ဒါ အစစ်အမှန်မဟုတ်ဘူး
Vol. 38 Ch. 521
ယာမူက သူတို့ဆီသို့ မျှော်ကြည့်နေသော လူများကို စကားပြောရန် တက်သွားသည် ။ စုမင်က မှော်အစီအရင်မှ အေးအေးဆေးဆေး ထွက်သွားပြီး ကောင်းကင်၌ထွန်းလင်းနေသော နေမင်းကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်နှင့် သူ၏အမြင်အာရုံမှ နေရောင်က တဖြည်းဖြည်း ကျဲလာပြီး အတွင်း၌ ဝိညာဉ်ကျောက်တုံးတစ်ရာနီးပါးဖြင့် ပြုလုပ်ထားသည့် မှော်အစီအရင်တစ်ခုကို မြင်နိုင်သည်။
ထိုမှော်အစီအရင်၏အကျိုးသက်ရောက်မှုက တောက်ပပြီး အပူလှိုင်းထုတ်လွှတ်ခြင်းဖြစ်သည်။ထို့ပြင် လူများစွာက နေလုံးကိုကြည့်နေသည်ဟု အမြင်မှားစေသည်။
စုမင်၏ မျက်လုံးများရှေ့တွင် အပြာရောင်ကောင်းကင်ကြီးက အလွှာလိုက်အလွှာလိုက် ကွာကျသွားပြီး အနက်ရောင်ပင်လယ်ရေများကို ပေါ်လွင်စေသည်။ တကယ်တော့ ကောင်းကင်ကြီးက အလင်းလွှာ အကာအကွယ်တစ်ခုသာသာပင်ဖြစ်သည်။ အပြင်ကနေမြင်ရသည့်အခါ ကောင်းကင်ကန့်လန့်ကာတစ်ခုကြီးသာသာဖြစ်ပြီး အတွင်းကနေကြည့်လျှင် အပြာရောင်ကောင်းကင်ကြီးပင်ဖြစ်သည်။
ဤကျွန်းက ပင်လယ်၏ နက်နဲရာသို့ နစ်မြုပ်သွားသော ကျွန်းဖြစ်သည်။ အစတုန်းကတော့ နစ်မြုပ်မသွားဘဲ တစ်စုံတစ်ယောက်က ထိုနေရာကို ကျင့်စဉ်တစ်ခုနှင့်ပြန်လည်ဖန်တီးထားပုံရသည်။ထိုနေရာကို ကမ္ဘာနှင့်သီးခြားကွဲထွက်အောင် တွန်းအားပေးခဲ့သည်။အရှေ့မြေရိုင်းသားများ မည်မျှ ခက်ခက်ခဲခဲ ရှာဖွေခဲ့ပါစေ ၊ တောင်ပိုင်းစိမ့်မြေကျွန်းရှာတွေ့ရန် ခက်ခဲနေဆဲပင်ဖြစ်သည်။
စုမင်က သူ၏ မြင့်မြတ်သော နတ်ဘုရားအာရုံကို အပြင်သို့ ဖြန့်ကျက်ပြီး တောင်ပိုင်းစိမ့်မြေကျွန်း တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ထိုသို့လုပ်လိုက်သည်နှင့် အစက်အပြောက်နှစ်ခုကနေ လှိုင်းဂယက်ကြီးများ ထွက်လာကြောင်း သူချက်ချင်းသတိထားမိလေသည်။
ဤလှိုင်းဂယက်များထဲမှ တစ်ခုကို သူ ရင်းနှီးသည်။ ထိုအရာက ကျုံးကျီ ၏စွမ်းအားပင်ဖြစ်သည်။ အခြားတစ်မျိုးမှာမူ အနည်းငယ် တုန်လှုပ်သွားသော်လည်း အားကောင်းနေဆဲဖြစ်သည်။ ထိုလှိုင်းလုံးများထဲတွင် ရှိနေခြင်းအား အဆုံးအဖြတ်ပေးခြင်းဖြင့် ထိုလှိုင်းလုံးများသည် မာန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။
ပို၍တိကျစွာပြောရလျှင် သူက မာန်စိတ်ဝိညာဉ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်၏တံခါးများဆီသို့ ခြေတစ်လှမ်းဆုတ်သွားခဲ့ပြီဖြစ်သည်။
