မင်းဒီနေ့သေမယ်
Vol. 24 Ch. 464
ကျောင်းထဲတွင် တိုက်ပွဲများသည် နေရာတိုင်းတွင် ဖြစ်လုစမြဲပင်။ လူသေ သည့်အဖြစ်မျိုးမရှိလျှင် နည်းပြများသည် ဤကဲ့သို့ သီးသန့်တိုက်ခိုက်မှုများကို ဝင်မပါတတ်ပေ။ အင်ပါယာကျောင်းတော်၏ ဒဿနိကသည် အလွန်ရှင်းလင်း သည်။ ကျောင်းတော်သည် ကျွမ်းကျင်သူများကို ပျိုးထောင်ကာ တစ်စုံတစ်ဦး အတွက် တရားဝင်သို့မဟုတ် နိုင်ငံရေးအရဖုံးကွယ်ပေးခြင်းမျိုးမရှိပေ။ ကျောင်းတော်ထဲတွင် အေးအေးချမ်းချမ်း ရှင်သန်လိုပါက ခွန်အားကို တိုးတက် အောင်လုပ်ရမည်ဖြစ်သည်။ တကယ်တော့ သူတို့သာ အသေတိုက်ခိုက်မည်ဟု ပြောလိုက်သည်နှင့် ကျောင်းတော်သည် ဝင်စွက်ဖက်မည်မဟုတ်ပေ။
ကာဂါသည် မှင်တက်သွးသည်။ အတန်ကြာမှပင် သတိပြန်ဝင်လာ၏။ သူ့မျက်နှာနှင့်ကျောရိုးမှ နာကျင်မှုသည် သူ့ကိုဒေါသထွက်စေသည်။ သူသည် မြေကြီးမှ ထခုန်ကာ ရှန်းယန်ဖိုရှေ့သို့ အမြန်ပြေးဝင်လေသည်။ သူသည် ရှန်းယန်ဖို၏ နှာခေါင်းကိုလက်ညှိုးထိုးပြီး ငေါက်ငမ်းလေသည် “ရူးနေတာလား မင်းက အရိုက်ခံချင်နေတာဖြစ်မယ်.. ဒီနေ့ ငါမင်းကိုမသတ်ရရင် မင်းရဲ့ မျိုးရိုး နာမည်ကို ငါယူလိုက်မယ်”
“ငါ့မျိုးရိုးနာမည်ကိုယူမယ်ဟုတ်လား.. မင်းမှာ အရည်အချင်းရှိလား မရှိ လားဆိုတာပေါ်မှာ မူတည်တာပေါ့” ပေထင်းဟွမ်၏ စကားများနှင့်အတူ ရှန်းယန်ဖိုသည် အလျှော့မပေးချင်တော့ပေ။ သူသည် တော်ဝင်မိသားစု၏ ထောက်ပံ့မှုမရနိုင်သော်လည်း သံမဏိသွေးသည် သူ့အနောက်တွင်ရှိနေသည် ကို သူသိသည်။ ပေထင်းဟွမ်ရှိလျှင် သူသည် မည်သူ့ကိုမှ မကြောက်တော့ပေ။
သေချာပေါက်ပဲပေါ့.. တစ်နေ့ သံမဏိသွေးနှင့်ပေထင်းဟွမ်တို့သာ သူ့ကို လိုအပ်လာလျှင် သူတို့အတွက် သူ့အသက်ကိုပင် စတေးရန်ဆန္ဒရှိသည်။
၎င်းသည် တွဲဖက်ဖြစ်သလို အဖွဲ့ဖြစ်နေခြင်းပင်။
“ဟုတ်ပြီ မင်းပြောတာနော်.. ရှန်းယန်ဖို ဒီနေ့ မင်းအသေပဲ” ဓားကိုထုတ် ပြီးနောက် ကာဂါသည် နှာခေါင်းမှ သွေးများကို သုတ်လိုက်သည်။ သူသည် ဒေါသလွန်ထွက်နေရာ နားထင်မှသွေးကြောများပင် နီရဲလာသည်။ သူသည် အံကိုတင်းတင်းကြိတ်ထားကာ ကြမ်းတမ်းစွာပြောလေသည် “ငါနဲ့ အသေ တိုက်ခိုက်ရဲလား”
“အသေတိုက်ပွဲလား” ရှန်းယန်ဖိုသည် အနည်းငယ် ရှုပ်ထွေးသွားသည်။ သူ လှည့်ပြီး ပေထင်းဟွမ်အား ကြည့်လိုက်ကြသည်။ ပေထင်းဟွမ်၏ တောက်ပ သောမျက်လုံးများသည် သူ မည်သို့ပင် ဆုံးဖြတ်စေကာမူ သူ့ကို ထောက်ပံ့ ပေးမည်ဆိုသည့်အလား စိတ်ပိုင်းဖြတ်ထားမှုများနှင့် တောက်ပနေသည်ကို မြင်နေရသည်။
