အခန်း (၅၂၈)
Vol. 38 Ch. 528
“ဒီဘဝလေးကို ဘာလို့ချစ်ရမှာလဲ..ဘာလို့ လောကကြီးကို အရွဲ့မတိုက်ရမှာလဲ..”
“ငါမွေးဖွားရာနေရာက လောကကြီးရဲ့နိယာမတွေအတိုင်း လုပ်ဆောင်ခဲ့တယ်.. ငါမွေးတုန်းက မာန်ကျင့်ကြံသူတွေက အားနည်းတယ်…”
စုမင်က ရှေ့တစ်လှမ်းတိုးပြီး လေထဲသို့ လှမ်းကြည့်လိုက်သည်။သူ့မျက်နှာပေါ်မှ ဝမ်းနည်းခြင်းနှင့် အထီးကျန်မှုကို သူ့ခန္ဓာကိုယ်မှ ခံစားလာရသည်။
“ကောင်းကင်က အသဲနှလုံးမရှိရင် ငါတို့အားလုံး ခွဲခွာရလိမ့်မယ်.. မြေကြီးက အကြင်နာမဲ့လို့ ငါ့ရဲ့နက်မှောင်တောင်ကြီး သေစေခဲ့တယ်..”
“စစ်ကြီးစတင်တဲ့အခါ လောကကြီးက ဇောက်ထိုးမှောက်ခုံဖြစ်လာတယ်..လူတစ်ယောက်လမ်းပျောက်သွားတဲ့အခါ သူ့အိမ်ပြန်လမ်းက သူ့အတွက် ဝမ်းနည်းကြေကွဲစေတယ်..”
“ကောင်းကင်မှာ မျက်လုံးတွေရှိရင် ငါ့လောကကြီးက ထာဝရအမှောင်ထဲ ကျရောက်နေတာကို ဘာလို့ မမြင်နိုင်ကြတာလဲ..နတ်ဘုရားတွေမှာ ဝိညာဉ်တွေရှိရင် ကောင်းကင်နဲ့ ပင်လယ်တွေကို တောင်နဲ့မြောက်ကို ဘာကြောင့် ပိုင်းခြားရတာလဲ..”
“ငါက ကောင်းကင်ဘုံအတွက် ငါ့တာဝန်ကို ထမ်းဆောင်ခဲ့တယ်.. ဒါကြောင့်မို့လို့ ညအမှောင်ထုကို မမြင်ရအောင် နတ်ဘုရားတွေအတွက် ငါ့တာဝန်ကို ကျေအောင်လုပ်ခဲ့တယ်..ဒါကြောင့် ငါ့ရဲ့အမှတ်တရတွေကို အပိုင်းပိုင်းပျံ့လွင့်ပျောက်ဆုံးသွားတယ်... “
“ငါ့အိမ်ကို နေ့ရောညပါ တမ်းတနေတယ်..ကောင်းကင်ရဲ့ နာကျင်မှုတွေကို မမြင်နိုင်ဘဲ လမ်းလျှောက်နေရတယ်... ငါ့မိသားစုနဲ့ သူငယ်ချင်းတွေကို တမ်းတမိပေမယ့် သူတို့ ဘယ်မှာလဲ.. သူတို့ရဲ့ နှလုံးသားတွေက ငါ့ကို တမ်းတပေမယ့် ငါတို့ သေကွဲကွဲခဲ့ရတယ်..”
“လက်တွေ့နဲ့ စိတ်ကူးယဉ်တာကို ခွဲခြားလို့မရဘူး... နက်မှောင်တောင်က ဝေးလွန်းလှတယ်.. ငါတို့အသက်ရှင်ပြီး သေဆုံးကြတယ်..ဒါပေမယ့် ဒီ လောကကြီးမှာ ငါ့နေရာက ဘယ်မှာလဲ.. ခေါင်းမော့ပြီးတော့ သွေးမျက်ရည်တွေကျနေတယ်..ဒီဘဝလေးကို ဘာလို့ချစ်ရမှာလဲ လောကကြီးကို အရွဲ့မတိုက်ရမှာလဲ..”