စုမင်က ချက်ချင်းပင် လှိုင်းဂယက်နှစ်ခုကို သတိပြုမိသည်။ ထိုလှိုင်းလုံးကြီးနှစ်ခုက ချက်ချင်းပျံ့နှံ့သွားသည်။သို့သော်လည်း သူ့ကို မတွေ့မီတွင် သူ၏သဲလွန်စမရှိသောနတ်ဘုရားအာရုံကို ပျောက်ကွယ်သွားစေခဲ့ပြီဖြစ်သည်။ထို့ကြောင့် သူ့ကို ရှာမတွေ့နိုင်ပေ။
ထိုတောင်တန်းရှိ အမြင့်ဆုံးတောင်တန်းနှစ်ခုအနက်မှ တစ်ခု၏ ဘယ်ဘက်တွင် ဂူတစ်ခုရှိသည်။ ထိုအချိန်တွင် ဆံပင်အရှည်ရှိသော ကျုံးကျီက သူ့မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။ တောက်ပသော အလင်းတန်းတစ်ခု သူ့မျက်လုံးထဲတွင် ဖျတ်ခနဲ တောက်ပလာကာ ထရပ်လိုက်သည်။ သူ ခြေတစ်လှမ်းလှမ်းရုံဖြင့် ဂူအပြင်ဘက်သို့ ပေါ်လာပြီး တောင်ပေါ်တွင် ရပ်နေ၏။ သူ၏ ရှည်လျားသော ၀တ်ရုက လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး မြေပြင်သို့ ငုံ့ကြည့်နေစဉ် သူ၏ မျက်နှာပေါ်တွင် လေးနက်သော မျက်နှာထားရှိနေပြီး သူ့လက်များကို နောက်ပစ်ထားသည်။
“ဘယ်လောက်တောင် အင်အားကြီးတဲ့တည်ရှိမှုလဲ... ကြည့်ရတာ ငါတို့မှာ ဧည့်သည်တစ်ယောက်ရှိတယ်”
ကျုံးကျီက တိုးတိုးလေးပြောလိုက်သည်။ သူက ယခင်နှစ်တုန်းကနှင့် သိပ်မကွာခြားသော်လည်း သူ့ပုံစံက နည်းနည်းအသက်ကြီးသည်။ သူ့တွင် သတ်ဖြတ်လိုစိတ်အရှိန်အဝါများရှိသော်လည်း ၎င်းကို ဖုံးကွယ်ထားခဲ့သည်။
တောင်၏ညာဘက်တွင် နောက်ထပ်ဂူတစ်ခုရှိသည်။ မယုံနိုင်လောက်အောင် တန်ဖိုးကြီး ရတနာများနှင့် ပြည့်နှက်နေပါသည်။ အတွင်းမှ အော်ဟစ်ငိုယိုသံများလည်း ပဲ့တင်ထပ်နေပါသည်။
ဂူ၏ပင်မအခန်းတွင် အဝတ်မပါသော အမျိုးသားတစ်ဦး ထိုင်နေသည်။ သူ့အသားအရေက ကြေးဝါရောင်ပင်ဖြစ်သည်။ သူ့မှာ ဆံပင်မရှိပေ။ သူ့အမူအရာက အေးစက်နေ လေသည်။ သူ့မျက်နှာတွင် ခံစားချက်အရိပ်အမြွက်မျှမရှိပေ။
သူ့ပတ်ဝန်းကျင်မှာ ဝတ်လစ်စားလစ်ဖြစ်နေသော အမျိုးသမီး ခုနစ်ယောက်ရှိတသည်။ ထိုအမျိုးသမီးများက သူ့ခန္ဓာကိုယ်ကို ပွေ့ဖက်ပွတ်သပ်ထားရင်း သူတို့၏မျက်လုံးများတွင် ကာမရမ္မက်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့၏မျက်နှာပေါ်တွင် ကာမရာဂစိတ်ပြင်းပြနေပြီး လိင်ဆက်ဆံရန် တောင်းဆိုနေသကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်ကို လူးလွန့် နေကြသည်။ သူတို့၏နှာသံများက လေထဲတွင် ပဲ့တင်ထပ်နေသဖြင့် ကြားရသူတိုင်း ထိန်းရခက်နေပေလိမ့်မည်။
ထိုအမျိုးသမီး ခုနစ်ယောက်က မယုံနိုင်လောက်အောင် လှပပြီး နီမြန်းနေသော အသားအရည်က အထူးသဖြင့် အသက်ရှုမှားလောက်အောင် ဆွဲဆောင်နိုင်လေသည်။