လုံလောက်ချေပြီ။ သူသာ အမှန်တကယ် သေသွားလျှင် အနည်းဆုံးတော့ သူမသည် သူ့ကို နှစ်ပေါင်းများစွာ သတိရပေးလိမ့်မည်။
“ရှန်းယန်ဖို မင်း အဆင်ပြေမှာပါ” ပေထင်းဟွမ်၏ ကြည်လင်သော အသံ သည် သူ့အနောက်တွင် လွင့်ပျံ့လာသည် “သူက ကြယ် ၁ ပွင့် ဝိညာဉ်သခင်ကြီး အဆင့်ပဲရှိတာလေ.. အဲဒါကိုတောင် သူများနဲ့ အသေတိုက်ခိုက်ချင်နေသေး တယ်.. သူက သေဖို့ပဲတန်တယ်”
ရှန်းယန်ဖို၏ ကြည်လင်သောမျက်လုံးများသည် တောက်ပလာသည်။ သူသည် ခေါင်းလှည့်ပြီး ကာဂါကိုခေါင်းဆတ်ပြလိုက်သည် “ဟုတ်ပြီ မင်းကို သေတဲ့အထိ တိုက်ခိုက်မယ်”
သူ ကာဂါကိုသတ်ပြီး အင်ပါယာ ဧကရာဇ်အပြစ်ပေးတာကို ခံရလည်း ဘာဖြစ်လဲ။ သူက အခုသံမဏိသွေးအဖွဲ့ဝင်၊ ပေထင်းဟွမ်ရဲ့ အပေါင်းအဖော် ဖြစ်နေပြီပဲ။ သခင်လေး ၉ ရဲ့အပေါင်းအဖော်က ကြောက်နေရမှာလား။
ကာဂါသည် မှင်တက်သွားသည်။ သူသည် အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ရှန်းယန်ဖိုအား စိုက်ကြည့်လေသည်။ ခဏကြာပြီးနောက် ရယ်မောလေသည် “ကောင်းတယ် ကောင်းတယ် ကောင်းတယ် ရှန်းယန်ဖို မင်းက သေချင်မှတော့ ငါက ဘယ်လိုလုပ် မင်းဆန္ဒကိုဖြည့်မပေးရမှာလဲ.. ဒါပေမဲ့ မင်းသေသွားပြီးရင်တော့ မင်းရဲ့ဝိညာဉ်ကျောက်စိမ်းတံဆိပ်ပြားပေါ်က အမှတ်တွေက ငါ့ဟာပဲ”
“ဘယ်သူသေမလဲဆိုတာ မသေချာသေးပါဘူး” ပေထင်းဟွမ်သည် ဖြည်းဖြည်းချင်းလျှောက်သွားပြီးနောက် ကာဂါအား လူသေတစ်ယောက်ကို ကြည့်သည့်အလား အညှာတာမဲ့သော အကြည့်များဖြင့် အကဲခတ်လေသည်။ “ဒီလိုငတုံးမျိုးက အခုထိပဲအသက်ရှင်နိုင်နေတာ.. အင်ပါယာကျောင်းတော်မှာ နေရတာ အရမ်းမခက်ခဲဘူးထင်ပါရဲ့”
ဒီလူငယ်က ဘယ်သူလဲ။ သူ ဘာပြောလိုက်တာလဲဆိုတာကိုရော သိရဲ့ လား။ အင်ပါယာကျောင်းတော်က ဘဝကကောင်းနေရင် ဒီကမ္ဘာမှာ သူတို့ အသက်မရှင်နိုင်တဲ့နေ့ဆိုလို့ ရှိလာဦးမှာလား။ နေ့တိုင်းနေ့တိုင်း သူတို့တွေ တိုက်ခို်ကနေရတာ။ ကျောင်းတော်ရဲ့ အစားအသောက်စရိတ်က ၁၀ မှတ်ရှိ တယ်။ သူတို့လိုလူမျိုးတွေက နေ့တိုင်း ခါးသီးမှုပင်လယ်ထဲမှာ ပိတ်မိနေတယ် ဆိုတဲ့ဘဝက ဘယ်လောက်ခက်ခဲလဲဆိုတာ သူသိရဲ့လား။
“ကောင်လေး မင်းကဘယ်သူလဲ.. တော်ဝင်မျိုးနွယ်တွေ စကားပြောနေ တာကို ဝင်ပြောရအောင် ဘာကောင်မို့လို့လဲ” ပေထင်းဟွမ်သည် မျက်နှာဖုံး ဝတ်ဆင်ထားသည်ကို ကြည့်ပြီး အလွန်ရုပ်ဆိုး၍ဖြစ်လိမ့်မည်ဟု ကာဂါ တွေး လိုက်သည်။ မဟုတ်လျှင် ဘာကြောင့် မျက်နှာဖုံးဝတ်ထားသနည်း။