← Chapters

ဖန်ချန်းလန်

Vol. 38 Ch. 522

ဖန်ချန်းလန်

Vol. 38 Ch. 522

ထိုအသံကို အမျိုးသမီးက ကြားလိုက်သည်နှင့် တပြိုင်နက် တုန်လှုပ်သွားသည်။ သူမ နောက်ကို လှည့်ကြည့်လိုက်သော် ယခင်က သူ့တပည့်ရပ်နေသောနေရာ၌တခြားလူကို တွေ့လိုက်ရသည်။

ထိုလူက အဖြူရောင်ကို ၀တ်ဆင်ထားပြီး အသက် နှစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ်ဝန်းကျင်ဖြစ်သည်။ သူက မယုံနိုင်လောက်အောင်ကို ချောမောနေပုံရသော်လည်း သူ့မျက်လုံးအောက်က အမာရွတ်က သူ့မျက်နှာကို ရက်စက်ြမ်းကြုတ်သောလေထုကို သယ် ဆောင်ပေးနေလေသည်။ သူ၏မျက်လုံးထဲတွင် ရှေးဆန် သောအကြည့်များသည်လည်း အချိန်ကာလတစ်လျှောက်လုံး နစ်မြုပ်သွားသလိုပင် ဖြစ်၏။

သူ ထိုနေရာမှာရပ်ပြီး သူမကို တိတ်တဆိတ်ကြည့်နေသည်။

သူ့ပုံပန်းသဏ္ဍာန်က ယခုမှထွက်ခွာသွားသော ကောင်လေးနှင့် ခြောက်ပုံခန့်တူသောကြောင့် အမျိုးသမီးကို မှင်တက်သွားစေခဲ့သည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဆုံနေ ကြသည်။ အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ အခန်းက တိတ်ဆိတ်နေ လေသည်။ အချိန်အတော်ကြာပြီးနောက် အမျိုးသမီး၏မျက်နှာပေါ်မှ မင်တက်နေသောအမူအရာ ပျောက်ကွယ်သွားပြီး နှုတ်ခမ်းပေါ် အပြုံးတစ်ခုပေါ်လာသည်။

“အဲဒါက အစစ်မဟုတ်ဘူးဆိုတာ ငါသိတယ်”

ဟု ညင်သာစွာ ပြောလိုက်သည်။ သူမက ပုလဲကဲ့သို့ဖြူစွတ် နေသောလက်ကို မြှောက်လိုက်ပြီး ဆံပင်ကို ကိုင်လိုက်သည်။ ထို့နောက် သူမ ညာလက်ကို မြှောက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အလင်းတန်းများစွာက လျှပ်စီးကဲ့သို့ စုမင်ဆီသို့ တည့်တည့် ကျရောက်လာသည်။

အမှောင်အလင်းတန်းများက အေးစက်စက်ဖြင့် တောက်ပနေပြီး စုမင်ဆီသို့ နီးကပ်သွားလေသည်။ အမျိုးသမီး၏ တိုက်ခိုက်မှုကြောင့် စုမင်က ခေတ္တ အံ့အားသင့်သွားသော်လည်း ထိုအဆင့်စွမ်းရည်လောက်က သူ့အတွက် ဘာမှမဟုတ်ပေ။

သူက မရှောင်တိမ်းလိုက် ပေ။ ရွှေရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခုက သူ့ကိုယ်အပေါ် ခဏမျှ လင်းလက်သွားပြီး ပေါက်ကွဲသံများထွက်ပေါ်လာကာ လေထုထဲတွင် တုန်ခါသွားသည် ။ သူ့ရှေ့ရှိ ဆံပင်သုံးချောင်းက အပိုင်းပိုင်းပြတ်မသွားမီ လေထဲတွင် စုဝေးနေသည်။

ထိုနေရာ၌ အမျိုးသမီးက မတ်တတ်ရပ်ခဲ့ပြီး ယခု နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းခဲ့သည်။ သူမ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များနှင့်ပြည့်နှက်နေပြီး သူ့ကို စိုက်ကြည့်နေသည်။

“ရှင်ကဘယ်သူလဲ....”

“ကျုပ်က စုမင်ပါ..”

စုမင်က ထိုအမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြုံးစပြုလာသည်။

“စုမင်က.. ရှင်ရဲ့ကျင့်ကြံမှု အဆင့်ကို ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူး..”

