ကျုပ်တစ်ခုလုပ်ပေးပါရစေ
Vol. 38 Ch. 525
ကျုံးကျီက သက်ပြင်းချလိုက်ပြီးစုမင်ကို လှမ်းကြည့်လိုက်သည်။ သူ့အကြည့်များက ပို၍ရှုပ်ထွေးလာသည်။ ယခင်တုန်းက သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်း စုမင်က အရမ်းအားနည်းနေသေးသည်။သို့သော်လည်း သူ့အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
သူတို့ပြန်တွေ့ကြသည့်အခါ အံ့သြစရာကောင်းသောကျင့်ကြံမှုစွမ်းအား ရှိနေခဲ့သည်။စုမင်၏ တစ် လောကလုံးကို လွှမ်းခြုံနိုင်သော စွမ်းအားက ကျုံးကျီ ကို ထိတ်လန့်စေခဲ့သည်။ယခင်တုန်းက စုမင်လည်း ထိုကဲ့သို့ စွမ်းအားမျိုးပိုင်ဆိုင်ခဲ့ဖူးသည်။
သူတို့ ထပ်ဆုံတွေ့သောအခါ သူ့ဆီရောက်လာသော ထိတ်လန့်မှုက ယခင်အကြိမ်များကို ကျော်လွန်သွားခဲ့သည်။ စုမင်၏ကျင့်ကြံမှု အဆင့်က ဟုန်လော့ထက်သာလွန်သောကြောင့် မဟုတ်ပေ။ ကျုံးကျီက သူ့ရှေ့တွင်ရပ်နေသော စုမင် အစစ်အမှန်ဖြစ်ကြောင်း ပြောနိုင်သည်။
သူက စုမင်နှင့်သုံးကြိမ်တွေ့ဖူးပြီး အကြိမ်တိုင်းတော့ မတူညီပေ။ သူ့ဘဝတွင် တွေ့ကြုံဖူးသမျှလူများထဲတွင် စုမင်သာလျှင် ပြင်းထန်သောခံစားချက်များကို ပေးစွမ်းနိုင်ခဲ့သည်။
“မင်းရဲ့ ပေါ့လျော့မှုက တောင်ပိုင်းစိမ့်မြေကျွန်းကို ငြိမ်းချမ်းမှုကို ဖျက်စီးလိုက်တာပဲ...အခုချိန်ကစပြီး ကပ်ဘေးကို ကျော်ဖြတ်ပြီး လွတ်မြောက်လာတဲ့ ကျွန်းသားတွေဟာ အသက်အန္တရာယ်ကို တစ်ဖန်ပြန်ရင်ဆိုင်ရမှာဖြစ်ပြီး အရှေ့မြေရိုင်းသားတွေရဲ့ အမဲလိုက်ခြင်းကို ခံရတော့မှာပဲ...”
ကျုံးကျီက သူ့နောက်မှာ ကျန်ရစ်ခဲ့သော အသားစများကိုကြည့်ရင်း ညည်းညူလိုက်သည်။
စုမင်က စကားမပြောဘဲ နှုတ်ဆိတ်နေလေသည်။ ယွမ်လွမ်ကို သူသတ်လိုက်သည်နှင့် တပြိုင်နက် တောင်ပိုင်းစိမ့်မြေကျွန်းတစ်ခုလုံး၏တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။
ထိုတုန်ခါမှုက ပြင်းထန်စွာမစတင်မီ ပေါက်ကွဲသံများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ လူကပြုလုပ်ထားသော ကောင်းကင်ကြီးက အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် တောက်ပနေပြီး အမှောင်ထုက လျင်မြန်စွာ ထွက်ပေါ်လာသည်။ စုမင်ခေါင်းမော့ကြည့်လိုက်သော် လူလုပ်ထားသောအမှောင်ထုမှ တောက်ပသောအလင်းတန်းတစ်ခု ထွက်လာပြီး တောင်ပိုင်းစိမ့်မြေ ကျွန်းတစ်ခုလုံး ချက်ချင်းလင်းလက်သွားသည်။ သို့သော် ထိုအလင်းတန်းက သဲလွန်စမရှိဘဲ ပျောက်ကွယ်မသွားမီ ကောင်းကင်ကိုဖြတ်သွားသော လျှပ်စီးနှင့်တူသည်။
