အကြောင်းပြချက်မရှိ...
Vol. 38 Ch. 524
ယွမ်လွမ်ပြုံးလိုက်သောအခါ သူက အနည်းငယ် နောက်ပြန်လှည့်ကာ နားလည်မှုလွဲမှားခြင်းမှ ရှောင်ရှားရန် ဖန်ချန်းလန်ရှိရာနေရာမှ ထွက်သွားလေသည်။ အမှန်တော့ သူ ထိုနေရာကို မရောက်ခင် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်လေသည်။
နောက်ဆုံးတွင် ဖန်ချန်းလန် ရှိတောင်တန်း၏ပြောင်းလဲမှုကို မမြင်မီ တောင်ပိုင်းစိမ့်မြေကျွန်းတစ်ခုလုံးကို ဖြတ်ကျော်ဝင်ရောက်လာသည့် တည်ရှိနေမှုကို သူခံစားပြီးဖြစ်သည်။ ထို့သို့ ချိတ်ဆက်တွေးခေါ်မိလိုက်သည်နှင့် ဖြစ်ပျက်ခဲ့သည်များကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့သည်။
မှော်အစီအရင်၏အငွေ့အသက် များကို မြင်ပြီး သူရောက်လာသည်နှင့် လေထဲတွင် ကျန်နေသော လှိုင်းဂယက်များကို ခံစားလိုက်ရသည်။ တောင်ပိုင်းစိမ့်မြေကျွန်းသို့ ရုတ်တရက် ရောက်လာသော လျှို့ဝှက်ဆန်းကြယ်သော လူကို သတိထားလိုက်မိသည်။
ယွမ်လွမ်က အမြဲသတိကြီးသူဖြစ်ပြီး အထူးသဖြင့် မမြင်နိုင်သောရန်သူကို ချက်ချင်းမတိုက်ခိုက်ပေ။ ထိုအချိန်တွင် သူ့မျက်လုံးများရှေ့တွင် ရပ်နေသော စုမင် ထိုကဲ့သို့ လူတစ်ယောက်ပင်ဖြစ်သည်။
ဖန်ချန်းလန်က အလွန်အရေးကြီးသည်ဟု သူထင်ခဲ့သည်။ ထိုအမျိုးသမီးက ရက်စက်လွန်းပြီး သူ၏ မြင့်မြတ်သောကျင့်စဥ်များက ထူးဆန်းလှသည်။ သူမတွင် မြင့်မားသော ကျင့်ကြံမှုမျိုး မရှိနိုင်သော်လည်း ယွမ်လွမ်က သူ့အား လက်အောက်ခံအဖြစ်သွတ်သွင်းရန် ခက်ခဲနေသေးသည် ။ ထို့ကြောင့် သူမ နှလုံးသားကို အနိုင်ယူရန်၊ သူမအပေါ် ကြင်နာရန် ရွေးချယ်ခဲ့သည်။ သို့သော်လည်း သူ့ရှေ့ကလူကို အပြစ်ပြုမိသည်နှင့် နှိုင်းယှဥ်လိုက်လျှင် သူ့၏သတိကြီးကြီးထားတတ် သောစိတ်ထားက ဒေါသကိုထိန်းချုပ်ရန် ရွေးချယ်စေခဲ့သည်။
သူ့စိတ်ထဲတွင် သူက ကျင့်ကြံမှနယ်ပယ်မြင့်မားသော်လည်း မိမိကိုယ်ကို နှိမ့်ချထားသည်၊၊ ထို့နောက် ဤလူက သူနှင့် ပဋိပက္ခကို ဖြစ်ရန် မရွေးချယ်သင့်ပေ။ ထိုအခါ ယွမ်လွမ်က သူ့ကို နားလည်ရန် အချိန်လုံလောက်ပေလိမ့်မည်။
