အကြီးအကဲ ခင်ဗျားက ဘယ်သူလဲ..
Vol. 38 Ch. 527
စုမင်က ချက်ချင်းပင် ထိုလက်သီးကို ရှေ့သို့ ပစ်လွှတ်လိုက်ပြီး လေထဲမှ အေးစက်သော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်သော ပေါက်ကွဲသံက လေထဲမှာ ပဲ့တင်ထပ်နေလေသည်။ ပြင်းထန်သော တုန်လှုပ်ချောက်ချားမှုတစ်ခုက စုမင်၏တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပြီးသည်။တဖျစ်ဖျစ်မြည်သံများနှင့်ကွဲကြေသွားမည့်အသံများက သူ့တစ်ကိုယ်လုံးမှ ထွက်ပေါ်လာသည်။စုမင်က ဖန်းချန်လန် ကို ပွေ့ဖက်ထားရင်း မဆိုင်းမတွ နောက်ပြန်ဆုတ်ကာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါတွင် ၎င်းတို့က ပေထောင်နှင့်ချီဝေးနေပြီဖြစ်သည်။
ဖန်ချန်းလန်၏မျက်နှာက ဖြူဖျော့သွားသော်လည်း သူမ၏မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်တစ်ခုကို မြင်တွေ့နိုင်သည်။စုမင်က သူမကို ပွေ့ထူလိုက်သောအခါတွင် သူမက ထိတ်လန့်တကြားမဖြစ်ဘဲ ရှေ့သို့ ညွှန်ပြလိုက်သည်။
တောင်ပိုင်းစိမ့် မြေကျွန်းအပြင်ဘက်ရှိ အလင်းလွှာ အကာအကွယ်က နေရာအရပ်ရပ်သို့ ပြန့်ကျဲသွားကာ တောက်ပသောအလင်းရောင်ဖြင့် စတင်ထွန်းလင်းလာသည်။ထို့နောက် တစ်နေရာသို့ စုစည်းကာ စုမင်ရှေ့တွင် ပုံရိပ်ယောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
စုမင်နှင့်ထိုအလင်းတန်းများ အချင်းချင်း ထိတိုက်မိသွားကာ လေထဲတွင် တဟုန်းဟုန်း ပေါက်ကွဲသံများထွက်ပေါ်လာသည်။ စုမင်က ဖန်ချန်းလန်၏လက်ကို ခဏလွှတ်လိုက်ရသည်။ သူ၏ရိုးရေ စတေးစွမ်းအားအားလုံးက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပုံရိပ် ယောင်ဆီသို့ ခြေတစ်လှမ်းတိုးခဲ့သည်။
ထိုခြေလှမ်းကို လှမ်းပြီးခါနီးတွင် ဖန်းချန်လန်က ထိုနေရာမည်မျှအန္တရာယ်ရှိသည်ကို ဂရုမစိုက်ဘဲ ဘေးနားတွင် ချက်ချင်းထိုင်ချလိုက်သည်။စုမင် အာရုံထွေပြားလာမည်ကို သူမ မစိုးရိမ်ခဲ့ပေ။ ယင်းအစား သူမမျက်လုံးများကိုမှိတ်ထားကာ အမည်မသိကျင့်စဥ်အချို့ကို အသက်သွင်းပြီးနောက် သူမက ရုတ်တရက် အော်ပြောခဲ့သည်။
“သူရဲ့ဘယ်ဘက် သုံးဆယ့်နှစ်လှမ်း.. ညာဘက်မှ ခုနစ်ဆယ့်ကိုးလှမ်း.. သူ့ရှေ့မှ နှစ်ရာလေးဆယ့်ရှစ်လှမ်း ဒါတွေက သူရဲ့တည်ရှိတဲ့ အတိုင်းအတာနယ်ပယ်တွေပဲ...”
