← Chapters

သူမ ကိုယ်လုပ်တော်မဖြစ်ချင်ဘူး

Vol. 38 Ch. 523

သူမ ကိုယ်လုပ်တော်မဖြစ်ချင်ဘူး

Vol. 38 Ch. 523

နေရောင်ခြည်များ ပျောက်ကွယ်သွားပြီး အပြာရောင် ကောင်းကင်ကြီးတောင် မှောင်မိုက်သွားခဲ့သည်။ ကောင်းကင်တွင် ကြယ်ရောင်များသာ လင်းလက်တောက်ပနေသဖြင့် မြေကြီးသည်လည်း မထင်မရှား အမှောင်ထဲသို့ ရောနှောသွားစေသည်။

ဖန်ချန်းလန်၏တောင်မှ ပျံ့နှံ့ထွက်လာသော အားကောင်းသောလှိုင်းလုံးများနှင့်အတူ ဤပြောင်းလဲမှုက အမှောင်ထုအတွင်း တောက်လောင်နေသော မီးတောက်တစ်ခုလိုပင်ဖြစ်၏။ တောင်ပိုင်းစိမ့်မြေကျွန်းရှိလူများအားလုံး ကြည်လင်ပြတ်သားစွာ ခံစားနိုင်သည်။

မျှော်စင်က တောင်ထိပ်တွင် မရှိတော့ဘဲ အပျက်အစီးများ ဖြစ်သွားသည်။ မြေကြီးပေါ်တွင် တွင်းနက်ကြီးတစ်ခုသာကျန်ရှိသည်။အမှန်သော နေရာအနှံ့ ပျံ့လွင့်နေသော အေးခဲနေပြီး မသိမသာ မှုန်ဝါးဝါး လှိုင်းဂယက်များလည်း ရှိနေပါတယ်။

ဖန်ချန်းလန်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စုမင် ကို ကျေနပ်သောအပြုံးဖြင့် ကြည့်နေသည်။

စုမင်က ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး သူမရှေ့တွင် ထိုင်လိုက်သည်။ သူ့အကြည့်များက ထိုအမျိုးသမီးမျက်နှာပေါ် ကျဆင်းသွားသည် ။ သူ့မှာ အတိတ်ကို ပြန်အမှတ်ရသောခံစားချက်တစ်ခုရှိခဲ့သည်၊၊ သူတို့ပတ်ဝန်းကျင်ရှိ အမှောင်ထုက သူ့အမှတ်တရများကို မှိန်ဖျော့ပြီး မသဲကွဲစေခဲ့သည်။

“တော်တော်ကြာခဲ့ပြီပဲ”

အချိန်အတော်ကြာပြီးနောက် စုမင်က တိုးတိုးလေးပြောလိုက်သည်။

“အဲ့လောက်မကြာသေးပါဘူး”

ဖန်ချန်းလန်က နူးညံ့စွာ ပြုံးပြီး ဆံပင်ကို ပွတ်သပ်လိုက်သည်။ သူမလက်ထဲရှိ ကျောက်စိမ်းဦးခေါင်းခွံကို ဖယ်ရှားလိုက်သည်။

စုမင်က ဖန်ချန်းလန်ကိုကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှုနှင့် အမှတ်တရများရှိနေသည့် မျက်နှာကို ကြည့်ပြီး သူဘာပြောချင်သည်ကို ရုတ်တရက် မသိလိုက်ပေ။ ဤအမှောင်တွင်၊ ပင်လယ်၏နက်နဲသော တောင်ပိုင်းစိမ့်မြေကျွန်းတွင် အတိတ်က ဖြစ်ပျက်ခဲ့သော အရာများသည် သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး အချိန်အတော်ကြာသွားပုံရသည်။ဖန်ချန်းလန်၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ငြိမ်သက်ခြင်းသို့ ပြောင်းလဲသွားသည်။ သူမ စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်သည်။ စုမင်ကဲ့သို့ပင် သူမ နှုတ်ဆိတ်နေခဲ့သည်။