ထိုကဲ့သို့ ပြတ်ပြတ်သားသား အရှုံးပေးရခြင်းက ဘေးကပ်ဆိုးကြီးမဖြစ်ခင်နှင့်ဖြစ်အပြီးမှာ နယ်ပယ်တစ်ခု၏ အကြီးအကဲဖြစ်လာနိုင်ခဲ့သည်။ အခုအချိန်အထိ သူရှင်သန်နိုင်ရသော အဓိကအကြောင်းရင်းလည်း ဖြစ်သည်။ အကယ်၍ သူက နိုင်ပွဲရရန် ယုံကြည်မှုမရှိသူနှင့် ထိပ်တိုက်ရင်ဆိုင်ရပါက တိုက်ပွဲတွင် မပါဝင်ရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်သည်။
ကံဆိုးချင်တော့ သူက စုမင်နှင့်ထိပ်တိုက်ကြုံကြိုက်သွားခဲ့လေသည်။
စုမင်၏အမူအရာမှာ သီးခြားဆန်နေခဲ့သည်။ ယွမ်လွမ်က ပြုံးပြုံးရွှင်ရွှင်ပြောပြီး ချက်ချင်းဆိုသလိုပင် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လေးကိုထားခဲ့သော မြှားတစ်စင်းလိုပင် သူ့ရှေ့ရောက်လာသည်။
သူက လျင်မြန်လွန်းသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူနှင့် နီးကပ် သွားသည်။ ယွမ်လွမ်၏ အမူအရာ ပြောင်းသွားပြီး သူက ချက်ချင်း နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ညာလက်ကို မြှောက်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့ပတ်ဝန်းကျင်ရှိလေထုက တွန့်လိမ်ပုံပျက်ပန်းသွားသည်။ထို့နောက် စုမင်ဆီသို့တစ်ရှိန်ထိုး ဝင်သွားလေသည်။
ကျယ်လောင်သော ပေါက်ကွဲသံသည် လေထဲတွင် ပဲ့တင်ထပ်သွားသည်။စုမင်၏ အမူအရာက ငြိမ်သက်နေပြီး သူ့တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းတန်းများ လင်းလက်နေသည်။ ကျယ်လောင်သောအသံများကြားတွင် စုမင် ၏ခန္ဓာကိုယ်က တစ်လက်မတည်းပင် နောက်သို့မရွေ့ဘဲ ရ ပြင်းထန်သော စွမ်းအားများဖြင့် ပြန်လည်တုံ့ပြန်လာသော လှိုင်းလုံးများကို ဖြတ်သန်းလိုက်ရသည်။
ယွမ်လွမ်အတွက်ကတော့ ကြီးမားလှသော စွမ်းအားတစ်ခုက သူ့ကို နောက်ပြန်ဆုတ်သွားစေသည်။ထို့နောက် သူ့ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ခါသွားလေသည်။ လေထဲတွင် တဟုန်ထိုး မြည်သံများ ပေါ်ထွက်လာပြီး တုန်ခါနေသကဲ့သို့ တစ်စုံတစ်ခုသော ပေတစ်ရာကို ဆုတ်ခွာသွားစေသည်။ သူ့မျက်နှာက ဖြူဖျော့သွားလေသည်။ထို့နောက် လျှောက်သွားနေသောစုမင်က ချက်ချင်း ခေါင်းမော့လိုက်သည်။
“မင်းက မြှောက်ကြွနေတာပဲ.. ငါလက်လျှော့လိုက်ပြီ မိန်းကလေးကို မင်းလက်ထဲအပ်ပြီးပြီလေ..ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး.. မင်းဘာလို့ ဒီလိုလုပ်တာလဲ...”