အမျိုးသမီးက မျက်မှောင်ကြုတ်ကာ နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်သည်။

“ဒါက တောင်ပိုင်းစိမ့်မြေကျွန်းပဲ.. ဒီနေရာ မှာ အစွမ်းထက်တဲ့ စစ်သည်တော်တွေ အမြောက်အမြား ရှိ နေတယ်..ရှင်ဟာ စိတ်ကူးယဉ်ဆန်ဆန်နဲ့ စုမင်ရဲ့ ပုံပန်းသဏ္ဍာန်ကို ဘယ်လို သိလာရမှန်း မသိပေမယ့် ဒီလှည့်ကွက်က ရိုးရိုးရှင်းရှင်းပါပဲ.. စိတ်ပျက်စရာကောင်းလိုက်တာ”

မိန်းမပျိုက အေးစက်စက်လေသံနှင့် ပြောလိုက်သည်။

စုမင်က သူ့ရှေ့မှ အမျိုးသမီးကို ကြည့်ပြီး ပို၍ပြုံးမိလာလေသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် မတွေ့တာ အနှစ်နှစ်ဆယ်ရှိလေပြီ၊၊ သူမ တော်တော်ပြောင်းလဲသွား လေသည်။ သူမသည် အေးဆေးတည်ငြိမ်သူတစ်ယောက်ဟု ထင်ရသော်လည်း အမှန်မှာ ဘေးကပ်ဆိုးကို ကျော်ဖြတ်နိုင်သူအားလုံးက မယုံနိုင်လောက်အောင်ပင် သတိရှိကြပေလိမ့်မည်။ သူတစ်ပါးကို လွယ်လွယ်နှင့် ယုံမှာမဟုတ်ပေ။ နောက်ဆုံးတွင်၊ လူတစ်ဦးမှ ကြားခဲ့ရသည့်အရာများနှင့်မြင်တွေ့ခဲ့သည့်အရာများက တစ်ခါတစ်ရံတွင် အမှားအယွင်းအချို့ရှိနိုင်သည်။

ထိုအသိတရားက အမျိုးသမီး၏

စိတ်ထဲမှာ ရှိနေလေသည်။

“ဒါဆို ဘာလို့ မင်းရှေ့မှာ ငါက တခြားလူအဖြစ် ပြောင်းလဲဖို့ လိုမယ်လို့ ထင်နေတာလဲ”

စုမင်က ပြုံးပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ထိုသို့လုပ်သည့်အခါ၌ အမျိုးသမီးက ချက်ချင်းပြန်ဆုတ်သွားပြီး ထွက်ပေါက်ကို ဖြတ်ကူးတော့မည့်ပုံပေါက်သော်လည်း သူမထွက်သွားခဲ့ ပေ။ ယင်းအစား သူမက စုမင်ကို စိုက်ကြည့်ကာ သူမ၏မျက်လုံးထဲတွင် ဒေါသများက ပိုပြင်းထန်လာသည်။

“မင်း သူ့ကို အသွင်ပြောင်းနိုင်ရင် မင်း သူ့ကို ကောင်းကောင်းသိရမယ်.. မင်းငါ့ကို ငယ်ငယ်က တွေ့ခဲ့တာပဲ ဖြစ်ဖြစ် ဒါက စီနီယာအစ်မ ကျီယွင်နဲ့ ဆက်စပ်နေမှာပဲ...”

အမျိုးသမီးက စကားစပြောသည်နှင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ သို့သော်လည်း သူမသည် ထိုခြေလှမ်းကိုလှမ်းလိုက်သောအခါတွင် စုမင်၏ပတ်လည် မြေပြင်ပေါ်တွင် မှော်အစီအရင်အလင်းတန်းက ချက်ချင်းပေါ်လာသည်။

ထိုမှော်အစီအရင်က လျင်မြန်စွာ လည်ပတ်နေပြီး ပြင်းထန်သောလေများနှင့် ပြည့်နေပြီး မည်သည့်နေရာမှ ထွက်ပေါ်မှန်းမသိသည့် ရေခဲတုံးကိုးခုအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ ထိုရေခဲတုံးများက စုမင်ဘက်သို့ လှည့်ပတ်သွားသည်။

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုရေခဲတုံးများကို သူ့အပေါ်တွင် နီးကပ်ရန် ရိုးရှင်းစွာ ခွင့်ပြုလိုက်သည်။ သူ့ပတ်ဝန်းကျင်မှာ တဟုန်ထိုး ပေါက်ကွဲသံကြီးများ ထွက် ပေါ်ပြီးသည်နှင့် မျှော်စင်အတွင်းပိုင်းက အေးခဲနေသော လေများနှင့်ပြည့်နှက်နေလေသည်။

စုမင်က ထိုခြေလှမ်းအတိုင်း ရှေ့သို့လှမ်းလိုက်သည်နှင့် မှော်အစီအရင်က သူ့ခြေဖဝါးအောက်ရှိမြေပြင်ပေါ်တွင် နောက်တစ်ကြိမ် ပေါ်လာသည်။ ယခုတစ်ခါတော့ မှော်အစီအရင် တစ်ခုတည်းမဟုတ်ဘဲ သူ့ကို လုံးဝဝိုင်းရံထားသောမှော်အစီအရင်ကိုးခုပင်ဖြစ်သည်။

သူတို့၏ အလင်းရောင် မှိတ်တုတ်မှိတ်တုတ်ဖြစ်‌နေပြီး နေရာတစ်ဝိုက်ရှိ အေးစက်သောလေ ထုက ရုတ်တရက် နောက်ပြန်တိုက်ခတ်သွားသည်။ ၎င်းကို မှော်အစီအရင်မှ လျင်မြန်စွာ စုပ်ယူလိုက်သည်နှင့် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ အေးခဲနေသော လေထု၏သိပ်သည်းမှုက စုမင်ကို သူ့အသားနှင့် သွေးများချက်ချင်း အေးသွားစေသကဲ့သို့ ခံစားလာရသည်။ ထိုအရာက အေးခဲနေသော လေထု၏ စွမ်းအားပင်ဖြစ်သည်။

စုမင်က ခဏမျှ အံ့အားသင့်သွားပြီးနောက် သူ့တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။ သူ ခြေတစ်လှမ်းလှမ်းပြီး အေးခဲနေသော လေထုထဲမှ တည့်တည့် လျှောက်သွားသည်။ ချက်ချင်းပင် သူ လျှောက်သွားသည့် နောက်တွင် အက်ကွဲသံများပဲ့တင်ထပ်နေပြီး သူရောက်နေသည့် နေရာတွင် ဧရာမ ရေခဲတုံးကြီး ပိတ်ဆို့စုစည်းနေလေသည်။

ထိုအမျိုးသမီး၏ မျက်နှာက အလွန်စိုးရိမ်နေပုံပေါက်သွားပြီး သူမ၏ နှလုံးသားက တုန်လှုပ်ချောက်ချားသွားသည် ။ သူမက ယွမ်လွမ်အတွက် ဤမျှော်စင်တွင် မှော်အစီအရင်များကို ပြင်ဆင်ခဲ့သည်။ ဤသည်မှာ ယွမ်လွမ်ကိုသတ်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ကုန်နေခဲ့သည်။

လူတိုင်း၏အမြင်တွင် စိတ်ဝိညာဉ်အလယ်လတ်နယ်ပယ်ရှိ အားကောင်းသည့်ကျင့်ကြံသူ ကိုသတ်ခြင်းက သူမကဲ့သို့အားနည်းသောအမျိုးသမီးအတွက် မဖြစ်နိုင်ပေ။ သို့သော် လောက၌ မဖြစ်နိုင်တာမရှိဟု သူမယုံကြည်ခဲ့သည်။

စုမင်အဖြစ်သို့ ပြောင်းလဲထားသော သူသည် သူ၏ဆံပင်တစ်စမျှပင် မထိခိုက်ဘဲ ‌မှော်အစီအရင်နှစ်ခုကို ရှောင်တိမ်းနေသည်ကို သူမမြင်လိုက်ရသောအခါတွင် သူမ၏ ယုံကြည်မှုသည် ယိမ်းယိုင်သွားခဲ့သည်။ သူမ၏ တွက်ချက်မှုများအရ ပထမ‌မှော်အစီအရင်နှစ်ခုက ယွမ်လွမ်ကို မသတ်နိုင်သော်လည်း ၎င်းတို့က သူ့ကို ခဏလောက် အေးခဲသွားစေနိုင်ပြီး သူမနောက်ထပ် လှုပ်ရှားမှုများကို လုပ်ဆောင်ရန် အချိန်ရရှိမည်ဖြစ်သည်။