ဖန်ချန်းလန်က ထိုစကားများကို ချက်ချင်းပြောပြီးနောက် စုမင်ဆီသို့တစ်ရှိန်ထိုးဝင်လာသောဖောက်ထွင်းမြင်ရသည့်ပုံရိပ်ယောင်၏မျက်လုံးများ တောက်ပလာသည်။ထို့နောက် သူမဆီသို့ တည့်တည့် ကြည့်လိုက်သည် ။ ထိုပုံရိပ်ယောင်ကနီးကပ်လာသောအခါ စုမင်၏ ခန္ဓာကိုယ်အနှံ့ ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။ ပုံရိပ်ယောင် ၏ဘယ်ဘက်နှင့် သုံးဆယ်နှစ်လှမ်းပေအကွာရှိ နေရာကို ညွှန်ပြလိုက်သည်။ ကွဲအက်သံတစ်ခုက လေထဲတွင် ချက်ချင်း ထွက်ပေါ်လာပြီး ဖောက်ထွင်းမြင်ရသောပုံရိပ်ယောင်က ခဏတာ အေးခဲသွားသည်။
အေးခဲသွားသည်နှင့် တပြိုင်နက် စုမင်က သူ၏ညာလက်ကို ချထားပြီး ညာခြေဆီသို့ဖိချလိုက်သည်။ ပြင်းလှစွာသောစွမ်းအားက ပုံရိပ် ယောင်၏ညာဘက်မှ ခုနစ်ဆယ့်ကိုးလှမ်းအကွာရှိနေရာသို့ ရွေ့သွားသည်။ ကျယ်လောင်သောအသံများက လေထဲတွင် ပဲ့တင်ထပ်ကာကွဲအက်သံများ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ဖောက်ထွင်းမြင်ရသောပုံရိပ်ယောင်က ခပ်အုပ်အုပ်ဟစ်အော်သံ ထုတ်လွှတ်ကာ စည်းတံဆိပ်ခတ်တော့မည်ကဲ့သို့ သူ့လက်များကို မြှောက်ထားသည်။ သူက စုမင်ကို ဆက်မတိုက်ခိုက်ဘဲ ဖန်းချန် လန်တည်ရှိရာကို သူ့လက်ဖဝါးရိုက်ချက်များ စေလွှတ်လိုက်သည် ။
ထိုအချိန်တွင် စုမင်က သူ၏ဘယ်လက်သီးဖြင့် ထိုပုံရိပ်ယောင်မပေါ်မီတတိယအတိုင်းအတာနယ်ပယ်...နှစ်ရာလေးဆယ့်ရှစ်လှမ်းဘက်မြင်နေရာဆီသို့ တည့်တည့်ပစ်လွှတ်လိုက်သည်။ သူ့လက်သီးချက်ချင်း ရောက်ရှိသွားသည်နှင့် ဖောက်ထွင်းမြင်ရသောပုံရိပ်ယောင်က ဟင်းလင်းပြင်က ပျက်စီးသွားသကဲ့သို့ပုံပျက်တွန့်လိမ်သွားသည်။ ထို့နောက် ကြီးမားသောစုပ်ယူမှု စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ထိုပုံရိပ်ယောင်ကို ချက်ချင်း စုပ်ယူသွားကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ပုံရိပ်ယောင်ပျောက်ကွယ်သွားသော်လည်း၊ သတ်ဖြတ်လိုစိတ်ချိပ်စည်းကပ်ထားသော လက်ဖဝါးရိုက်ချက်မှုက ဖန်းချန်လန်ကိုထိမှန်တော့မည်ဖြစ်သည်။
ဖန်ချန်းလန်၏ စွမ်းအားဖြင့်၊ သူမက ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ သူမ ခေါင်းကိုမော့ပြီး စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။သူ့နှုတ်ခမ်းကပြုံးနေသော်လည်း သူ့အကြည့်များက စုမင်နှင့်မခွဲချင်သယောင်ပြနေလေသည်။