“ငါ လူတစ်ယောက်ကိုသတ်ဖို့ အကြောင်းပြချက် မလိုဘူး”
စုမင်က အေးအေးဆေးဆေး ပြောလိုက်သည်။ သူ့မျက်လုံးထဲမှာတော့ ဤယွမ်လွမ်က သေရမှာ အမှန်ပင်။ဖန်းချန်လန်အတွက်မဟုတ်ရင်တောင် ကျီယွင်၏စကားကိုကြားပြီးကတည်းက ယွမ်လွမ်ကိုသတ်ပစ်ချင်နေလေသည်။
အကယ်၍ သူသာ အကြောင်းပြချက်တစ်ခုပေးရမည်ဆိုလျှင် သူ၏ဒုတိယမြောက်အစ်ကိုဆိုလျှင် ကျီယွင်ကိုမျက်ကွယ်ပြုထားမည်မဟုတ်ပေ။ သူ့ဒုတိယစီနီယာအစ်ကိုသာ ဤနေရာမှာရှိနေလျှင် သူလုပ်သလိုမျိုးလုပ်လိမ့်မည်။
သူက ညာလက်ကို မြှောက်လိုက်ပြီး လက်သီးကို ရှေ့သို့ လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။ ထိုလက်ချက်သည် လေထဲသို့ ကျရောက်သွားပြီး ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲသံများ ချက်ချင်းထွက်ပေါ်လာသည်။ ယွမ်လွမ်က ခပ်အုပ်အုပ် အော်ဟစ်လိုက်ပြီး စည်းတံဆိပ်ခတ်ရန် သူ့လက်ကို မြှောက်လိုက်သည်။ သူ့ရှေ့မှာ အနီရောင် မြူခိုးအလွှာတစ်ခု ပေါ်လာသည်။
မြူခိုးများက တုံ့ဆိုင်းသွားကာ အရိပ်များစွာအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့တစ် ဦး စီက အမျိုးသမီးများဖြစ်ကြပြီး စူးစူးဝါးဝါးအော်သံများဖြင့် ဆူမင်ကို ဘက်ပေါင်းစုံမှ ထိုးကြိတ်ကြသည်။
စုမင်၏ လက်သီးချက်များ လေထဲသို့ ရောက်သွားသောအခါ တောင်ပိုင်းစိမ့်မြေကျွန်းတစ်ခုလုံး ဒေါသတကြီးတုန်ခါသွားပြီး ပုံရိပ်များပင်အားလုံး ကွဲကြေသွားသည်။ ယွမ်လွမ်၏အမူအရာက အဆက်မပြတ်ပြောင်းလဲသွားပြီး သူပြန်အရှိန်တင်လိုက်သည်။
စုမင်က ပြန့်ကျဲနေသော အနီရောင် မြူခိုးများထဲမှ ထွက်လာပြီး လေဟာပြင်တွင် ရှိနေသော ယွမ်လွမ်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့ ညာလက်ကို မြှောက်လိုက်ပြီး လေထုကို ဖမ်းဆုပ်လိုက်သည်။ ဧရာမဝဲဂယက်ကြီးတစ်ခုအတုအယောင် ကောင်းကင်တွင် ချက်ချင်းပေါ်လာသည်။ ထိုဝဲဂယက်ကြီးက ကျယ်လောင်သော အသံများဖြင့် စုမင်၏ ညာလက်ဆီသို့ လှည့်ပတ်ကာ အရှိန်မြှင့်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လက်ထဲသို့ ရောက်ရှိလာပြီး အထက်ကောင်းကင်ဆီသို့ လွှဲယမ်းပစ်လိုက်သည်။
သူလွှဲယမ်းလိုက်သည်နှင့် ဝဲဂယက်ကြီးက ပေါက်ကွဲကာ အရပ်ရပ်သို့ ပြင်းထန်သော လေပြင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထွက်ပြေးသွားသောယွမ်လွမ်ကို ဖမ်းမိစဉ်တွင် သူ့တစ်ကိုယ်လုံးမှ အလင်းရောင်များ ထွက်လာသည်။ ထို့နောက် သူက ထိုစွမ်းအားများက သူ့ကို ဖောက်ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာပြီး ခဏမျှ ရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာပင် စုမင်က အမူအရာကင်းမဲ့သော မျက်နှာဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပျောက်ကွယ်သွားခဲ့သည်။ သူပြန်ပေါ်လာသောအခါ ယွမ်လွမ်ရှေ့တွင် ရပ်နေပြီဖြစ်သည်။ ထိုလူ၏မျက်လုံးထဲတွင် ကြောက်လန့်မှု ပေါ်လာသည်။ ထိုခဏ၌ သူတိုက်ခိုက်လိုက်သောအခါ ယွမ်လွမ်က စုမင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ထိုးစစ်စွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။ သူ ခံနိုင်ရည်ရှိရန် မမျှော်လင့်ခဲ့ပေ။ အမှန်တော့၊ သူသည် ထိုလက်သီးတစ်ချက်နှင့် တစ်ချက်ထိုးလိုက်သောအခါ၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက တောင်ပိုင်းနံနက်ခင်းတွင် ကျရောက်ခဲ့သော ဘေးဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရသည့်ယွမ်လွမ်က သူနှင့်ရင်ဆိုင်ရပြီဟု ထင်မြင်မိသည်။
သူ့မျက်လုံးထဲမှာတော့ ထိုလူက အကြောင်းမရှ်ိဘဲ ပြသနာရှာနေလေသည်။ သူ့ကိုယ်သူ နှိမ့်ချပြီးပြီ၊၊ သို့ပေမယ့် ထိုလူက တိုက်ခိုက်နေဆဲဖြစ်သည်။ ဤအရာက ယွမ်လွမ်က ဒေါသတကြီးဖြစ်သွားသော်လည်း သူဘာမှမလုပ်နိုင်ခဲ့ပေ။
‘ချီးးးပဲ...ဒီလူရဲ့ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားတယ်..ပြီးတော့ သူ့မှာ အကြောင်းပြချက်မရှိဘူး... ဒါက...’
စုမင်က သူ့အနားကပ်လာတာကိုမြင်သော် ယွမ်လွမ်၏နှလုံးသားနဲ့ ခန္ဓာကိုယ်ကို အသက်အန္တရာယ်ဖြစ်စေမည့်အငွေ့အသက်များ ရနေလေသည်။ လျင်မြန်စွာ ဆုတ်ခွာသွားသည်နှင့် တပြိုင်နက် လျင်မြန်စွာ ပြောပြန်သည်။
“အကြီးအကဲ.. ကျုပ်ပြောပါရစေ.. ဒီဖန်ချန်းလန်ကို နှစ်ပေါင်းများစွာ ကာကွယ်ခဲ့တာပါ.. ဒါပေမယ့် သူ့ခေါင်းပေါ်က ဆံချည်တစ်မျှင် တောင်တစ်ခုတောင် မထိဖူးဘူး...”
“အဲ့ဒီကျီယွင်က ကျုပ်ကြောင့်သာမဟုတ်ရင် သူမက ကပ်ဆိုးကြီးရဲ့ အန္တရယ်ကြားမှာသေသွားလိမ့်မယ်.. ဒါက အပေးအယူတစ်ခုပဲ.. ကျုပ်ဘာမှ အမှားမလုပ်ထားဘူး...”
ယွမ်လွမ်၏စကားများက စုမင်ကို တစ်ခဏမျှပင် မရပ်တန့်စေခဲ့ပေ။ သူက ရှေ့သို့ တည်ငြိမ်စွာ ဆက်လက်ရွေ့လျားနေလေသည်။ နောက်တစ်ကြိမ် ယွမ်လွမ်နှင့် ပြန်နီးကပ်သောအခါတွင် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ထိုစဉ် မိုးခြိမ်းသံများ တဂျိန်းဂျိန်းထွက် ပေါ်လာပြီး လေထုထဲတွင် အလင်းလုံးများစွာလင်းလက်လာလေသည်။ ၎င်းတို့က လျှပ်စီးများနှင့်ပေါင်းစပ်သွားပြီး ယွမ်လွမ်ဆီသို့ တစ်ရှိန်ထိုးတိုးဝင်သွားလေသည်။
“အကြီးအကဲ...ခင်ဗျားက ကျုပ်ကို သက်သက်မဲ့ညစ်နေတာပဲ.. ခင်တကယ်ကြောက်နေပြီလို့ ထင်နေလဲ?”