သို့ပေမယ့် ယခု ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်မျာစက သူမ နှလုံးသားကို ထိတ်လန့်သွားစေသည်။ သို့တိုင် သူမ ညာလက်ကို မဆိုင်းမတွ မြှောက်ကာ ရှေ့ကို ညွှန်ပြသည်။ ချက်ချင်းပင် မှော်အစီအရင်များက စုမင်အနီးတစ်ဝိုက်တွင် တစ်ဖန်ပေါ်လာပြီး ယခုတစ်ကြိမ်တွင် ၎င်းတို့အထဲမှ သုံးဆယ့်ခြောက်ခုရှိကာ မျှော်စင်အတွင်းရှိ ကြမ်းပြင်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။ အေးခဲနေသောလေထုက ရုတ်တရတ်ပေါက်ကွဲသွားပြီး အမျိုးသမီးက မျှော်စင်မှ လျင်မြန်စွာပြန်ထွက်သွားရန် သူမအားအဝေးသို့ ပို့ပေးစေသည့်အရှိန်ကို အသုံးပြုခဲ့သည်။ သူမက နောက်ဆုတ်ရာတွင် တိကျသော တွက်ချက်မှုများ ပြုလုပ်ထားပုံရပြီး ဆယ့်သုံးလှမ်း တိတိ လှမ်းပြီးဖြစ်သည် ။

သူမ၏ ဆယ့်သုံးခြေလှမ်းကို လှမ်းလိုက်သည်နှင့် ခြေဖဝါးအောက်ရှိ အဖုအထစ်တစ်ခုကို ခံစားလိုက်ရသည်။ သူမ လှမ်းတက်လိုက်သည်နှင့် အလင်းတန်းက မျှော်စင်ဝင်းအတွင်း လှည့်ပတ်သွားကာ မျှော်စင်အပြင်ဘက်ရှိနေရာတစ်ခုလုံးက အလွန်ကြီးမားသော မှော်အစီအရင်ကြီးဖြစ်လာသည်။

ကျယ်လောင်သော အသံများနှင့်အတူ လှည့်ပတ်ကာ အနက်ရောင်မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူတို့က မျှော်စင်ကို ဝိုင်းရံပြီး အတွင်းဘက်တည့်တည့်သို့ စူးစူးရဲရဲတောက်နေသော အနက်ရောင်မီးနဂါးကြီးအဖြစ်သို့ စုစည်းလိုက်ကြသည်။

မျှော်စင်အတွင်းရှိ အေးခဲသောလေများ ပေါက်ကွဲပြီး ကြီးမားသော ရေခဲတုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ မီးနဂါးကို ထိလိုက်သောအခါ အအေးဓာတ်နှင့် အပူတို့သည် တစ်ခုနှင့်တစ်ခု ထိတိုက်မိကြပြီး အံ့ဩဖွယ်ရာ စွမ်းအားတစ်ခု မွေးဖွားလာသည်။ ကျယ်လောင်သော ပေါက်ကွဲသံသည် လေထဲသို့ ကျရောက်သွားသည်။ နေရာတိုင်းတွင် ပဲ့တင်ထပ်နေသင့်သော်လည်း တောင်ကြီးအတွင်းတွင် ထူးထူးခြားခြား တည်ရှိနေပြီး ဖြန့်ကျက်သွားခြင်းမရှိပေ။

မျှော်စင်ပြိုကျပြီး ရေခဲတုံးကြီး ပေါက်ကွဲသွားသည်။ အနက်ရောင်မီးလျှံများက အရာအားလုံးကို ဝါးမြိုသွားသော်လည်း အမျိုးသမီးက သူမကိုသူမ စိတ်ချချမနေရဲသေးပေ။ ရေခဲမျှော်စင် ပေါက်ကွဲသောအခါ၊ သူမက ပေါက်ကွဲမှုပြင်းအားကြောင့် ပေတစ်ရာအကွာအထိ တစ်ဖန် ဆုတ်ခွာသွားခဲ့သည်။ သူမလက်ကို မြှောက်လိုက်သည်နှင့် သူမ၏လက်ထဲတွင် ကျောက်စိမ်းခေါင်းခွံတစ်ခု ပေါ်လာသည်။ သူမက တင်ပျဉ်ခွေထိုင်ကာ ဦးခေါင်းခွံပေါ်သို့ လက်ချောင်းများနှင့်ဖိလိုက်စဥ် သူမမျက်လုံးထဲတွင် မှောင်မိုက်သောအလင်းရောင်လင်းလက်လာသည်။