စုမင်က ချက်ချင်းပင် သူ၏ နတ်ဘုရားအာရုံကို နေရာအနှံ့ ပျံ့လွင့်သွားစေသည်။ မျက်လုံးမှိတ်ကာ တရားထိုင်နေသော ထိပ်ပြောင် နှင့်လူက မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ကျုံးယိက ချက်ချင်းထွက်လာစဉ်တွင် ထိပ်ပြောင်နှင့်လူက လေထဲမှာ ပေါ်လာပြီး အဖြူရောင်ဝတ်ရုံရှည်က သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီးသား ဖြစ်သွားသည်။
သူသည် လေထဲ၌ မတ်တပ်ရပ်လိုက်ပြီး ကျုံးကျီနှင့် မြေပြင်ကို
ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ငါ သူ့ကို ရှာမတွေ့ဘူး..သူက စွမ်းအားကြီးတဲ့ ရှာမန်လား”
“သူရောက်နေပေမဲ့ချက်ချင်းပျောက်ကွယ်သွားသလိုပဲ... ခန့်မှန်းရခက်တယ်..”
ကျုံးကျီက ခပ်လှမ်းလှမ်းမှာ ရပ်နေချိန်မှာ အေးဆေးတည်ငြိမ်သော
မျက်နှာနှင့် ပြောလိုက်သည်။
ထိပ်ပြောင်သောလူက တခဏတာ တိတ်ဆိတ်ငြိမ်သက်သွားကာ
“အပြင်ဘက်ကို ဦးတည်နေတဲ့မှော်အစီအရင်ကို အဝင်အထွက်ပိတ်လိုက်ပေါ့.. သူက ဘယ်သူပဲဖြစ်ဖြစ် နောက်ဆုံးတော့ ပေါ်လာလိမ့်မယ်..” .
ကျုံးကျီနှင့် ထိပ်ပြောင်သောလူက ချက်ချင်းပင် မှော်အစီအရင်အပြင်ဘက်တွင် ရပ်နေသောသူစိမ်းစုမင်ကို စတင်ရှာဖွေနေသည်ကို ရပ်တန့်သွားပုံရသည်။ ကျုံးယိနှင့် ထိပ်ပြောင်သော လူက သူ့ကို သတိမထားမိလိုက်ကြပေ။
“အယ်မော်တယ်တွေရဲ့ တည်ရှိမှုကို ချုပ်နှောင်စည်းတံဆိပ်က တကယ်အားကောင်းတာပဲ..”
စုမင်က သူ့ညာလက်ကိုဖြည်းညှင်းစွာ ဖြေလျှော့လိုက်ပြီး စည်းတံဆိပ်၏နေရာပုံမပျက်အောင်ထိန်းသိမ်းထားလိုက်သည်။
ယာမူရော ကျီယွင်ရော ဖြစ်ပျက်နေတာကို သတိမထားမိကြပေ။ လူရှစ်ယောက်ကို သူတို့ရှင်းပြပြီးသည်နှင့် စုမင်အနားမှာ ပေါ်လာသည်။
“ စီနီယာစု ရှင့်ကို...ဂျုနီယာညီမလေးဖန်ဆီ ခေါ်သွားလိုက်မယ် “
ကျီယွင်က တိုးတိုးလေးပြောသည်။
“မလိုဘူး.. ငါကိုယ်တိုင် သွားလိုက်မယ်”
စုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ၏ မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ကျီယွင်က ခေတ္တ အံ့အားသင့်သွားပြီးနောက် သူမ၏မျက်နှာပေါ်တွင် လွမ်းဆွေးသောအကြည့်တစ်ခု ပေါ်လာသည်။ သူမက အဝေးမှ တောင်တန်းကို လှမ်းကြည့်ကာ သူမသာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေးပင် ငြီးငြူနေတော့သည်။
“ချန်းလန် သူဒီမှာရောက်နေပြီ... ငါနဲ့ယှဉ်ရင် မင်းက ကံကောင်းတယ်.. ဒါပေမယ့် ငါအရင်ကလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး.. ငါတို့ အသက်ရှင်ချင်တယ်ဆိုရင် ငါတို့ထဲက တစ်ယောက်က အရှုံးပေးရမယ်...”