စုမင်က သူ့စကားကို လုံးဝ လျစ်လျူရှုကြောင်း ယွမ်လွမ်က မြင်သောအခါ သူ့၏အသနားခံနေသောအကြည့်များကို လက်လျှော့လိုက်ကြသည်။ ခပ်အုပ်အုပ် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပးသည်။ ချက်ချင်းဆိုသလိုပဲ မာန်နတ်ဘုရားရုပ်တုက သူ့နောက်တွင် ပေါ်လာသည်။ ထိုရုပ်တုက လက်ကိုးချောင်းနှင့် ၎င်း၏မျက်ခုံးလယ်တွင်မျက်လုံးသုံးလုံးပါရှိသည်။ သူ့အလိုလို ပေါ်လာသည်နှင့် တပြိုင်နက် ပို၍ကြီးမားလာသည်။ အနက် ရောင်အလင်းတန်းက သူ့ကိုယ်ပေါ်တွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်လာသည်။ စုမင်ကို ဖိနှိပ်ရန် ၎င်း၏ လက်ကိုးချောင်းလုံးကို တစ်ပြိုင်နက် မြှောကမလိုက်သည်။
တစ်ချိန်တည်းမှာပင်ယွမ်လွမ်က သူ့လျှာဖျားကို ကိုက်လိုက်ပြီး ပါးစပ်ထဲက သွေးတစ်လုပ်ကြီးအန်ချလိုက်သည် ။ ချက်ချင်းပေါက်ကွဲသံများထွက်ပေါ်လာပြီး သွေးမြူလွှာအဖြစ်သို့ ပြောင်းလဲသွားသည်။ ယွမ်လွမ်က ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်စုံတစ်ခုကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက်တွင်မျက်စိကျစရာကောင်းပြီး ရှည်လျားသော သွေးနီရောင်ဓားတစ်ချောင်းကို မြူခိုးထဲမှ ဆွဲထုတ်လိုက်သည်။
ယွမ်လွမ်မြှောက်လိုက်သည်နှင့် လေထဲတွင် ထိုင်ချလိုက်ပြီး ပါးစပ်မှ ဂါထာရွတ်ဖတ်သံတစ်ခု ထွက်လာသည်။ ရှည်လျားသော သွေးနီရောင်ဓားကြီးက နှိမ့်ချကာ လူသတ်နိုင်သော ရောင်ဝါ ကောင်းကင်သို့ ပျံ့လွင့်သွားသည်။ ထိုဓားရှည်ကြီးကို အမျိုးသမီးဝိညာဥ်တစ်ရာခန့်က ဝိုင်းရံကာ စုမင်ဆီသို့ ခုတ်ပိုင်းလိုက်သည်။
စုမင်၏ အမူအရာက ပုံမှန်အတိုင်း ငြိမ်သက်နေ၏။ ထိုရုပ်တုက သူ့အပေါ်၌ နီးကပ်လာသည်နှင့် တပြိုင်နက် သူ၏ညာလက်ကို မြှောက်ကာ လေထုထဲသို့ ဖမ်းဆုပ်ထားလိုက်သည်။ ရိုးရှင်းသော ဆုပ်ကိုင်မှုဖြစ်သော်ငြားလည်း ချက်ချင်းပင် ရုပ်ထုတစ်ခုလုံးမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ အက်ကြောင်းများ ပေါ်လာပြီး ရုပ်တုအနှံ့ ပြန့်ကျဲလာသည်နှင့်အမျှ စုမင်က တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားသကဲ့သို့ သူ့လက်ကို လက်သီးဆုပ်လိုက်သည်။
ရုပ်တုက ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချက်ချင်းဆိုသလို ပေါက်ကွဲသွားပြီး ရုပ်ထုက အနီ ရောင်အလင်းတန်းများဖြာထွက်လာသည်။၎င်းက စုမင်၏ ညာလက်ဆီသို့ တရစပ်ဦးတည်နေလေသည်။ ထိုဖမ်းဆုပ်မှုနှင့်အသုံးချနည်းက ဒွိဆန့်ကျင်ဘက်အရာတစ်ခုမှ ပေါက်ဖွားလာသော မြင့်မြတ်သောကျင့်စဥ်များထဲမှ တစ်ခုဖြစ်သည်။