လင်းလက်စပြုလာသည်နှင့် သူမလက်ထဲမှာတင်ထားသော ဦးခေါင်းခွံ၏အရောင်က အဖြူရောင်ကနေ အနက်ရောင်ပြောင်းသွားတယ်။ တစ်ချိန်တည်းမှာပင် တောင်ကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားသည်။

တောင်ပေါ်ရှိ နေရာ ကိုးဆယ့်ကိုးနေရာမှ အနက်ရောင် အလင်းတန်း ကိုးဆယ့်ကိုးခု ထွက်ပေါ်လာသည်။ သူတို့နှင့်အတူ တန်ခိုးကြီးသော တည်ရှိမှုတစ်ခုကို ယူဆောင်လာကာ မျှော်စင်ရှိခဲ့သည့်နေရာသို့ ဦးတည်လာကြသည်။ ထိုအနက်ရောင်အလင်းတန်း ကိုးဆယ့်ကိုးခုတွင် တစ်ခုစီက ရိုးရေစတေးနယ်ပယ် ကနဦးအဆင့် ကျင့်ကြံသူနှင့် ညီမျှသော စွမ်းအားများပါရှိသည်။ သူတို့ နီးကပ်လာသောအခါတွင် အမျိုးသမီး၏လက်ရှိဦးခေါင်းခွံပေါ်ရှိ အနက် ရောင်အလင်းတန်းက တစ်ဖန် ထွန်းလင်းလာပြန်သည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်အလင်းတန်းများ၏ ကြီးကျယ်ခမ်းနားသောအရှိန်အဝါက ရိုးရေစတေးနယ်ပယ်အလတ်လတ်အဆင့်၏ စွမ်းအားနှင့် ညီမျှလာသည်။ ထို့နောက် ၎င်းတို့က ယခင်ပေါက်ကွဲမှု၏ အလယ်ဗဟိုသို့ ချက်ချင်းဦးတည်လာခဲ့သည်။

စုမင်က သူ့ပတ်ဝန်းကျင်ရှိ ပြိုကျနေသော ရေခဲပြင်ထဲမှ ထွက်လာပြီး သူ့မျက်နှာပေါ်တွင် လေးနက်သောအကြည့်တစ်ခု ပေါ်လာသည်။ အနက်ရောင်အလင်းတန်းကိုးဆယ့်ကိုးခုက သူ့မျက်လုံးထဲမှာ မပြင်းထန်သော်လည်း အရှိန်နှင့်တိုးဝင်လာပြီး သူရှောင်ပြေးနိုင်ခြေရှိသော နေရာအားလုံးကို ပိတ်ပစ်လိုက်သည်။

သို့သော် ထိုအရာက စုမင်ကို အလေးအနက်ထားသည့်အရာမဟုတ်ပေ။ ထိုစကား၏နောက်ကွယ်က အကြောင်းအရင်းမှာ ကောင်းကင်မှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။

စုမင်က ထိုခြိမ်းခြောက်မှုကို ချက်ခြင်းတွေ့ရှိပြီးနောက် သတ်ဖြတ်လိုစိတ်ရှိ သောအမျိုးသမီး၏ မျက်လုံးများ တောက်ပလာသည်။ထို့နောက် စကားတစ်ခွန်းကို တိုးတိုးလေး ပြောလိုက်သည်။

“စု....”

သူမနှုတ်ခမ်းမှဖြည်းညှင်းစွာနှုတ်ထွက်လိုက်သည့်အခိုက်အတန့်၌ လွန်ခဲ့တဲ့အခိုက်အတန့်က သူမ အေးအေးဆေးဆေးကြည့်နေသော ကောင်းကင်ရှိ နေရောင်ခြည်က ရုတ်တရက် ပို၍စူးရှတောက်ပလာသည်။

နေရောင်အောက်တွင် ရာနှင့်ချီသော ဝိညာဉ်ကျောက်တုံးများက ချက်ချင်းကွဲကြေသွားသည်။ နေရောင်ပျောက်ကွယ်သွားပြီးနောက် ပြင်းထန်သော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက လောကကြီးကို တုန်လှုပ်စေခဲ့ပြီး တောင်ပိုင်းစိမ့်‌ မြေကျွန်းသားများအားလုံး အံသြတုန်လှုပ်သွားကြသည်။

