← Chapters

ဓားစမ်းသပ်ကျောက်တုံး

Vol. 68 Ch. 937

ဓားစမ်းသပ်ကျောက်တုံး

Vol. 68 Ch. 937

တစ်ဟုန်မူလဓားသူတော်စင်အရှင်ရဲ့စီစဉ်ပေးမှုအောက်မှာ သူတို့ငါးယောက်က အလယ်အလတ်အရွယ်အစားရှိတဲ့အိမ်တော်တစ်ခုထဲသို့ ဝင်လာခဲ့တယ်။

"ကြည့်စမ်း၊ အဲဒါက ဓားစမ်းသပ်ကျောက်တုံးပဲ"

အိမ်တော်ရဲ့အတွင်းပိုင်းမှာ လေ့ကျင့်ရေးကွင်းတစ်ခုရှိတယ်။ သစ်ရွက်နီဓားသူတော်စင်အရှင်မက ဧရာမဓားစမ်းသပ်ကျောက်တုံးတစ်တုံးကို ရှာတွေ့ခဲ့တယ်။

ဓားကြယ်မြို့ရဲ့ဓားစမ်းသပ်‌ကျောက်တုံးက ဓားစမ်းသပ်ကျောက်တုံးတစ်တုံးသာမကဘူး။ အဲဒါမှာ စကြာဝဠာရဲ့မဟာတာအိုရဲ့ဆန်းကြယ်မှုတွေ ပါဝင်တယ်။

"ဒါက အဆင့်မြင့်ဓားစမ်းသပ်ကျောက်တုံးတစ်တုံးပဲ" လေတိမ်ဓားသူတော်စင်အရှင်က ပြောလိုက်တယ်။

ဓားစမ်းသပ်ကျောက်တုံးကို လေးပိုင်းခွဲထားတယ်၊ အဆင့်နိမ့်၊ အလယ်ဆင့်၊ အဆင့်မြင့်နဲ့ အမြင့်ဆုံးအဆင့်တို့ပါပဲ။

အားအနည်းဆုံးအဆင့်နိမ့်ဓားစမ်းသပ်ကျောက်တုံးကတောင် အမှတ်အသားတစ်ခုကို ချန်ထားဖို့ အထွတ်အထိပ်ဓားပညာတစ်ခုကို လိုအပ်တယ်။  အလယ်ဆင့်ဓားစမ်းသပ်ကျောက်တုံးပေါ်မှာ အမှတ်အသားတစ်ခုကို ချန်ထားဖို့ ဒုတိယအဆင့်အထွတ်အထိပ်ဓားပညာတစ်ခုကို လိုအပ်တယ်။ ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားပညာတွေကိုတော့ အဆင့်မြင့်ဓားစမ်းသပ်ကျောက်တုံးတွေအတွက် လိုအပ်တယ်။ အမြင့်ဆုံးအဆင့်ဓားစမ်းသပ်ကျောက်တုံးတွေအတွက်ကတော့ သူတို့က စကြာဝဠာရဲ့ရတနာတွေဖြစ်ပြီး အန္တိမအဆင့်ဓားပညာတွေကသာ အမှတ်အသားတစ်ခုကို ချန်ထားနိုင်တယ်။

အဆင့်မြင့်ဓားစမ်းသပ်ကျောက်တုံးကို အတွင်းပိုင်းထဲမှာ ဓားအမှတ်အသားတွေနဲ့ ဖုံးလွှမ်းထားပေမယ့် အသွင်အပြင်က ညိီညာချော့မွေ့ပြန့်ပြူးတယ်။

လေတိမ်ဓားသူတော်စင်အရှင်က ရှင်းပြလိုက်တယ်" ဓားစမ်းသပ်ကျောက်တုံးက ဆန်းကြယ်တယ်၊ ၎င်းက ဓားအမှတ်အသားတွေကို စုပ်ယူနိုင်ပြီး ၎င်းကိုယ်တိုင်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာစေတယ်"

"စမ်းကြည့်ရတာပေါ့" သစ်ရွက်နီဓားသူတော်စင်အရှင်မက သူမရဲ့ဓားကို ဆွဲထုတ်ကာ ဓားစမ်းသပ်ကျောက်တုံးကို သစ်ရွက်နီလှည့်လည်ခြင်းနဲ့ ခုတ်ပိုင်းလိုက်တယ်။

ချွမ်း......