အရာအားလုံး ကျဉ်းထဲကျပ်ထဲရောက်နေစဉ် စုမင်၏ မျက်လုံး
များမှာ စူးရှသောအလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့၏ညာလက်ကို မြေပြင်ဆီသို့ ဆန့်ထုတ်ရင်း သူ့ဘယ်လက်ကို ကောင်းကင်ဆီသို့ ညွှန်ပြလိုက်သည်။
“အတိတ်… အနာဂတ်…”
စုမင် တိုးတိုးပြောနေစဉ်တွင် သူ့ကိုယ်မှ ပုံရိပ်များက ထပ်နေပြီး တစ်ခုနှင့်တစ်ခု ဖြတ်သွားသည်။ သူတို့ပတ်ဝန်းကျင် အချိန်မှာ နောက်ပြန်ဆုတ်သွားပုံရပြီး လောကကြီးတစ်ခုလုံး ခဏရပ်တန့်သွားသည်။ ဖန်းချန်လန် ပေါ် လက်ဝါးရိုက်ချက်က ရပ်တန့်သွားပြီး နောက်ပြန်ဆုတ်သွားသည်။
စုမင်က မတွန့်ဆုတ်ပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဖန်ချန်းလန် ရှေ့မှာ ပေါ်လာသည်။ သူ့ညာလက်ကို မြှောက်လိုက်သောအခါ၊ အချိန်က ပြန်လည်ပတ်လာပြီး ထိုခဏလေးအတွင်းမှာပင် သူတို့ပတ်ဝန်းကျင်ရှိအရာအားလုံး၏ လှုပ်ရှားမှုများက အသက်ဝင်လာကာ ၎င်းတို့ဆုံးရှုံးသွားသည့်အချိန်ကို အမီလိုက်ချင်နေသကဲ့သို့ ဖြစ်နေသည်။
လက်ဝါးရိုက်ချက်က စုမင် ၏ညာဘက်လက်ထဲသို့ ကျရောက်သွားသည်။ တုန်လှုပ်ချောက်ချားစရာပဲ့တင်ထပ်သံများက လေထုထဲတွင် ပျံ့နှံ့လာသည်။စုမင်၏ ပါးစပ်မှ သွေးများ စီးကျလာသော်လည်း သူသည် ထိုနေရာတွင် ဆက်လက်ရပ်နေလေသည်။ သူ့နောက်တွင် အသက်အန္တရာယ် အကျပ်အတည်းနှင့် ကြုံတွေ့နေရသော အမျိုးသမီး မှာ ဖန်ချန်းလန်ဖြစ်သည် ။
ဖန်ချန်းလန်က သူမရှေ့ကို မင်တက်မိ နေသောအမူအရာဖြင့် စိုက်ကြည့်နေသည်။ကုန်ဆုံးသွားသည့် အခိုက်အတန့်တိုင်းတွင် သူမ၏မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့မှု အားကောင်းလာသည်။
ထိုလက်ဝါးရိုက်ချက် ပျောက်ဆုံးသွားခြင်းကြောင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ လေထုက ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထူးဆန်းသည်မှာ ဤနေရာ၌ ဤမျှပြင်းထန်သော ဝဲဂယက်ကြီးများနှင့် လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ရှိနေသော်လည်း တောင်ပိုင်းစိမ့် မြေကျွန်းရှိ မည်သူမျှ မသိလိုက်ပေ။ သူတို့ မကြားရသလို ဘာမှ မခံစားရသလိုပင်ဖြစ်သည်။
“အဲ့ဒါက အရင်က ကျွန်မပြောခဲ့တဲ့ စွမ်းအားပဲ.. ဒါပေမယ့် အရင်အကြိမ်ကထက်စာရင် နည်းနည်းပိုဉာဏ်ကောင်းလာတယ်...”