ထိုအချိန်တွင် အနီရောင်အလင်းတန်းများက စုမင်၏လက်က်ကို ဝိုင်းရံထားသည်။ ၎င်းက မြူခိုးများကဲ့သို့ဖြစ်ပြီး ယွမ်လွမ်၏မာန်နတ်ဘုရားရုပ်တု ကွဲအက်သွားသောအခါ ဖြစ်ပေါ်လာသည့်အလင်းတန်းများဖြစ်သည်။ သူ့ရှေ့မှာလည်း အနီရောင် မြူခိုးလွှာကြီးက တလိမ့်လိမ့်တက်လာလေသည်။ အထဲမှာ ရှည်လျားသော သွေးနီရောင် ဓါးတစ်လက် ပါရှိပြီး သူ့ဆီသို့ တည့်တည့် တိုးဝင်လာသည်။
“အသွင်ပြောင်းခြင်း ကိုးမျိုး...ဆင့်ကဲပြောင်းလဲခြင်း ဆယ်မျိုး..”
စုမင်က တည်ငြိမ်စွာ ရေရွတ်လိုက်သည်။
သူ၏အခြေတည်စိတ်ဝိညာဥ်က ရုတ်ခြည်းပြန့်နှံ့သွားပြီး သူ၏အခြေတည်ခန္ဓာအဖြစ်သို့မပြောင်းလဲမီ သူ့ကို ဖုံးအုပ်ထားသည်။ ဤအခြေတည််စိတ်ဝိညာဥ်က ဓားရှည်ကြီးကို စိုက်ကြည့်ကာ ၎င်း၏ မျက်လုံးများတွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာသည်။ တိုးဝင်လာသောဓား၏အရိပ်က သူ့မျက်လုံးထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် အနီရောင်အလင်းတန်းကြီးက စုမင် ၏ညာလက်မောင်းတစ်ဝိုက်တွင် ပြန့်ကျဲနေပြီး ရှည်လျားသော အနီရောင် ဓါးသွားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်မှာ စုမင်ရရှိသော မြင့်
မြတ်သောအင်မော်တယ်စွမ်းရည်ဖြစ်သည်။ ဟုန်လော့၏ကိုးသွယ်အသွင်ကူပြောင်းခြင်းကိုးမျိုး၊ ဆင့်ကဲပြောင်းလဲခြင်း ဆယ်မျိုးကျင့်စဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ထိုကျင့်စဉ်က ချက်ခြင်းအသက်ဝင်လာပြီး စုမင်၏ညာဘက်လက်ရှိ အနီရောင်ဓားရှည်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူက ကောင်းကင်မှ ဆင်းသက်လာသော အနီရောင် ဓါးရှည်ကြီးဆီသို့ ခုခံကာကွယ်လိုက်သည်။
ကျယ်လောင်သောအသံများ ပြန့်နှံ့သွားပြီး ဓားရှည်နှစ်ချောင်းလုံး ကျိုးပဲ့သွားသော်လည်း ဓားရှည်များ ပျောက်ကွယ်မသွားမီ စုမင် အသက်ရှူထုတ်လိုက်ရာ ပြင်းထန်သောလေပြင်းက ယွမ်လွမ်၏သွေးနီရောင် ဓါးကြီးကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေသည်။
“ကျုံးကျီ.. ငါသေရင် တောင်ပိုင်းစိမ့် မြေကျွန်းက ပင်လယ်ရေမျက်နှာပြင်အောက်ကို ပြန်ရောက်သွားလိမ့်မယ်..ဒါတောင် မင်းဘာမှဝင်မကူဘဲ လက်ပိုက်ကြည့်နေတာလား..”