သတ္တုထိတွေ့သံတစ်ခုဖြစ်လာပြီး သစ်ရွက်နီဓားသူတော်စင်အရှင်မရဲ့စွမ်းအားပြည့်တိုက်ခိုက်မှုက အနက်အားဖြင့်လက်မဝက်ရှိတဲ့ဓားအမှတ်အသားတစ်ခုကိုသာ ချန်ထားခဲ့တယ်။ မကြာခင်မှာပဲ ဓားအမှတ်အသားကို ဓားစမ်းသပ်ကျောက်တုံးထဲကို စုပ်ယူခဲ့တယ်။ အပြင်မှကြည့်ရင် ဓားအမှတ်အသားကို မမြင်နိုင်ပါဘူး။

ဒါပေမယ့် ဓားစမ်းသပ်ကျောက်တုံးရဲ့အတွင်းပိုင်းပေါ်ရှိဓားအမှတ်အသားတွေက အလွန်ထင်ရှားတယ်။ ဒီဓားအမှတ်အသားတွေက ဓားစမ်းသပ်ကျောက်တုံးကို ဖြတ်သန်းထိုးဖောက်လာနေပုံရတဲ့အနက်ရောင်အက်ကြောင်းတွေနဲ့ တူတယ်။

သစ်ရွက်နီဓားသူတော်စင်အရှင်မက စမ်းသပ်ပြီးနောက် လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်လည်း ဓားစမ်းသပ်ကျောက်တုံးကို ခုတ်ပိုင်းလိုက်တယ်။

သူ ခုတ်ပိုင်းပြီးတာနဲ့ နောက်ထပ်မှိန်ဖျော့ဖျော့ဓားအမှတ်အသားတစ်ခုက ထွက်ပေါ်လာတယ်။ အဲဒါက အလွန်တိမ်ပြီး လမဝက်ထက်အနည်းငယ်သာ ပိုတယ်။ ဒါပေမယ့် အဲဒါက သစ်ရွက်နီဓားသူတော်စင်အရှင်မချန်ထားခဲ့တဲ့ဓားအမှတ်အသားထက် ပိုရှင်းလင်းတယ်။

"ခံစားချက်မဲ့ဓားသူတော်စင်အရှင်၊ ငါတို့တွေ ဓားသူတော်စင်တွေ့ဆုံပွဲမှာတုန်းက မတိုက်ခဲ့ရဘူး။ ဓားစမ်းသပ်ကျောက်တုံးကိုသုံးပြီး ဘယ်သူကပိုမြင့်သလဲကို စမ်းသပ်ကြည့်ရအောင်" လေတိမ်ဓားသူတော်စင်အရှင်က အဆိုပြုလိုက်တယ်။

"ကောင်းပြီလေ" ခံစားချက်မဲ့ဓားသူတော်စင်အရှင်က တုံ့ဆိုင်းမနေပါဘူး။ သူက သူ့ဓားကို ဓားအိမ်မှချွတ်ကာ အေးစက်တဲ့အလင်းတစ်ခုက ဓားစမ်းသပ်ကျောက်တုံးကို ဖြတ်သန်းသွားတယ်။

ဖြောက်.....

ဓားအမှတ်အသားတစ်ခုက ဓားစမ်းသပ်ကျောက်တုံးပေါ်မှာ အက်ကြောင်းဖြစ်စေခဲ့ပြီး အဲဒါက လေးလက်မနီးပါးနက်တယ်။

ဓားအမှတ်အသားကို စုပ်ယူပြီးတာနဲ့ ပိုပြီးထင်ရှားတဲ့ဓားအမှတ်အသားတစ်ခုက ဓားစမ်းသပ်ကျောက်တုံးအထဲမှာ ဖြစ်လာတယ်။

"အခု ငါ့အလှည့်ပဲ" လေတိမ်ဓားသူတော်စင်အရှင်ရဲ့မျက်လုံးတွေက အလင်းတောက်ပသွားပြီး သူက ဓားစမ်သပ်ကျောက်တုံးကို ခုတ်ပိုင်းလိုက်တယ်။

ဖြောက်......

