← Chapters

အဆင့် ၂ ကြယ် ၆ ပွင့်နဲ့ အဆင့် ၃ ကြယ် ၁ ပွင့်လား

Vol. 24 Ch. 466

အဆင့် ၂ ကြယ် ၆ ပွင့်နဲ့ အဆင့် ၃ ကြယ် ၁ ပွင့်လား

Vol. 24 Ch. 466

အကယ်၍ လူတစ်ဦး၏ ကမ္ဘာပေါ်၌ရပ်တည်မှုကို ဆုံးဖြတ်ပါက.. စိတ်ဓာတ် အထူးသဖြင့် ကျွမ်းကျင်သူ၏စိတ်နေစိတ်ထားသည် စစ်မှန်သည့် ကျွမ်းကျင်သူဖြစ်ရန်အတွက် မရှိမဖြစ်လိုအပ်သော အခြေအနေတစ်ခုဖြစ်၏။

ရှန်းဖန်ဖိုသည် သူ အမြဲတမ်းအိပ်မက်မက်ခဲ့သည့် ကျွမ်းကျင်သူလမ်းသို့ ရောက်နေပြီဆိုသည်ကို မသိခြင်းဖြစ်လိမ့်မည်။

သူသည် လှေကားပေါ်သို့ ဖြည်းဖြည်းချင်းတက်သွားကာ ရင်ပြင်ထဲတွင် ရပ်လိုက်သည်။ လက်ကောက်ဝတ်လှန်လိုက်ကာ ရှန်းယန်ဖိုသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဓားရှည်ကိုထုတ်ကာ မြှောက်လိုက်သည်။ ဓားရှည်ထိပ် ဖြင့် ကာဂါကိုချိန်ရွယ်လိုက်သည်။ သူ၏ထူထဲသော မျက်ခုံးများသည် ဓားသွား ကဲ့သို့ ချွန်ထက်ကာ မျက်လုံးများတွင် ဒေါသများဖြင့် စီးဆင်းနေသည် “ကာဂါ ဒီနှစ်တွေမှာ မင်းငါ့အပေါ် မလေးစားခဲ့တာတွေနဲ့ စော်ကားခဲ့သမျှကို ဒီနေ့ မင်း သွေးနဲ့ အကုန်ဆေးပစ်မယ်”

ကာဂါသည် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်မိလေသည်။ နောက်ဆုတ်လိုက်ပြီးနောက် သူသည် အဆင့် ၂ ၏ အင်အားဖြင့် တွန်းပို့ခံလိုက် ရသည်ကို ခံစားမိလိုက်သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကာဂါ၏ ဒေါသသည် မီးတောက်ကဲ့သို့ တောက်လောင်သွားသည်။ သူသည် အေးစက်စွာ နှာမှုတ် လိုက်ကာ မျက်နှာမှ အနာရွတ်သည် ပို၍ပင် အကျဉ်းတန်လာသည် “ရှန်းယန်ဖို မင်းရဲ့ခွန်အားက မတက်လာသေးဘဲနဲ့ တော်တော်လွန်နေပြီ.. ဒီနေ့ ငါ့မျက်နှာ ကို သွေးထွက်အောင်လုပ်တဲ့အတွက် မင်းအသက်နဲ့ တန်ရာတန်ကြေးပြန်ပေးရ မယ်”

ရှန်းယန်ဖို၏ လှပသောမျက်လုံးများသည် အန္တရာယ်ပြုမည့် အလင်းဖြင့် တောက်ပသွားလေသည်။ ဤကမ္ဘာတွင် သူ့အသက်ကိုယူနိုင်သည့်လူမှာ တစ်ဦးတည်းသာရှိသည်။ ထိုလူသည် သူတို့၏ခေါင်းဆောင်ဖြစ်သည်။ မည်သူမှ အရည်အချင်းမပြည့်မှီပေ။

“မင်းက မတန်ဘူး”