ဖန်ချန်းလန်က တိုးတိုးလေးပြောပြီး မတ်တပ်ထရပ်သည်။ထို့နောက် စုမင်ထံလျှောက်သွားကာ ပါးစပ်ထောင့်မှ သွေးများကို သုတ် ပေးလိုက်သည်။
သို့သော် သူမ၏လက်များက စုမင်၏သွေးများကိုထိလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏လက်ချောင်းပေါ်ရှိ သွေးများက ပုပ်ပွသွားပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပင် မည်းသွားတော့သည်။ မကြာခင်မှာပင် မရဏအရှိန်အဝါက ပျံ့နှံ့သွားပြီး စုမင်နှင့်ဖန်းချန်လန် နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ရသည်။
သူမက မျက်လုံးအပြူးသား ဖြစ်သွားသည်။သူမ စုမင်ဆီသို့ ခေါင်းမော့ကြည့်လိုက်သောအခါ သူ့မျက်လုံးများတွင် ဝမ်းနည်းမှုအရိပ်အယောင်ကို တွေ့လိုက်ရသည်။
သူမ၏ ရင်ဘတ်က တဒုန်းဒုန်းခုန်နေသော်လည်း သူမမေးခါနီးတွင် စုမင်က မျက်လုံးမှိတ်လိုက်သည်။
စုမင်က ထိုဖောက်ထွင်းမြင်ရသောပုံရိပ်ယောင်နှင့် မရင်းနှီးပေ။ သူက ထိုပုံရိပ်ယောင်ပေါ်ရှိ တိထျန်း၏ အ ငွေ့အသက်ကို ယခုပင် ခံစားလိုက်ရသည်။သို့သော် ထိုတည်ရှိမှုက မယုံနိုင်လောက်အောင် မှေးမှိန်နေပြီး အချိန်ခရီးသွားကာ အတိုင်းအတာနယ်ပယ်တစ်ခုမှထွက်ပေါ်လာသကဲ့သို့ ခံစားရသည်။
ဖန်းချန်လန်က စုမင်၏အမှတ်တရများအတွင်း ပိုမိုနက်ရှိုင်းစွာ စူးစမ်းကူညီရန် ကြိုးပမ်းမှုတွင် သူမ၏မြင့်မြတ်သောကျင့်စဥ်ကို အသက်သွင်းလိုက်သောအခါတွင် ၎င်းတို့ကမအောင်မြင်ခဲ့ဘဲ တိထျန်း၏တည်ရှိမှုကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။ အကယ်၍ စုမင်သာ ယခင်ပုံစံကဲ့သို့ အားနည်းပါက ဖန်းချန်လန်က ကျိန်းသေအသက် ပျောက်မည်ဖြစ်သည်။
“အချိန်ခရီးသွားအတိုင်းအတာနယ်ပယ်... အဲ့ဒီနေရာနဲ့ ချိတ်ဆက်ထားတဲ့ အတိုင်းအတာသုံးစခုရဲ့ နာမည်က အဲလို ဖောက်ထွင်းမြင်ရတဲ့ပုံရိပ်ယောင်ကို ဒီကို လာခွင့်ပေးတဲ့ နာမည်လား..”
စုမင်က မျက်လုံးဖွင့်ပြီး ဖန်းချန်လန်ဆီသို့ ကြည့်လိုက်သည်။
“သူတို့အကြောင်း ဘယ်လိုလေ့လာခဲ့တာလဲ..”
ထို့နောက် သူအေးအေးဆေးဆေး မေးလိုက်သည်။
“ကျွန်… ကျွန်မလည်း မသိဘူး.. သူရောက်လာတာကို သတိထားမိလိုက်တာနဲ့ သူ့ပတ်ဝန်းကျင်မှာ အဲဒီနေရာလေးခုကို တွေ့လိုက်ရတယ်.. သူ ဒီနေရာကို ရောက်ဖို့ အဲဒီအတိုင်းအတတာသုံးခုကိုလည်း သုံးထားပုံရတယ်...”
“သူနဲ့ အဲဒီနေရာ သုံးခုကြားက အကွာအဝေးက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး..”
ဖန်းချန်လန် တိုးတိုးလေးပြောရင်း သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပေါ်လာသည်။ စုမင်၏ သွေးများ မည်းမှောင်လာသည်ကို သူမ၏လက်ချောင်းပေါ်ရှိ မရဏ အရောင်အဝါအဖြစ်သို့ မပြောင်းလဲမီတွင် သူမက ခံစားမိရဆဲဖြစ်သည်။
စုမင်၏အမူအရာမှာ ပိုမိုရှုပ်ထွေးလာသည်။ ဖန်းချန်လန်ပြောခဲ့သည့် အတိုင်းအတာသုံးခုနှင့်အတူ မရဏအရောင်အဝါ အဖြစ်သို့ ပြောင်းလဲသွားသော သူ၏သွေး မြင်ကွင်းက သူ့ခေါင်းထဲတွင် ထပ်ခါထပ်ခါပေါ် လာသည်။
အချိန်အတော်ကြာပြီးနောက် ဖန်းကန်လန်သည် ဆူမင်းဆီသို့ လှမ်းကြည့်ကာ သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
မင်းရဲ့သွေးတွေက ငါ့လက်ထဲကို ဘာလို့ဒီလိုပြောင်းလာတာလဲ”
“ငါ ပင်ပန်းနေပြီ..ချန်လန်”
ထို့နောက်စုမင်က ငြိမ်သက်သွားပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
ဖန်းချန်လန်က သူမအနားတွင် အကြာကြီး ငြိမ်သက်စွာ ရပ်နေခဲ့သည်။ စုမင်မှာ ယခင်က သူမသိခဲ့သောစုမင် နှင့် မတူကြောင်း တွေ့ရှိလာခဲ့သည်။ ယခုအချိန်မှာတော့ သူ့ ၏ခံစားချက်များက အဆက်မပြတ်ပြောင်းလဲနေပြီး ခင်မင်ရင်းနှီးမှုနှင့် ဝေးကွာနေသောအခိုက်အတန့်တွေများကို ဖြတ်ကျော်သွားခဲ့သည်။
‘ဒါတွေအားလုံးက ငါ့လက်ချောင်းပေါ်က မရဏအငွေ့အသက်အဖြစ် ပြောင်းလဲသွားတဲ့ သူ့ရဲ့သွေးနဲ့ ဆက်စပ်နေရမယ်.. ဒီနောက်ကွယ်က အကြောင်းရင်းကို ငါသေချာရှာရမယ်...”