“ဟန်တောင်တန်းမြို့တော်ရော ဘယ်လိုလဲ”

စုမင်က တိုးတိုးလေးမေးလိုက်သည်။

ဖန်ချန်းလန်က မျက်လုံးများကို မှိတ်ထားပြီး

“အဲဒါမရှိတော့ဘူး”

ဟု တိုးတိုးလေးပြောလိုက်သည်။

“ရှင်တို့အပေါင်းပါတွေ…”

“လူစုခွဲသွားပြီ”

ဖန်ချန်းလန်က မျက်လုံးများကိုဖွင့်၍ အနှစ်နှစ်ဆယ်လုံးလုံး မမေ့နိုင်သော စုမင်၏မျက်နှာကို ကြည့်ပြီး၊ ဤအချိန်ကာလသည် မကြာလှသော်လည်း တိုတောင်းသည်မဟုတ်ပေ။ထို့ပြင်၊ ဤအနှစ်နှစ်ဆယ်အတွင်း အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြောစရာမရှိသကဲ့သို့ အမှောင်ထဲတွင် တစ်ဖန် ငြိမ်သက်သွားကြသည်။

အချိန်အတော်ကြာပြီးနောက် စုမင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ မင်းတို့နှစ်ယောက်ဖြတ်သန်းခဲ့တဲ့အရာတွေကို ကျီယွင်ပြောပြခဲ့တယ်...”

ဖန်ချန်းလန်က သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ပြီး တိုးတိုးလေးပြောလိုက်သည်

“စီနီယာအစ်မကျီယွင်က ကျွန်မအတွက် အများကြီး စွန့်လွှတ်ခဲ့ပေမယ့် ပြန်မဆပ်နိုင်ခဲ့ဘူး”

“အဲဒါကြောင့် ယွမ်လွမ်လို့ ခေါ်တဲ့ ဒီလူကို သတ်ဖို့ လူသတ်ဖို့ ကြံစည်လုပ်ဆောင်ခဲ့တာ... ”

စုမင်က သူ့ရှေ့မှ နူးညံ့သိမ်မွေ့ပုံရသော မိန်းမကို ကြည့်လိုက်သည်။ နူးညံ့သိမ်မွေ့သော သူ့အမူအရာအောက်တွင် ကြမ်းတမ်းသောစိတ်ထားတစ်ခုရှိနေခဲ့သည်။

“အကုန်လုံး အလဟဿဖြစ်သွားတာ နှမြောစရာပဲ..ကျွန်မ မသုံးနိုင်တော့ဘူး....”

ဖန်ချန်းလန်က ခေါင်းငုံ့ပြီး သူ့လက်ကို ကြည့်လိုက်သည် ။ သူမ ရုတ်တရက် ခေါင်းကို မော့လိုက်ပြီးသူမ၏ တောက်ပသော မျက်လုံးများက စုမင်ပေါ်သို့ ရောက်ရှိလာသည်။

“ကျွန်မမှာ တခြားသူတွေရဲ့အတိတ်ကို မြင်နိုင်စေနိုင်တဲ့ မြင့်မြတ်တဲ့စွမ်းရည်မရှိခဲ့ဘူးဆိုရင် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ရှင်ဖြစ်ခဲ့တဲ့အရာတွေကို မသိခဲ့ဘူးဆိုရင်..ကျွန်မတို့အချင်းချင်း ထပ်ပြောစရာရှိအုံးမှာလား....”