ယွမ်လွမ်၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှု ပေါ်လာသည်။စုမင်၏ ခွန်အားက သူ့မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။ စုမင်ပိုင်ဆိုင်သော မြင့်မြတ်သောကျင့်စဥ်များကြောင့်လည်း တုန်လှုပ်သွားခဲ့သည်။ ချွန်ထက်စူးရှသော ဝီစီသံများနှင့်အတူ သူ့ဆီသို့ ပြန်လာနေသောသွေးနီရောင်ဓါးကြီး၏အစိတ်အပိုင်းများကြောင့် သူအလျင်စလိုပြေးကာ အော်ဟစ်တော့သည်။
ထိုအော်ဟစ်သံကြီးက လောကကြီးထဲတွင် ပဲ့တင်ထပ်နေတော့သည်။ထိုစဉ် ယွမ်လွမ်၏နောက်မှ လူတစ်ယောက်ပေါ်လာလေသည်။ထိုလူက အသက်နည်းနည်းကြီးပြီး ကျုံးကျီပင်ဖြစ်သည်။သူက စုမင်ကိုစိတ်ရှုပ်ထွေးစွာကြည့်နေလေသည်။ထို့နောက် သူက ယွမ်လွမ်ကို မကူညီခင် သူနေထိုင်ရာဂူထဲသို့ ခေတ္တပြန်ဝင်သွားလေသည်။
ထို့နောက်ကျုံးကျီက ပြန်ထွက်လာကာ သူ၏ ရောထွေးနေသော ခံစားချက်များကြားတွင် ဝင်လာသော ပြင်းထန်သောမုန်တိုင်းကို ဆန့်ကျင်လျက် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ ညာလက်ကို ချီကာ တံဆိပ်ခတ်ကာ ရှေ့သို့ တွန်းလိုက်သည်။ သူ့ခန္ဓာကိုယ်သည် သူ့ဆီသို့ ရွေ့လျားလာသော ပြင်းထန်သော မုန်တိုင်းကို ချက်ချင်း ထိတွေ့လိုက်ပြီး လေထဲတွင် တဟုန်းဟုန်း အော်မြည်သံများ ထွက်ပေါ်လာသည်။
“ကျုပ်သူငယ်ချင်းယွမ်လွမ် သေဆုံးခဲ့ရင် တောင်ပိုင်းစိမ့်မြေကျွန်းက ကြီးမားတဲ့ အပြောင်းအလဲကို ရင်ဆိုင်ရလိမ့်မယ်...ဒီကျွန်းပေါ်မှာရှာမန်တွေနဲ့မာန်ကျင့်ကြံသူတွေ ထောင်ချီရှိတယ်..ကျေးဇူးပြုပြီး...”
