← Chapters

သန်မာလိုက်တဲ့စွမ်းအား

Vol. 68 Ch. 938

သန်မာလိုက်တဲ့စွမ်းအား

Vol. 68 Ch. 938

အလယ်ဆင့်မြူခိုးမိုးဝိုင်က တကယ်အံ့ဩစရာပဲ။ သုံးပုလင်းလောက်သောက်ရုံနဲ့တင် လီဖူချန်းကလွဲပြီးကျန်သူတွေက အနည်းငယ်မူးစပြုလာတယ်။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ မင်းရဲ့အရက်သောက်နိုင်စွမ်းကတော့ တကယ်ထိတ်လန့်စရာပဲ။ မင်းက လုံးဝမမူးသေးဘူးပဲ" သစ်ရွက်နီဓားသူတော်စင်အရှင်မက နီမြန်းတဲ့မျက်နှာ၊ အထင်ကြီးတဲ့လေသံနဲ့ ပြောလိုက်တယ်။

လေတိမ်ဓားသူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်"အရက်သောက်နိုင်စွမ်းက ကျင့်ကြံခြင်းနယ်ပယ်နဲ့ ဆက်စပ်တယ်။ ဒါပေမယ့် အရက်သောက်များတာကလည်း အရက်သောက်နိုင်စွမ်းကို တိုးမြင့်စေတယ်"

"အရက်ပမာဏက တကယ်ကြမ်းတမ်းပြင်းထန်တယ်၊ ဒါပေမယ့် ငါ့ကို မူးအောင် ပြုလုပ်ဖို့တော့ မဖြစ်နိုင်ဘူး" လီဖူချန်းက ရယ်လိုက်တယ်။

အလယ်ဆင့်မြူခိုးမိုးဝိုင်သုံးပုလင်းကို သောက်ပြီး‌တောင်မှ လီဖူချန်းက မူးတယ်လို့ လုံးဝမခံစားရဘူး၊ သူက အလွန်သက်သောင့်သက်သာရှိနေတယ်။

"မယုံနိုင်စရာပဲ" လေတိမ်ဓားသူတော်စင်အရှင်က လက်မထောင်ပြလိုက်တယ်။

"ဒီအမျိုးသမီးတာအိုမိတ်ဆွေက ငါနဲ့အရက်အတူသောက်ချင်လားမသိ...."

သူတို့အုပ်စုက အချိန်ကောင်းရှိနေစဉ်မှာ အသံတစ်ခုက ထွက်ပေါ်လာတယ်။

လီဖူချန်းတို့အုပ်စုက ရှစ်ထပ်မြောက်ရဲ့အလယ်မှာရှိတဲ့စားပွဲကို ကြည့်လိုက်တယ်။ ဂုဏ်ယူဝင့်ကြွားတဲ့အရှိန်အဝါနဲ့ ရွှေရောင်ဝတ်ဓားသမားတစ်ယောက်ပါပဲ။

"အဲဒါ မျှော်စင်တိမ်ဓားသူတော်စင်အရှင်ပဲ။ သူက တဏှာရာဂကြီးပေမယ့် သူ့ရဲ့ဓားတာအိုကိုတော့ မနှောင့်နှေးစေဘူး။ သူ့ရဲ့ဓားတာအိုပါရမီက အနက်ရောင်လိပ်ခုံးကြယ်ပိုင်နက်ရဲ့သမိုင်းမှာ ထိပ်ဆုံးသုံးယောက်ထဲဝင်တယ်"

"‌မျှော်စင်တိမ်ဓားသူတော်စင်အရှင်က အနီရောင်ဝတ်အမျိုးသမီးကို မျက်စိကျနေမှန်း သိတာတယ်။ သူမရဲ့တာအိုလက်တွဲဖော်ကရော မျှော်စင်တိမ်ဓားသူတော်စင်အရှင်ကို ဆန့်ကျင်ရဲပါ့မလား"

