေရာရှိ ပင်လယ်အောက်ခြေနှင့် ပတ်သတ်၍ ကွဲပြားသည့် အရာတစ်ခုကို ခံစားနိုင်သေးသည်။
သို့သော် မည်သည်က ခြားနားစေသည်ကို အဖြေရှာရန် ခက်ခဲသည်။ သေသေချာချာ မလေ့လာရလျှင် ပင်လယ်ကို ဖြတ်ကျော်ရန် ခက်လိမ့်မည်။
“တောင်ပိုင်းစိမ့်မြေကျွန်းရဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ နေရာကြီးရှိတာလား.. တောင်ပိုင်းအရုဏ်ဦးနယ်မြေကလူတွေရဲ့ စုစည်းရာ နေရာအနည်းငယ်ထဲက တစ်ခုဖြစ်လာဖို့ ဆန်းကြယ်တဲ့ အစိတ်အပိုင်းတွေ တကယ်ပါရှိတာပဲ.. ဘေးဆိုးကြီးအပြီးမှာ အရှေ့မြေရိုင်းနယ်မြေကျင့်ကြံသူတွေတောင် ရှာမတွေ့နိုင်ဘူး”
စုမင်က မှတ်ချက်ပေးပြီး သူ့၏နတ်ဘုရားအာရုံကို ပြန်ယူလိုက်သည်။
ယာမူသည် သူ့လက်ဖဝါးကို စုမင်ဆီသို့ တလေးတစား ရစ်ပတ်ဟန်လုပ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ ညာလက်ကို မြှောက်လိုက်သည်နှင့် သူ့လက်ဖဝါးပေါ်တွင် သာမန်ကျောက်စိမ်းတုံးတစ်ခု ပေါ်လာပြီး ၎င်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လွှင့်ပစ်လိုက်သည်။
ချက်ချင်းပင် ထိုကျောက်စိမ်းပြားသည် ရှည်လျားသော အကွေ့အကောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လွတ်နေသော ပင်လယ်ပြင်ဆီသို့ ဦးတည်သွားသည်။ အသံတစ်သံမျှမထွက်ဘဲ ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။
ယာမူက သူ့နှလုံးသားထဲတွင် တိတ်တဆိတ် တွက်ချက်နေသည်။ ကျောက်စိမ်းတုံးကြီး ရေထဲကျပြီး အသက်ဆယ်ရှိုက်စာလောက်ကြာသော် ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပြီး ထူးဆန်းသော ချိပ်စည်းများ အဆက်မပြတ်လုပ်ပြီးနောက် သူ့အောက်ရှိ လေထုကို ညွှန်ပြ လိုက်သညါ။
ချက်ချင်းပင် ပင်လယ်ရေအောက်က ကျယ်လောင်သောအသံများထွက်ပေါ်လာပြီး တုန်လှုပ်သွားပါတော့သည်။ တစ်ချိန်တည်းမှာပင်၊ ပင်လယ်ရေပြင်အထက်လေထုထဲတွင် မသိမသာသောပုံရိပ်နှစ်ခုက ရုတ်ခြည်းပေါ်လာပြီး သူတို့ကိုယ်ခန္ဓာက လျင်မြန်စွာလူလုံးပြလာသည်။
ဤသူတို့သည် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးဖြစ်သည်။ နှစ်ယောက်စလုံး ရိုးရိုးရှင်းရှင်း ၀တ်စုံကို ၀တ်ထားသော်လည်း သူတို့၏ အကြည့်များက စူးရှတောက်ပနေသည်။ သူတို့ထဲက တစ်ယောက်က ရှာမန်တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်က မာန်ကျင့်ကြံသူပင်ဖြစ်သည်။ ရှာမန်က အလယ်လတ်ရှာမန်ဖြစ်ပြီး မာန်ကျင့်ကြံသူက ရိုးရေစတေးနယ်ပယ်အလယ်အဆင့်တွင်ရှိနေသည်။ ထိုလူနှစ်ယောက်ပေါ်လာသည်နှင့်တပြိုင်နက် ယာမူနှင့် ကျီယွင်တို့ကိုကြည့်လိုက်ပြီး စုမင်ဆီသို့ လှမ်းကြည့်လိုက်သောအခါ အေးစက်စူးရှနေသည်။
စုမင်၏ကျင့်ကြံမှု အဆင့်ကို သူတို့ မမြင်နိုင်ရသောကြောင့် သူတို့က မယုံနိုင်လောက်အောင်ပင် ဖြစ်နေသည်။