နာကျင်ခြင်း၊ လွမ်းဆွေးခြင်း နှင့် ရှုပ်ထွေးသော ခံစားချက်များ ထွက်ပေါ်လာသည်နှင့်အမျှ သူမ နှလုံးသားထဲတွင် ချစ်ခဲ့ဖူးသော သူကို သတိရမိလာသည်။
သူမအတွေးထဲတွင် နှစ်မြုပ်နေချိန်တွင် လက်တစ်စုံက သူမ၏နောက်တွင် ပေါ်လာပြီး နွေးထွေးစွာ ပွေ့ဖက်ဆွဲသွင်းလိုက်သည်။
“ကျီယွင်…”
ယာမူ၏ အသံက သူမ၏ နားထဲသို့ ညင်သာစွာ တိုးဝင်လာသည်။
ထိုအသံနှင့် ပွေ့ဖက်မှုက သူမကို အတွေးများထဲမှ ဆွဲထုတ်သွားခဲ့သည်။ ထိုပွေ့ဖက်မှုက သူမ မလိုချင်သော်လည်း သူမနှလုံးသားထဲမှာ
ယခင်ကမရှိခဲ့ဖူးသော နွေးထွေးမှုတစ်ခုကို ဖန်တီးပေးနိုင်ဆဲပင်ဖြစ်သည်။ ဤနွေးထွေးမှုက ချစ်ခြင်းမေတ္တာမဟုတ်သော်လည်း စိတ်လှုပ်ရှားစေသောခံစားချက်မျိုးရသည်။
ကျီယွင်၏ မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာသည်။ မျက်ရည် သုတ်လိုက်သည်နှင့် ယာမူးဘက်သို့ လှည့်ကာ ဆွဲဆောင်မှုရှိသော အပြုံးကို ပေးလိုက်သည်။
‘ကျီယွင်.. ငါ မင်းကို ကာကွယ်ပေးမယ်...လောကကြီးက ပျက်သုဉ်းသွားရင်တောင်.. ငါ့ဘဝဆုံးသွားရင်တောင် ငါ့ဝိညာဉ်က မင်းရဲ့အနားမှာ ရှိနေလိမ့်မယ်.. မင်းကိုကာကွယ်ဖို့ ငါ့ရဲ့အသက်ခန္ဓာအားလုံးကို ပေးဆပ်မယ်..”
‘မင်းငါ့ကို မမုန်းဘူးဆိုတာ ငါသိတယ်.. မင်းငါ့ကိုမကြိုက်ဘူး... ဒါပေမယ့် တစ်နေ့နေ့ မင်းပြောင်းလဲလာလိမ့်မယ်လို့ ငါယုံကြည်တယ်..’
ယာမူကကျီယွင်ကိုပွေ့ဖက်ပြီး သူ့နှလုံးသားထဲမှာ တိုးတိုးလေး တိုးတိုးလေးပြောလိုက်သည်။ သူ၏စိတ်ခံစားချက်များက လေးနက်လေသည်။
ကျီယွင်က သူ့ရင်ခွင်ထဲတွင် ပြုံးနေသော်လည်း သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များက ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နေသည်။ ၎င်းတို့က စီးကျလာတော့မည် မဟုတ်ပေ၊ သို့သော် လွန်ခဲ့သည့်နှစ်များတစ်လျှောက် နေရောင်အောက်တွင် အဆက်မပြတ်ရပ်နေခဲ့သော ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားကာ သူမ၏နှလုံးသားထဲတွင် ဆင်းသက်လာခဲ့သည်။
‘ဘာမှ မရှိတော့ဘူး... ငါ့ရဲ့ ညစ်ညူးတဲ့ ခန္ဓာကိုယ်...ငါ့မှာ ဘာမှမကျန်တော့ဘူး...’