ဆုံးဖြတ်ချက်ခိုင်မာမှုက ဖန်းချန်လန်၏ မျက်လုံးများတွင် ပေါ်လာသည်။ သူမ လှည့်ထွက်မသွားခင်စုမင်ကို တစ်ချက်ကြည့်လိုက်သည်။
သူမထွက်သွားသော် စကားတစ်ခွန်းကြားလိုက်သည်။
“ကျေးဇူးတင်ပါတယ်..ချန်းလန်”
စုမင်က တိထျန်း၏ ကျွန်အဖြစ်ဖမ်းခံရစဥ်က၏ အမှတ်တရများကိုကြည့်ရှုရန် ဖန်းချန်လန်အား၏ကျင့်စဉ်ကို အသုံးပြုရန် မူလကစီစဉ်ထားသည်။သို့သော်လည်း ယခုမြင်လိုက်ရသောမြင်ကွင်းသည် ထိုစိတ်ကူးကို ခေတ္တလက်လွှတ်လိုက်ရသည်။
ဤကိစ္စတွင် မထင်မှတ်ထားသော အခြေအနေများ ဖြစ်ပေါ်လာရန် လွယ်ကူလွန်းလှသည်။ တိထျန်း၏ အငွေ့အသက်ပါရှိသည့် ဖောက်ထွင်းမြင်ရသောပုံရိပ်ယောင်ကို ၎င်းတို့ ထပ်မံ ဆွဲဆောင်ပါ ဖန်းချန်လန်၏လက်ရှိကျင့်ကြံမှုနယ်ပယ်ဖြင့် ကာကွယ်ရန် ခက်ခဲမည် ဖြစ်ကြောင်း စုမင် သိထားသည်။
သူက ငြိမ်သက်စွာထိုင်ပြီး ကောင်းကင်ကြီးကို ကြည့်လိုက်သည်။နေ့သစ်ကို ကြိုဆိုရန် အမှောင်ထုကြီးက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ဤရက်အနည်းငယ်အတွင်း ကျွန်းသားများသည် ကျုံးကျီ၏ စီစဉ်မှုအောက်တွင် မှော်အစီအရင်ကို ထပ်ခါတလဲလဲ စွမ်းအားပေးခဲ့ကြသည်။ သူတို့က ကျွန်းကို ပင်လယ်အောက်ခြေသို့ တစ်ဖန် နစ်မြုပ်စေရန် ကြိုးစားခဲ့ကြသည်။ ထို့သို့လုပ်ရန်မှာ မဖြစ်နိုင်ပေ။ သို့ပေမယ့် သူတို့ အချိန်လိုအပ်လေသည်။
စုမင်က ဖန်းချန်လန်အတွက် စိတ်မပူပေ။ ဤအမျိုးသမီးသည် လွန်စွာပြောင်းလဲသွားခဲ့ပြီး သူ့အပေါ် အမြင်မှာ ယခင်ကထက် များစွာပြောင်းလဲသွားခဲ့သည်။ သူမ၏ ဉာဏ်ရည်ဉာဏ်သွေး သို့မဟုတ် သူမ၏ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်က အရေးမကြီးပေ။ ဤအရာများက သူမ၏ ထူးဆန်းမြင့်မြတ်သော ကျင့်စဥ်များနှင့်အတူ သူမ၏ကျင့်ကြံမှုနယ်ပယ်က နိမ့်သော်လည်း၊ သူမ ဘေးကင်းစေရန်အတွက် လုံလောက်ပါသည်။
နောက်ဆုံးတော့ သူမက ရိုးရေစတေးနယ်ပယ်မှာရှိသော်လည်း မာန်စိတ်ဝိညာဉ်နယ်ပယ်အလယ်လတ်အဆင့်ရှိ ကျင့်ကြံသူကို သတ်ရန် ကြိုးစားရဲတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ စုမင်ကတော့ ထိုကဲ့သို့လူမျိုးကို လျှော့မတွက်ဝံ့ပေ။