ကောင်းကင်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အလင်းရောင်မှိန်ဖျော့လာသည်နှင့်အမျှ လူလုပ်ထားသော ကောင်းကင်ယံရှိ ကြယ်များသည် ၎င်းတို့အားလုံး ချိတ်ဆက်နေသကဲ့သို့ မှိန်ဖျော့သွားတော့သည်။ ယခင်အမှောင်ထုနှင့် လောလောဆယ်အမှောင်ထုက ပုံစံ၊အခြေအနေချင်း မတူညီပေ။
မကြာသေးမီက အမှောင်ထုက ၎င်း၏လုပ်ဆောင်မှုများအတွက် လိုအပ်သော ချီစွမ်းအား အားလုံးကို ဆုံးရှုံးခဲ့ရသည့် လူလုပ်ကောင်းကင်ကြောင့် ဖြစ်ခဲ့သည်။သို့ေသာ်လည်း ယခုအချိန်တွင် အမှောင်ထုက တောင်ပိုင်းစိမ့်မြေ ကျွန်းတွင် ဖြစ်ပေါ်လာသည့် အပြောင်းအလဲကြောင့် ဖြစ်သည်။ လူလုပ်ထားသော ကောင်းကင်ကြီးက ပေါက်ကွဲသွားသည်။ အလင်းလွှာအကာကွယ်က ရှိနေဆဲဖြစ်သော်လည်း၊ မျက်နှာပြင်က ဖောက်ထွင်းမြင်ရသည်။စုမင်၏ မျက်လုံးများထဲသို့ ကျရောက်လာသော ပြင်းထန်သော အမှောင်ထုက အပြင်ဘက်ရှိမရဏပင်လယ်၏ အရောင်ဖြစ်သည်။
မရဏပင်လယ်၏ အမှောင်ထုကို ကျုံးကျီ၊ ဖန်းချန်လန်တို့က လှမ်းမြင်ရလေသည်။ တောင်ပိုင်းစိမ့် မြေကျွန်းတွင်နေထိုင်သော ရှာမန်များနှင့်မာန်ဝိညာဉ်ကျင့်ကြံသူများအားလုံးလည်း ၎င်းကို ရှင်းရှင်းလင်းလင်းမြင်ခဲ့သည်။
ဘေးဆိုးကြီးမှ လွတ်မြောက်လာသူအချို့က ကံကောင်းကြသော်လည်း အများအပြားမှာ မတူညီသော စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ကြုံတွေ့ခဲ့ရသည်။ ဤအတွေ့အကြုံများက မတူညီသော်လည်း ၎င်းတို့အားလုံးကြားတွင် တုန်လှုပ်ဖွယ်တူညီမှုတစ်ခုရှိပါသည်၊ ၎င်းမှာ ထိုအတွေ့အကြုံများမှ ပေါက်ဖွားလာသော မယိမ်းယိုင်သောဆုံးဖြတ်ချက်ဖြစ်သည်။
သူတို့မှာ စိတ်ပိုင်းဖြတ်မှု မရှိလျှင်
ဤဖရိုဖရဲဖြစ်နေသောလောကကြီးမှာ ရုန်းကန်ပြီး ရှင်သန်ရန် ခက်ခဲလေသည်။ သူတို့မှာ ခိုင်မာ သောဆုံးဖြတ်ချက်မရှိလျှင် သေခြင်းမှ ရုန်းထွက်ရန် ခက်ခဲလိမ့်မည်။ သူတို့မှာ ကြံခိုင်မှုမရှိလျှင် တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာ မရေမတွက်နိုင်သောလူများ သေဆုံးသွားပြီးနောက် သူတို့မျက်စိဖွင့်နိုင်ရန် ခက်ပါလိမ့်မည်။
