ဒုတိယစီနီယာအစ်ကို ဘယ်မှာလဲ
Vol. 38 Ch. 526
တောင်ပိုင်းစိမ့်မြေကျွန်းက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်နှင့်အမျှ ပင်လယ်ရေက အရပ်ရပ်သို့ ရွေ့လျားလာသည်။ ကျွန်းရှိ အလင်းလွှာအကာကွယ်နောက်မှ ရှာမန်များနှင့်မာန်ကျင့်ကြံသူများက ကောင်းကင်တွင် ရပ်နေသော စုမင်နှင့်ကျုံးကျီကို စကားလုံးမဲ့ စိုက်ကြည့်နေကြသည်။
ကျုံးကျီက သူ့ညာလက်ကို မြှောက်လိုက်သော် သူ့လက်ဖဝါးမှာ ကျောက်စိမ်းတုံးတစ်ခု ချက်ချင်းပေါ်လာသည်။ သူက စုမင်
ဘက်သို့ ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းပြားက စုမင်ရှေ့မှာ ချက်ချင်းပေါ်လာပြီး ရှည်လျားသော အကွေ့ကောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့လက်ထဲ ဖမ်းဆုပ်လိုက်ပြီး သေသေချာချာ ကြည့်လိုက်သည်။
၎င်းက ရိုးရှင်းသောမြေပုံဖြစ်ပြီး မူလကတောင်ပိုင်းအရုဏ်ဦးနယ်မြေက သေးငယ်သော တိုက်ကြီးသုံးခုဖြစ်သည်။ ၎င်းတို့ အသီးသီးကိုမရဏ ပင်လယ်နှင့်ပိုင်းခြားထားသည်။ ၎င်းတို့ကို တိုက်ကြီးဟု ခေါ်ဆိုနိုင်သော်လည်း အမှန်တကယ်တွင် အနည်းငယ်ပိုကြီးသော ကျွန်းများသာဖြစ်သည်။
အရှေ့မြေရိုင်းနယ်မြေအနီးပတ်ဝန်းကျင်တွင် အဆုံးမရှိသောကျွန်းများရှိသည်။ တိုက်ကြီး၏အစွန်းတွင် နယ်မြေ အများအပြားတည်ရှိနေပါသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ တောင်ပိုင်းစိမ့်မြေကျွန်းထက်အဆပေါင်းများစွာ အရွယ်အစားရှိသော ကျွန်းဖြစ်သည်။ အပေါ်မှာ ‘ ကောက်ညှင်းလမုန့်’ ဆိုသော စကားလုံးကို ရေးထားသည်။
“ဒီနယ်မြေက ထွက်သွားဖို့က ခက်တယ်.. ဒါကြောင့် မင်းနဲ့ မလိုက်နိုင်ဘူး.. ငါလုပ်နိုင်တာက မင်းကို ဒီလိုလုပ်ဖို့ အသနားခံဖို့နဲ့ ဒီကိစ္စအတွက် ကျေးဇူးတင်တဲ့အနေနဲ့ မင်းကို ဂါဝရပြုပါရစေ..”
ကျုံးကျီက စုမင်ကို ရှုပ်ထွေးသောအကြည့်များဖြင့်ကြည့်ကာ သူ့လက်ဖဝါးကို လက်သီးဖြင့်ပတ်ကာ ဦးညွှတ်နေလေသည်။သူ့မျက်လုံးများက နောင်တရနေသည့်မျက်လုံးများဆီသို့ တဖြည်းဖြည်းပြောင်းသွားသည်။
“စီနီယာကျူံးကျီ.. ကျွန်တော့်ကိုပြောပြပါအုံး.. ကျွန် တော့်ရဲ့စီနီယာအစ်ကိုက ဟိုတုန်းက ရှာမန်တွေနဲ့နယ်မြေကို လာခဲ့တာလား..”
စုမင်က သူ့အကြည့်များကို ကျောက်စိမ်းပြားပေါ်ကနေ လွှဲလိုက်သည်။ထို့နောက် ကျုံးကျီ၏အဖြေကိုစောင့်နေလေသည်။
“သခင်လေးက ကပ်ဆိုးကြီးမဖြစ်ခင် ဆောင်းဦးပင်လယ်ကျွန်းသို့လာခဲ့ပေမဲ့ ရှာမန်တွေရဲ့နယ်မြေကို မသွားခဲ့ဘူး..”
