ငါ့နာမည်ကိုသိဖို့ မင်းက အရည်အချင်းမမှီဘူး
Vol. 24 Ch. 465
ဤတိုက်ကြီးတွင် သန်မာသူသာ အလေးစားခံရကာ စိုးမိုးမှုကို ခွန်အား ဖြင့်သာ ပြသသည်။ တော်ဝင်မိသားစုနှင့် မင်းမျိုးမင်းနွယ်များသည် သာမန်လူ များရှေ့တွင် ရာထူးသာရှိသည်။ ရာယာအင်ပါယာရဲ့ ဧကရာဇ်ပင်လျှင် ဝိညာဉ် သခင်မိသားစုကြီးလေးခု၏ အကြီးအကဲရှေ့တွင် သူတို့နှင့် တန်းတူညီမျှသာ ရှိ သည်။
ဝိညာဉ်သခင်မိသားစုကြီးလေးခုက မွေးထုတ်ပေးတဲ့ ဝိညာဉ်သခင်တွေ ဘယ်လောက်တောင် များလိုက်လဲ။ သူတို့ရဲ့ အလုံးစုံခွန်အားက ဘယ်လောက် တောင် အားကောင်းလိုက်လဲ။ မြို့တံခါးစောင့်ရဲ့သားလောက်က သူတို့နဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာမို့လို့လား။
“ငါ့နာမည်သိဖို့ မင်းမှာ အရည်အချင်းမရှိဘူး”
ပေထင်းဟွမ်၏မျက်လုံးများသည် ကာဂါ၏လည်တိုင်ဆီသို့ အေးစက်စွာ ဖြတ်သန်းသွားလေသည်။ ချက်ချင်းဆိုသလိုပင် လည်ပင်းပေါ်သို့ ဓားသွား တင်လိုက်သကဲ့သို့ လည်ပင်းမှ အေးစိမ့်မှုကိုခံစားလိုက်ရသည်။ သူလက်သည် အလိုလိုပင် လည်ပင်းကိုကိုင်ကြည့်ကာ သူ၏ရင်ဘတ်တစ်ခုလုံး အေးစက်လာ သည်။ သူ့ထက်ငယ်သော လူငယ်သည် အကြည့်တစ်ချက်နှင့်ပင် အစွမ်းထက် သည့် အဟန့်အတားဖြစ်အောင် မည်သို့ကြည့်သည်ကို သူ နားမလည်နိုင်ပေ။
တံတွေးကို ခက်ခဲစွာမျိုချလိုက်သည်။ သူသည် ရှန်းယန်ဖို ပြောသည့် စကားကို ကြားလိုက်ရသည် “ကာဂါ သူပြောတာမှန်တယ်.. ဒီနေ့ ဘယ်သူ သေမလဲဆိုတာ မသေချာသေးဘူး.. နှစ်ယောက်တည်းတိုက်ပွဲမှာ ကြည့်ကြတာ ပေါ့”
အသေအကြေတိုက်ပွဲ ကြေညာချက်သည် လေကဲ့သို့ပင် ကျောင်းတော် တစ်ခုလုံးကို တဒင်္ဂအတွင်း ပျံ့နှံ့သွားသည်။ အဖွဲ့လိုက်တိုက်ခိုက်မှုနှင့် သီးသန့် တိုက်ပွဲများကို အင်ပါယာကျောင်းတော်တွင် နေရာတိုင်းတွင် မြင်နိုင်သည်။ သို့သော် အသေအကြေတိုက်ပွဲမှာ မြင်နေကျမဟုတ်ပေ။ ထို့အပြင် ခွန်အား ကွာခြားလွန်းသည့် လူနှစ်ယောက်ကြားမှ အသေအကြေတိုက်ပွဲသည် အလွန် ကြီးမားသည်။ တစ်ယောက်သည် ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်ပြီး နောက် တစ်ယောက်သည် ကြယ် ၆ ပွင့်ဝိညာဉ်သခင်၏ ခွန်းအားရှိသော မင်းသားဖြစ် သည်။
ပေထင်းဟွမ်နှင့်တခြားသူများ တိုက်ခိုက်ရေးရင်ပြင်သို့ရောက်သောအခါ လူအယောက် ငါးသောင်းဆန့် ကြီးမားသောရင်ပြင်သည် ပြည့်နှင့်နေပြီဖြစ် သည်။ ရပ်ကြည့်သည့်နေရာကို ရှာပြီးနောက် ပေထင်းဟွမ်သည် လှည့်ပတ် ကြည့်ရာ ရိုးရှင်းသော်လည်း ခမ်းနားသည်ကို တွေ့လိုက်ရသည်။ အရည်အသွေး မြင့်ပြီး ခံ့ညားထည်ဝါသော တိုင်ဆယ်တိုင်ဖြင့် မှန်ဝိုင်းအမိုးကို ထောက်ထားပြီး ထိုင်ခုံများကို နိမ့်ရာမှမြင့်ရာသို့စီထားသည်။ အောက်ခြေတွင် ရင်ပြင်အဝိုင်းရှိ သည်။ စင်မြင့်တစ်ခုလုံးကို အမည်မသိပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အခြေ တွင် ပိန်ပါးသောပုံသဏ္ဍာန်များရှိသည်။ ထိုနေရာတွင် ကျွမ်းကျင်သူ မည်မျှ တိုက်ခိုက်ခဲ့သည်ကို မသိသော်လည်း မည်သည့်အက်ရာ ကွဲရာမှရှိမနေပေ။