စုမင်က တစ်ခုခုပြောချင်သကဲ့သို့ ပါးစပ်ကိုဟလိုက်သော်လည်း အဆုံးမှာတော့ ဆိတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။ သူ့ရှေ့က ဤအမျိုးသမီးက သူ့ကို ယခင်တုန်းက ချစ်ခဲ့ဖူးသလို ယခုလည်း သူ့ကို ချစ်နေဆဲပင်ဖြစ်သည်၊၊သို့ပေမယ့် မည်သို့ တုံ့ပြန်ရမည်ကို သူမသိသေးပေ။ တကယ်တော့၊

သူ့မအပေါ်ထားသော သူ့စိတ်ထားက အတိတ်ကပုံရိပ်များကဲ့သို့ အေးခဲနေဆဲပင်ဖြစ်သည်။

“ဟန်တောင်တန်းမြို့တော် ရောက်တုန်းက တစ်ယောက်နဲ့တစ်ယောက် သိခဲ့တာ..”

“ကျွန်မတို့ကောင်းကင်အေးခဲကလန်ကိုအတူတူသွားခဲ့ကြတယ်”

“စီမာရှင်း ကျွန်မပေါ်မှာစိုက်ခဲ့တဲ့ အချစ်မျိုးစေ့ဟာ ရှင်ရဲ့ကျေးဇူးကြောင့် လွန်ခဲ့တဲ့နှစ်တွေအကုန်လုံး ပျက်စီးသွားပြီ...ရှင့်ကို အကြွေးတင်မိပြီ....”

ဖန်ချန်းလန်က တိုးတိုးလေးပြောလိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့သောအသံက သူတို့ပတ်ဝန်းကျင်လေထုထဲတွင် ပဲ့တင်ထပ်ကာ နူးညံ့သိမ်မွေ့ပြီး ခံစားချက်ကို ပေးစွမ်းသည်။

“ငါတို့က သူငယ်ချင်းတွေဘဲ”

စုမင်က ဖန်ချန်းလန် ၏စကားကိုကြားသောအခါ တိုးတိုးလေးပြောလိုက်သည်။

“သူငယ်ချင်းတွေ...လား...ငါတို့သူငယ်ချင်းတွေပဲလား”

ဖန်ချန်းလန်က တိုးတိုးလေးပြောပြီး သူ့မျက်နှာမှာ အပြုံးတစ်ခုပြန်ပေါ်လာသည်။ထိုအပြုံးက သူ့ကိုမှတ်မိတုန်းက ပြုံးပြသည့်အပြုံးနှင့် ယှဉ်လျှင် တော်တော်ကွာခြားသွားခဲ့သည်။

ထိုအပြုံးသည် ပျော်ရွှင်မှုတစ်ခုမဟုတ်သော်လည်း နာကျင်မှုကို ရည်ညွှန်း ‌‌ နေလေသည်။

“ရှင်ဘာလို့ဒီကိုလာလဲဆိုတာ ကျွန်မသိပြီးသားပဲ...”

“ရှင် ကျွန်မကိုခေါ်ထုတ်မသွားရင် ဒကျွန်မကိုလာမနှောင့်ယှက်နဲ့...”

ဖန်ချန်းလန်က မျက်လုံးများကို မှိတ်ထားပြန်သည်။

စုမင် နှုတ်ဆိတ်သွားသည်။

“ရှင် ကျွန်မကိုမခေါ်သွားဘူးဆိုတော့ ဘာလို့ဒီကိုလာတာလဲ...ကျွန်မအမှတ်တရကမ္ဘာထဲမှာ နှစ်မြှုပ်ခွင့်ပြုလိုက်တာက ပိုမကောင်းဘူးလား....စုမင် သွားတော့....”

ဖန်ချန်းလန်က သူမ၏ မျက်လုံးများကို မှိတ်ထားဆဲဖြစ်သော်လည်း သူမ၏ နူးညံ့သော အသံမှာ ခိုင်မာပြတ်သားမှုတစ်ခု ရှိနေသည်။

“ငါ မင်းကို ဒီနေရာကနေ မ‌ခေါ်သွားပေးနိုင်ဘူး ဒါပေမယ့် မင်းရဲ့ဆန္ဒကို ဆန့်ကျင်တဲ့လူကို ငါသတ်ပစ်နိုင်တယ်..”