စုမင်က မျက်မှောင်ကြုတ်နေလေသည်။
“ကျုပ်သိတာကတော့ သခင်လေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အဲဒီကိုသွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာခဲ့တဲ့ ဆရာကိုသွားရှာတာလို့ ပြောတယ်.. “
ကျုံးကျီက ခဏမျှ နှုတ်ဆိတ်သွားသော်လည်း အဆုံးတွင် သူက ထိုစကားကို ဆက်ပြောနေလေသည်။
နိုင်းလီ၏ သခင်လေးနှင့် စုမင်ကြားက ဆက်ဆံရေးအကြောင်း သူသိသည်။ ထို့ကြောင့် သူ ထိုအကြောင်းကို ဖုံးကွယ်၍မရချေ။
စုမင်က ခေါင်းကို အမြန်မော့ပြီး ကျုံးကျီဆီသို့ လှမ်းကြည့်လိုက်သည်။
“အသေးစိတ်ပြောပြပေးပါ စီနီယာကျုံးကျီ..”
“အဲဒီတုန်းကရှာမန်တွေနဲ့မာန်ကျင့်ကြံသူတွေက စစ်ပွဲဖြစ်နေလို့ အသေးစိတ်တော့ ကျုပ် မသိခဲ့ရဘူး၊ ဒါပေမဲ့ ကျုပ် နားလည်သလောက်တော့ အကြီးအကဲထျန်းရှဲကျီက တစ်ယောက်တည်းမရဏ ပင်လယ်ကို ဖြတ်ပြီး အရှေ့မြေရိုင်းနယ်မြေ ကို သွားခဲ့တယ်.. သူ စမ်းကြည့်ချင်ပုံရတယ်.. ဒီဘေးဆိုးကြီးကို တားဆီးထားပေမဲ့... သူဘယ်တော့မှ ပြန်မလာတော့ဘဲ ငါတို့အပေါ်ကျရောက်တဲ့ ဘေးဆိုးကြီးက သိသိသာသာကြီးကို နောက်ပြန်ဆုတ်သွားခဲ့တာပဲ...”
သခင်လေးက အရှေ့မြေရိုင်းနယ်မြေမသွားခင် တစ်ညလုံး တောင်ပေါ်မှာ ရပ်နေခဲ့တာကို သတိရမိတယ်..ကျိုးနေတဲ့ သစ်သားပြားကို သူ့လက်ထဲမှာ ကိုင်ထားပြီး သူ့မျက်နှာမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေတယ်...”
ကျုံးကျီက စုမင်ကို ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
စုမင်၏ ခန္ဓာကိုယ်ကို ထိတ်လန့်တုန်လှုပ်သွားကာ သူ့ခေါင်းထဲတွင် ချက်ချင်းပင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကျုံးကျီပြော နေသည်များက လိမ်နေတာမဟုတ်ကြောင်း သူပြောနိုင်သည်။ထိုကိစ္စမျိူးက လိမ်စရာအကြောင်းမရှိပေ။ သူ့ခေါင်းထဲတွင် ပုံရိပ်တစ်ခုပေါ်လာသည်။
ထိုပုံတွင် ကြီးမားသောပင်လယ်ပြင်မှ လှိုင်းလုံးကြီးများ ကောင်းကင်ယံသို့ တက်လာသည်ကို မြင်လိုက်ရသည်။ တိမ်တိုက်ထဲ တိုးဝင်နေသာ တောင်တန်းကြီးပေါ်မှာတော့ သူ့ ၏အကြီးဆုံးအစ်ကိုဖြစ်သူက အဝေးကနေ ပြေးထွက်လာပြီး တဝေါဝေါဟိန်းဟောက်နေသော မရဏ ပင်လယ်ကို တိတ်တိတ်လေး ကြည့်နေကြောင်းကို သူမြင်လိုက်ရသည်။ သူ့မျက်နှာမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေပြီး သူ့လက်ထဲမှာ သစ်သားပြားတစ်ခုကို ကိုင်ထားသည်။ ထိုသစ်သားပြားပေါ်တွင် ထျန်းရှဲ့ကျီဟူသောစကားလုံးသုံးလုံးရှိသည်။
ထိုသစ်သားပြားက အက်ကွဲကြောင်းများရှိနေပြီး မည်သည့်အချိန်၌မဆို ကွဲကြေသွားမည့်ပုံပေါ်သည်...