“သံတမန်ယာမူ.. ဒါဘယ်သူလဲ”
လူလတ်ပိုင်းရှာမန်က အေးစက်စွာ မေးသည်။
“ စီနီယာမူက ကျုပ်ရဲ့အသက်သခင် ကျေးဇူးရှင်ပါ...ရိုင်းရိုင်းစိုင်းစိုင်းမပြုမူပါနဲ့..ကျုပ်တို့နှစ်ယောက်သား အာမခံပေးလို့ ရပါတယ်၊ ဥမင်ကိုဖွင့်လိုက်ပါ”
ယာမူ၏ မျက်နှာပေါ်တွင် တင်းမာသောအမူအရာ ပေါ်လာသည်။
အစောင့် လူနှစ်ယောက်က တခဏမျှ တုံ့ဆိုင်းသွားကာ မာန်ကျင့်ကြံသူက ယာမူနှင့်ကျီယွင်ဆီသို့ လက်ဖဝါးပတ်ဟန်ပြုထားသည်။
“တောင်ပိုင်းစိမ့်မြေဘုရားကျောင်းက ဒီအချိန်အတွင်းမှာ အပြင်လူတွေကို တောင်ပိုင်း စိမ့်မြေကျွန်းထဲကို ဝင်ခွင့်မပေးဘူးလို့ မနေ့က အမိန့်ပို့လိုက်ပါတယ်..ငါတို့မှာ တာဝန်ရှိတယ်...သံတမန်ယာမူ.. နဲ့သံတမန် ကျီယွင် အရင်ဝင်လို့ရတယ်.. မင်းရဲ့အာမခံစာတစ်စောင်ကို ပြပြီးတာနဲ့၊ ဒီလူကို ဝင်ခွင့်ပြုမယ်...”
ယာမူ ခေတ္တ ထိတ်လန့်သွားသည်။ တောင်ပိုင်းစိမ့်မြေဘုရားကျောင်းတွင် ၎င်းတို့ကျွန်း၏ကာကွယ်သူနှစ်ဦးဖြစ်သည့် ကျုံးကျီနှင့်ယွမ်လွမ် တို့က သီးခြားခွဲထွက်ရန် ဆုံးဖြတ်ပြီးနောက် တောင်ပိုင်းစိမ့်မြေ ကျွန်း၏အရေးကိစ္စအားလုံးကို တာဝန်ယူခဲ့သည့်အဖွဲ့ဖြစ်သည်။ များသောအားဖြင့် သူတို့က ထိုကဲ့သို့အမိန့်ထုတ်တာမဟုတ်လျှင်...
“ဆရာကျုံးကျီ ဒါမှမဟုတ် ဆရာယွမ်လွမ်က ဂူပိတ်ကျင့်ကြံတာကနေ ထွက်လာတော့မှာလား”
ယာမူက ချက်ချင်းမေးလိုက်သည်။
“ကျုပ်တို့ ဒီအကြောင်းကို မသိပါဘူး..ဒါပေမယ့် အာမခံစာမရှိဘဲ ဒီလူက ဝင်လို့မရဘူး”
ဟု ရှာမန်အမျိုးသားက အေးစက်စွာပြောသည်။
ယာမူး အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ သူသည် ကျီယွင်ဘက်သို့ စိုက်ကြည့်နေသည်။ သူမ မျက်မှောင်ကြုတ်ကာ စကားစလုဆဲဆဲ စုမင်က သူမကို အေးအေးဆေးဆေး ဖြတ်လျှောက်သွားသည်။
သူ ရှေ့သို့ ရွေ့လျားသွားသောအခါ လူလတ်ပိုင်း အစောင့်နှစ်ယောက်သည် ချက်ချင်း သတိထားလိုက်သည် ။ သူတို့စုမင်၏မျက်လုံးများကို ကြည့်လိုက်သော် မင်တက်တွေဝေနေသောအကြည့်က ချက်ချင်းပေါ်လာသည်။
သူတို့က လေထဲတွင် အံ့အားသင့်စွာ မတ်တပ်ရပ်ကာ စုမင်တို့ကို ဖြတ်ကျော်သွားခွင့်ပြုလိုက်သည်။ ယာမူ၏ နှလုံးသားများ တုန်လှုပ်သွားကာ စုမင်က သူ့အတွက် ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာသည်။ အရှေ့မြေရိုင်းသား အဘိုးအိုက စုမင်ကို မာန်စိတ်ဝိညာဉ်နယ်ပယ်၏ ကြီးမားသော ပြီးမြောက်မှုကို ရရှိခဲ့သူဟုပြောဆိုပုံကို သူ့စိတ်ထဲတွင် တစ်ဖန်ပြန်ပေါ်လာသည်။