ထို့ကြောင့် ဤပြောင်းလဲမှုက တောင်ပိုင်းစိမ့်မြေ ကျွန်းတွင် ပေါ်လာသော်လည်းယွမ်လွမ် သေဆုံးမှုနှင့် စုမင်၏ အသွင်အပြင်ကို လူအနည်းငယ်ကျော်က မြင်တွေ့ခဲ့ရသည်။ ၎င်းတို့၏ အမူအရာကြောင့် တုန်လှုပ်သွားကြသည်။ သူတို့တွင် ထိတ်လန့်မှုအနည်းငယ်ရှိကြောင်း ထင်ရှားသည်၊ သူတို့၏ ပါးစပ်မှ ရုန်းမထွက်နိုင်သော ရုန်းရင်းဆန်ခတ်မှုမျိုး နည်းပါးပါသည်။
ယင်းအစား တောင်ပိုင်းစိမ့်မြေကျွန်းက ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ဖြည်းညှင်းစွာ တက်လာသည်နှင့်အမျှ ၎င်းတို့သည် ကောင်းကင်ကို တိတ်တဆိတ် ကြည့်နေကြပြီး ၎င်းတို့၏ ခြေထောက်အောက် မြေပြင်ကို တုန်ခါသွားအောင် တိတ်တဆိတ် ခံစားလိုက်ရသည်။
ကျီယွင်က လူအုပ်ကြားတွင် ရပ်နေချိန်တွင် အံ့ဩသောအမူအရာဖြင့် ဤအရာအားလုံးကို ကြည့်လိုက်သည်။ ဖြစ်ပျက်ခဲ့သည့်အရာများက သူမ၏မျှော်လင့်ချက်များအတွင်း လုံးလုံးလျားလျားရှိခဲ့သော်လည်း ဤကဲ့သို့အဆုံးသတ်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ သူမသည် ယခင်က ယွမ်လွမ်၏ကိုယ်လုပ်တော်ဖြစ်ခဲ့ပြီး သူ့အကြောင်းများစွာသိသည်ဟု ယုံကြည်ခဲ့သော်လည်း တောင်ပိုင်းစိမ့်မြေကျွန်း၏ မှော်အစီအရင်က သူ့ဘဝနှင့်ဆက်စပ်နေကြောင်း သူမမသိခဲ့သေးပေ။
ဖန်ချန်းလန်က တိတ်ဆိတ်နေခဲ့သည်။ မှော်အစီအရင်က ယွမ်လွမ်၏ဘဝနှင့် ဆက်စပ်နေကြောင်း သူမသိသည်။ ဒါကလည်း သူမဧ။်ကြိုတင်ပြင်ဆင်မှု အများအပြားကြောင့် ယွမ်လွမ်ကိုသတ်နိုင်သလို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ကြောင်း သူမယုံကြည်ခဲ့သော အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ယွမ်လွမ် သေဆုံးပြီးနောက် တောင်ပိုင်းစိမ့် မြေကျွန်းရှိ မှော်အစီအရင်က ပြိုကျမည်ကို သူမသိသည့်။ထို့အပြင် ကျွန်းသည် သူသေဆုံးပြီးနောက် ပင်လယ်မျက်နှာပြင်ပေါ်တွင် တစ်ဖန်ပြန်ပေါ်လာမည်ကိုလည်း သူမသိသည်။
သို့သော်… ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်သည် သူမ၏မျက်လုံးထဲတွင် ပေါ်လာသည်။
‘ကျီယွင်က ငါ့အတွက် နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့တာ.. သူမက ယခုယာမူနှင့် တွဲနေပမဲ့ သူမခန္ဓာကိုယ်မှာ ယွမ်လွမ်က စည်းတံဆိပ်ခတ်ထားတာကို သူမမသိသေးဘူး.. သူမရဲ့ဆန္ဒအတိုင်း အသက်ရှင်ပြီး လွတ်လပ်ခွင့်ရသွားပေမဲ့.. အမှန်မှာ သူမရဲ့ဘဝက ယွမ်လွမ်ရဲ့လက်ထဲမှာပဲ...”
“ကျုံးကျီက ဒီကိစ္စမှာ သိပ်ဝင်စွက်ဖက်မှာ မဟုတ်ဘူး.. ယာမူးက အဆုံးသတ်ရှာမမ် မဖြစ်ခဲ့ဘူးဆိုရင်တောင်.. ဒါကယွမ်လွမ်ရဲ့ အမှတ်တရတွေထဲမှာ ငါမြင်ခဲ့ရတာပဲ...