ဓားအမှတ်အသားတစ်ခုက ဓားစမ်းသပ်ကျောက်တုံးပေါ်မှာ အက်ကြောင်းဖြစ်စေခဲ့ပြီး အဲဒါက ခြောက်လက်မနက်တယ်။ အဲဒါက ခံစားချက်မဲ့ဓားသူတော်စင်အရှင်ထက် ပိုမြင့်တာ သိသာတယ်။

"မင်း နိုင်တယ်" ခံစားချက်မဲ့ဓားသူတော်စင်အရှင်ရဲ့အမူအရာက ပြောင်းလဲခြင်းမရှိပါဘူး။

"ကျေးဇူးတင်ပါတယ်"

လေတိမ်ဓားသူတော်စင်အရှင်က ရယ်နေရင်း သူ့နှလုံးသားထဲမှာ အေးစက်မှုတစ်ခုကို ခံစားမိလာတယ်။ သူက လီဖူချန်းနဲ့အတူ ဓားတာအိုမဖလှယ်ခဲ့ရင် ခံစားချက်မဲ့ဓားသူတော်စင်အရှင်ကို ဖိနှိပ်နိုင်လိမ့်မှာမဟုတ်လောက်ဘူး။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ သင်ရော မလုပ်ဘူးလား" လီဖူချန်းက လှုပ်ရှားဖို့ရည်ရွယ်ချက်မရှိတာကို မြင်တဲ့အခါ သစ်ရွက်နီဓားသူတော်စင်အရှင်မက မမေးဘဲမနေနိုင်ပါဘူး။

ထိုစကားကို ကြားပြီး ခံစားချက်မဲ့ဓားသူတော်စင်အရှင်နဲ့လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်တို့က လီဖူချန်းကို ကြည့်လိုက်တယ်။

သူတို့က လီဖူချန်းကို နားမလည်ထားတော့ သိချင်စိတ်‌တွေ အလိုအလျောက်ဖြစ်နေရ‌တာပေါ့။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ စမ်းသပ်ကြည့်ပါလား"

အချက်အလက်အရ လေတိမ်ဓားသူတော်စင်အရှင်လည်း လီဖူချန်းရဲ့ခွန်အားအတိုင်းအတာကို သိချင်ခဲ့တယ်။ သူ့ရဲ့ခွန်အားအရ သူက လီဖူချန်းရဲ့အကန့်အသတ်ကို မထွက်ပေါ်လာစေနိုင်ပါဘူး။

"ကောင်းပြီးလေ" လီဖူချန်းက သူ့ဓားကို ဆွဲထုတ်ကာ လေကိုဖြတ်သန်းလျက် ခုတ်ပိုင်းလိုက်တယ်။

ချွမ်း.....

ဓားက ဓားအိမ်ထဲ ပြန်ရောက်သွားပါပြီ။

သူတို့လေးယောက်က ဓားစမ်းသပ်ကျောက်တုံးကို စူးစိုက်စွာ ကြည့်နေကြတယ်။ ဒါပေမယ့် ဓားစမ်းသပ်ကျောက်တုံးပေါ်မှာ ဓားအမှတ်အသားတွေ မထွက်ပေါ်လာတာကြောင့် သူတို့က ထူးဆန်သလိုခံစားနေရတယ်။

ဖြောက်.......

ထိုအခိုက်မှာ ဓားစမ်းသပ်ကျောက်တုံးက ရုတ်တရက် ကွဲအက်ကာ ဘေးနှစ်ဖက်ကို လွင့်ထွက်သွားတော့တယ်။

"ဒါက......."