ထို့အပြင်…
“မင်းလိုလူကို ဒါပထမဆုံးတွေ့ဖူးတာဘဲ...မင်းနဲ့တူတဲ့မာန်ကျင့်ကြံ တွေရဲ့ပြည်မှာ ဘယ်နှစ်ယောက်ရှိနေပြီလဲလို့ တွေးမိတယ်”
စုမင်က သူ့ကိုယ်သူ တီးတိုးပြောဆိုမိသည်။
ဖန်းချန်လန်၏လက်ချောင်းပေါ်ရှိ မရဏအငွေ့အသက်က ချက်ချင်းပြောင်းလဲသွားကာ သန့်စင်စစ်မှန်သောမြင့်မြတ်သောယဉ်ဘုံမှ ရှေးဟောင်းကြေးဝါဓားဖြင့် ပျံသန်းထွက်လာသည့်အခိုက်အတန့်ကို သတိရမိသည်၊ သူက ကြယ်များနှင့် နဂါးငွေ့တန်းကြီးကို မြင်လိုက်ရသည့်အခိုက် မရဏလှိုင်းလုံးကြီးဖြင့် နစ်မြုပ်သွားသည်။
ထိုခံစားချက်ကို အကြိမ်ပေါင်းများစွာ လျှော့ချပြီး သွေးတစ်စက်အဖြစ် ပြောင်းလဲသွားပါက ဖန်းချန်လန်၏ လက်ချောင်းပေါ်တွင် ယခုမြင်တွေ့နေရသည့်အတိုင်းပင် ဖြစ်လိမ့်မည်။
“၃၂၊ ၇၉၊ ၂၄၈…”
စုမင်သည် အဝေးက ကောင်းကင်နှင့် ပင်လယ်ကို ချိတ်ဆက်ထားသော မိုးကုပ်စက်ဝိုင်းကို ကြည့်ပြီး အသက်ရှုသံများ ရှူးရှူးရှဲရှဲမြည်လာသည်။ ကုန်ဆုံးသွားသည့်အခိုက်အတန့်တိုင်းတွင် သူ၏အမူအရာမှာ ပိုမိုရှုပ်ထွေးလာကာ အချိန်ခရီးသွားအတိုင်းအတာနယ်ပယ်ဟုခေါ်သည့် ထိုအတိုင်းအတာသုံးခုလုံးကို သူပြောနေချိန်တွင် သူ့မျက်လုံးထဲတွင် လွမ်းဆွတ်သောအကြည့်တစ်ခု ပေါ်လာသည်။
ဖန်ချန်းလန်က ထိုအတိုင်းအတာသုံးခုကို ဦးစွာပြောသောအခါ စုမင်က ထိုအကြောင်း သိပ်မတွေးခဲ့ပေ။ သူ့သွေးက မရဏရောင်ဝါအဖြစ်သို့ ပြောင်းလဲသွားသောအခါ အံ့အားသင့်သွားပြီး ထိုဂဏန်းသုံးလုံးက သူ့ခေါင်းထဲတွင် အဆက်မပြတ်ပေါ်လာတော့သည်။
ဤဂဏန်းသုံးလုံးကို ရင်းနှီးသည်ဟု မရေမတွက်နိုင်သော ခံစားချက်မျိုးရှိခဲ့သည်။ အလွန်ရင်းနှီးသည်… ထိုရင်းနှီးကျွမ်းဝင်မှုခံစားမှုသည် သူ၏စိတ်ဝိညာဉ်တွင် ထွင်းထုထားသကဲ့သို့ဖြစ်ပြီး သူ၏အရိုးများတွင် ထွင်းထုထားသည်။ သူဘယ်တော့မှမမေ့နိုင်သော ရင်းနှီးမှုမျိုးပင်ဖြစ်သည်။
