ပေယဲ့၊ ဟွမ်ကျို့၊ စစ်ဦးစီး
Vol. 24 Ch. 462
ပေထင်းဟွမ်သည် သူမအား မျက်လုံးလှိမ့်ပြလိုက်သည် “သူနဲ့ တစ်ခါမှ မယှဉ်ကြည့်ဖူးဘူး.. ဒါပေမဲ့ ဒီတစ်ခေါက် မင်းတို့ကိုပေးတဲ့ မှော်သားရဲငါးကောင် က သခင်ပေယဲ့ပေးလိုက်တာ.. မိန်းကလေးရှဲလင်က သူ့အကြိုက်အရ စိတ်ဝင် စားနေတယ်လို့ သူပြောတာကြားလိုက်သေးတယ်.. မင်းသာ ကောင်းကင် အဆင့်ကိုရောက်ရင် သူ့မျက်နှာကိုကြည့်ခွင့်ပေးမယ်လို့ပြောခိုင်းလိုက်သေး တယ်”
“တကယ်လား” ချင်းရှဲလင်သည် ထိတ်လန့်သဖြင့် ထခုန်လေသည်။ လူငယ်တိုင်း၏ စိတ်ထဲတွင် သူတို့၏စံပြပုဂ္ဂိုလ်ရှိတတ်ကြသည်။ ချင်းရှဲလင်၏ စံပြပုဂ္ဂိုလ်သည် ပေထင်းဟွမ်ဖြစ်သော်လည်း ပေထင်းဟွမ်ကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သည့် ပေယဲ့ကိုလည်း စိတ်ဝင်စားမိသည်။ မှော်သားရဲငါးကောင်ကို ပေယဲ့ပေးလိုက်သည်ဟု ကြားချိန်တွင် ထိတ်လန့်နေ ပြီဖြစ်သည်။ အဓိကအချက်မှာ ဒဏ္ဍာရီဝင်သခင်ပေယဲ့သည် သူမ၏နာမည်ကို သိနေသည်။
သူသည် သူတို့ခေါင်းဆောင်နှင့် သူမအတွက် စကားပင်ပါးလိုက်သေး၏။
“စစ်ဦးစီး သခင်ပေယဲ့က ကျွန်မအကြောင်းကိုဘယ်လိုသိတာလဲ” ချင်းရှဲလင်သည် စိတ်လှုပ်ရှားနေသည်။ သူမသည် ပေထင်းဟွမ်အား ဖက်ထား သည်မှာ အသက်ရှူကြပ်၍ပင် သေတော့မလိုပင် “သူ့ကိုပြောလိုက်တာလား”
“ဟား ဟားဟား”
သူမဘေးတွင် အော်ရယ်သံများ ထွက်ပေါ်လာသည်။ ရှန်ရှောင်ကျဲသည် မြေကြီးပေါ်တွင်လူးလှိမ့်ချင်လောက်အောင် ရယ်လေသည်။ မုချင်းလင်သည် အနည်းငယ် ရှုပ်ထွေးဆဲဖြစ်သည်။ ပေယဲ့နှင့် ဟွမ်ကျို့တို့၏နာမည်သည် သူမ အတွက် အလွန်မရင်းနှီးလွန်းပေ။ ညီအစ်မနှစ်ယောက်သည် မရယ်ဘဲမနေနိုင် တော့ပေ။ ရှန်းယန်ဖိုပင်လျှင် ရယ်မိသည်။ သူတို့ခေါင်းဆောင်သည် တစ်စုံတစ်ဦးကိုရောင်းစားပြီး အမြတ်ထုတ်လိမ့်မည်ဟု ထင်မထားပေ။
ခေါင်းဆောင်သည် အမှန်တကယ်ပင် အလွန်စိတ်ပုပ်လွန်းသည်။
“ဘာတွေရယ်နေတာလဲ”
ချင်းရှဲလင် မတုံ့ပြန်နိုင်ခင်တွင် ရန်ရှောင်ကျဲသည် သူမ၏နဖူးကို တောက် ပြီး နောက်ပြောင်စွာဖြင့် ငေါက်လေသည် “ငတုံး မင်းကိုက တုံးလွန်းတာ.. ပေယဲ့က ဟွမ်ကျို့.. ဟွမ်ကျို့က ငါတို့ခေါင်းဆောင်ပဲ နားလည်ပြီလား”
“ဘယ်.. ဘယ်.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ချင်းရှဲလင်သည် ပေထင်းဟွမ်ဆီမှ ခွာကာ ဆက်တိုက်နောက်ဆုတ်သွားလေသည်။ မုချင်းလင် သာသူမကို အချိန်မှီမဆွဲလိုက်လျှင် သူမသည် လမ်းဘေးက မြစ်ဘေးကိုကျ သွားနိုင်သည်။