လူတိုင်းက ဆွေးနွေးနေကြတယ်၊ ပြပွဲတစ်ခုကို စောင့်မျှော်နေကြတယ်။

"မင်းဘယ်သူလဲ" လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က မျက်မှောင်ကြုတ်လိုက်တယ်။

"မင်း သိစရာမလိုဘူး။ တိတ်တိတ်နေပြီး ကိုယ်ရာ့ကိုယ်အေးဆေးအရက်သောက်နေ" မျှော်စင်တိမ်ဓားသူတော်စင်အရှင်က လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်ကို အာရုံမထားပါဘူး။

"မင်း သေချင်နေတာပဲ"

လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က ဒေါသထွက်သွားတယ်။ လက်ကို ဝှေ့ယမ်းလိုက်ရာ ခွက်ထဲရှိဝိုင်က ထက်ရှတဲ့ဓားတစ်လက်အဖြစ်ပြောင်းသွားပြီး မျှော်စင်တိမ်ဓားသူတော်စင်အရှင်ထံ ဝင်လာတယ်။

ဓားက အစစ်အမှန်နဲ့ပုံရိပ်ယောင်ကြားအခြေအနေတစ်ခုမှာ ရှိတယ်။ သာမန်ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်သာဆိုရင် သူတို့က သေချာပေါက် ဒဏ်ရာရသွားလိမ့်မယ်။

"သေးငယ်တဲ့လှည့်ကွက်လေးတွေ" မျှော်စင်တိမ်ဓားသူတော်စင်အရှင်က သူ့လက်ချောင်းတွေအသုံးပြုကာ အရည်ဓားကို အလွယ်တကူဖမ်းလိုက်တယ်။

"ဘာ" လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က ထိတ်လန့်သွားတယ်။

သူ့ရဲ့လျှို့ဝှက်အရိပ်ဓားပညာမှာ လေတာအိုနဲ့ဓားတာအိုပါဝင်ပြီး အလွန်သိမ့်မွေ့နူးညံ့တယ်။ တစ်ယောက်ယောက်က အဲဒါကို ‌ဖျက်ဆီးပစ်ရင် သူက အံ့ဩလိမ့်မှာမဟုတ်ဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က အဲဒါကို ဖမ်းလိုက်နိုင်တယ်ဆိုတော့ သူ တကယ်အံ့အားသင့်မိသွားတယ်။ သူ့ရဲ့လျို့ဝှက်အရိပ်ဓားပညာက ရန်သူအတွက်တော့ ပုံရိပ်ယောင်လုံးဝမဟုတ်ဘူးလို့ ဆိုလိုတယ်။

"ဒါ အတော်လေးဒုက္ခများတာပဲ"

လေတိမ်ဓားသူတော်စင်အရှင်နဲ့ခံစားချက်မဲ့ဓားသူတော်စင်အရှင်တို့က မျက်မှောင်ကြုတ်လိုက်တယ်။ လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်ရဲ့အရည်ဓားကို ဖမ်းယူနိုင်လိမ့်မယ်လို့ သူတို့နှစ်ယောက်လုံးက ယုံကြည်ချက်မရှိဘူး။ သူတို့က အများဆုံးပျောက်ကွယ်သွားစေရုံသာ တတ်နိုင်တယ်။ မျှော်စင်တိမ်ဓားသူတော်စင်အရှင်က အဲဒါကို အလွယ်တကူဖမ်းယူနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ သူ့ခွန်အားက သူတို့မျှော်လင့်ထားတာထက် ကျော်လွန်နေတာပဲ။

"ဒီလောက်ထိ ကြမ်းတမ်းစရာမလိုပါဘူးလေ"

မျှော်စင်တိမ်ဓားသူတော်စင်အရှင်က သူ့လက်ကို ဝှေ့ယမ်းပြီး လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်ထံ အရည်ဓားကို ပြန်ပို့လွှတ်လိုက်တယ်။

အရည်ဓားရဲ့အထဲမှာတော့ သိမ်မွေ့တဲ့ရွှေရောင်အရည်စီးကြောင်းတစ်ခုရှိတယ်။

"သတိထား....."