စုမင်က ဖန်ချန်းလန်ကို ကြည့်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

“မလိုပါဘူး..ကျွန်မ စိတ်မကျေနပ်ဘူး....ရှင် ကျွန်မကိုမခေါ်သွားဘူးဆိုရင်... ကျွန်မဘာသာ ဘယ်လိုပဲရှင်သန်သန်ပေါ့.. ကိုယ့်လမ်းကိုယ်ရွေးချယ်မယ်...”

ဖန်ချန်းလန်၏ မျက်နှာက တည်ငြိမ်နေပြီး သူမ၏ စကားလုံးများက ယခင်အတိုင်း နူးညံ့နေသေးသော်လည်း ထိုနူးညံ့သိမ်မွေ့မှုအတွင်းတွင် ဝမ်းနည်းမှု ရှိသည်။ စုမင်က သဘောပေါက်သွားသည် ။

သူက ခဏလောက် ငြိမ်နေပြီးမှ စိတ်ရှုပ်ထွေးနေသော ဖန်းချန်လန်ကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် တိတ်တဆိတ် မတ်တပ်ထရပ်ပြီး အဝေးကို လျှောက်သွားလိုက်သည်။

စုမင်က ဖန်ချန်းလန်၏အချစ်ကိုကလက်မခံနိုင်ခဲ့ပေ။ ထိုအမျိုးသမီးက ကောင်းတာထက်ကိုပိုနေလေသည်။ ပြသနာက စုမင် ကိုယ်တိုင်ပင်ဖြစ်သည်။သူ့ကို ချည်နှောင်ထားသော စိုးရိမ်မှု အများကြီး မလိုချင်ပေ။ အချစ်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက နက်မှောင်တောင်မှာ မြှုပ်နှံထားခဲ့သော အရာတစ်ခုဖြစ်ခဲ့သည်။ ယင်ကိုးပါး လောကရှိလောင်းကစားပွဲအတွင်း အမျိုးသမီးတို့၏ အပြောအဆိုနှင့် လုပ်ရပ်များက ကမ္ဘာပေါ်ရှိ အရာများကို ပို၍ပင် မြင်နိုင်စေခဲ့သည်။

“ ပိုင်စုကို ငါတကယ် မနာလိုဘူး ... စုမင်.. ဒီနှစ်တွေအတွင်းမှာ မင်းနှလုံးသားထဲက ဖျောက်ဖျက်ဖို့ အခက်ဆုံး အမျိုးသမီးက ဘယ်မိန်းမလဲ သိချင်တယ် “

ဖန်ချန်းလန်၏ နူးညံ့ညင်သာသော အသံက စုမင်နောက်ကွယ်မှ ထွက်လာသည်။

သူ့ခြေလှမ်းများက ခဏရပ်သွားပြီး သူမြင်လိုက်ရသော မျက်နှာများက သူ့မျက်လုံးထဲမှာ ပေါ်လာသည်။ တစ်ချို့က ကြည်လင်နေပြီး တစ်ချို့က မှုန်ဝါးသွားသော်လည်း နောက်ဆုံးမှာတော့ သူတို့အားလုံး မှိန်ဖျော့သွားခဲ့သည်။ တစ်ယောက်မှ မကျန်ခဲ့ပေ။အမှန်တော့ ပြောရလျှင် ပိုင်လင်းဟုလို့ခေါ်သော မိန်းကလေးက သူ့ကိုတုန်လှုပ်စေခဲ့သည်။ သူ့ဆယ်ကျော်သက်ဘဝကဖြစ်ခဲ့သောချိန်းတွေ့မှုလေးကို ယနေ့အထိ မေ့ဖျောက်ဖို့ ခက်ခဲနေဆဲပင်ဖြစ်သည်။

သို့ပေမဲ့ ထိုအရာများက အတိတ်မှာကျန်ခဲ့ပြီဖြစ်သည်။

“ရှင်က နှလုံးသားမရှိတဲ့သူပဲ...စုမင်...”

