သွား သူ့ကိုသတ်လိုက်
Vol. 24 Ch. 463
“ချန်းရှီ ငါ့ကိုမစရရင် သေသွားမှာမို့လို့လား.. ကောင်မလေး ငါ နင့်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်နေလိုက်” သူတို့သည် သံမဏိသွေးကြေးစား အဖွဲ့ဝင်များဖြစ်သွားသဖြင့် မူလကပြိုင်ဘက်ဖြစ်နေသည့် မိန်းကလေးနှစ်ဦး သည် အရာအားလုံးတွင် တရင်းတနှီးဖြစ်သွားကြသည်။ သူတို့သည် ပေထင်းဟွမ်ရှေ့၌ပင် တစ်ယောက်နှင့်တစ်ယောက် ပြေးလိုက်ပြီး ရန်ဖြစ်နေကြ သည်။
ရှန်းယန်ဖိုနှင့် တခြားသူများ၏ ဦးဆောင်မှုနှင့်အတူ နည်းပြသည် ကိုယ်တိုင်လမ်းမပြတော့ပေ။ သူသည် ကျောင်းကိုအကြောင်းကြားရန်နှင့် ပေထင်းဟွမ်အတွက် အိပ်ဆောင်စီစဉ်ရန် ကျောင်း၏ ထောက်ပံ့ပို့ဆောင်ရေး ဌာနသို့ လူစေလွှတ်ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း စာသင်နှစ်အသစ်စလျှင် ကျောင်းသားအဆောင်တွင် နေထိုင်ရန်အတွက် လျှောက်ထားသော အကြီးတန်းကျောင်းသားများ ရှိစမြဲပင်။ ထိုအချိန်တွင် ထောက်ပံ့ပို့ဆောင်ရေး ဌာနရှေ့တွင် လူတန်းရှည်ကြီးရှိနေပြီဖြစ်၏။ သူတို့၏ ငယ်ရွယ်ပြီး စိတ်ဓာတ် တက်ကြွသောမျက်နှာများသည် ကောင်းကင်အထက်မှ နေကဲ့သို့ တောက်ပ လျက်ရှိသည်။
“အိုး ကြည့်လိုက် ငါတို့မင်းသားက ကိုယ်တိုင်လာတာပဲ.. သူက ဧရိယာ (က) မှာ အဆောင်တစ်ခုလုံးငှားချင်နေတာများလား” အဖွဲ့ရှေ့တွင်ရပ်နေသော မျက်နှာပေါ်ရှိ အနာရွတ်နှင့်လူငယ်သည် ခေါင်းလှည့်ကာ သူ့အနောက်မှ လူများကိုပြောလိုက်သည်။ သူသည် ရှန်းယန်ဖိုနှင့် တခြားသူများ လာနေသည် ကိုမြင်သောအခါ ချက်ချင်းပင် မျက်လုံးများအရောင်တောက်သွားလေသည်။ သူ၏ ခွဲထွက်နေသောအသံသည် ချက်ချင်းဆိုသလိုပင် ထိုနေရာတွင်စောင့်နေ သော အကြီးတန်းကျောင်းများ၏ အာရုံကို ဖမ်းစားသွားလေသည်။
“သူက ရှန်းယန်မြို့ အရှေ့တံခါးပေါက်ကို စောာင့်ကြပ်နေတဲ့ စစ်သူကြီးရဲ့ သားပဲ.. ငါ့အစ်ကို ၅ နဲ့အရမ်းရင်းနှီးတယ်.. အရင်က သူ ငါ့အစ်ကို ၅ နဲ့ပေါင်းပြီး အစ်ကို ၃ အတင်းအကြပ် အရှုံးပေးဖို့ အစ်ကို ၃ အိမ်တော်က အစောင့်လေး ယောက်ကိုတောင် ဖမ်းခဲ့တာ.. ဒီယုံကြည်ချက်တွေ ဘယ်ကရောက်လာတာလဲ ဆိုတာ ငါမသိတော့ဘူး” ရှန်းယန်ဖိုသည် ပေထင်းဟွမ်၏ နားရွက်နားသို့ လေသံဖြင့်ပြောလေသည် “အဲလူရဲ့နာမည်က ကာဂါလို့ခေါ်တယ်.. သူက အဆင့် ၃ ကြယ် ၁ ပွင့်ဝိညာဉ်သခင်ပဲ.. သူ့မှာရှိတဲ့သားရဲက အဆင့် ၇ ဖြစ်ပြီး အရမ်းသန်မာတယ်.. မြေကြီးကျောင်းတော်မှာဆိုရင် အားကောင်းတယ်လို့ ပြောလို့ရတယ်”
“သူ့ကိုသွားသတ်လိုက်” ပေထင်းဟွမ်၏မျက်လုံးထဲတွင် အညှာတာမဲ့ သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ဒီလူအိုကြီးက ဘယ်လိုလုပ် သန်မာရမှာလဲ။ သူသည် သူတို့လေးယောက်ကိုပင် ဖမ်းချင်နေသည်။ သူမသာ အစောက တံတွေးမျိုမချလိုက်လျှင် သူမသည် တံတွေးသီးပြီးသေသွားနိုင်၏။ ဒီလိုဟာသကို မကြားရတာ ဘယ်နနှစ်တောင်ရှိပြီလဲ။