လေတိမ်ဓားသူတော်စင်အရှင်နဲ့ခံစားချက်မဲ့ဓားသူတော်စင်အရှင်တို့က ဓားရဲ့ကြောက်မက်ဖွယ်ကောင်းပုံကို မြင်နိုင်တယ်။ လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က အဲဒါကို အတင်းအကြပ်ခုခံရင် သူက သေချာပေါက်ဒဏ်ရာရသွားလိမ့်မယ်။ ဒါကြောင့် သူတို့နှစ်ယောက်က လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်ရဲ့အရှေ့မှာ ချက်ချင်းရပ်ကာ အရည်ဓားကို ခုတ်ပိုင်းလိုက်တယ်။

ဝုန်း.....

အရည်ဓားတစ်လက်သာဆိုပေမယ့် ဆူနာမီအသံတစ်ခုကိုတောင် ထွက်ပေါ်လာစေတယ်။

ဘုတ် ဘုတ် ဘုတ်......

လေတိမ်ဓားသူတော်စင်အရှင်နဲ့ခံစားချက်မဲ့ဓားသူတော်စင်အရှင်တို့က ကြီးမားတဲ့အားကြောင့် နောက်သို့ လွင့်ထွက်သွားရတယ်။ သူတို့နှစ်ယောက်လုံးကို ရပ်တန့်သွားစေတဲ့ နူးညံတဲ့အားတစ်ခု ရှိလာတယ်။

"ဒီလူရဲ့ခွန်အားက အံ့မခန်းပဲ။ မင်းတို့နှစ်ယောက်က သူ့ကို မယှဉ်နိုင်ဘူး။ ငါ ဖြေရှင်းလိုက်မယ်" လီဖူချန်းရဲ့အသံက သူတို့ရဲ့နားထဲကို ရောက်ရှိလာတယ်။

"ဓားကြယ်မြို့က ဖုန်းကွယ်ထားတဲ့ပါရမီတွေရှိတဲ့နေရာတစ်ခုပဲ" လေတိမ်ဓားသူတော်စင်အရှင်က ခေါင်းညိတ်ပြကာ ခံစားချက်မဲ့ဓားသူတော်စင်အရှင်နဲ့အတူ သူ့ရဲ့ထိုင်ခုံကို ပြန်ရောက်လာတယ်။

"မင်းတို့ကို တိတ်တိတ်နေပြီးဝိုင်ပဲသောက်ဖို့ ပြောသားပဲ၊ ဒါပေမယ့် မင်းတို့က နားမထောင်ခဲ့ဘူး" မျှော်စင်တိမ်ဓားသူတော်စင်အရှင်ရဲ့အသံက တည်ငြိမ်ကာ လွှမ်းမိုးနိုင်စွမ်းရှိတယ်။

လီဖူချန်းက ရယ်ကာ သစ်ရွက်နီဓားသူတော်စင်အရှင်မထံ ပြောလိုက်တယ်" ဒီပုဂ္ဂိုလ်က အတော်လေးလွှမ်းမိုးနိုင်စွမ်းရှိတယ်။ သူက အာဏာရှင်ဓားတာအိုကို ကျင့်ကြံထားတာပဲ ဖြစ်ရမယ်"

အာဏာရှင်ဓားတာအိုက မိမိကိုယ်ကို အကြွင်းမဲ့အကြီးမြင့်ဆုံး၊အာဏာအမြင့်ဆုံးလို့ ရှုမြင်တယ်၊ အမြင့်မှာပဲရပ်ကာ ခုခံဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး။

"ဒီအမျိုးသမီးတာအိုမိတ်ဆွေက လာဖို့ဆန္ဒမရှိမှတော့ ငါ လာရတာ‌ပေါ့"

မျှော်စင်တိမ်ဓားသူတော်စင်အရှင်က ထရပ်ကာ လီဖူချန်းတို့ရဲ့စားပွဲဆီ လျှောက်လာတယ်။

"ဝိုင်ကောင်းကို ဖြုန်းတီးရတာ စိတ်ပျက်စရာပဲ" လီဖူချန်းက လက်ကို ဝှေ့ယမ်းကာ ဝိုင်ကို စုစည်းလိုက်တယ်။ အဲဒါက အရည်ဓားတစ်ချောင်းဖြစ်သွားပြီး မျှော်စင်တိမ်ဓားသူတော်စင်အရှင်ထံ ပစ်လွှတ်လိုက်တယ်။

"အမ်...."