လေးဦးစလုံးထိတ်လန့်တုန်လှုပ်နေကြတယ်။ ဘယ်လိုခွန်အားမျိုးက အဆင့်မြင့်ဓားစမ်းသပ်ကျောက်တုံးကို နှစ်ပိုင်းခွဲနိုင်ရတာလဲ။

"‌ထင်ထားတဲ့အတိုင်းပဲ၊ သိုင်းတာအိုကို ကျင့်ကြံဖို့အတွက် လူသားမျိုးနွယ်ရဲ့မွေးရာပါပါရမီက မျိုးနွယ်အားလုံးထက် အများကြီးပိုမြင့်တယ်" လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က ထိတ်လန့်တုန်လှုပ်မိသလို လုံးဝကို လက်ခံယုံကြည်လာမိတယ်။

လေစိတ်ဝိညာဉ်မျိုးနွယ်ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ သူ့ရဲ့ဓားတာအိုပါရမီက ဘယ်လူသားဓားတာအိုပါရမီရှင်တွေထက် မနိမ့်ကျဘူးလို့ သူက အမြဲတွေးထားခဲ့တယ်။ လေတိမ်ဓားသူတော်စင်အရှင်နဲ့ခံစားချက်မဲ့ဓားသူတော်စင်အရှင်တို့ သူ့ထက်ပိုမြင့်မားတဲ့အကြောင်းရင်းကတော့ သူတို့က သူ့ထက် စောစောပိုကျင့်ကြံထားလို့ပဲ၊ ဓားတာအိုနဲ့ အရင်ထိတွေ့ခွင့်ရထားလို့ပဲ။ သူက လူတိုင်းနဲ့ စမှတ်တူညီရင် ဘယ်သူက ပိုမြင့်တယ်ပိုနိမ့်တယ်ဆိုတာကို ပြောဖို့ခက်တယ်။

ဒါပေမယ့် လီဖူချန်းရဲ့ခွန်အားအစစ်အမှန်ကို မြင်တွေ့ပြီးနောက် သူက ဒီတစ်သက် လိီဖူချန်းကို လိုက်မမီနိုင်တော့ဘူးဆိုတာကို လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က နားလည်လာခဲ့တယ်။

…

မနီးမဝေးရှိ နောက်ထပ်အိမ်တော်တစ်ခုအထဲမှာ။

ကမ္ဘာဦးဓားသူတော်စင်အရှင်က အသက်ကို နက်နက်ရှိုင်းရှိုင်းရှုသွင်းလိုက်တယ်၊ ပြီးနောက် အဆင့်မြင့်ဓားစမ်းသပ်ကျောက်တုံးကို ခုတ်ပိုင်းလိုက်တယ်။

ဖြောက်.....

အနက်အားဖြင့် ပေအချို့ရှိတဲ့ဓားအမှတ်အသားတစ်ခုက ထွက်ပေါ်လာပြီး ဓားစမ်းသပ်‌ကျောက်တုံးကို ထိုးဖောက်လုနီးပါးပါပဲ။

"ဒဏ္ဍာရီထဲမှာ အဆင့်မြင့်ဓားစမ်းသပ်ကျောက်တုံးကို ပိုင်းဖြတ်နိုင်တဲ့ဓားတာအိုသူတော်စင်အရှင်တွေရှိတယ်။ အဲဒါက အမှန်လားကို ငါ သိချင်တယ်"

ကမ္ဘာဦးဓားတာအိုသူတော်စင်အရှင်က ဒီဒဏ္ဍာရီနဲ့ပတ်သက်ပြီး အလွန်သံသယရှိတယ်။

…

ဓားကြယ်မြို့က အမြွာဦးချိုကြယ်စုထဲမှာတောင် အစည်းကားဆုံးမြို့တွေထဲတစ်ခုဖြစ်တယ်။ ဒီနေရာရဲ့စားသောက်ဆိုင်တွေက အလွန်ကျော်ကြားတယ်။

မြူခိုးမိုးဓားသောက်ဆိုင်က ဓားကြယ်မြို့ရဲ့ထိပ်တန်းစားသောက်ဆိုင်ဆယ်ဆိုင်ထဲကတစ်ခုဖြစ်တယ်။