သူသည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားပြီး ကျွန်းပေါ်တွင် ကာကွယ်ရေးကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟခဲ့သည်။ လေထဲတွင် ကျယ်လောင်သော အသံများ ပဲ့တင်ထပ်နေချိန်တွင် ထူထဲသော အလင်းရောင် မျက်နှာပြင်က ပင်လယ်ပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ ရာနှင့်ချီသော လီများကို ဖုံးအုပ်ထားပြီး ဇောက်ထိုးကျနေသော ပန်းကန်လုံးကြီးတစ်လုံးနှင့်တူသည်။
စုမင်၏ ထူးဆန်းသော လုပ်ရပ်ကို မြင်သောအခါ ကျီယွင်၏စိတ်ထဲတွင်လည်း ယာမူကဲ့သို့ ခံစားရလာသည်။ သူမက ယာမူနောက်က လိုက်သွားပြီး သုံးယောက်သား အလင်းလွှာထဲသို့ လျှောက်သွားကြသည်။
သူတို့ ပျောက်ကွယ်သွားသောအခါတွင် အလင်းလွှာမျက်နှာပြင်က တဖြည်းဖြည်း မှိန်သွားသလိုပင်ဖြစ်၏။ အချိန်အတန်ကြာပြီးနောက် လေထဲတွင် လွင့်မျောနေသော လူလတ်ပိုင်းနှစ်ဦး၏ မျက်လုံးများတွင် မင်တက်မူးဝေနေပုံရသည်။ သူတို့၏အမှတ်တရများတွင် ယာမူနှင့် ဇီယန်တို့က ကျွန်းသို့ ပြန်သွားကြသည်ကို သတိရကြသည်။ သူတို့ခေါင်းထဲမှာ စုမင်နှင့်ပတ်သတ်ပြီး မှတ်ဉာဏ်တစ်ခုမှ မကျန်ခဲ့ပေ။
၎င်းသည် စိတ်ဝိညာဉ်ဖမ်းသူ ၏ စွမ်းအားဖြစ်ပြီး ၎င်းသည် ဖယောင်းနဂါး ၏ ကျိန်စာတစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုအချိန်တွင်၊ မည်သူမဆိုစိတ်ဝိညာဥ်ဖမ်းသူ၏ စွမ်းအားကို အသုံးပြုနိုင်သည့် အခြားသူကိုမျှ ရှာဖွေရန် ကြိုးစားမည်ဆိုလျှင် စုမင်မှလွဲ၍ အခြားသူ မရှိပေ။
နှောင်းပိုင်းစိတ်ဝိညာဉ်ဖမ်းသူကျုံးကျီ ပင်လျှင် အခြားနည်းလမ်းများကို အသုံးမပြုပါက ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
စုမင်က ချက်ချင်းပင် အလင်းလွှာအကာအကွယ်ထဲသို့ လှမ်းဝင်လာပြီး သူ့ပတ်ဝန်းကျင်မှ တည်နေရာ ရွေ့ပြောင်းခြင်း စွမ်းအားကို ချက်ချင်း သတိပြုမိသည်။ ထိုစွမ်းအားများ ပျောက်သွားပြီးသည်
နှင့်သူ့ရှေ့မှာပေါ်လာသော ကြီးမားသောမှော်အစီအရင်ကြီးတစ်ခုရှိလေသည် ။ဘေးပတ်လည်တွင် လူရှစ်ယောက်ထိုင်ကြပြီး အားလုံးက သူတို့ဘက်သို့ လှမ်းကြည့်ကြသည်။
မှော်အစီအရင်အပြင်ဘက်တွင် တောင်တန်းတစ်ခုက နိမ်ချည် မြင့်ချည်ရွေ့လျားလျှက်ရှိသည်။ မျှော်စင်ပေါင်းမြောက်မြားစွာကို ၎င်း၏တောင်တန်းများပေါ်တွင် မြင်တွေ့နိုင်ပြီး ၎င်းတို့အားလုံးကို အဝေးမှကြည့်၍ မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါနေလေသည်။ တကယ်တော့ ထိုနေရာ၌ ဆောက်ထားသော လိုဏ်ဂူပေါင်းများစွာကိုတောင် မြင်နေရသည်။
ထိုတောင်တန်းများ ပတ်ပတ်လည်တွင် မြို့တစ်ခု၏ဖွဲ့စည်းပုံကိုပင် ကသူမြင်နိုင်သည်။
နေရာတစ်ခုလုံးက တောက်ပနေခဲ့သည်။ ကောင်းကင်မှာ တိမ်တွေမရှိပေ။ ကြည်လင်သော ကောင်းကင်ပြာကြီးအောက်၌ နေရောင်များက လင်းလက်ဖြာကျနေ သည် ။
ဤအရာအားလုံးသည် ကောင်းကင်ဘုံသဖွယ် ကြီးကျယ်ခမ်းနားပြီး အပြင်လောကနှင့် လုံးဝခြားနားပါသည်။