မျှော်စင်တိမ်ဓားသူတော်စင်အရှင်ရဲ့မျက်လုံးတွေက ရုတ်တရက် အလင်းတောက်ပလာတယ်၊ သူက သူ့လက်သီးကို အရည်ဓားထံ ထိုးနှက်လိုက်တယ်။

အုန်း အုန်း.......

ရေတွေ ပေါက်ကွဲထွက်သွားပြီး မျှော်စင်တိမ်ဓားသူတော်စင်အရှင်က ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရတယ်။

"သူက တကယ်ပဲ မျှော်စင်တိမ်ဓားသူတော်စင်အရှင်ကို နောက်ဆုတ်စေခဲ့တာလား"

လီဖူချန်းရဲ့လှုပ်ရှားမှုက လူအုပ်ကြီးကို ထိတ်လန့်တုန်လှုပ်သွားစေတယ်။

"မြူခိုးဟင်းလင်းပြင်ဓားသူတော်စင်အရှင်၊ မင်း ဒီလူရဲ့ခွန်အားကို ဖြတ်မြင်နိုင်လား" ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်က မြူခိုးဟင်းလင်းပြင်ဓားသူတော်စင်အရှင်ကို မေးလိုက်တယ်။

မြူခိုးဟင်းလင်းပြင်ဓားသူတော်စင်အရှင်က ပြောလိုက်တယ်"ဒီလူရဲ့ဓားတာအိုက နက်နဲသိမ်မွေ့ပြီး ကျွမ်းကျင်ပိုင်နိုင်လှတယ်။ သူက အရင်းမြစ်စွမ်းအားကြောင်းတစ်ရာကျော်နဲ့ ချိတ်ဆက်ထားလောက်တယ်"

သူတော်စင်အရှင်အဆင့်မှာ အရင်းမြစ်စွမ်းအားခပ်များများချိတ်ဆက်ခြင်းက ပိုကောင်းတဲ့အလားအလာရှိစေတယ်။ ကောင်းကင်ဘုံအရှင်အဖြစ်ကို ချိုးဖြတ်နိုင်တဲ့ ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေများစွာရှိပေမယ့် သူတို့က အရင်းမြစ်စွမ်းအားနဲ့ ပိုချိတ်ဆက်ချင်တာကြောင့် သူတို့ကိုယ်သူတို့ ဖိနှိပ်ထားခဲ့ကြတယ်။

ဒါပေမယ့် အများစုမှာ အဲဒါက အားထုတ်မှုနဲ့အချိန်ကို ဖြုန်းတီးသလိုပါပဲ။

"စိတ်ဝင်စားစရာပဲ။ ဓားရေကန်ပွင့်တာနဲ့ ငါ မင်းနဲ့ တိုက်ခိုက်ဖို့စောင့်နေမယ်"

မျှော်စင်တိမ်ဓားသူတော်စင်အရှင်ရဲ့အမူအရာက ပြောင်းလဲသွားပေမယ့် လျင်မြန်စွာတည်ငြိမ်သွားတော့တယ်။

ဒီစားသောက်ဆိုင်က တိုက်ခိုက်ဖို့အတွက် မသင့်လျော်ဘူးလေ။

"မင်းက ငါ့အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူး" လီဖူချန်းက ခေါင်းခါလိုက်တယ်။