စုမင်က ခေါင်းမော့ပြီး ဟစ် ကြွေးလိုက်သည်။ သူ့အသံက မိုးခြိမ်းသံပမာ မြည်ဟည်းနေပြီး ကောင်းကင်တွင် တိမ်တိုက်များက နောက်သို့ တလိမ့်လိမ့်ရွေ့လျားနေလေသည်။ ပါးလွှာသော တိမ်လွှာများကြားမှ နေရောင်ခြည်က ဖြာထွက်နေသည်။
နေရောင်ကျလာသောအခါ စုမင်က ကြီးမားသော ခြေလှမ်းတစ်လှမ်းကို လှမ်းပြီး ကောက်ညှင်းလမုန့်ကျွန်းဆီသို့ အရှိန်တင်လိုက်သည်။
သတ်ဖြတ်လိုစိတ်နှင့် မရဏရောင်ဝါများက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ ဂဏန်းခြောက်လုံးကြောင့် ဝမ်းနည်းခြင်း ၊ နက်မှောင်တောင်သည် အစစ်လား အတုလား ၊ အတုလား ၊ဖန်းချန်လန်၏ လက်ချောင်းထိပ်များပေါ်ရှိ သွေးတစ်စက်မှ ပြောင်းလဲလာသော မရဏရောင်ဝါ ၊ ဤအရာများအားလုံးက စုမင်ကို ကျယ်လောင်စွာ ရယ်မောစေခဲ့သည် ။ သူက ရှေ့သို့ ဆက်လက်ရွေ့လျားနေ၏။
သူ့ရယ်မောသံက လေထဲမှာ ပျံ့လွင့်နေသော်လည်း ရေခဲပမာ အေးစက်မှုများနှင့် ပြည့်နှက်နေလေသည်။
သူက အရူးတစ်ယောက်ကဲ့သို့ ကောင်းကင်ကို ဟားတိုက်သည်။ လောကကြီးကို ဟားတိုက်သည်၊ သူ့ဘဝအတွက် ဟားတိုက်သည်၊တိထျန်း ၏ ရည်ရွယ်ချက်များအတွက် ဟားတိုက်ခဲ့သည်။
‘ခေါင်းမော့ရင်း မျက်ရည်ကျမိတယ်..ဘာလို့ ဒီဘဝကို မြတ်နိုးပြီး လောကကြီးကို မဖီဆန်ရမှာလဲ...’
“ငါကဘယ်သူလဲ.. စုမင်ပဲဖြစ်ဖြစ် ကံကြမ္မာပဲဖြစ်ဖြစ် အရေးမကြီးဘူး.. ငါဘယ်သူလဲဆိုတာ မသိပေမယ့်.. ဒီလောကကြီး ဘယ်လောက်ကြီးကျယ်နေပါစေ ငါ့ကံကြမ္မာကို ချုပ်ကိုင်မယ့်သူက..ငါပဲ..”
“ငါကဘယ်သူလဲ..အဲ့ဒါက.တကယ်အရေးကြီးလို့လား..”
စုမင်က ခေါင်းကိုမော့ပြီး ဟားတိုက်လိုက်သည်။ ယခုမှ သူနားလည်သွားပြီ။ သူဖြတ်သန်းခဲ့ရသော သေရေးရှင်ရေးအတွေ့အကြုံအားလုံးက သူ့ကို သန်မာတိုးတက်စေခဲ့သည်။ သူက တောင်ပိုင်းစိမ့် မြေကျွန်းရှိ နက်မှောင်တောင်၏ လျှို့ဝှက်ချက်များကိုပင် နားလည်လာခဲ့ပြီး၊၊ ဖန်းချန်လန် မည်သို့ ပြောင်းလဲလာသည်ကို တွေ့မြင်ခဲ့ရသည်။ထို့နောက် အရာအားလုံးက သူ့ကို နားလည်နိုင်စေခဲ့သည်။
“အရေးမကြီးပါဘူး..အရေးကြီးတာက ငါတည်ရှိမှုပဲ..အရေးကြီးတာက ငါထာဝရတည်ရှိနေဖို့ပဲ..အရေးကြီးတာက ဒီလျှို့ဝှက်ဆန်းကြယ်မှုကို ငါ့စွမ်းအားရှိသမျှနဲ့ ဖြိုခွဲပစ်လိုက်ဖို့ပဲ.. အရေးကြီးတာက ဒါတွေအားလုံးကို ငါချေမှုန်းပစ်မယ်..အရာအားလုံး ငါ့ဖနောင့်အောက်မှာ ပြားပြားဝပ်စေရမယ်...”
“ငါက ငါမဟုတ်ဘူး...”
“ငါက ငါပဲ..”