ကျုံးကျီ စကားမဆုံးခင်မှာ သူ့မျက်လုံးများ လျော့သွားကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ အဆုံးသတ်ရှာမန်၏စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲမှာ တစ်ဖန်ပြန်လည်ရောက်ရှိနေလေသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏မျက်လုံးများတွင် မှောင်မိုက်သောအလင်းရောင်တစ်ခုမ၀င်ရောက်မီတွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အစက်အပြောက်အချို့ကို လက်နှစ်ဘက်ဖြင့် စည်းတံဆိပ်ခတ်ထားလိုက်သည်။
သူ့လုပ်ရပ်နောက်ကွယ်က အကြောင်းအရင်းကတော့ ခရမ်းရောင်အလင်းတန်းများက စုမင်ဆီသို့ စုဝေးလာသည်။ ထိုခရမ်းရောင်အလင်းက ရေစီးနှင့်တူသည်။ စုမင်၏ တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်နှင့် ၎င်းက ခရမ်းရောင် ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် စုမင်က သူ၏ညာလက်ကို ရုတ်သိမ်းလိုက်သည်။ ထိုဖြစ်စဉ်တွင် ခရမ်းရောင်အလင်းတန်းများ ပျံ့နှံ့သွားပြီး ပေဒါဇင်များစွာရှည်သော ခရမ်းရောင်လှံရှည်ကြီး ကျုံးကျီ၏ မျက်လုံးများရှေ့တွင် ရင်သပ်ရှုမောဖွယ်ပုံစံဖြင့် ထွက်ပေါ်လာသည်။
စွမ်အား.. ရူးသွပ်ခြင်း..သတ်ဖြတ်လိုစိတ်.. ဤခံစားချက်များက ကျုံးကျီ၏နှလုံးသားထဲသို့ ဆုတ်ယုတ်သွားပြီး မှိန်းနေသောအမူအရာတစ်ခု သူ့မျက်လုံးများတွင် ခဏတာပေါ်လာသည်။ သူ၏ နှလုံးသားနှင့် ဝိညာဉ်ကို တွင်းနက်ကြီးဟုခေါ်သော ရေတွင်းထဲသို့ ဆွဲငင်သွားသလို ခံစားရသည်။
ချက်ချင်းကြည်လင်ပြတ်သားမှုက သူ့မျက်လုံးများဆီ ပြန်ရောက်သွားသော် ကောင်းကင်တစ်ခုလုံးကို ခရမ်းရောင်အလင်းတန်းများဖြင့်ပြည့်နေလေသည်။
စုမင်က သူ့လက်ကို မြှောက်လိုက်ပြီး လှံရှည်ကြီးကို အပြင်သို့ အမြန်ပစ်လွှတ်လိုက်သည်ကို သူမြင်လိုက်ရသည်။ စူးစူးဝါးဝါးအော်သံနှင့်အတူကျုံးကျီ ချထားသော တစ်ခုတည်းသောအလင်းလွှာကိုဖြတ်သွားလေသည်။အလင်းလွှာက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး ထိုအချိန်တွင် လှံရှည်က ကောင်းကင်သို့ ပျံတက်သွားပြီး တိမ်တိုက်များဆီသို့ တည့်တည့် ပစ်လွှတ်လိုက်သော ခရမ်းရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အလွန်လျင်မြန်စွာ တုန်လှုပ်ချောက်ချားနေသော ယွမ်လွမ်ကို ထိုးဖောက်ရန် လောကတစ်ခွင်ကို ဖြတ်သွားသကဲ့သို့ဖြစ်နေလေသည်။
နာကျင်သော အော်ဟစ်သံများ ထွက်လာသောအခါ ပေါက်ကွဲသွားကာ အဝေးက လွတ်နေသော တောင်တန်းကြီးတစ်ခုထဲသို့ လှံရှည်ကြီး ပေါက်ကွဲသွားသည်။ ထိုတောင်သည် တုန်လှုပ်ခြောက်ခြားကာ ပြာများအဖြစ်သို့ ကျဆင်းသွားသည်..။
စုမင်က လေထဲ၌ ရပ်နေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေသော ခရမ်းရောင်အလင်းတန်းက လျင်မြန်စွာ မှိန်ဖျော့သွားပြီး၊ ချပ်ဝတ်တန်ဆာက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေသော ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ယခုပင် အဝေးသို့ ပစ်လွှတ်လိုက်သော လှံရှည်က စူးမင်လက်သို့ ပြန်ရောက်လာသည့် ခရမ်းရောင် အလင်းတန်းတစ်ခု ဖြစ်သွားသည်။ သူက ပုံမှန်အခြေအနေသို့ ပြန် ရောက်သွားပြီး ကျုံးကျီကို တောင်းပန်ကာ လက်သီးဆုပ်ဖြင့် ရစ်ပတ်ဟန်လုပ်လိုက်သည်။
“တောင်းပန်ပါတယ် ကျုပ်လက်ချော်သွားတယ်..”