‘ကျီယွင်က..ငါ့အတွက် ဒုက္ခခံခဲ့တာမလို့ ငါ နာမည်ဆိုးနဲ့ နေထိုင်ရပြီး သူ့အတွက် တစ်သက်လုံးလှောင်ပြောင်ခံရလည်း ဘာမှမဖြစ်ဘူး...တောင်ပိုင်းစိမ့်မြေကျွန်းတစ်ခုလုံးက ဒီအတွက် ပေးဆောင်ရမယ်ဆိုရင်တောင် ကျီယွင်က စစ်မှန်တဲ့ လွတ်လပ်မှုကို ရနိုင်သရွေ့တော့ တန်ပါတယ်...’
လွန်ခဲ့သည့်နှစ်များကတည်းကဖန်းချန်လန်က ယွမ်လွမ်ကိုသတ်ရန် သူ့ကိုယ်သူပြောခဲ့သည့်စကားဖြစ်သည်။
သူမ၏ အစီအစဉ်များအတွက် ဒုတိယအဆင့်တစ်ခုရှိ၍ ၎င်းအတွက် အသေးစိတ်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။ယွမ်လွမ် သေဆုံးခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရပြီးသည်နှင့် သူမသည်ကျီယွင်နှင့်အတူ တိတ်တဆိတ်ထွက်ခွာပြီး ဘဝသစ်တစ်ခုစတင်ရန် အခြားကျွန်းများသို့ ထွက်သွားကြမည်။
သို့သော် စုမင်၏တည်ရှိမှုက သူမ၏ အစီအစဉ်အားလုံးကို ပရမ်းပတာဖြစ်စေခဲ့သည်...
စုမင်က သူ့ခြေဖဝါးအောက်တွင် ကျွန်းရှိ တုန်ခါမှုများ ပိုမိုပြင်းထန်လာသည်ကို ခံစားနိုင်သည်။ ကျယ်လောင်သောအသံများက သူ့အောက်မှ လေထဲသို့ လှိမ့်ဝင်ပျံ့နှံ့သွားသည်။ တောင်ပိုင်းစိမ့်မြေကျွန်းက မြင့်တက်လာပြီး မရဏပင်လယ်၏ အနက်ရှိုင်းဆုံးနေရာ၌ ပေါ်လာသည်။ကျွန်းက ပင်လယ်ရေမျက်နှာပြင်မှ သက်သက် ကွဲထွက်သွားသလို ဖြစ်နေကြောင်း သူ သတိပြုမိလိုက်သည်။ ပင်လယ်မျက်နှာပြင်ပေါ်ရှိ ဧရာမဧရိယာသည်လည်း နစ်မြုပ်သွားကာ လှိုင်းလုံးများက တွင်း၏အစွန်းများဆီသို့ လှိမ့်ဝင်လာကြသည်။
တခဏလေးအတွင်းမှာပဲ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လှိုင်းလုံးကြီးတစ်ခုနဲ့အတူ မူလက လွတ်နေသော ပင်လယ်ပြင်၏အနက်ရှိုင်းဆုံး ကျွန်းတစ်ကျွန်း ထွက်ပေါ်လာသည်။ (တောင်/စိမ့်မြေ)ကျွန်းပေါ်လာသည်နှင့် တပြိုင်နက် ပင်လယ်ရေထုကြီး တရွေ့ရွေ့ လှည့်ပတ်ဝန်းရံကာ လေထဲတွင် တဟုန်းဟုန်း ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ လူတွေက ထိုကျွန်းကို လွှမ်းခြုံထား
သော အလင်းလွှာအကာကွယ်ကို မြင်နိုင်သည်။ ကျွန်းက ပင်လယ်ပြင်၌ ပေါ်ထွန်းလာသည်နဲ့အမျှ အပြင်လောကကြီးရှိ အလင်းရောင်က ချက်ခြင်း ကျွန်းပေါ်ကို ဖြာကျသွားလေသည်။
စုမင်က ခေါင်းငုံ့ကာ အလင်းရောင်ကျနေသည့် အပြင်ဘက်လောကရှိ ကောင်းကင်ယံမှ တိမ်တိုက်များကို ကြည့်လိုက်သည်။ထို့နောက် သူ့ပတ်ဝန်းကျင်က ပင်လယ်လှိုင်းလုံးကြီးများကို နားထောင်လိုက်သည် ။ ကျုံးကျီ၏ အသံက သူ့နားကို ရောက်လာသည်။
“ အရှေ့မြေရိုင်းစွန့်မြေနယ်မြေရဲ့ထိတိုက်မှုကြောင့် ...တောင်ပိုင်းအရုဏ်ဦးနယ်မြေက အပိုင်းပိုင်းကွဲသွားစေခဲ့တယ်... သေးငယ်တဲ့ တိုက်ကြီးသုံးတိုက်နဲ့ အဲ့ဒီတိုက်ကြီးရဲ့အစွန်းတစ်ဝိုက်မှာ ကျွန်းတွေအများကြီး ပေါ်ထွန်းလာတယ်.. သေးငယ်တဲ့တိုက်ကြီးသုံးခုကို မှော်အစီအရင်က ကာကွယ်ပေးထားပြီး ချိပ်စည်းပိတ်ထားသလိုမျိုး ပြင်ပလူအားလုံးကို ဝင်ခွင့်ပြုခဲ့ဘူး...”