"ဝင်ကြစို့။ မြူခိုးမိုးစားသောက်ဆိုင်ရဲ့မြူခိုးမိုးဝိုင်က အမြွာဦးချိုကြယ်စုရဲ့ထိပ်ဆုံးဝိုင်တစ်ရာထဲကတစ်ခုလို့ အားလုံးက ပြောကြတယ်။ ငါတို့တွေ ဒီနေ့စမ်းသပ်ကြည့်ရတာပေါ့"

မြူခိုးမိုးဝိုင်မှာ အဆင့်လေးဆင့်ရှိတယ်။ အဆင့်နိမ့်မြူခိုးမိုးဝိုင်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးထောင်ကျသင့်တယ်၊ အလယ်ဆင့်မြူခိုးမိုးဝိုင်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးသောင်းရှိပြီး အဆင့်မြင့်ကတော့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးသိန်းကျသင့်တယ်၊ ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်က ဘယ်အဆင့်နဲ့ ငါတို့ကို ဧည့်ခံချင်တာလဲ"

"သေချာပေါက် အလယ်ဆင့်မြူခိုးမိုးဝိုင်ပဲ"

မြူခိုးမိုးစားသောက်ဆိုင်ရဲ့ဝင်ပေါက်က အဆက်မပြတ်စီးဆင်းနေတဲ့မြစ်တစ်စင်းနဲ့တူတယ်။ ကျယ်လောင်တဲ့အသံတွေကို ကြားနေရပြီး အလွန်အမင်းလှုပ်ရှားတက်ကြွလှတယ်။

မြူခိုးမိုးဝိုင်ရဲ့ဂုဏ်သတင်းကြောင့် ၎င်းကို အရသာခံဖို့ ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်များစွာက ဒီနေရာကို လာရောက်ကြတယ်။

စောစောက ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အုပ်စုမှာ အားလုံးက ကျော်ကြားတဲ့သူတွေပါပဲ။ အထူးသဖြင့် ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်ပါပဲ။ သူက အလွန်အားကောင်းပြီး ဓားကြယ်မြို့ကို ရောက်ရှိပြီးတစ်ပတ်အကြာမှာ ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်နှစ်ဆယ့်ကိုးယောက်ကို အနိုင်ယူခဲ့တယ်။

"အမြွာဦးချိုကြယ်စုရဲ့ထိပ်တန်းဝိုင်တစ်ရာမှာ ဓားကြယ်မြို့က ရှစ်ခုကို ပိုင်ဆိုင်တယ်၊ မြူခိုးမိုးဝိုင်က တစ်ခုအပါအဝင်ပဲ။ ငါတို့က မြူခိုးဝိုင်ကို အရသာမခံရရင် ငါတို့ရဲ့ဒီခရီးက အလဟဿဖြစ်ပေလိမ့်မယ်။ ဒီတစ်ခါတော့ ငါ အားလုံးကို ဒကာခံမယ်၊ မင်းတို့ဆန္ဒရှိသလောက် သောက်လို့ရတယ်"

ပြောပြီးနောက် လေတိမ်ဓားသူတော်စင်အရှင်က အဖွဲ့ကို ဦးဆောင်ကာ မြူခိုးမိုးစားသောက်ဆိုင်ထဲကို ဝင်ရောက်လာတယ်။

မြူခိုးမိုးစားသောက်ဆိုင်မှာ အထပ်ဆယ်ထပ်ရှိတယ်။ ဆယ်ထပ်မြောက်က ကောင်းကင်ဘုံအရှင်တွေအတွက်ပါပဲ။ ခုနှစ်ထပ်၊ရှစ်ထပ်၊ ကိုးထပ်ကိုတော့ ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေကို ဝန်ဆောင်မှုပေးဖို့အတွက် အသုံးပြုတယ်။

ကိုးထပ်မြောက်က ပြည့်နေပြီးဖြစ်တာကြောင့် လေတိမ်ဓားသူတော်စင်အရှင်တို့အဖွဲ့က ရှစ်ထပ်မြောက်ရဲ့ပြတင်းပေါက်အနားရှိစားပွဲခုံတစ်ခုံမှာ နေရာယူလိုက်ကြတယ်။