ကျီယွင်က မျက်လုံးများကိုမှိတ်ထားသော်လည်း စုမင် ၏အသွင်အပြင်ကြောင့် တစ်ချိန်က တံဆိပ်ခတ်ထားခဲ့သော အမှတ်တရများကို တစ်ဖန်ပြန်လည်မြှုပ်နှံရန် သူမအတွက် ခက်ခဲလွန်းနေပြီဖြစ်သည်။
ကောင်းကင်တွင် လူဖန်တီးထားသော နေမင်းကြီးက တဖြည်းဖြည်း မှောင်လာပြီး အနီရောင် အဆင်းရှိသော နေမင်းကြီး ဖြစ်လာသည်။ စုမင်က သူ၏နတ်ဘုရားအာရုံကို အသုံးမချဘဲ သာမန်မျက်စိဖြင့်သာ ကြည့်ပါက၊ ဤအရာက အတုအယောင်ဖြစ်ကြောင်း မပြောနိုင်ပေ။
ဤနေရောင်အောက်တွင် တောင်တန်းများ၏ အရိပ်များက စိမ်းလန်းသော မြက်ခင်းပြင်များပေါ်တွင် အရိပ်ထင်နေတော့သည်။ ထိုတောင်တန်းရှိတောင်တန်းများတွင် မျှော်စင်တစ်ခုရှိသည်။
ထိုမျှော်စင်က ရိုးရှင်းသော်လည်း ပြေပြစ်သည်။ ၎င်းကိုအလှဆင်ရန် အဆင်တန်ဆာများစွာမရှိခဲ့ပေ။ နေမင်းကြီးက ၎င်း၏နောက်ဆုံးလက်ကျန် အလင်းတန်းများကို မြေပြင်ပေါ်သို့ ဖြာကျနေချိန်တွင် အရာအားလုံးကို လိမ္မော်နီရောင်ဖြင့် ဆေးဆိုးထားလေသည်။ မူလက ထိုမျှော်စင်တွင် လူနှစ်ဦးရှိသော်လည်း လွန်ခဲ့သော နှစ်နှစ်ခန့်က ကျီယွင်ကို ယာမူးအား ပေးအပ်ပြီးနောက်တွင် အမျိုးသမီးတစ်ဦးသာ ကျန်ရှိတော့သည်။
သူမသည် အသက်သုံးဆယ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ့မျက်နှာမှာ အသက်အရွယ်၏တိုက်စားမှုကို မတွေ့ရဘဲ သူမဘဝက အဆင်ပြေနေပုံရသည်။ သူမသည် အသက်အရွယ်အမှန်ကိုအခြေခံ၍ ငယ်ရွယ်သူမဟုတ်တော့ဘဲ ရင့်ကျက်လာပုံရသည်။
သူမက ထိုနေရာတွင် ငြိမ်သက်စွာထိုင်ကာ နေ၏အရောင်အသွေးနှင့် အပြာရောင်ကောင်းကင်ကြီးကို ငြိမ်သက်စွာကြည့်နေသည်။ နေရောင်ခြည်က သူမ၏မျက်နှာပေါ်သို့ ကျလာပြီး မယုံနိုင်လောက်အောင် လှပသော မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တကယ်တော့ သူ့မျက်နှာပေါ်က ဆံခြည်မျှင်များကို နေရောင်အောက်မှာ မြင်နိုင်သည်။ သူမ၏ တိတ်ဆိတ်မှုအတွင်း တည်ရှိနေသော နူးညံ့သိမ်မွေ့မှုက မြင်သူတိုင်း သူမကို အလိုလို ကာကွယ်ချင်လာစေသည်။
“ဆရာ.. ဘာလို့ဒီလိုလုပ်ရတာလဲ...
“အကြီးအကဲယွမ်လွမ်က ဆရာ့ကို နှစ်တွေအကြာကြီးကောင်းခဲ့တာလေ.. သူကလည်း ငါ့ကို ကြင်နာတယ်..သူနဲ့ သဘောတူတာ ဘာမှားလို့လဲ..”
“ဒါ့အပြင် အကြီးအကဲယွမ်လွမ်က ဆရာသဘောတူရင် လက်ရှိ ကျင့်ကြံမှုအဆင့်ကို ကျော်ဖြတ်ပြီး ရိုးရေစတေးအလယ်လတ်နယ်ပယ်ကို ရောက်အောင် ကူညီပေးမယ်လို့ ပြောထားပြီးသား..ဒါဆိုရင် ကျုပ်လည်း သူ့မွေးစားသား ဖြစ်လာနိုင်တယ်...