ဖန်ချန်းလန်က စုမင်၏ စိတ်ထဲတွင် ဖြစ်ပျက်နေသည်များကို ခန့်မှန်းကာ သူမ တိုးတိုးလေးပြောလိုက်သည်။

‘ဖြစ်နိုင်တယ်’

စုမင်က သူ့စိတ်ထဲကနေ တိတ်တိတ်လေး ပြန်ဖြေသည်။ ပိုင်လင်းအပြင်၊ သူ့နှလုံးသားထဲမှာ အနက်ရှိုင်းဆုံးသော စွဲလမ်းမှုကို ချန်ထားခဲ့သော တခြားအမျိုးသမီးနှစ်ယောက်လည်း ရှိပါသေးသည်။ ထိုထဲမှ နှစ်ယောက်က ပိုင်စုနှင့်ထျန်းလန်မုန်ပင်ဖြစ်သည်။

သို့သော် ပိုင်စုက စုမင် ပေးထားသည့် ပြန်လာမည့်လမ်းကြောင်းကို မလိုက်ခဲ့ပေ။ယင်ကိုးပါး လောက‌၌ ထျန်းလန်မုန်က သူ့အကြည့်များကို ရှောင်ပြီး သူ့နောက်ဆက်တွဲ တိတ်ဆိတ်မှုများကြောင့် လေးနက်သော စွဲလန်းမှုဖြစ်ခဲ့သည်။သို့သော်လည်း ထိုစွဲလမ်းမှုကနေ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။

စုမင်က ထွက်ခွာသွားပြီး ဖန်ချန်းလန်က တောင်ပေါ်ရှိ တစ်ဦးတည်းသောကျန်ခဲ့သူ ဖြစ်သည်။ထိုနေရာတွင် သူမ ထိုင်ရင်း မျက်လုံးများကို တိတ်တဆိတ် ဖွင့်လိုက်သည်။ သူ့မျက်နှာပေါ်မှ မျက်ရည်များ လိမ့်ဆင်းလာကာ သူမမြင်နေရသော ကမ္ဘာကြီးကို မှုန်ဝါးသွားစေခဲ့သည်။

“အခြားသူတွေရဲ့အတိတ်ကို ငါမြင်နိုင်ပေမယ့် ငါ့ရဲ့အနာဂတ်ကို ငါမမြင်ဘူး...”

သူမ တိုးတိုးလေး တိုးတိုးလေးပြောရင်း ဝမ်းနည်းပူဆွေးရင်း မျက်လုံးများမှ မျက်ရည်များ ပိုကျလာသည်။ အနှစ်နှစ်ဆယ်အတွင်းမှာတောင် သူမအမြဲတမ်း မေ့ဖျောက်ရခက် သောလူက သူ့ရှေ့မှာ တစ်ဖန်ပြန်ပေါ်လာည့်အခါ သူတို့ ၏အဆုံးသတ်က ယခင်ကဲ့သို့ပင်... ဘာမှမပြောင်းလဲခဲ့ပေ။

‘မေ့ပစ်တာက အကောင်းဆုံးရွေးချယ်မှုပဲ’

ဖန်ချန်းလန်က ခေါင်းငုံ့ထားသော်လည်းသူမနှင့် ခပ်လှမ်းလှမ်းအကွာက တောင်ပေါ်ရှိ အခြားလူတစ်ယောက် ပေါ်လာသည်။

ကြီးမားသော ၀တ်ရုံကို ၀တ်ဆင်ထားသော လူတစ်ယောက်ဖြစ်သည်။ သူက ထိပ်ပြောင်နေပြီး သူ့မျက်လုံးများက အနက်ရောင် အလင်းတန်းဖြင့် တောက်ပနေသည်။ သူ့တွင် မကောင်းဆိုးဝါး လေထုနှင့် ပြည့်နေပြီး သူ့ခြေဖဝါးအောက်ရှိ တောင်နှင့် ရောယှက်နေပုံရသည်။