“သေးငယ်တဲ့ တိုက်ကြီးသုံးတိုက်အပြင် အရွယ်အစားအမျိုးမျိုးကွဲပြားတဲ့ ကျွန်းတွေလည်း ရှိသေးတယ်.. ဒီကျွန်းအများစုက လူသူမနေထိုင်ဘဲ..အချို့ကသာ ကျုပ်တို့လိုပဲ ဘေးဆိုးကြီးမှာ လွတ်မြောက်လာသူတွေ နေထိုင်ရာနေရာလည်း ဖြစ်လာခဲ့တယ်...”
“တံဆိပ်ခတ်ထားတဲ့ တိုက်ကြီးသုံးခုနဲ့ ယှဉ်ရင် ကျွန်းတွေပေါ်မှာ နေထိုင်သူတွေဟာ အန္တရာယ်တွေ အများကြီး ကြုံတွေ့ရပြီး ဒီအန္တရာယ် တော်တော်များများက မရဏပင်လယ်အစား အရှေ့ မြေရိုင်းနယ် မြေကနေလာတာပဲ..”
“အရှေ့မြေရိုင်းနယ်မြေရဲ့ကပ်ဆိုးကြီးကြောင့် တောင်ပိုင်းအရုဏ်ဦးနယ်မြေ ကွဲသွားတာနဲ့ တစ်ပြိုင်နက် နောက်ပိုင်းမှာ.. ဘေးအန္တရာယ်တွေ
ကျရောက်ခဲ့တယ်.. သူတို့ရဲ့တိုက်ကြီးကလည်း ပြိုကျပြီး ကျွန်းတွေ ပေါ်လာတယ်..ဒါပေမဲ့ အရှေ့ မြေရိုင်းနယ်မြေက တောင်ပိုင်းအရုဏ်ဦးနယ် မြေနဲ့ နှိုင်းယှဉ်ရင် ပိုပြီး အားကောင်းတဲ့ကျင့်ကြံသူတွေရှိတယ်... ဒါ့ကြောင့်သူတို့ရဲ့နယ် မြေ ပျက်စီးမှုက ကျုပ်တို့နဲ့ နှိုင်းယှဉ်ရင် များစွာ သေးငယ်သွားပြီး သူတို့ရဲ့တိုက်ကြီးက အပိုင်းပိုင်း ပြိုပျက်သွားတာမျိုး မရှိဘူး..:”
“တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာ
အသေအပျောက်များလွန်းပြီး အရှေ့မြေရိုင်းနယ်မြေက ပျက်စီးမှုသိပ်မရှိခဲ့ပါဘူး..အဲဒါက ကျုပ်တို့ရဲ့ ခွန်အားတွေကြားမှာ ကြီးမားတဲ့ ကွာခြားမှုကို ဖြစ်စေခဲ့တာပဲ.. အရှေ့မြေရိုင်းသားတွေက ဖျော်ဖြေရေးအတွက် တောင်ပိုင်းအရုဏ်ဦးနယ် မြေကကျုပ်တို့ကို အမဲလိုက်သလို လိုက်လံရှာဖွေခဲ့ကြတာပဲ.. ရှာမန် ဒါမှမဟုတ် မာန်ကျင့်ကြံသူတွေပဲဖြစ်ဖြစ်ပေါ့.. ဥပမာပြောရရင်..သူတို့ရဲ့ကောက်ညှင်းလမုန့်ပွဲတော်ကိုပဲကြည့်.. သူတို့အရှေ့မြေရိုင်းနယ်မြေရဲ့ အပြင်ဘက်က အကြီးဆုံး ကျွန်း ဖြစ်တဲ့ ကောက်ညှင်းလမုန့်ကျွန်းကနေကျင်းပတဲ့ သွေးထွက်သံယိုသတ်ဖြတ်ပွဲတော်သာသာ တစ်ခုပဲ...ကျုပ်တို့က သူတို့ရဲ့အမဲလိုက်သတ်ဖြတ်တာကို ခံရတာ..”