“တောင်ပိုင်းစိမ့်မြေကျွန်းမှာ ကျုပ်ရဲ့အဆင့်အတန်းကလည်း သိသိသာသာ မြင့်တက်လာမယ်..တကယ်လို့ ကျုပ်က အကြီးအကဲယွမ်လွမ်ရဲ့အမွေအနှစ်ကို တိုက်ရိုက်ရရင် မာန်စိတ်ဝိညာဉ်နယ်ပယ်ကိုရောက်ဖို့ အခွင့်အရေးရမှာပဲ...ဆရာ.. အရမ်းခေါင်းမာတာ ရပ်လိုက်ပါ”
မျှော်စင်ရှိ နေဝင်ချိန်ကို အမျိုးသမီးက ကြည့်နေချိန်တွင် ငြိမ်သက်သောလေထုနှင့် မလိုက်ဖက်သော ကွဲလွဲသောအသံတစ်ခု လေထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်လာသည်။ ထိုအသံတွင် စိုးရိမ်ထိတ်လန့်တုန်လှုပ်နေသောအရိပ်အယောင်တစ်စွန်းတစ်စ ရှိနေပြီး စကားပြောဆိုသူမှာ ဆယ့်ခုနစ်နှစ် သို့မဟုတ် တစ်ဆယ့်ရှစ်နှစ်ခန့် ယောက်ျားလေးဖြစ်ပြီး သူ့ဘေးတွင် ရပ်နေလေသည်။
“ခဏလေး တစ်ယောက်တည်း နေပါရစေ”
ကောင်လေးက နူးညံ့သိမ်မွေ့သော အမျိုးသမီးကို ဆက်ပြီး နှောင့်ယှက်နေချိန်၌ သူမက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ စကားများပင် မယုံနိုင်လောက်အောင် နူးညံ့သိမ်မွေ့ပြီး ဒေါသကို မတွေ့ရပေ။
“ဆရာ...ဘာတွေတွေးနေတာလဲ ကျုပ် နားမလည်ဘူး.. ဘေးကပ်ဆိုးကြီးမဖြစ်ခင်ရော နောက်ရော ကျနော်တို့ ကြုံတွေ့ခဲ့ရပြီး ဒုက္ခတွေ အများကြီး ကြုံခဲ့ရတယ်..ပြီးတော့ဆရာယွမ်လွမ်နဲ့ တွေ့ရတယ်.. သူက မင်းကို သဘောကျတယ်... ဘာလို့ သူ့ကို ငြင်းတာလဲ....”
“ဆရာဒေါ်လေးကျီယွင်တောင် သူ့ကို မငြင်းဘဲ သူ့ကမ်းလှမ်းချက်ကို ချက်ချင်းလက်ခံခဲ့တယ်..ကျုပ်သိပါတယ်...သူက မင်းကို ကာကွယ်ဖို့ လုပ်ခဲ့တယ်၊ ဒါပေမယ့် နှစ်တွေကြာအောင် ခံနိုင်ရည်ရှိခဲ့တဲ့ ဒုက္ခတွေအတွက် သူ့ကို ပြန်မဆပ်ချင်ဘူးလား “
ကောင်လေး၏စကားများက သူ့နားထဲသို့ စူးစူးရှရှဝင်လာသည်။
အမျိုးသမီးက တုန်လှုပ်သွားပြီး အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
“ဆရာယွမ်လွမ်ရဲ့စွမ်းအားနဲ့ဆို သူလိုချင်တဲ့ မိန်းမကို ရနိုင်တယ်..ဒါပေမဲ့ သူက ဖြောင့်မှန်တဲ့ ယောက်ျားပဲ.. သူက အတင်းအကြပ် မလုပ်ချင်ဘဲ လူကို လိုလိုလားလား လက်အောက်ခံခိုင်းတာလေ... အဲဒီလိုမှမဟုတ်ရင် ဆရာရဲ့လက်ရှိကျင့်ကြံမှုအဆင့်နဲ့ မင်းသူ့ကို ငြင်းနိုင်မယ်ထင်လား..”