မည်သို့ပင်ဖြစ်စေကာမူ ချင်းရှဲလင်သည် မယုံနိုင်ဖြစ်နေသည်။ သူမသည် ပေထင်းဟွမ်၏ ပြုံးတစ်ဝက်သန်းနေသော မျက်လုံးများကိုမြင်သောအခါ သူမ သည် တုံးအလွန်းနေသည်ဟု ပြောနေသလိုပင်။ သူတို့သည် မွန်မြတ်သော ဝိညာဉ်အပျက်အစီးနားတွင် ပေထင်းဟွမ်နှင့်တွေ့ဖူးသည်ကို သူမ မှတ်မိသည်။ သူတို့ သွေးဝက်နှင့်ကျားများကို သတ်စဉ်က ပေထင်းဟွမ်၏ ခွန်အားကို သူမ တွေးမိသည်။ သူတို့၏အသက်အရွယ်ကို တွေးမိသောအခါ ချင်းရှဲလင်သည် အော်ပြီး ရန်ရှောင်ကျဲအား ရန်လုပ်တော့သည် “အာ အာ အာ အာ နင်တို့သိရဲ့ သားနဲ့ ငါ့ကိုဖုံးကွယ်ထားသေးတယ်”
“ဟား ဟားဟား”
ရယ်သံများ ပိုကျယ်လောင်လာသည်။ ထိုအသံများသည် လေထဲတွင် လှုပ်ခတ်နေသည့် ငွေရောင်ခေါင်းလောင်းများကဲ့သို့ ကျောင်းကွင်းတစ်ခုလုံး တွင် လွင့်ပျံသွားရာ ဖြတ်သွားသော အကြီးတန်းကျောင်းသားသည် လှည့်ကြည့် ကြလေသည်။ အားလုံးသည် စိတ်ထဲမှ သက်ပြင်းချမိကြသည်။ ငယ်ရွယ်သည် မှာကောင်းသည်။ အမျိုးသားငယ် အမျိုးသမီးငယ်များသည် ပျော်ရွှင်စွာ ရယ်မောနေကြသည်။
သူမကို ရယ်သံနှင့် အပေါင်းအဖော်များဖြင့် ဝန်းရံထားကြသည်။ ထို အပေါင်းအဖော်များသည် အနာဂတ်တွင် သူမနောက်လိုက်ပြီး သူမကို ကာကွယ်ပေးမည့်သူများဖြစ်ကြသည်။ သူမ၏အရင်ဘဝရှိ တူညီသော စိတ်အားထက်သန်သော ခေါင်းဆောင်ဘဝသို့ ပြန်ရောက်သွားသလိုပင်။ သူမ၏ အပေါင်းအဖော်များနှင့် လှည့်ပတ်လေ့လာပြီးနောက် ရယ်ရယ်မောမော နှင့် ပြန်လာခဲ့ကြသည်။ သူမသည် အပေါင်းအဖော်များကို အပန်းဖြေရန် နေရာ တစ်ခုအဖြစ် ဖန်တီးခဲ့သည်။ မိတ်ဆွေအပေါင်းအသင်းများကို မိသားစုအစား နေရာအစားထိုးခဲ့သည်။
“အဲတော့ ခေါင်းဆောင် ရှင်က သားရဲထိန်းသခင်ကြီးပဲပေါ့.. ကျွန်မတို့ကို ပေးတဲ့ နတ်သားရဲတွေကို ရှင်ကိုယ်တိုင်ထိန်းကျောင်းထားတာပေါ့.. ပြီးတော့ ခေါင်းဆောင် အခု ရှင့်မှာ မှော်သားရဲ ၇ ကောင်ရှိနေတာလား.. အဲထဲက တစ်ကောင်က နတ်သားရဲပေါ့.. မွန်မြတ်တဲ့သားရဲတွေတော့ အများကြီးပဲ” ချင်းရှဲလင်သည် စပ်စုသည့်ကလေးသဖွယ်ဖြစ်နေသည် “ခေါင်းဆောင် ရှင့်ကို အရမ်းလေးစားတာပဲ.. ရှင်က သခင်ပေယဲ့ဆိုတာသိပါတယ်.. ရှင် သူဖြစ်လိမ့် မယ်လို့ သေချာပေါက်သိနေတယ်.. တကယ်စိတ်မပျက်စေဘူးပဲ”
“အာ… စစ်ဦးစီးက သခင်ပေယဲ့ထက် ချောလားလို့မေးတာ ဘယ်သူလဲ ခုနက သခင်ပေယဲ့ကို ကိုးကွယ်နေတာဘယ်သူလဲ” နန်ကုန်းချန်းရှီသည် ပြန်မချေပဘဲမနေနိုင်တော့ပေ…