စုမင်၏ ရယ်မောသံနောက်ကွယ်မှာ ဝမ်းနည်းမှုနှင့်မောက်မာမှုအရိပ်အယောင်ရှ်ိနေလေသည်။လူတစ်ယောက်က သူအဖိုးတန်ဆုံးအရာတွေက အတုဖြစ်နေကြောင်းကိုသိလျှင် မည်ကဲ့သို့အဆုံးသတ်မည်နည်း။
“အရှုံးပေးမှာလား ဒါမှမဟုတ်... သူပြန်ထမှာလား..”
“အမှန်တရားဆိုတာ ဘာလဲ.. စိတ်ကူးယဉ်တာက ဘာလဲ၊ ဒါတွေက လက်တွေ့ဖြစ်ရင်ရော.. ဘယ်လိုလုပ်ကြမလဲ.. ဒါတွေက စိတ်ကူးယဉ်တာဆိုရင်တော့ ဘာလုပ်ကြမလဲ..”
စုမင်က ရှေ့သို့တစ်ဟုန်ထိုးသွား လိုက်သည်နှင့် သူသွားလေရာလောကကြီးက တုန်လှုပ်သွားလေသည်။ သူ၏ အလွန်အမင်းမြန်ဆန် သောအရှိန်အဟုန်အောက်တွင် ပင်လယ်အတွင်းရှိ ဘီလူးကြီးများက ခေါင်းမမော့ရဲပေ။ ကောင်းကင်တွင်ရှိသော ငှက်များက အနားမကပ်ရဲတော့ပေ။ သူ့ပတ်ဝန်းကျင်ရှိ သက်ရှိသတ္တဝါအားလုံးက သူ့ကို မကြည့်ဝံ့ကြပေ။
“မင်းငါ့ကို ‘ကံကြမ္မာ’ လို့ ခေါ်ရင် ငါ..စုမင်က မင်းရဲ့ ကံကြမ္မာပဲ..”
“အခုချိန်ကစပြီး မင်းငါ့ကို စုမင်လို့ခေါ်ရင် ငါက စုမင်ပဲပေါ့..”
စုမင်က ရှည်လျားသော ရယ်မောသံကို ကောင်းကင်ဆီသို့ ထုတ်လွှင့်လိုက်သည်။ သူ၏သတ်ဖြတ်လိုစိတ်က ကောင်းကင်သို့ ပျံ့နှံ့သွားသည်။ အရှေ့မြေရိုင်းနယ်မြေ၏ ကောက်ညှင်းလမုန့်ကျွန်းဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားစေရန် တိမ်လွှာများကို တွန်းထုတ်ကာ ဟားတိုက်ရယ်မောခဲ့သည်။
ထိုအရှိန်အဟုန်ဖြင့် ပြေးလာသောအခါ..ယခု အဝေးရှိ တောင်ပိုင်း စိမ့်မြေကျွန်းတွင်ကျန်နေခဲ့သော အမျိုးသမီးကို မတွေ့ရတော့ပေ။ကံကြမ္မာမျိုးနွယ်စုက ၎င်းတို့၏ ကျွန်းပေါ်တွင် သူ၏ ရုပ်တုကို ကိုးကွယ်သည်ကို မတွေ့ရတော့ပေ။ ဟူကျီဟောက်သံကိုလည်း မကြားရ တော့ပေ။ မာန်မျိုးနွယ်စုနယ်မြေရှိ နဝမမြောက်တောင်ထွတ်မှ ဆင်းရဲဒုက္ခများကိုလည်း မခံစားရတော့ပေ။
အခြားနေရာသို့ ပို့ဆောင်မည့် မြေကြီး၏ နက်နဲသော တည်နေရာရွှေ့ပြောင်းရေး တံခါးကိုလည်း သူမမြင်ခဲ့ပေ။ ထိုနေရာက ရေခဲမြို့တော်ဖြစ်ပြီး၊ ထိုအေးခဲနေသောမြို့တော်ကြီးက မဟာယွီဧကရာဇ်မြို့တော်ကြီးကို မြှုပ်နှံထားသည်။ ထိုမြို့၌ မြင့်မားသော ယဇ်ပလ္လင်တစ်ခု ရှိပြီး ထိုယဇ်ပလ္လင်ပေါ်တွင် အေးခဲနေသော မဟာယွီပြည်ထောင်အကြီးအကဲလည်းရှိသည်။ သူ့ရှေ့မှာ ရက်စက်ကြမ်းကြုတ်သော သားရဲ၏ကျောရိုးတစ်ခု ရှိသည်။ထို့အပြင် အဘိုးအို မသေခင် ကျောရိုးမှာ ထွင်းထားသော စကားလုံး မျဉ်းတစ်ကြောင်းသာ ရှိသည်။
“မင်းဘယ်သူလဲဆိုတာ သိလာတဲ့အခါ မင်းက မင်းမဟုတ်တော့ဘူး..”