ကောင်လေးက ဆက်ပြောပြီး သူ့အသံက ပိုပြတ်သားလာသည်။
တုန်တုန်ယင်ယင်ဖြစ်နေသော အမျိုးသမီးက ကောင်လေးကို ကြည့်ရန် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
“ဆရာယွမ်လွမ်က တောင်ပိုင်းစိမ့် မြေကျွန်းရဲ့ အုပ်ချုပ်သူပဲ.. သူက ငါတို့ကို လုံခြုံတဲ့ နေရာတစ်ခု ထားပေးတယ်..ဒီလိုလူကို မင်းက ဘယ်လိုနည်းနဲ့ ငြင်းရမှာလဲ.. ကိုယ်လုပ်တော်ဖြစ်ရတာ ဘာဆိုးလို့လဲ...”
ကောင်လေးက စကားမဆုံးခင်မှာ အမျိုးသမီးက သူ့လက်ကို မြှောက်ပြီး ပါးရိုက်လိုက်သည်။
ကောင်လေးသည် နောက်သို့ တုံ့ဆိုင်းသွားကာ ခေါင်းကို မော့ကာ သူ့ဆရာကို စူးစူးဝါးဝါးကြည့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
“ခင်ဗျားအတွက်မတွေးတောင် ကျုပ်အတွက်တွေးကြည့်သင့်တယ် ကျုပ် ဆရာယွမ်လွမ်ရဲ့မွေးစားသားဖြစ်ချင်တယ်..ငါသူ့ရဲ့ကျင့်စဥ်တွေကို လေ့လာချင်တယ်..”
အမျိုးသမီးက ရက်စက်ကြမ်းကြုတ်နေသော သူ့မျက်နှာကို စိုက်ကြည့်နေသည်။ စူးစူးရှရှ နာကျင်မှုက သူမနှလုံးသားကို ထိမှန်သွားသည် ။ သူမ၏ ဤတပည့်လေးထံမှ ထိုသို့သောစကားများကို နှစ်အတော်ကြာ ကြားခဲ့ရသော်လည်း သူ၏ ထက်မြက်သော အသံက သူမနှင့် အလွန်ရင်းနှီးနေပါသည်။
သူမသည် ကောင်လေးကို ကြည့်လိုက်သည်။ သူ့မျက်နှာက သူမ ရင်းနှီးနေသောအမှတ်တရထဲကလူနှင့် ဆင်တူတာကြောင့်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူမက လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤလူကို သူ၏တပည့်အဖြစ် လက်ခံခဲ့သည်။
“မင်းရဲ့တောင်းဆိုမှုကို ငါဖြည့်ဆည်းပေးမယ်..ငါ သဘောတူမယ်.. မင်း..ယွမ်လွမ်ရဲ့ မွေးစားသားဖြစ်လာတာနဲ့ မင်း ငါ့တပည့်ဖြစ်တော့မှာ မဟုတ်ဘူး...”
အမျိုးသမီးက မျက်လုံးမှိတ်ပြီး ပင်ပန်းနွမ်းနယ်မှုတွေ ပြည့်နှက်နေ လေသည်။
ကောင်လေးက အံ့သြဝမ်းသာသော မျက်နှာဖြင့် မျှော်စင်ပေါ်မှ ချက်ချင်း ပြေးထွက်လာခဲ့သည်။ ရှင်းနေသည်မှာ သူ၏မွေးစားဖခင် ယွမ်လွမ်ကို ထိုသတင်းကို ပြောပြရန် အပြေးသွားချင်နေခဲ့သည်။
ယောက်ျားလေး၏ နောက်သို့ ဆုတ်သွားသော ခြေသံများက အမျိုးသမီး၏ နှလုံးသားကို တင်းတင်းကျပ်ကျပ် နာကျင်စေခဲ့သည်။ သူမ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ ကောင်းကင်တွင် နေရောင်ကို အကြာကြီး အကြာကြီး စိုက်ကြည့်နေသည်...
“ဒါက အစစ်မှန်မဟုတ်ဘူး..”
ထိုအချိန်တွင် လေးလေးနက်နက် စိတ်ခံစားမှုများ ပြည့်နှက်နေသည့် သက်ပြင်းတစ်ခုလို အသံက သူမနောက်မှ ထွက်ပေါ်လာသည်။