ထိုပြင်းထန်သောအလင်းရောင်သည် နေရောင်ခြည်အားလုံးကို စုပ်ယူသွားပုံရသည်။ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းသော အရှိန်ဖြင့် အမျိုးသမီး ရှိနေသော တောင်ပေါ်ကို တည့်တည့် ပြေးဝင်သွားသည်။ထို့ နောက်မှော်အစီအရင်နှင့်အနက်ရောင် အလင်းတန်း ကိုးဆယ့်ကိုးခုကြား ရှိနေသောစုမင်ဆီသို့လည်းဖြစ်သည်။

ပြင်းထန်သော ပေါက်ကွဲသံက တောင်တစ်ခုလုံး တုန်လှုပ်သွားစေသည်။ ယခင်က မျှော်စင်ရှိရာ မြူခိုးများ ထူထပ်စွာ ဝန်းရံထားပြီး ယခု ထိုနေရာတွင် နစ်ဝင်နေသော အပေါက်ကြီးကိုသာ လူများက မြင်နိုင်ကြသည်။ အခြားအရာအားလုံးကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ပေ။

ဟန်ချန်ကျီ၏ သတ်ဖြတ်မှုအစစ်အမှန်ပင်ဖြစ်သည်။ယခင်က အရာအားလုံးက သူ့ရန်သူကို စိတ်ရှုပ်ထွေးအောင် လုပ်ရန်ဖြစ်သည်။ အနက်ရောင်အလင်းတန်း ကိုးဆယ့်ကိုးခုကိုတောင် တူညီသော

အကျိုးသက်ရောက်မှုရရှိအောင် ပြုလုပ်ခဲ့သည်။

ဤပြင်းထန်သောအလင်းတန်းသည် မာန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်ကျင့်ကြံသူကိုမသတ်နိုင်သော်လည်း အမျိုးသမီးက သူမ၏လက်စွပ်တွင် အခြားသောလှည့်ကွက်များရှိနေဆဲဖြစ်သည်။ ထိုအချိန်တွင် သူမက လက်နှစ်ဘက်ဖြင့် စည်းတံဆိပ်ခတ်ထားကာ သူမ၏ လျှာဖျားကို ကိုက်ခါနီးတွင် ရုတ်တရက် သူမ၏ ညာလက်အောက်ရှိ ကျောက်စိမ်း ဦးခေါင်းခွံက မှောင်မိုက်သော အလင်းရောင်ဖြင့် လင်းလက်လာသည်။ သူမ၏ ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွားပြီး ယခင်က သူမရှိခဲ့သည့် နေရာနှင့် ပေတစ်ရာ အကွာတွင် ပေါ်လာသည်။ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စုမင် ယခင်က ဖြတ်သွားခဲ့သော နေရာတွင် ပေါ်လာသည်။

စုမင်က သူမပြောင်းသွားသည့်နေရာဆီသို့ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့နှုတ်ခမ်းများက ဒေါသတကြီး ဖြစ်နေပုံရသော်လည်း ထိုအမျိုးသမီးကိုကြည့်ရင်း သူ့အကြည့်များက ချီးမွမ်းခြင်းများဖြင့် ပြည့်နှက်နေသည်။

အတိတ်မှ နူးညံ့သိမ်မွေ့သောအမျိုးသမီးက ရိုးရေစတေးနယ်ပယ်ကနဦးအဆင့်တွင်သာရှိသော်လည်း ဤမျှထိတ်လန့်ဖွယ်လူသတ်မှုအစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်ဟု သူမထင်ထားခဲ့ပေ။ မာန်စိတ်ဝိညာဉ်နယ်ပယ်ကနဦးအဆင့်ရှိကျင့်ကြံသူက ဤနေရာသို့ ဝင်ရောက်ခဲ့ပါက အနည်းငယ်သော အမှားက ၎င်းတို့အား ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။မာန်စိတ်ဝိညာဉ်နယ်ပယ်အလယ်အဆင့်ရှိသူ ပင် ပြဿနာတွေ့လိမ့်မည်။