ဟုတ်လား။ ဓားရေကန်ဖွင့်တာနဲ့ မင်းက ငါ့ရဲ့အစစ်အမှန်ခွန်အားကို မြင်ရမှာပါ" မျှော်စင်တိမ်ဓားသူတော်စင်အရှင်က ကြီးမားတဲ့ခြေလှမ်းတွေနဲ့ ထွက်သွားတော့တယ်။

မျှော်စင်တိမ်ဓားသူတော်စင်အရှင်ထွက်ပေါ်လာမှုက ဖြစ်ရပ်အသေးလေးတစ်ခုမျှသာပဲ။ လီဖူချန်းတို့အုပ်စုက ဆက်လက်သောက်နေတော့တယ်။

သူတို့အုပ်စုရဲ့စကားပြောသံတွေကို ကြားပြီးနောက် စားသောက်ဆိုင်ရဲ့ရှစ်ထပ်မြောက်ရှိဓားသမားတွေက လီဖူချန်းကို မူလအဆုံးစွန်းဓားသူတော်စင်အရှင်လို့ခေါ်ဆိုမှန်း သိလိုက်ကြတယ်။

ခဏအကြာမှာတော့ မူလအဆုံးစွန်းဓားသူတော်စင်အရှင်ရဲ့နာမည်က ကျော်ကြားလာတော့တယ်၊ သူက အဆုံးစွန်းကြယ်ဓားသူတော်စင်အရှင်၊ ကမ္ဘာဦးဓားသူတော်စင်အရှင်၊ ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်တို့နဲ့ နှိုင်းယှဥ်နိုင်တယ်ဆိုပြီးတော့‌လေ။

…

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ ထွက်လာပြီး တိုက်ခိုက်စမ်းပါ"

လီဖူချန်းက သူ့ရဲ့အံ့မခန်းခွန်အားကို မြူခိုးမိုးစားသောက်ဆိုင်မှာ ထုတ်ပြခဲ့တာကြောင့် အိမ်တော်ရဲ့အပြင်ဘက်မှာ ဓားသမားတွေက နေ့တိုင်းလာရောက်စိန်ခေါ်နေကြတယ်။

သူတို့အထဲမှာ သေးငယ်တဲ့အပိုင်းလောက်ကသာ လီဖူချန်းကို စိန်ခေါ်ဖို့ သန့်စင်တဲ့ရည်ရွယ်ချက်ရှိတယ်။ အချို့က အားကောင်းတဲ့ဓားသမားတွေရဲ့အကျပ်ကိုင်ခံထားရသူတွေပဲ။

တကယ်တော့ ရန်သူရဲ့ခွန်အားကို သိတာက အောင်ပွဲရဖို့အခွင့်အလမ်းကို တိုးစေတယ်။ လီဖူချန်းရဲ့ထုတ်ပြလိုက်တဲ့ခွန်အားက အာရုံအမြောက်အများကို ဆွဲဆောင်နိုင်ခဲ့တယ်လေ။ ဒါပေမယ့် ဓားရေကန်မဖွင့်ခင် ဒီလူတွေက သူတို့ရဲ့ခွန်အားကို မထုတ်ပြချင်ကြဘူး။ လီဖူချန်းရဲ့ခွန်အားကို စမ်းသပ်ဖို့ သူတို့က တစ်ယောက်ယောက်က စေလွှတ်လိုက်ကြတယ်။

အစမှာတော့ သူက ဒီလူတွေနဲ့ပတ်သက်ပြီး အာရုံမထားပါဘူး၊ ဒါပေမယ့် သူက ဓားကြယ်မြို့ရဲ့ယဉ်ကျေးမှုကို လျော့တွက်မိတာပဲ။

ဓားသမားမြို့တစ်မြို့အနေနဲ့ ဓားကြယ်မြို့က တိုက်ခိုက်မှုကို မတားမြစ်ဘူး၊ သတ်ဖြတ်ခြင်းကိုသာ တားမြစ်ထားတယ်။

လီဖူချန်းက စိန်ခေါ်မှုတွေကို လက်မခံနေသရွေ့ ဒီလူတွေက အပြင်ဘက်မှာပဲ စောင့်နေကြတော့တယ်။

ကျွီ......