ပင်လယ်ရေက တဝုန်းဝုန်းလိမ့်တက်လာပြီး အရှေ့မြေရိုင်းနယ်မြေက တိုက်ကြီးများ အဖြစ်ကွဲထွက်သွသည်နှင့်အမျှ သူ၏ အထီးကျန်ဆန်သော အကြီးဆုံးအစ်ကိုကြီးက ဝမ်းနည်းပူဆွေးစွာဖြင့် လေထဲသို့အရှေ့မြေရိုင်းနယ် ဆီသို့ ပျံသန်းသွားခဲ့သည်။
“ဆရာကြီး.. အကြီးဆုံး အစ်ကိုကြီး...”
စုမင်က အရှေ့မြေရိုင်းနယ်မြေရှိရာ လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။ အရူးအမူး သတ်ဖြတ်လိုစိတ်တစ်ခု သူ့မျက်လုံးထဲတွင် လောင်ကျွမ်းသွားသည်။
သူ ထိုအကြောင်းကို အရမ်းမတွေးချင်ပေ။ထိုအကြောင်းကို များများတွေးလေ၊ အဖြေများများရလေလေ၊ တစ်ခုခုဆုံးရှုံးသွားသကဲ့သို့ ကြောက်နေလေသည်။
သူ့၏ဒုတိယစီနီယာအစ်ကိုက နဝမမြောက်တောင်ထွတ်ကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ကြောင်းပြောသော ကျီယွင်၏စကားကို သူ ရုတ်တရက် နားလည်သွားသည်။ သူ့ဒုတိယစီနီယာအစ်ကိုက နဝမမြောက် တောင်ထွတ်ကို နှစ်သက်သောကြောင့် သူပထမဆုံးကြားလိုက်ရသည့်အချိန်တွင် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။ နဝမမြောက်တောင်ထွတ်က သူ့အိမ်ဖြစ်သည်၊၊ ကောင်းကင်ကြီးပြိုကျသည် သို့မဟုတ် ပြင်းထန်သည့်အရာတစ်ခု မဖြစ်ခဲ့ပါက ၎င်းကို ထားခဲ့မည်မဟုတ်ပေ။
သို့ပေမယ့် သူ ထွက်ခွာသွားပြီး... သူ ဘယ်တော့မှ ပြန်မလာခဲ့ပေ။စုမင်က မူလက သူ့အစ်ကိုဘယ်ကိုသွားသည်ကို တွေးတောနေခဲ့သော်လည်း ယခုတွင် သူ၏ဒုတိယစီနီယာအစ်ကို...အရှေ့မြေရိုင်းနယ်မြေ သို့သွားပြီဖြစ်ကြောင်း သူသေချာပေါက်သိလိုက်သည် ။
သူ ဆရာ့ကို ရှာရန် သွားခဲ့သည်။
သူ့အကြီးဆုံးအစ်ကိုကြီးကလည်း သူတို့၏ ဆရာကို ရှာရန် အကြောင်းပြချက်ဖြင့် ထွက်သွားခဲ့သည်။ သူ့ဒုတိယစီနီယာအစ်ကိုကလည်း ဆရာ့ကိုရှာရန် ထွက်သွားခဲ့တာ ဖြစ်နိုင်သည်။
“ဟူကျီကော.....သူရော နဝမမြောက် တောင်ထွတ်မှာ ရှိနေသေးလား...”