သူက ဖန်ချန်းလန်နှင့်သူ့အနီးနားက အပျက်အစီးများကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်သဘောမျိုးဖြစ်နေလေသည်။ သူ နီးကပ်လာသည်နှင့်အမျှ သူ့ပတ်ဝန်းကျင်ရှိလေထုက ကမောက်ကမဖြစ်ကာ ဖန်ချန်းလန်မှ ပေတစ်ရာအကွာရှိ ထိုလူသည် ဖန်းချန်လန်နားအထိ ရွေ့လျားသွားသည်။

“ဒါက ငါ့အတွက် အဆင်သင့်ဖြစ်နေပြီ မဟုတ်လား”

ထိုလူက ကျီယွင်ပြောခဲ့သောယွမ်လွမ်ဖြစ်သည်။ သူက ထိုနေရာကို လှမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် နေရှိမည့်နေရာကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများ လျော့သွားလေသည်။

ဖန်ချန်းလန်က သူမခေါင်းကို မော့ပြီး ယွမ်လွမ်ကို စိတ်ပျက်သောအမူအရာဖြင့် ကြည့်နေသည် ။ သူမ စကားမပြောပေ။

“အရင်က ဒီ မျှော်စင်နဲ့ သူ့အတွင်းကမှော်အစီအရင်တွေ.. လှိုင်းဂယက်တွေထဲ ငါဝင်မိလိုက်ရင် ခဏလောက် ရပ်သွားတယ်”

ယွမ်လွမ်က တည်ငြိမ်စွာပြောပြီး သူ့အကြည့်များက တွင်းဆီသို့ရောက်သွားလေသည်။

“ငါ မျှော်စင်ကနေ ဆင်းပြီးရင် နောက်ထပ် မှော်အစီအရင်တစ်ခုထဲကို ဝင်သွားမယ်.. ဒီမှော်အစီအရင် က ငါ့ကို အေးခဲသွားစေနိုင်ပြီး ငါ့ရဲ့ ကျင့်ကြံမှု အဆင့်ကိုတောင် ခဏလောက် ချိတ်ပိတ်ခံရမှာပဲ”

ယွမ်လွမ်၏ မျက်နှာပေါ်တွင် သဘောကျမှု အရိပ်အမြွက် ပေါ်လာပြီး သူက နောက်ထပ် ခြေလှမ်း အနည်းငယ် နီးကပ်လာသည် ။

“ပြီးရင် တောင်ပေါ်ကနေ ကိုးဆယ့်ကိုးဓားရောင်ဝါကြီး ထွက်လာလိမ့်မယ်..နေရာတစ်ခုလုံးကို လွှမ်းခြုံလိုက်တဲ့အခါ မင်းရဲ့ သတ်ဖြတ်လိုစိတ်အစစ်အမှန်က ကောင်းကင်ကနေ ပြုတ်ကျတာကို ငါရှာမတွေ့နိုင်တော့ဘူး....”

ယွမ်လွမ်က ဖန်ချန်းလန်မှ ပေသုံးဆယ်အကွာတွင် ရပ်နေပြီး သူ့အကြည့်များက သူမခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

“မင်းငါ့ကိုသတ်မပြီးမချင်း မင်းမှာငါ့ကို သတ်ဖို့နည်းလမ်းတွေထပ်ရှိရမယ်... မဆိုးပါဘူး.. မဆိုးပါဘူး..ငါနှစ်သက်တဲ့မိန်းမတစ်ယောက်မှာမျှော်လင့်ထားတဲ့အတိုင်း တွက်ချက်တတ်တဲ့နှလုံးသားနဲ့ သည်းမခံနိုင်တဲ့ဝိညာဉ်တစ်ခုရှိတယ်... ဒါပေမယ့် အဲ့ဒီခွေးကောင်မကျီယွင်လည်း ဒီအထဲမှာလည်း ပါဝင်သင့်တယ် မဟုတ်ဘူးလား”