“ဒီကောက်ညှင်းလမုန့်ပွဲတော်ကို နှစ်နှစ်မှာ တစ်ကြိမ် ကျင်းပလေ့ရှိတယ်.. အခု… ဒီနေရာနဲ့ နီးလာပြီ..တကယ်လို့တောင်ပိုင်းစိမိ့မြေကျွန်းက အခုလိုပင်လယ်မျက်နှာပြင်ပေါ်မှာ ပေါ်လာရင် အရှေ့မြေရိုင်းသားတွေရဲ့အာရုံကို ဖမ်းစားနိုင်လိမ့်မယ်.. စုမင်.. မင်း ယွမ်လွမ်ကို မသတ်သင့်ဘူး”
ကျုံးကျီက အလင်းလွှာကာထားသည့် အပြင်ရှိ ကောင်းကင်ကို ကြည့်လိုက်ပြီးနောက် သူ့ပတ်ဝန်းကျင် ပင်လယ်ကို ကြည့်လိုက်လေသည်။ သူ့အသံမှာ အသက်အရွယ် အပိုင်းအခြားတစ်ခု ရောက်နေကြောင်း ပြသလေသည်။
“စီနီယာကျုံးကျီ...ဒါဆိုရင် ကောက်ညှင်းလမုန့်ကျွန်းရဲ့အရှေ့မြေရိုင်းနယ်မြေဝန်းကျင်မှာရှိတဲ့ ကျွန်းတွေရဲ့ မြေပုံကို ခင်ဗျားမှာရှိလား...”
စုမင်က အေးဆေးစွာမေးရင်း ကျုံးကျီကို လှည့်ကြည့်လိုက်သည်။
ကျုံးကျီ၏ မျက်လုံးများတွင် တောက်ပမှုတစ်ခု ပေါ်လာပြီး စုမင်ကို တင်းမာသောအမူအရာဖြင့် ကြည့်လိုက်သည် ။
“ကောက်ညှင်းလမုန့်ကျွန်းက အရှေ့မြေရိုင်းနယ်မြေရဲ့အပြင်ဘက်က အကြီးဆုံးကျွန်းပဲ.. ကျွန်းပေါ်မှာရှိတဲ့ လူအိုကြီးမိုလို့က မာန်စိတ်ဝိညာဉ်နယ်ပယ်နှောင်းပိုင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ..မာန်စိတ်ဝိညာဉ်နယ်ပယ်မှာ ကြီးမားတံ ပြီးမြောက်ကိုရဖို့ လမ်းတစ်ဝက်မှာရောက်နေပြီ.. ကျုပ် သူနဲ့ တစ်ကြိမ်တိုက်ပြီး ရှုံးခဲ့ဖူးတယ်.. ဒဲ့ဒီလူရဲ့ကျင့်စဉ်တွေက ခန့်မှန်းလို့မရနိုင်တဲ့အပြင်...သူက မဟာယွီပြည် ထောင်နန်းတော်ရဲ့စွမ်းအားလည်းရှိတယ်.. မင်းရဲ့မျိုးနွယ်တွေ စကားအရပြောရရင် လူအိုကြီးမိုလို့က မဟာယွီပြည်ထောင်ကို မင်းဆက်ကို အရင်ရောက်ဖူးသူပဲ..”
“ဒီလိုလူမျိုးက မာန်စိတ်ဝိညာဉ်နယ်ပယ်မှာ ကြီးကျယ်စွာနဲ့ ပြီးမြောက်အောင်မြင်ပြီးတာနဲ့ အဆုံးသတ်ရှာမန်အထွတ်အထိပ်ကို ရောက်သွားတဲ့ သူနဲ့ အတူတူပဲ.. အဲဒီအဆင့်က အထွတ်အထိပ်ရှာမန် ဖြစ်လာဖို့ စူးစမ်းပိုင်ခွင့်ရှိသူတွေပဲ..”