စုမင် တီးတိုးပြောနေလေသည်။
သူက နဝမမြောက်တောင်ထွတ်ကို ပြန်လာရန် ဆန္ဒရှိခဲ့သည်။ ဟူကျီက အနီးနားတွင် ရှိမရှိကို သူသိချင်မိသည်၊ ထို့နောက် သူက အရှေ့မြေရိုင်းနယ်မြေသို့ သွားချင်သည်။ ထိုနေရာမှာ သူ့အစ်ကိုအကြီးဆုံးနဲ့ ဒုတိယစီနီယာအစ်ကိုတို့၏ ခြေရာလက်ရာများကို ရှာ တွေ့လိမ့်မည်။ ထို့နောက် သူတို့က ဆရာ့ကို အတူတူလိုက်ရှာကြလေသည်။
ကျုံးကျီက စုမင်ကိုကြည့်လိုက်သည်။ သူတို့တွေ့ဖူးသော သုံးကြိမ်အတွင်းမှာ မတူညီသည့် ခံစားချက်သုံးမျိုး ပေးခဲ့သော ထိုလူငယ်က နိုင်းလီ၏ သခင်လေးကို ပြန်သတိရစေသည်။ သူက အရှေ့မြေရိုင်းနယ်မြေဆီသို့ ထွက်ခွာသွားသူကို သတိရပြီး သူ့ကိုယ်ပိုင် ဆောင်းဦးပင်လယ်မျိုးနွယ်စု.. ယခု လူစုကွဲသွားသည်ကို သတိရမိသည်။ သူ၏ မျိုးနွယ်စုဝင် အများစုသည်လည်း ကွဲကွဲပြား ပြားဖြစ်နေခဲ့သည်။ ထို့နောက် သူက ယခင်နှစ်အနည်းငယ်ကို သတိရပြီး ငယ်ငယ်က မည်မျှ ကြီးမြတ်ပြီး အံ့သြထိတ်လန့်စေခဲ့သည်ကို သတိရမိသည်။
ကျုံးကျီက တဖြည်းဖြည်း လှည့်၍ လွမ်းဆွေးသောအမူအရာဖြင့် ထွက်ခွာသွားသည်။
ကောင်းကင်က တဖြည်းဖြည်း မှောင်လာသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ လှိုင်းလုံးကြီးလှိမ့်လာသော် တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာသည်။ စုမင်က တောင်ပေါ်တွင် ထိုင်ကာ စကားတစ်ခွန်းမှ မပြောဘဲ အဝေးမှ အမှောင်ထုဆီသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် ဖန်ချန်းလန်က အမှောင်ထုထဲမှ ထွက်သွားကာသူ့နားသို့ ချဉ်းကပ်လာသည်။ သူမက စုမင်ကို ညင်သာစွာ ကြည့်နေသော်လည်း စကားမပြောဘဲ သူ့ဘေးတွင်သာ ထိုင်နေလိုက်သည်။
ပင်လယ်ရေက ည၏တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ လောကကြီးက အမှောင်ထု ဖုံးလွှမ်းသွားသည်။လူနှစ်ယောက်ကြား စကားလုံးမရှိ၊ အကြည့်ချင်းဖလှယ်မှု မရှိခဲ့ပေ။ ဖန်ချန်းလန်က တောင်ပေါ်ရှိစုမင်၏ နံဘေးတွင် တစ်ညတာလုံး တိတ်ဆိတ်စွာနေခဲ့သည်။
ကောင်းကင်ရှိ မီးခိုးရောင်တိမ်တိုက်များမှတဆင့် အလင်းရောင်စတင်ထွန်းလင်းလာသည်။ စုမင်၏စိတ်ထဲတွင် နဝမမြောက်တောင်ထွတ်က အဆက်မပြတ်ပေါ်လာသဖြင့် မျက်လုံးများကိုမှိတ်ထားလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ဟု တိုးတိုးလေးပြောသည်။
ဖန်ချန်းလန်က စကားမပြောပေ။ သူမ အဝေးကို လှမ်းကြည့်လိုက်သည်။ ပတ်ဝန်းကျင်က မှိန်ပျနေသေးသော်လည်း ကောင်းကင်ကြီးကတော့ အများကြီး ပိုတောက်ပနေပါသေးသည်။ သူမ ခေါင်းယမ်းလိုက်သည်။
“မင်း တောင်ပိုင်းစိမ့်မြေကျွန်းမှာ မနေချင်ရင် ကျီယွင် နဲ့တူတူကံကြမ္မာမျိုးနွယ်စုကျွန်းကို သွား နေလို့ရတယ်..ဘယ်မှာလဲဆိုတာ သူမ သိတယ်”
စုမင်က မျက်လုံးဖွင့်ပြီး တစ်ညလုံး အတူထိုင်နေခဲ့သော အမျိုးသမီးကို ကြည့်လိုက်သည် သူမ၏မျက်နှာသည် အလွန်လှပသည်။
“ရှင် ကျွန်မအတွက် စိတ်ပူနေဖို့ မလိုပါဘူး..ကျွန်မရဲ့ ကျင့်ကြံမှုနယ်ပယ်က မမြင့်သေးပေမယ့် ကျွန်မအစီအစဉ်တွေ အများကြီး ပြင်ဆင်ထားတယ်.. အဲဒါတွေ အကုန်လုံးကို သေသေချာချာစီစဉ်ထားတယ်... ကျွန်မမဖြေရှင်းနိုင်တဲ့အန္တရာယ်တွေ ကြုံမှာ မဟုတ်ဘူး..”