အသေအကြေတိုက်ပွဲဖြစ်သော်လည်း ကျောင်းတော်မှ ဆရာများပင် ရောက်မလာပေ။ သို့သော် ဤရင်ပြင်ထဲတွင် အားကောင်းသော ကျွမ်းကျင်သူ ငါးယောက်ထက်မနည်းသည်ကို ပေထင်းဟွမ် မြင်နိုင်သည်။ ဤနှစ်ယောက်တွဲ တိုက်ပွဲကို မည်သည့်နေရာမှ ကြည့်နေသည်ကို သူမ မသိပေ။
တိုက်ကြီးရှိ နာမည်ကျော်ကျောင်းတော် ပီသပါပေသည်။
အင်ပါယာကျောင်းတော်သည် ကြားနေဖြစ်ပြီး အာဏာရရန်မကြိုးစား သဖြင့် ၎င်းကို တိုက်ကြီးရှိ အင်အားစုများအကြားတွင် အဆင့်သတ်မှတ်ထား ခြင်းမရှိပေ။ သို့သော် ၎င်း၏လွှမ်းမိုးနိုင်မှုနှင့် အယူခံဝင်နိုင်မှုသည် တိုက်ကြီးတွင် အာဏာအတွက် တိုက်ခိုက်နေကြသော စီရင်ချက်ဗိမာန်နှင့် အမှောင်နတ်မိစ္ဆာခန်းမတို့ထက် မနိမ့်ပေ။
“စစ်ဦးစီး ငါ အရင်သွားသင့်လား” ရှန်းယန်ဖိုသည် ပေထင်းဟွမ်အား လေးနက်စွာကြည့်လေသည်။ ကာဂါသည် စင်မြင့်ပေါ်တွင် စိတ်လှုပ်ရှားစွာဖြင့် ရပ်နေပြီဖြစ်သည်။ သူသည် တိုက်ခိုက်နိုင်စွမ်းမရှိသည့် အားနည်းသည့်လူကို ကြည့်နေသည့်အလားပင်။
“အစ်ကိုရှန်းယန် မင်းဘာမှဖြစ်မှာမဟုတ်ဘူး ငါ့ကိုယုံ” ပေထင်းဟွမ်တို့ သည် နောက်ကျမှရောက်သဖြင့် နေရာရှာမရတော့ရာ ပထမတန်းရှိ အလယ် စင်္ကြံတွင်သာ ရပ်နေရသည်။ သူမ၏ သွယ်လျသောလက်ချောင်းသည် ရင်ပြင် ကိုညွှန်ပြလိုက်သည်။ သူမ၏အဝတ်အထည်များသည် သွေးစွန်းနေရာ သူမကို ဖရိုဖရဲပုံပေါက်စေသည်။ “သူ့မှော်သားရဲက မင်းထက်သန်မာရင်တောင် မကြောက်နဲ့.. မင်းကြယ်အဆင့်က သူ့ထက်မြင့်တယ်”
ပေထင်းဟွမ်သည် သူ့လက်ထဲသို့ ဝိညာဉ်ပြန်လည်အားဖြည့်ဆေး နှစ်လုံးထည့်ပေးလိုက်သည်။ “သူ့ကို ဝိညာဉ်စွမ်းအင်နဲ့ ချေမွလိုက်ရင်တောင် အသေလုပ်ပစ်ရမယ်”
ဝိညာဉ်အားဖြည့်ဆေးလား။
ဝိညာဉ်အားဖြည့်ဆေးကိုကြည့်ရင်းနှင့် ရှန်းယန်ဖိုသည် စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်တော့ပေ။ သူသည် ဆေးကိုလက်ထဲတွင် တင်းကြပ်စွာဆုပ်ကိုင်ပြီး သူ့ခန္ဓာကိုယ်တွင် တစ်ခါမှမဖြစ်ပေါ်ဖူးသည့် ယုံကြည်မှုသည် အမှတ်အသား တစ်ခုသဖွယ် ကျန်ရစ်ခဲ့လေသည်။ ယနေ့တိုက်ပွဲတွင် သူ နိုင်မှဖြစ်မည်ကို သူ သိသည်။ ယခုမှစပြီး အရင်ရှန်းယန်ဖိုဆိုသည်မှာ မရှိတော့ဘဲ ရှန်းယန်ဖို အသစ် သည် ဤတိုက်ကြီးတွင် မွေးဖွားလာတော့မည်…