← Chapters

ဦးစီးမှူး သခင်ပေယဲ့ကိုမြင်ဖူးလား

Vol. 24 Ch. 461

ဦးစီးမှူး သခင်ပေယဲ့ကိုမြင်ဖူးလား

Vol. 24 Ch. 461

သူမ အလွန်ပျော်ရွှင်နေသည်ကို ပေထင်းဟွမ်တစ်ယောက်သာသိသည်။ သူမသည် မုချင်းလင်အား ရင်ခွင်ထဲဆွဲသွင်းကာ သူမ၏ကျောပြင်ကို ပုတ်ပေး လိုက်သည် “လင်အာ မငိုပါနဲ့ နောက်ဆိုရင် မင်းကိုကာကွယ်ပေးမယ်လို့ ငါ ပြောခဲ့တယ်လေ”

လေထုသည် ရုတ်တရက် အနည်းငယ်လေးလံသွားသည်။ ရှန်းယန်ဖိုမှ ပြီးခဲ့သည့်အတွေ့အကြုံတချို့အကြောင်းပြောမှသာ စကားလမ်းကြောင်း ပြောင်းသွားကြသည်။ မုချင်းလင်သည် သူတို့ပြောသည့် ထူးဆန်းသည့် အကြောင်းများကို နားထောင်ပြီး ခံစားချက်မှာပိုကောင်းလာသည်။

ပေထင်းဟွမ်သည် အထူးတလည် သူမကို လမ်းညွှန်ပေးသည် “လင်အာ နောက်ဆိုရင် ဒီကျောင်းမှာ ကျင့်ကြံရင် ရှဲလင်တို့က မင်းကို ပိုသန်မာအောင် လုပ်ပေးလိမ့်မယ်.. နောက်ကို တစ်ခုခုလုပ်ချင်တာရှိရင် ဝမ်းကွဲအစ်ကိုချူဖုန်း ကို သွားရှာပြီး သံမဏိသွေးကြေးစားအဖွဲ့ထဲ ဝင်လို့ရတယ်.. ပြီးခဲ့တာတွေက ပြီးခဲ့ပြီ.. အဲဒါကိုစိတ်ထဲမှာထားဖို့မလိုတော့ဘူး”

ထိုအချိန်တွင် နန်ကုန်းချန်းရှီသည် အလျင်စလိုလျှောက်လာသည်။ နန်ကုန်းချန်မိုသည် လက်ကိုဆုပ်ကိုင်ကာ ပေထင်းဟွမ်အား အသနားခံသည့် မျက်နှာထားဖြင့် ကြည့်လေသည် “စစ်ဦးစီး ကျွန်မညီမကိုလည်း သံမဏိသွေးနဲ့ မိတ်ဆက်ပေးလို့ရမလား”

နန်ကုန်းချန်းမိုသည် စိတ်လှုပ်ရှားစွာဖြင့် ပေထင်းဟွမ်အား ကြည့်ပြီး ကြောက်လန့်သဖြင့် ခေါင်းငုံ့သွားလေသည်။ သူမသည် လက်သီးကို ကျစ်ကျစ် ပါအောင်ဆုပ်ထားပြီး လက်ချောင်းများအကြားတွင် ချွေးအေးများပြန်လာ၏။ သူမသည် အငြင်းခံရမည်ကိုကြောက်သဖြင့် ဖော်မပြတတ်လောက်အောင် စိတ်လှုပ်ရှားနေသည်။

“ရတာပေါ့ ပြဿနာမရှိဘူး” ပေထင်းဟွမ် ပြုံးလိုက်သည် “သံမဏိသွေး က ဝိညာဉ်သခင်ကြီးအဆင့်အောက်ရှိတဲ့ လူတွေကိုမခေါ်တော့ပေမဲ့ လင်အာ ကို ချွင်းချက်အဖြစ်ထားထားမှတော့ တခြားချွင်းချက်လည်းလုပ်ပေးရမှာပေါ့” ပေထင်းဟွမ်သည် မျက်စိရှေ့မှ အမျိုးသားငယ်နှင့် အမျိုးသမီးငယ်ကို အကဲခတ်ကာ ရှန်းယန်ဖိုကို ကြည့်လိုက်သည်။ “အစ်ကိုရှန်းယန်.. မင်းက ငါ့ကို ခေါင်းဆောင်အဖြစ်လေးစားထားမှတော့ မင်းကိုလည်း နေရာတစ်ခုပေးရမှာ ပေါ့.. နောက်ဆိုရင် ဒီအဖွဲ့ကို အစ်ကိုရှန်းယန်က ဦးဆောင်လိမ့်မယ်.. မင်းက အဖွဲ့ငယ်ရဲ့ ခေါင်းဆောင်ဖြစ်လာမယ်.. ဘယ်လိုလဲ”