“ဒါပေမယ့် ရှင်… အဲဒီကောက်ညှင်းလမုန့်ကျွန်း...…”
ဖန်ချန်းလန်က ခေါင်းကို လှည့်လိုက်ပြီး စုမင်ကို လှပသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
“ ယွမ်လွမ်က ထူးဆန်းတဲ့ ရတနာတစ်ခုကို သန့်စင်နေတာ ကျွန်မသိတယ်.. အဲ့ဒါကို အပြည့်အဝအသက်သွင်းနိုင်ဖို့ကျွန်မရဲ့မြင့်မြတ်သောကျင့်စဥ်တွေကို လိုအပ်နေတာ.. ဒီရတနာရဲ့ မူလဇစ်မြစ်ကို မသိရသေးပေမယ့် ရှင်ဒီကို ယူလာခဲ့ရင်…”
ဖန်ချန်းလန်က ချက်ချင်းပြောလိုက်သည်။စူမင်က သူ့မျက်နှာမှာ စိုးရိမ်မှုများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
“ငါ့အတွက် မလိုအပ်ပါဘူး.. မင်းရဲ့မြင့်မြတ်တဲ့ကျင့်စဥ်တွေကို အပြည့်အဝအသက်သွင်းဖို့ လိုအပ်တာကြောင့် မင်းလည်းသုံးလို့ရတယ်”
“ဒါပေမဲ့...”
ဖန်ချန်းလန်၏ စိုးရိမ်စိတ်များ မြှင့်တက်လာချိန်တွင် စုမင်၏
နှုတ်ခမ်းမှာ အပြုံးတစ်ခုပေါ်လာသည်။ထိုအပြုံးက သိပ်မထင်ရှားသော်လည်း ယုံကြည်မှုရှိနေလေသည်။
“မင်းမြင်ခဲ့ရတာက အနှစ်နှစ်ဆယ်အမှတ်တရတွေရဲ့ အပိုင်းအစတွေပဲလေ..မင်းအားလုံးကို မမြင်ရဘူး”
သူမကို ကြည့်လိုက်ရင်း သူ့နှုတ်ခမ်းမှာ အပြုံးက နေရာယူဆဲပင်ဖြစ်သည်။
ဖန်ချန်းလန်က အံ့အားသင့်သွားသည်။ယွမ်လွမ်က စွမ်းအားရှိသော်လည်း စုမင်ကို လုံးဝပြန်မတိုက်ခိုက်နိုင်ပုံကို သူမ လျင်မြန်စွာ သတိရမိသည်။ ထိုစွမ်းအားမျိုးသည် ဖန်းကန်လန်၏ နားလည်
နိုင်စွမ်းထက်ကျော်လွန်နေပြီဖြစ်သည်။
“ရှင်... ရှင့်ရဲ့ကျင့်ကြံမှု အဆင့်က ဘယ်လိုလဲ”
ဖန်ချန်းလန်က တိုးတိုးလေးမမေးမီ ခဏတာ ငြိမ်သက်နေခဲ့သည်။
“ရိုးရေးစတေးနယ်ပယ်”
စုမင်က သူမဘက်ကို လှမ်းကြည့်သည်။
“မဖြစ်နိုင်ဘူး...”
ဖန်ချန်းလန်က မျက်လုံးပြူးသွားသည်။ မှောင်မိုက်သော အလင်းတန်းတစ်ခု ထွန်းလင်းတောက်ပလာပြီး ညာလက်ကို မြှောက်လိုက်သောအခါ ကျောက်စိမ်းဦးခေါင်းခွံက သူမ၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ သူမ ဘယ်လက်ကို မြှောက်လိုက်ပြီး စုမင် ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
စုမင်က သူမကို မတုန်လှုပ်ခဲ့ပေ။ ခဏအကြာတွင် ဖန်းချန်လန်က တုန်လှုပ်သွားပြီး မျက်လုံးများပွင့်လာသည်။
“ဖယောင်းနဂါးရဲ့ကောင်းချီး... ရှင့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအားလုံးကို သန့်စင်ထားတာလား...”