“မင်းမှာ ထူးကဲတဲ့ စွမ်းအားတွေ တကယ်ရှိပေမယ့် သူ့ကို တိုက်နိုင်ဖို့ မင်းမှာ ယုံကြည်ချက်ရှိလား”
ကျုံးကျီက လေးနက်စွာ မေးလိုက်သည်။
“ကျုပ်ကြားဖူးတာရှိတယ်..အလယ်လတ်၊နှောင်းပိုင်းနဲ့အဆုံးသတ်ရှာမန်တွေက မာန်စိတ်ဝိညာဉ်နယ်ပယ်မှာ ပြီးမြောက်အောင်မြင်ခဲ့တဲ့ကျင့်ကြံသူတွေနဲ့ ညီမျှတဲ့ စွမ်းအားတွေ ရှိတယ်တဲ့.. ဒါအမှန်ပဲလား”
စုမင်က ကျုံးကျီမေးခွန်းကို မဖြေဘဲ သူ့မေးခွန်းကို ပေါ့ပါးစွာ ထပ်မေးလိုက်သည်။
“သီအိုရီအရပြောရင် ဒါအမှန်ပဲ.. ဒါပေမဲ့ တကယ်တော့ မာန်ကျင့်ကြံသူတွေရဲ့ ဖွဲ့စည်းပုံက ရှည်လျားတဲ့ သမိုင်းကြောင်းရှိတယ်.. ပထမဆုံး မာန်နတ်ဘုရားက ကျင့်ကြံသူ တွေအတွက် အဓိကကျင့်စဉ်တွေကို ဖန်တီးပေးခဲ့တယ်.. . ဒါပေမဲ့ ရှာမန်တွေရဲ့ ဖွဲ့စည်းပုံကို ကျွန်ုပ်တို့ရဲ့အရှင်သခင်နိုင်းလီက ဖန်တီးခဲ့တာပဲ.. လွန်ခဲ့သည့်နှစ်တွေက မာန်ကျင့်ကြံသူတစ်ဦးအဖြစ်ကနေ စွန့်လွှတ်ခဲ့တယ်...”
“ကျုပ်တို့ရဲ့ မြင့်မြတ်တဲ့ကျင့်စဥ် တွေရဲ့ ထူးဆန်းမှုကြောင့် အဆုံးသတ်ရှာမန် အောက်က နယ်ပယ်အားလုံးက မာန်ကျင့်ကြံသူတွေထက် အားကောင်းတယ်..ဒါပေမဲ့ မာန်စိတ်ဝိညာဉ်နယ်ပယ်မှာ ကြီးကျယ်စွာ ပြီးဆုံးသွားတဲ့ကျင့်ကြံသူတွေနဲ့ယှဉ်ရင် အဆုံးသတ်ရှာမန်တွေက သူတို့ရဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး..”
“ငါသူတို့ကိုတကယ်သွားတိုက်ရင်၊ ငါ့အတွေ့အကြုံအရ မာန်စိတ်ဝိညာဉ်နယ်ပယ်ရဲ့နောက်ပိုင်းအဆင့်မှာကျင့်ကြံသူကိုတိုက်နိုင်တယ်..ဒါပေမဲ့ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်သူတွေကိုတော့ အနိုင်ယူနိုင်မှာမဟုတ်ဘူး.. တကယ်တော့ မိုလို့က ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု တစ်ဝက်ကို ရောက်နေပြီ ဆိုရင်တောင် သူက မဟာယွီပြည်ထောင်ရဲ့ စွမ်းအားကို ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်ထား တာကြောင့် သူ့ရဲ့ ပြိုင်ဘက် ဖြစ်လာဖို့ မမျှော်လင့် နိုင်သေးပါဘူး...”
“မဟုတ်ရင်၊ အဲဒါက... ကြီးမြတ်တဲ့ ဘိုးဘေးကြီးလို ငါတို့ရှာမန်တွေကြားမှာ ထပ်ပေါ်လာမှာပပဲ..”