“မင်းဘယ်သူလဲဆိုတာ မင်းမသိတော့ရင် မင်းပဲဖြစ်လိမ့်မယ်..”
ထိုစာကြောင်းများအပြင်ကမ္ဘာကြီးကို မမြင်နိုင်သော မီးခိုးရောင်မျက်လုံးများ၊အတိတ်ကမြင်ခဲ့ရ သောမဟာယွီအကြီးအကဲကိုမြင်သော် သူမျက်လုံးမှ မျက်ရည်များကျလာလေသည်။
သူက မည်သူလဲဆိုတာ မစဉ်းစားမိပေ။ သူသည် မာန်မျိုးနွယ်စုဝင်သို့မဟုတ် ရှာမန် သို့မဟုတ် စုမင် သို့မဟုတ် ကံကြမ္မာ ဖြစ်ဖြစ် အရေးမကြီးပေ။ သူဘယ်ကလာလဲ၊ အသက်ရှင်နေလား သေလားဆိုတာလည်း အရေးမကြီးပေ။ ဤနေရာက မာန်မျိုးနွယ်စု၏ နယ်မြေ ဖြစ်သည် ၊ သို့မဟုတ် ယင်မရနယ် မြေဖြစ်ဖြစ် အရေးမကြီးပေ။
ဤအရာများကို သူစိတ်မ၀င်စားပေ။ ထိုအချိန်တွင် သူဂရုစိုက်သည့် တစ်ခုတည်းသောအရာမှာ သူ့မျက်စိရှေ့တွင် ရှိနေသောအရာဖြစ်သည်။ သူအလေးထားသည့်အရာမှာ နဝမမြောက်တောင်ထွတ် နှင့် နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသည့် ကောက်ညှင်းလမုန့်ပွဲတော်ဖြစ်သည်။ သူက တောင်ပိုင်းအရုဏ်ဦးနယ်မြေမှလူအားလုံးကိုဤပွဲတော်မှဖယ်ထုတ်ရန်ကူညီလိမ့်မည်။
ဘေးဆိုးကြီးပြီးသည့်နောက် တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိ ကျင့်ကြံသူများကို ပြောပြတော့မည်။ မည်သူတစ်ဦးတစ်ယောက်မှ သူတို့၏နယ်မြေကို ကျူးကျော်ခြင်းမပြုရ။
သူ့စိတ်ထဲ၌ လောင်ကျွမ်းနေသော သတ်ဖြတ်လိုစိတ်က အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ရက်အတော်ကြာပြီးနောက် ကောင်းကင်မှ မှောင်တစ်လှည့် လင်းတစ်လှည့်ဖြင့် နေ့ရက်များကုန်ဆုံးသွားသည်။ ကောင်းကင်မှ ရွာသွန်းနေသော မိုးရေများက စုမင်က ရှည်လျားသောမြစ်အသွင် စီးဝင် စေပြီး သူနှင့်တစ်ပါတည်းယူဆောင်လာ သည်။ ပြင်းထန်သော အရှိန်ဖြင့် ဆက်သွားနေချိန်တွင် ဧရာမကျွန်းကြီးသည် စုမင်၏မျက်စိရှေ့တွင် ပေါ်လာသည်။
အပြင်ဘက်တွင် အရောင်မျိုးစုံဖြင့် အလင်းတန်းတစ်ခု လင်းလက်သွားသည်။ ၎င်းမှ ကြီးမားသော စွမ်းအားတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ ထိုကျွန်းကြီးတစ်ဝိုက်တွင် ကျွန်းငယ်လေးခုနစ်ခုရှိပြီး ၎င်းတို့က လကိုဝန်းရံထားသည့် ကြယ်များကဲ့သို့၊ သူတို့၏သခင်ကိုကာကွယ်သည့်အစောင့်များကဲ့သို့ဖြစ်သည်။