သူမ တိုးတိုးတိတ်တိတ်ပြောပြီး စုမင်ကို မယုံကြည်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
စုမင်က စကားမပြောပေ။ သူက ရိုးရိုးသာ ခေါင်းညိတ်ပြသည်။
အချိန်အတန်ကြာပြီးနောက် ဖန်ချန်းလန်က သူမ၏ ထိတ်လန့်မှုမှ ပြန်လည်သက်သာလာခဲ့သည်။ သူမ သူ့ကိုကြည့်ရင်း မျက်လုံးတွေ ပိုတောက်ပလာသော်လည သူမ အနည်းငယ် ချီတုံချတုံ ဖြစ်နေပုံရသည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်နှင့် ခဏအကြာတွင် သူမ၏ မျက်နှာပေါ်တွင် ကြမ်းတမ်းသော အမူအရာ ပေါ်လာပြီး သူမ တိုးတိုးလေး ပြောလာသည်။
“စုမင် ကျွန်မတို့စတွေ့တုန်းက မှတ်မိသေးလား.. အဲဒီတုန်းက ကျွန်မအစ်ကိုရဲ့နေရာကနေ ထွက်သွားတော့ ရှင်ရဲ့အမှတ်တရတွေကို မြင်ခဲ့တယ်”
စုမင် ငြိမ်သက်သွားသည်။ သူ ထိုအဖြစ်အပျက်များကို အဘယ်ကြောင့် မေ့သွားနိုင်ခဲ့သနည်း။စုမင်က သူနားမလည်နိုင်သော စကားလုံးများ ရေရွတ်နေ
သောသူမကို ကြည့်နေခဲ့သည်။
“ကံကြမ္မာ..…”
“ရှင်...သိပြီးပြီလား”
လွန်ခဲ့သည့်နှစ်များက သူမ၏မျက်လုံးထဲတွင်သနားစိတ်ပေါ်လာခဲ့သော တိုးတိုးလေးမေးလာပြန်သည်။
“ရှင့်ဘဝရဲ့အနှစ်ငါးဆယ်အတွင်းမှာ… ရှင်မသေခင်အထိ သံကြိုးနဲ့ချည်နှောင်ထားခံရတာကို မြင်ခဲ့ သေးတယ်…”
သူမနှလုံးသားထဲမှာ အနှစ်နှစ်ဆယ်ကြာအောင် လျှို့ဝှက်ထားပြီးနောက်ဖန်းချန်လန်က စုမင်ကို ထို အကြောင်း ပြောပြခဲ့သည်
“သူတို့က ရှင့်ကို ကံကြမ္မာ လို့ ခေါ်တာ ကျွန်မမြင်တယ်... ရှင့်ကို အကြိမ်ရာနဲ့ချီ သေဆုံးနုလည်း တွေ့ခဲ့တယ်...နက်မှောင်တောင်လို့ ခေါ်တဲ့ နေရာကို ငါတွေ့ခဲ့တယ်၊ ကျွန်မ ဆက်ကြည့်ပေမံ့ တခြားလောကက စွမ်းအားတစ်ခုက ငါ့စွမ်းရည်ကို တားဆီးပစ်လိုက်တယ်...”
“အဲဒီစွမ်းအားက ပြင်းထန်လွန်းတယ်..အဲဒါကို ပြန်တိုက်ဖို့ ငါမျှော်လင့်ချက်မရှိဘူး.. အဲဒါကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ စွမ်းအားကို ခံစားနိုင်တယ်..ကျွန်မ မမြင်သင့်တဲ့အရာကို မြင်လို့ထင်တယ်..”
“ဒါပေမယ့် အမည်မသိ အကြောင်းရင်းတစ်ခုကြောင့် ဒီစွမ်းအားက ငါ့ရဲ့ဖြစ်တည်မှုကို ချေမှုန်းပစ်ချင်နေတယ်...”