အကယ်၍ လေးခုမြောက်အတိုင်းအတာနယ်ပယ်တစ်ခုရှိခဲ့လျှင် ၎င်းက ၃၇၁ လှမ်းအကွာတွင် ရှိနေမည်လား။ ငါးခု မြောက်အတိုင်းအတာက ၅၆၃ လှမ်းအကွာမှာရှိမှာလား။ အကယ်၍ ခြောက်ခုမြောက်အတိုင်းအတာက ၇၈၁ လှမ်းအကွာမှရှိနေမည်လား။
သူ့ကိုယ်သူ တွေးနေလေသည်။ထိုဂဏန်းခြောက်လုံးကို သူမည်မျှမေ့နိုင်မည်နည်း။
‘၃၂..၇၉..၂၄၈..၃၇၁..၅၆၃..၇၈၁… အကြီးအကဲ.. ကျုပ်ကို ဘာပြောဖို့ ကြိုးစားနေတာလဲ…လေပြေစီးကြောင်းမျိုးနွယ်စုမှာရှိတုန်းက သူတို့ရဲ့မြင့်မြတ်တဲ့တောင်ပေါ်က လှေကားထစ်မတက်ခင် ဒီဂဏန်းခြောက်လုံးကို ပေးခဲ့တယ်..အကြီးအကဲက အဲ့ဒီဂဏန်းတွေကို ကောင်းကောင်းမှတ်မိဖို့ တောင်းဆိုခဲ့တယ်..အစတုန်းကတော့ ဂဏန်းတွေက ငါ့အတွက် အနားယူဖို့ နေရာတစ်ခုပဲလို့ ထင်ခဲ့ပေမဲ့ အခုမှ မဟုတ်ဘူးဆိုတာ ငါသိလိုက်ရတော့တယ်…’
စုမင်မျက်လုံးမှိတ်လိုက်သော် မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည်။
“အကြီးအကဲ… တကယ်ပဲ ခင်ဗျားလား.. ကျုပ်ရဲ့အကြီးအကဲလား… ခင်ဗျားက တကယ့်ပဲ နက်မှောင်တောင်ရဲ့အကြီးအကဲလား... ငယ်ငယ်ကတည်းက လူဖြစ်လာအောင် သင်ပေးခဲ့တဲ့၊ သတိထားတတ်အောင် သင်ပေးတာ၊ ကျိုးကြောင်းဆင်ခြင်တတ်အောင် သင်ပေးတာ၊ ရန်ဖြစ်တတ်အောင် သင်ပေးခဲ့တဲ့ အကြီးအကဲလား...”
‘အကြီးအကဲ..ခင်ဗျားက ဘယ်သူလဲ’
စူးမင်၏ တင်းတင်းစေ့ထားသော မျက်လုံးများမှ မျက်ရည်များ ထပ်မံကျလာသည်။
‘အကြီးအကဲ..နက်မှောင်တောင်...ပိုင်လင်း လေ့ချန် ဝူလ .. အဲဒါတွေ အားလုံးက အမှန်လား ‘’
စုမင်က မျက်လုံးဖွင့်ပြီး ကောင်းကင်နှင့် ပင်လယ်ဘက်ကို ကြည့်လိုက်သည်။ သူ့မျက်ရည်များ ခမ်းခြောက်သွားသည့်အထိ အဝေးကို လှမ်းကြည့်ရင်း သူ့ခန္ဓာကိုယ်ထဲမှာဝမ်းနည်းပူဆွေးမှုခံစားချက်က အမြဲတမ်းရှိနေကြောင်းသိလိုက်ရသည်။ သူ့ကိုမတ်တပ်ရပ်ပြီး သူ့ကို စောင့်ကြည့်နေသောအခြားတောင်ပေါ်က အမျိုးသမီးကိုတောင် တစ်ချက်မှ မကြည့်ခဲ့ပေ။
သူက ကောင်းကင်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။