ရှန်းယန်ဖိုသည် လူကြီးလူကောင်းပီသသည်။ သူသည် မင်းသားတစ်ပါး ဖြစ်သော်လည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် သူ၏ခွန်အား တိုးတက် သည်မှာ နှေးကွေးသည်။ တကယ်တော့ သူ၏ခွန်အားသည် တော်ဝင်မိသားစု တစ်ခုလုံးတွင် အားအနည်းဆုံးဖြစ်သည်ဟုပင် ပြော၍ရသည်။ သူ၏မိခင်သည် သာမန်နန်းတော်လေးမှ အစေခံဖြစ်ကာ အချစ်တော်ခံရပြီးမှ သူ့ကိုမွေးခဲ့ခြင်း ဖြစ်သည်။ သူ ငယ်စဉ်ကပင် နူးညံ့ရန်အတွက် သူ့ကိုမည်သူကမှ သင်ကြားပေးခဲ့ ခြင်းမရှိဘဲ အနည်းငယ်နိမ့်ကျသည့် ကိုယ်ရည်ကိုယ်သွေးရှိခဲ့သည်။
ရလဒ်အနေနှင့် သာမန်မင်းမျိုးမင်းနွယ် မျိုးဆက်များကပင် သူ့ကို အနိုင်ကျင့်ခဲ့သည်။
သူ့ရင်ဘတ်မှာ တင်းကြပ်လာသဖြင့် ရှန်းယန်ဖိုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဤပဋိပက္ခကို မည်သို့ရှောင်ရှားရမည်ကို စဉ်းစားနေချိန်တွင် ပေထင်းဟါမ်၏ စကားများကို ကြားလိုက်ရသည် “သတ်လိုက် သတ်လိုက်” ထိုစကားများသည် သူ့နားထဲတွင် ပဲ့တင်သံထပ်နေ သည်။ ပူလောင်သောသွေးများ ဆူပွက်လာပြီး သူ၏ခြေလက်နှင့် အရိုးများတွင် ပြည့်နှက်သွားသည်။ ရှန်းယန်ဖိုသည် မြေကြီးကို ခြေချောင်းဖြင့် တော့ကာ ကာဂါဆီသို့ အရှိန်ဖြင့်သွားလေသည်။
ဘုန်း
ရက်စက်သော ထိုးချက်တစ်ခုသည် ကာဂါ၏မျက်နှာပေါ်သို့ ကျရောက် သွားသည်။ သတိလက်လွတ်ဖြစ်နေရာ ကာဂါသည် ကြီးမားသော သက်ရောက် မှုခံရပြီးနောက် အလျင်အမြန်ပင် နောက်ဆုတ်လိုက်သည်။ ဆယ်လှမ်းဆုတ် ပြီးနောက် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ မြေပေါ်သို့ ပြင်းထန်စွာကျသွားလေသည်။
သူ့မျက်နှာမှ သွေးများစီးကျလာပြီး ရင်ဘတ်ပေါ်သို့ ကျသွားလေသည်။ မကြာခင်တွင် သူ၏အဖြူရောင်စစ်သည် ဝတ်စုံသည် အနီရောင်များဖြင့် ပေကျံ သွားလေသည်။
ကာဂါ၏ အမျက်ကို နေရာတိုင်းမှမြင်နေရသည်။ ထိုနေရာတွင်ရှိနေသော လူအားလုံးသည် ကျောင်းသားဟောင်းများဖြစ်ကြသည်။ တစ်ခါတစ်ခါတွင် ကာဂါသည် ရှန်းယန်ဖိုသည် စားဖိုဆောင်၊ လေ့ကျင့်ရေးကွင်းနှင့် လမ်းဘေးများ တွင် အနိုင်ကျင့်သည်ကို မြင်ဖူးကြသည်။ သို့သော် ဤကဲ့သို့ တိုက်ခိုက်မှုမျိုး တစ်ခါမှမဖြစ်ဖူးပေ။
“ရှန်းယန်ဖိုက ရူးနေတာလား.. ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးကို ရန်စပြီး တော့ သေချင်နေတာလား”
“ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မယ်.. ရှန်းယန်ဖို ဘယ်လို အဆုံးသတ်မလဲဆိုတာ ကြည့်ကြတာပေါ့”
ထိုအချိန်တွင် ဆွေးနွေးမှုများ ထွက်ပေါ်လာသည်။ အားလုံးသည် ရှန်းယန်ဖိုအား သနားသလို ကြည့်ကြသည်။ ဤမင်းသားသည် နဂိုက မသန်မာ ဘဲ မှုန်ကုပ်ကုပ်နှင့်နေထိုင်ခဲ့သည်…