သူမ၏ လှုပ်ရှားမှုတိုင်းကို တိကျစွာ တွက်ချက်ထားပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည်။ သူမ၏ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေပါက တောင်ပိုင်း စိမ့် မြေကျွန်းတစ်ခုလုံးကို သူမ၏ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုမည်ဖြစ်ပြီး ကျွန်းတွင် မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည်ဟု စုမင် တွေးကြည့်လေသည်။

ခြေလှမ်းတစ်ရာအကွာအဝေး၌ ရပ်နေသောအမျိုးသမီးကို လှမ်းကြည့်လိုက်သောစုမင်က သူမနားကပ်ရန် ကြံစည်နေလေသည်။ ထို့နောက် သူမ၏ကျင့်စဉ်ကို အသက်သွင်းပြီး အနက်ရောင်ဓားကို ထုတ်ပြီး သူမ၏လည်ပင်းကို တိုက်ရိုက်ဖြတ်ပိုင်းရန်ကြံလိုက်သည်။

“ကျွန်မကိုယ်တိုင် သတ်သေပြမယ်”

“ဒီဓားမှာ အဆိပ်ရှိတယ်...”

ဟန်ချန်ကျီက စုမင်ကို အေးတိအေးစက် စိုက်ကြည့်နေ လေသည်။

“ရှင့်ရဲ့ကျင့်ကြံမှုအဆင့်က ကျွန်မမျှော်လင့်ထားတာကို ကျော်လွန်သွားပြီ...ရှင့်ကို မသတ်နိုင်ဘူး.. ဒါပေမယ့် ရှင်က သူ့(စုမင်)အဖြစ်ပြောင်းလာတဲ့အတွက် ကျွန်မကို အရှင်လတ်လတ်ဖမ်းဖို့ တွေးနေလိမ့်မယ်..ကျွန်မသေရင် ရှင်ဘာမှ ရမှာမဟုတ်ဘူး....”

“ကျုပ်က စုမင် ပါ…”

စုမင်က ဒေါသတကြီး ရယ်နေသော်လည်း သူစကားမဆုံးခင်မှာဟန်ချန်ကျီ၏လက်ထဲက ဓားက သူမထိုင်နေ‌သော မြေပြင်ပေါ်ကို ပြုတ်ကျသွားသည်။ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး စုမင်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် ညှိုးငယ်မှုက နူးညံ့သိမ်မွေ့ခြင်းသို့ ပြောင်းလဲသွားသည်။

“စုမင်... တကယ်ပဲ ရှင်ကိုး...”

စုမင်က သူမ၏မျက်လုံးအိမ်များအတွင်း မှိတ်တုတ်မှိတ်တုတ် အမှတ်တရများကို မြင်လိုက်ရပြီး ထိုပုံများတွင် စုမင်၏ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က အမှတ်တရများ ပါ၀င်သည် ။

ထိုအရာက ဟန်ချန်ကျီ၏ထူးခြားသောစွမ်းရည်တစ်ခုပင်ဖြစ်သည်။ တစ်စုံတစ်ယောက်၏ ပစ္စည်းတစ်ခုကို ထိမိခြင်း သို့မဟုတ် ယခင်ကတစ်စုံတစ်ယောက်သွားခဲ့ဖူး‌သောနေရာတစ်ခုကို ဖြတ်သွားလျှင် ထိုသူ၏အတိတ်ရှိ အရာအားလုံးကို မြင်နိုင်စေရန် ဤအရာများကို အသုံးပြုနိုင်သည်။

“ဟုတ်တယ်.. အဲဒါ ငါပဲ၊ ငါတို့ မတွေ့တာ အနှစ်နှစ်ဆယ်ရှိပြီ၊ မင်း ဒီတစ်ခါ ငါ့အပေါ် လေးလေးနက်နက် မှတ်ထားခဲ့တယ်.. မင်း အဆိပ်နဲ့ သေရမှာကို မင်းတကယ် မကြောက်ဘူးလား”

စုမင်က တအားရယ်လိုက်သည်။

“ရှင်သာ စုမင်မဟုတ်ရင် ကျွန်မသေတာက ပိုကောင်းမယ်...ဒါပေမဲ့ ရှင်က စုမင်ဆိုရင် ကျွန်မကို သေခွင့် ပေးမှာ မဟုတ်ဘူး”

ဖန်ချန်းလန်က သူ့ကို မျက်လုံးမှိတ်ပြကာ စကားပြောရင်း ဝမ်းသာအားရ ပြုံးပြသည်။

All Chapters