"စားပွဲထိုး၊ ငါတို့အတွက် အလယ်ဆင့်မြူခိုးမိုးဝိုင်းနှစ်ဆယ့်ငါးပုလင်းနဲ့အစားအစာအချို့ကို ယူလာပေး"

လေတိမ်ဓားသူတော်စင်အရှင်က အတော်လေးသဘောထားကြီးတယ်။ အလယ်ဆင့်မြူခိုးဝိုင်နှစ်ဆယ့်ငါးပုလင်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်သန်းလောက်ရှိတယ်။ အစားအစာတွေနဲ့ပါဆိုရင် စုစုပေါင်းကုန်ကျစရိတ်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်သန်းနီးပါးကို ကပ်သွားပေလိမ့်မယ်။

"ဧည့်သည်တော်တို့ တစ်ခဏလောက်စောင့်ပေးပါ" စားပွဲထိုးက အောက်ထပ်ကို ပြေးဆင်းသွားတယ်။

"မင်း ကြားပြီးပြီးလား။ နောက်ထပ်ပြောင်မြောက်တဲ့ဓားတာအိုသူတော်စင်အရှင်တစ်ယောက် ဓားကြယ်မြို့မှာ ထွက်ပေါ်လာတယ်။ သူ့ကို အဆုံးစွန်းကြယ်ဓားသူတော်စင်အရှင်လို့ခေါ်တယ်။ ဒီမနက်လေးတင်ပဲ သူက နေလဓားသူတော်စင်အရှင်ကို ဓားတစ်ကွက်တည်းနဲ့ အနိုင်ယူသွားတယ်"

"ဒါ တကယ်ပြောင်မြောက်တာပဲ။ နေလဓားသူတော်စင်အရှင်က ဓားရေကန်ရဲ့ပဉ္ဓမစက်ဝိုင်းကို ဝင်ရောက်နိုင်တဲ့အရည်အချင်းရှိတယ်"

ရှစ်ထပ်မြောက်မှာ စားပွဲတွေဒါဇင်လောက်ရှိပြီး တစ်ခုမှာတော့ အနည်းငယ်မူးနေတဲ့ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်အချို့ရှိတယ်။ ဒါကြောင့် သူတို့က အတော်လေးကျယ်လောင်စွာ ပြောနေတယ်။

"ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်၊ ကြည့်ရတာ မင်းမှာ နောက်ထပ်ပြိုင်ဘက်တစ်ယောက်ရှိလာတော့မယ့်ပုံပဲ"

ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်ရဲ့စားပွဲမှာလည်း ဆွေးနွေးနေတယ်။

ဓားရေကန်မှာ စည်းဝိုင်းနံပါတ်သေးငယ်လေ၊ ကျင့်ကြံခြင်းဆိုင်ရာအကျိုးသက်ရောက်မှုက ပိုကောင်းလေပဲ။  ဒါပေမယ့် နံပါတ်သေးသလို ဝင်ဆံ့တဲ့အရေအတွက်လည်း သေးငယ်တယ်။

ဓားရေကန်ရဲ့ဒုတိယစည်းဝိုင်းက ဆယ်ယောက်သာ လက်ခံနိုင်တယ်။ တတိယစည်းဝိုင်းက အယောက်သုံးဆယ်သာ လက်ခံနိုင်တယ်။ ဒီတစ်ကြိမ်မှာ ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်ရဲ့ပစ်မှတ်ကတော့ ဒုတိယစည်းဝိုင်းကို ဝင်ရောက်ဖို့ပဲ။

"ပြိုင်ဘက်တစ်ယောက်ရှိလာတော့ အဓိပ္ပါယ်ပိုရှိလာတာပေါ့ကွာ" ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်ရဲ့အမူအရာက ထူးမခြားဖြစ်ပေမယ့် သူ့မျက်လုံးတွေမှာတော့ ယုံကြည်ချက်တွေ ပြည့်နေတယ်။

All Chapters