သေချာပေါက် သူ ငြင်းဆန်စရာမရှိပေ။ ရှန်းယန်ဖိုသည် ပေထင်းဟွမ် အား အထိတ်တလန့်ကြည့်လေသည်။ သူ၏ကြည်လင်သောမျက်လုံးများသည် မယုံကြည်မှုများဖြင့် ပြည့်နေသည်။ ရှောင်ကျို့သည် သူ့ကို ဤမျှလောက် ယုံကြည်သည်။ မင်းသားတစ်ပါးအနေနှင့် သူသည် မဟာမိတ်မြို့တော်မှ စစ်ပွဲ ကို မှတ်ဉာဏ်ဖန်လုံးမှမြင်ခဲ့သည်။ အင်ပါယာသည်လည်း သံမဏိသွေး ကြေးစားအဖွဲ၏ အခြေအနေကို စုံစမ်းခဲ့သည်။ သံမဏိသွေးကြေးစားအဖွဲ့၏ ခေါင်းဆောင်တိုင်းသည် ကောင်းကင်အဆင့်ဖြစ်သည်။

သူ့အတွက်ကတော့ သူသည် မူလက ကြယ် ၆ ပွင့်ဝိညာဉ်သခင်ဖြစ်သည်။ ရေခဲနဂါးပြာနှင့် စာချုပ်တည်ထောင်ပြီးမှသာ သူ၏ခွန်အားသည် ရုတ်တရက် အကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးအဖြစ် တိုးတက်လာခဲ့သည်။ ထို့အပြင် သူ စာချုပ်တည်ထောင်စဖြစ်သော်လည်း ခွန်အားမှာ အလျင်အမြန်တိုးတက်လာ ပြီး သူ၏နယ်ပယ်သည် မတည်ငြိမ်သေးပေ။

ဒါပေမဲ့ အဆင့်မြင့်ဝိညာဉ်သခင်ကြီးဖြစ်ဖို့ ဒီတိုက်ကြီးမှာ နေ့တိုင်း လူဘယ်နယောက်လောက် အိပ်မက်မက်နေလိုက်မလဲ။ သူတို့ ဝိညာဉ်သခင် ကြီးဖြစ်လာသည်နှင့် မှော်သားရဲများကို ချပ်ဝတ်တန်ဆာအဖြစ် အသွင်ပြောင်း နိုင်ပြီဟု ဆိုလိုသည်။ ဝိညာဉ်သခင်တစ်ဦး၏ခွန်အားသည် အလွန်အမင်း တိုးတက်လာသည်။ သူတို့သည် တိုက်ကြီးရှိ ဒုတိယအဆင့်ကျွမ်းကျင်သူများထဲ တွင် အဆင့်သတ်မှတ်ခံရနိုင်ပြီး လွတ်လပ်စွာ ခရီးသွားနိုင်သည့်အရည်အချင်း များရှိသည်။

ထိုအရာများအားလုံးသည် သူတို့၏ခေါင်းဆောင်မှပေးထားခြင်းဖြစ်၏။ ပေထင်းဟွမ်၏ သရုပ်မှန်ကို ယနေ့မှသာ သူတို့သိခြင်းဖြစ်သည်။ သူမသည် အမှန်တကယ်ပင် ပေထင်းမိသားစုမှ အသုံးမကျသည့် သခင်လေး ၉ ဖြစ်သည်။ ထိုသတင်းသည် သူတို့၏မေးရိုးပြုတ်ကျလုမတတ် ထိတ်လန့်စရာပင်။ ဒါပေမဲ့ ဘာဖြစ်လဲ။ သူ မည်သူဖြစ်စေကာမူ သူတို့မျက်လုံးထဲမှာတွင် သရုပ်မှန်တစ်ခု သာရှိသည်။ သူသည် သူတို့၏ခေါင်းဆောင်ဖြစ်သည်။

“ဟူး နှမြောစရာပဲ စစ်ဦးစီး ဆရာနန်စီသာ အလောတကြီးပြန်မလာခဲ့ရင် ငါတို့လည်း မင်းနဲ့အတူ နဂါးဝိညာဉ်သစ်သီးရှာပြီး အတူလေ့ကျင့်လို့ရမှာပဲ.. ငါတို့လည်း မှော်သားရဲစီးကြောင်းတိုက်ပွဲမှာ ဝင်နွှဲလို့ရမှာ.. စစ်ဦးစီး မွန်မြတ်တဲ့ ဝိညာဉ်အပျက်အစီးကို ရောက်ပြီးပြီလား.. သခင်ပေယဲ့ကို မြင်ဖူးပြီးသွားပြီလား သူကအရမ်းမိုက်တယ်လို့ ကြားတယ်” ချင်းရှဲလင်သည် ပေထင်းဟွမ်အား ပတ်ရင်းပြောနေသည်။

“အင်း” ပေထင်းဟွမ်သည် ပြုံးပြီးပြောလေသည်။

“ဟင် တကယ်ကြီးလား.. သူက သားရဲထိန်းသခင်ကြီးလို့ကြားတယ်.. သူ့ကိုတကယ်တွေ့ပြီးပြီလား” ချင်းရှဲလင်သည် ပြုံးပြီး ပေထင်းဟွမ်အား ကြည့်လေသည်.. သူမသည်နှုတ်ခမ်းများကို တွန့်ပြီး နစ်နာသလိုမေးလေသည် “ဒါဆို ရှင်က သခင်ပေယဲ့ထက် ပိုချောလား”

All Chapters