စုမင်က ခေါင်းတညိတ်ညိတ်လုပ် နေပြီး စကားတော့မပြောပေ။
“ကျွန်တော်သိတာက မိုလို့ ကလွဲလို့ ဒီကောက်ညှင်းလမုန့်ကျွန်းမှာ အဆုံးသတ်ရှာမန်...ငါတို့လူမျိုးသစ္စာဖောက်တွေရှိတယ်... ပြီးတော့ ယွမ်လွမ်လိုမာန်ဝိညာဉ်အလယ်လတ်အဆင့်ကျင့်ကြံသူသုံးယောက်လည်းရှိတယ်.. ကျုပ်တို့ရဲ့ အဖိုးတန်တောင်ကြီးနှင့် ဆက်နွယ်နေဆဲဖြစ်သော မာန်စိတ်ဝိညာဉ်နယ်ပယ်ကနဦးအဆင့်နဲ့ နှောင်းပိုင်းရှာမန်တွေလည်း အများကြီး ရှိတယ်..”
“ဒီလို အင်အားမျိုးက ကျုပ်တို့ ဆန့်ကျင်နိုင်တဲ့ အရာမဟုတ်ဘူး.. အဲဒါကြောင့် တောင်ပိုင်းစိမ့်မြေ ကျွန်းအပါအဝင် ဒီနေရာတဝိုက်က ကျွန်းအများစုက ပုန်းခိုဖို့ ဆုံးဖြတ်ခဲ့ကြတယ်”
ကျုံးကျီက အသံနိမ့်ဖြင့် ပြောပြခဲ့သည်။
“စီနီယာ ကျုံးကျီ..ခင်ဗျားထွက်လာတာ ဘယ်နှစ်နှစ်ရှိပြီလဲ”
စုမင်က ရုတ်တရက် ထမေးလိုက်သည်။
ကျုံးကျီက တိတ်ဆိတ်သွားပြီး အတန်ကြာပြီးနောက် မျက်လုံးမှိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှာ ဝှက်ထားသော သေမင်း၏ အငွေ့အသက်က နည်းနည်း ပို၍ထူးခြားလာသည်။
“ဆယ်နှစ်လောက်ပေါ့”
“ကျွန်တော်လည်း မာန်ကျင့်ကြံသယတစ်ယောက်ပဲ...ရှာမန်တွေရဲ့နယ်မြေမှာ နှစ်အတော်ကြာ နေထိုင်ခဲ့ပါတယ်.. အခုတောင်ပိုင်းအရုဏ်ဦးနယ်မြေမှာကျရောက်လာတဲ့ ကပ်ဆိုးကြီးအပြီးမှာ ရှာမန်တွေနဲ့မာန်ကျင့်ကြံသူတွေက အတူတကွ ပေါင်းစည်းခဲ့ကြတယ်...”
စုမင်၏ အကြည့်များက ကျုံးကျီ ဘက်သို့ ရောက်သွားပြီး သူ့မျက်လုံးများကို ဖြည်းညှင်းစွာ လွှဲလိုက်သည်။ထို့နောက် သူသည် ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသော ဖန်းချန်လန်ဆီသို့ ကြည့်လိုက်ပြီးသည်။ ၎င်းတို့၏ ဂူထဲမှ ထွက်လာခဲ့သော ရှာမန်များနှင့်မာန်ကျင့်ကြံသူများကို ကြည့်လိုက်သည်။
“အရင်တုံးက မာန်ကျင့်ကြံသူတွေအတွက် ငါဘာမှ မလုပ်ဖူးဘူး... အခု မင်းတို့အားလုံးအတွက် တစ်ခုတော့ လုပ်ပါရစေ..”
စုမင်က စုတ်ပြတ်သတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့်ဤပုန်းအောင်းနေသည့်သူများကိုလူများကို ကြည့်လိုက်သည်။ ထိုသူများမှာ အရှေ့မြေရိုင်းနယ်မြေ၏ကပ်ဆိုးကြီးကြောင့်ဒုက္ခရောက်ရသူများဖြစ်သည်။
ဘာသာပြန်သူ၏ မှတ်စုများ-
. ကောက်ညှင်းလမုန့်ကနှင့် မိုလို့ အကြား ဆက်ဆံရေး- /ကောက်ညှင်းလမုန့်ကျွန်း/ပွဲတော်/ဘုရားကျောင်းကို “ မိုလို့ “အမည်အပေါ် အခြေခံ၍ အမည်ပေးထားသည်။