ယွမ်လွမ်က ရုတ်တရက် ရယ်လိုက်သည်။

“နားမလည်ဘူး.. မင်းငါ့ကိုမုန်းတာလဲ..မင်းကငါ့အတွက်မဟုတ်ရင် မင်းကံကြမ္မာဆိုးတစ်ခုနဲ့တွေ့လိမ့်မယ်.. ခွေးကောင်မကျီယွင်လည်း ဒီလိုပဲ... ငါ့အတွက်မဟုတ်ရင် မင်းခုချိန်ဆိုရင် သရဲတစ်ကောင်ဖြစ်သွားလိမ့်မယ်။။။”

“မင်းတို့နှစ်ယောက်လုံး ဒီ့အတွက် တန်ဖိုးတစ်ခုလောက်တော့ ပေးရမှာဘဲ.. မင်းတို့က ငါ့မယားငယ်တွေပဲ ဖြစ်ရမယ်...ဒါပဲကွ၊ ဒါက အ ပေးအယူတစ်ခု.. နင်ဘာလို့ မုန်း နေရတာလဲ...အားနည်းတဲ့သူက သားကောင်ပဲ..ဒါ ကောင်းကင်က ချမှတ်ထားတဲ့ ဥပဒေပဲ... မင်းကိုယ်တိုင်က ရှင်သန်ချင်တယ်ဆိုရင် စွမ်းအားကြီးတဲ့သူတွေရဲ့ အကာအကွယ်ကို ရယူချင်တယ်ဆိုရင် တစ်ခုခုကို ပြန်ပေးရမှာပေါ့..” ..

“မင်းက တခြားမိန်းမတွေနဲ့ မတူဘူး...မင်းဆန္ဒမရှိရင် ငါမင်းကို အတင်းအကျပ်ခိုင်းမှာမဟုတ်ဘူး.. နှစ်တွေကြာခဲ့ပြီ..မင်းကိုအတင်းအကြပ်ခိုင်းဖူးလား”

ယွမ်လွမ်က ခေါင်းယမ်းလိုက်ပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။

“အဖြေသိနေရင်လည်း ဘာလို့လာမေးနေတာလဲ...ရှင်တန်ဖိုးထားတဲ့အရာက ကျွန်မရဲ့အရည်အချင်းနဲ့ မြင့်မြတ်တဲ့ကျင့်စဥ်တွေပဲ.. တိုက်ဆိုင်မှုလိုလိုနဲ့ ကျွန်မနဲ့စီနီယာအစ်မကို အမှတ်တမဲ့တွေ့သလိုလိုနဲ့လုပ်ခဲ့တာတွေကို ရှင့်မှတ်ဉာဏ်ထဲမှာ အကုန်မြင်ပြီးပြီ...”

“အရင်တုန်းက ကျွန်မ ရှင့်ကို အကြိမ်ကြိမ် ကူညီခဲ့ပြီးပြီ..ရှင့်ရဲ့ ယုတ်ညံ့တဲ့ အပြုအမူတွေနဲ့ မင်းရဲ့ အကြံအစည်တွေကို မပြောခဲ့ပေမယ့် ရှင့်ကို ကူညီခဲ့တဲ့ အချိန်တွေက ပြန်ပေးဆပ်ဖို့လုံလောက်သွားပြီ...”