လီဖူချန်းက အိမ်တော်တံခါးကို ဖွင့်ကာ ပြောလိုက်တယ်" မင်းတို့အားလုံး အတူလာကြ"

ထိုစကားကိုကြားပြီးနောက် ဓားသမားတစ်ဝက်လောက်က မလှုပ်ရှားခဲ့ဘူး။ ကျန်တစ်ဝက်ကတော့ လီဖူချန်းကို ဦးတည်ဘက်တိုင်းမှ တိုက်ခိုက်လာကြတယ်။

ဒိီလူတွေက အခြားသူတွေ‌ရဲ့ဖိအားပေးခြင်းခံရသူတွေ၊ ညွှန်ကြားခြင်းခံထားရသူတွေပဲ။ ဒါကြောင့် သူတို့က လီဖူချန်းက တကယ်ပဲပြောင်မြောက်သလားကို တွေ့ရှိဖို့ပဲ လိုအပ်တယ်လေ။

လီဖူချန်းကို ဒီလောက်များပြားတဲ့ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တွေနဲ့ ဝန်းရံထားမှတော့ လီဖူချန်းရဲ့အကန့်အသတ်ကို စမ်းသပ်ဖို့လုံလောက်တယ်လို့ ဒီလူတွေက ခံစားမိတယ်။

ကံမကောင်းတာကတော့ ဒင်းတို့က လီဖူချန်းကို လျော့တွက်ထားကြတာပဲ။

နေတစ်စင်းအလား လီဖူချန်းရဲ့ခန္ဓာကိုယ်မှ အလွန့်အလွန်ထူးကဲတဲ့အလင်းတောက်ပမှုကို ထုတ်လွှတ်ခဲ့တယ်။

လီဖူချန်းထံ တစ်ဟုန်ထိုးပြေးဝင်လာနေတဲ့ပြိုင်ဘက်ကင်းဓားတာအိုသူ‌တော်စင်အရှင်တွေက မီးထဲသို့တိုးဝင်လာနေတဲ့ပိုးဖလံတွေနဲ့ တူတယ်။ သူတို့က လီဖူချန်းအနားမကပ်နိုင်ခင် သူတို့က လွင့်ထွက်သွားပြီး သူတို့ရဲ့နှာခေါင်းနဲ့ပါးစပ်မှသွေးတွေ စီးကျလာနေတယ်။

ဒီလောက်တောင်အားကောင်းတာလား" ပရိသတ်တွေက မှင်တက်သွားကြတယ်။

လီဖူချန်းကို တိုက်ခိုက်လာတဲ့ဓားသမားတွေအကြားမှာ အချို့က အရင်းမြစ်စွမ်းအားတွေနဲ့ ချိတ်ဆက်ထားကြတယ်။ အတူတကွတိုက်ခိုက်လာတောင်မှ သူတို့က လီဖူချန်းရဲ့တိုက်ကွက်တစ်ကွက်ကိုတောင် မယှဉ်နိုင်ဘူးဖြစ်နေတယ်။ ဒါက တကယ်ကို အဓိပ္ပါယ်မရှိသလိုပါပဲလား။

"သူက ဓားရေကန်ရဲ့ဒုတိယစည်းဝိုင်းကို အလွယ်လေး ဝင်ရောက်နိုင်တယ်"

သူက ပထမစည်းဝိုင်းအတွက် နတ်ဆိုးတွေနဲ့တောင် ယှဉ်ပြိုင်နိုင်လောက်တယ်"

လီဖူချန်းရဲ့သန်မာတဲ့ထုတ်‌ဖော်ပြသမှုက တော်တော်များများကို ဖိနှိပ်ခဲ့တယ်။ နောက်ရက်အနည်းငယ်အတွင်း စိန်ခေါ်မှုတွေက ပိုနည်းလာတယ်။ တစ်နေ့လုံးတောင် စိန်ခေါ်မှုလုံးမရှိတော့တဲ့နေ့ရက်တွေ ရှိလာတယ်။

All Chapters