အင်အားကြီးမားသော တည်ရှိမှုများက ပင်မကျွန်းမှ လွင့်စဉ်ထွက်လာသည်။ အကယ်၍ အလင်းလွှာအကာကွယ် အနီးအနားတွင်မရှိခဲ့ပါက၊ ထိုတည်ရှိမှုများက စစ်ထုတ်မှုမရှိဘဲ ပျံ့နှံ့သွားမည်ဖြစ်သည်။ သို့ပင်ငြားလည်း မရဏပင်လယ်သို့လာရောက်သူအားလုံးကို ခြိမ်းခြောက်ရန် လုံလောက်သည်။
ကျွန်းက လခြမ်းပုံသဏ္ဍာန်ရှိသည်။ ကျောက်စိမ်းနှင့် စကျင်ကျောက်များဖြင့် တည်ဆောက်ထားသော ကြီးကျယ်ခမ်းနားသော အဆောက်အအုံ အများအပြားကို ထိုနေရာတွင် တွေ့မြင်ရပြီး ကျွန်းကိုလည်း ပြောင်မြောက်စွာ အလှဆင်ထားသည်။ မြေပြင်ပေါ်တွင် အရှေ့မြေရိုင်းနယ်မြေသား အများအပြား ကြက်ပျံမကျ စည်းကားနေသည်ကို တွေ့နိုင်သည်။ ထိုအရာ မယုံနိုင်လောက်အောင် အသက်ဝင်သော မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
ကောက်ညှင်းလမုန့်ပွဲတော် မစသေးသော်လည်း၊ ပြင်ဆင်မှုများက လမ်းကြောင်းပေါ်ရှိနေပြီဖြစ်သည်။
စုမင်က သူ့တည်ရှိမှုကို ဖုံးကွယ်ရန် တစ်ချက်မျှပင် မကြိုးစားခဲ့ပေ။ ထို့ကြောင့် သူက ကျွန်းပေါ်တွင် ပိတ်မိနေသည့်အခိုက် ကောင်းကင်တွင် သူနှင့်အတူ သူနှင့်အတူ ယူဆောင်လာသည့် ရှည်လျားသော အကွေ့အကောက်များက ကောက်ညှင်းလမုန့်ကျွန်းရှိ လူအားလုံးကို လန့်သွားစေခဲ့သည်။
“တောင်ပိုင်းအရုဏ်ဦးနယ်မြေက ငါ ..စုမင်က မင်းတို့ရဲ့ကျွန်းကို ဖျက်စီးဖို့ လာနေပြီ.. ငါထွက်သွားရင် ဒီကျွန်းက မြစ်တွေထဲ သွေးချောင်းစီးနေစေရမယ်..မင်းတို့ အရှေ့မြေရိုင်းသားအားလုံးအတွက် စံနမူနာဖြစ်အောင်လုပ်ပြမယ်..”
ထို့နောက် သူ့၏ မြင့်မြတ် သောနတ်အာရုံကို ဖြန့်ကျက်ပြီး ကျွန်းပေါ်သို့ ပျံ့နှံ့သွားစေသည်။
သူ့အသံက ချက်ချင်းပင် မြည်ဟည်းသွားကာ လူအပေါင်းတို့သည် သူ့စကားကိုကြားလိုက်သည့်အခိုက်တွင်၊ စုမင်က သူ့နောက်သို့ ယူဆောင်လာသည့် မိုးရေရှည်မြစ်က ကောင်းကင်မှ စီးကျလာသော ကောင်းကင်မြစ်ကဲ့သို့ပင်ဖြစ်နေလေသည်။ ၎င်းက ကောက်ညှင်းလမုန့် ကျွန်း၏ အလင်းလွှာအကာအကွယ်ပေါ် တည့်တည့်တိုးဝင်သွားသည်။
“လူတိုင်း မျက်စိရှေ့မှာ ကောင်းကင် မြစ်က သူတို့အပေါ်ကို ရွာချလိုက်တယ်..”
‘’လူတိုင်းမျက်စိရှေ့မှာ မြှားတွေလို မိုးရွာချလာတယ်...”
“လူတိုင်းမျက်စိရှေ့မှာတင် မရဏပင်လယ်ကြီးမှ တော်လဲသံကြီးထွက်ပေါ်လာတယ်..”
“လူတိုင်း မျက်စိရှေ့မှာတင် လောကကြီး ပျက်သုန်းသွားလိမ့်မယ်...”