ဖန်ချန်းလန်က အေးအေးဆေးဆေး ပြန်ပြောသည်။

“မလုံလောက်ဘူး.. မင်း ငါ့ကိုဒီလိုသတ်တာ ငါမခံနိုင်ဘူး..ဒါပေမယ့် ကျီယွင်နဲ့ပတ်သတ်ပြီး စိတ်ပြောင်းသွားပြီ...သူ့ကိုပြန်ယူမယ်... ခွင့်လွှတ်နိုင်ပေမယ့် မင်းမှာရွေးချယ်စရာမရှိဘူး... မင်းက ငါ့မယားငယ်ဖြစ်ကိုဖြစ်ရမယ်”

ယွမ်လွမ်၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီးနောက် ၎င်းတို့ကြားတွင် ပေနှစ်ဆယ်အောက်သာ ရှိတော့သည်။

“သူ(စုမင်)ထွက်သွားပြီ..ရှင်လာ ရှင်းပြမနေနဲ့ အချိန်ဖြုန်းနေစရာ မလိုဘူး”

ဖန်ချန်းလန်၏ မျက်လုံးများတွင် ကဲ့ရဲ့အထင်သေးခြင်းအရိပ်အ

ယောင်ပေါ်လာသည်။

“ဒါ့အပြင် ‘ဖြစ်ကိုဖြစ်ရမယ်’ ဆိုတဲ့ စကားလုံးက ကျွန်မသမိုင်းမှာ မရှိဘူး..ကျွန်မ ဖန်းချန်လန် တစ်ခုခုလုပ်ချင်စိတ်မရှိရင် လုပ်ကိုမလုပ်ဘူး..အဲ့ဒီအစား ကျွန်မသေသွားတာ ကပိုကောင်းအုံးမယ်.. ပြီးတော့ လုံးဝ လုံးဝ မဖြစ်ချင်ဘူး... ကျွန်မ ရှင့် ကိုယ်လုပ်တော် မဖြစ်ချင်ဘူး...”

ယွမ်လွမ်က မျက်လုံးများကို မှိတ်ထားပြီး အေးစက်သောလေပြင်းများကို မှုတ်ထုတ်လိုက်သည်။ ဖန်ချန်းလန်ဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သို့ပေမယ့် သူခြေကို မြှောက်လိုက်စဉ် ရုတ်တရက် မယုံနိုင်လောက်အောင် အေးစက်လွန်း သောအသံတစ်ခုက သူ့အရေပြားကို ဖြတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“မလိုချင်ဘူးပြောတာ မကြားဘူးလား”

ထိုအသံထွက်လာသည်နှင့် တပြိုင်နက် ယွမ်လွမ်လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ သူပထမဆုံးမြင်လိုက်ရသည်မှာ အမည်မသိလူတစ်ယောက် သူ့နောက်ကွယ်မှ ပေါ်လာခဲ့သည် ။ သူက အနက်ရောင်ဆံပင်အပြည့်နှင့် ခေါင်းရှည်ဝတ်ရုံကို ၀တ်ထားသည်။ သူ့မျက်နှာက ချောမောသော်လည်း သူ့အမူအရာက ဆောင်းရာသီကဲ့သို့ အေးစက်နေတယ်။

ယွမ်လွမ်က မျက်မှောင်ကြုတ်ထားပြီး မာန်စိတ်ဝိညာဉ်အလယ်လတ်အဆင့်ရှိကျင့်ကြံသူ၏အရှိန်အဝါများကို ဖြန့်ကျက်လိုက်လေသည်။ သူ့ပတ်ဝန်းကျင်ရှိ လေထုက ပြင်းထန်စွာ ကွဲထွက်သွားတော့မည့်ပုံပေါ်သည်။ ထို့နောက် သူက ရပ်ပြီး စုမင်ကို စိုက်ကြည့်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

“အားကြီးတဲ့ကျင့်ကြံသူမိတ်ပေါင်း ဖော်ကို တွေ့ရတာ ရှားပါတယ်...မိတ်ဆွေက ဒီမိန်းမကို ကြိုက်တယ်ဆိုရင်တော့ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်းပြုမူမိလို့ အားနာပါတယ်...”

All Chapters