ဖန်ချန်းလန်က တီးတိုးရေရွတ် နေလေသည်။စုမင်၏လက်ကို ဆုပ်ကိုင်ထားဆဲပင်ဖြစ်သည် ၊ သူမ မျက်လုံးများကို နောက်တစ်ကြိမ်မှိတ်လိုက်သည်။
သူမလုပ်လိုက်သည်နှင့် စုမင် ၏ ခေါင်းထဲမှာ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ စီးဆင်းနေ သောပုံရိပ်များက သူ့စိတ်ထဲမှာပေါ်လာသည်။ ထိုပုံများက ဖန်းချန်လန်အတိတ်ကို မြင်ဖူးသမျှအရာများဖြစ်သည်။
“ဒီအနှစ်နှစ်ဆယ်အတွင်းမှာ ကျွန်မရဲ့ကျင့်ကြံမှုအဆင့်က မယုံနိုင်လောက်အောင် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်.. အဓိကအကြောင်းအရင်းက ရှင့်ရဲ့အမှတ်တရတွေကို ငါဖတ်နေချိန်မှာ ငါ့ကိုဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ စွမ်းအားကြောင့်ပဲ.. အဲ့ဒါက ပျောက်ကွယ်မသွားဘဲ ကျွန်မထဲမှာကျန်ရစ်ခဲ့တာကို ဖြည်းဖြည်းချင်း သိလိုက်ရတယ်…”
“ကျွန်မ ရှင့်ကိုကူညီချင်တယ်.. ရှင့်ဆုံးရှုံးသွားခဲ့တာတွေကို ပြောပြချင်တယ်၊ ရှင့်ရဲ့စစ်မှန်တဲ့အမှတ်တရတွေ ဘယ်လောက်ပြောင်းလဲသွားပြီလဲ ဒါမှမဟုတ် တံဆိပ်ခတ်ခံထားရတယ်.. အဲဒါကြောင့် ဒီစွမ်းအားတွေနဲ့ ပေါင်းစပ်ဖို့ ကျွန်မအရမ်းကြိုးစားလေ့ကျင့်နေတာပါ... ပြီးပြည့်စုံတဲ့အဆင့်မရောက်မချင်း လေ့ကျင့် နေခဲ့တာ...တစ်နေ့နေ့ကျရင် ကျွန်မ ရှင့်ကိုငါသေချာပေါက်ကူညီနိုင်လိမ့်မယ်လို့ အမြဲယုံကြည်ခဲ့တယ်...”
“ရှင် ကျွန်မကိုယုံရင် ရှင်ရဲ့အတိတ်အမှတ်တရတွေကို နောက်တစ်ခေါက်ပြန်ကြည့်မယ်…”
ဖန်ချန်းလန်၏ ရေရွတ်သံများက စုမင်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ တိတ်ဆိတ်စွာဖြင့်၊ သူက တဖြည်းဖြည်း စိတ်ကို ဖြေလျှော့လိုက်ပြီး ဖန်းချန်လန်၏ လမ်းညွှန်မှုအောက်တွင်၊ သူတို့နှစ်ဦးက အတိတ်ဆီသို့ ပြန်သွားကြသည်။
စုမင်၏မျက်လုံးများရှေ့တွင်၊ သံကြိုးများဖြင့်ချည်နှောင်ထားခံရသောသူ၊ ကြီးမားသောဦးခေါင်း၊ ခေါင်းပေါ်တွင်ထိုင်နေသူနှင့်ထိုစာကြောင်းတစ်ကြောင်းပေါ်လာသည်..။
“မင်းက ငါ့ကို တကယ်စိတ်ပျက်
စေတာပဲ...”
အချိန်မည်မျှကြာသွားသည်ကို သူမသိသော်လည်း အခိုက်တန့်တစ်ခုတွင်စုမင်၏ မျက်လုံးများပွင့်လာပြီး သူ့ရှေ့ရှိဖန်းချန်လန်က တဆတ်ဆတ် တုန်လှုပ်သွားခဲ့သည်။ သူမပါးစပ်မှ သွေးများစီးကျလာသည်။
စုမင်က ဘယ်လက်ကို ဆန့်တန်းပြီး သူမကို ပွေ့ပြီးနောက် သူမထိုင်ရာနေရာသို့ လက်သီးဖြင့် ထိုးလိုက်သည် ။
ထိုလက်သီးတစ်ချက်က လေထုကို ချက်ချင်း ကမောက်ကမ ဖြစ်စေခဲ့သည်။ အဝေးတစ်နေရာမှ အေးစက်ပုံရသော တုန်လှုပ်ချောက်ချားမှုတစ်ခု ရုတ်တရတ် ထွက်လာခဲ့သည်။