ရှန်းယန်ဖို၏ အေးစက်သောစကားလုံးများ ထွက်လာသောအခါ ကာဂါ၏ မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့နေပြီဖြစ်သည်။ သူသည် အန္တရာယ်ပြုမည့် ပုံစံဖြင့် ပြုံးပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကို ရွှေ့လျားလိုက်သည်။ “ရှန်းယန်ဖို.. မင်းက မင်းသားတစ်ပါးဆိုပေမဲ့ ငါ့ဓားအောက်မှာ ဂုဏ်ရှိရှိနဲ့ သေရ မှာပါ.. မင်းသာ ဒူးထောက်ပြီးတောင်းပန်ရင် ငါ အခက်တွေ့လိမ့်မယ်”

“ဟားဟား”

ရင်ပြင်တစ်ခုလုံးသည် ရယ်မောကြလေသည်။ ၎င်းနေရာသည် မြေကြီး ခြံဝင်းဖြစ်သည်။ ကာဂါသည် အဆင့် ၃ ကျွမ်းကျင်သူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ သူ့တွင် မွန်မြတ်သောသားရဲတစ်ကောင်ရှိသဖြင့် သူ့နာမည်သည် ပျံ့နေပြီးသားဖြစ်သည်။ ရှန်းယန်ဖို၏နာမည်သည်လည်း သူ၏သရုပ်မှန် ကြောင့် မြေကြီးခြံဝင်းတွင် လူသိများသည်။ သူသည် အဆင့် ၂ ကြယ် ၆ ပွင့်သာ ရှိသည်ကို အားလုံးသိကြသည်။

အဆင့် ၂ ကြဘ် ၆ ပွင့်နဲ့ အဆင့် ၃ ကြယ် ၁ ပွင့်လား။

မင်းသား ၆ သာ မသန်မာလျှင် သူ့စိတ်သည် အရင်ကလို တောက်ပလာပါ တော့မလား။ သူသည် တခြားသူနှင့် အသေအကြေတိုက်ပွဲကို ရင်ဆိုင်ခဲ့သည်။ ဒါက သေဖို့လမ်းရှာနေတာမဟုတ်ဘူးလား။ စင်ပေါ်မှ ကျောက်စိမ်းနှင့်တူသော လူကိုကြည့်ပြီး သနားတတ်သော တချို့မိန်းကလေးများသည် စိတ်မကောင်း ဖြစ်ကြသည်။

“ဟားဟား သူက မသန်မာရင် မင်းသားဖြစ်နေလည်း ဘာလုပ်ရမှာလဲ.. ဘယ်မှာလေးစားခံထိုက်ခွင့်ရှိလဲ”

“ဟုတ်တယ်.. ဒီတိုက်ကြီးမှာ သန်မာသူတွေပဲ လေးစားခံရမယ်.. ဧကရာဇ်ဆိုရင်တောင် ညအရှင်ရှေ့ရောက်ရင် ဦးညွှတ်ရတာပဲမဟုတ်ဘူးလား”

“ဟားဟား သူက ငါတို့ဆီကို မင်းသား ၆ လွှတ်ပေးလိုက်တာပဲ”

“သခင်ကာဂါရဲ့ ခွန်အားက တကယ်သန်မာတာ.. သူက အဆင့် ၃ ကြယ် ၁ ပွင့်သိုင်းပညာရှင်ဖြစ်နေပြီ.. မင်းသား ၆ ရဲ့ခေါင်းက တံခါးရှေ့ရောက်နေပြီ.. သူက ဘာလို့ကျွမ်းကျင်သူကို ပြစ်မှားရတာလဲ”

ရင်ပြင်ထဲမှ ဆွေးနွေးချက်များသည် ကျင့်ဝတ်မရှိပေ။ ရင်ပြင်တွင် ရပ်နေသည့် ရှန်းယန်ဖို ကြားသွားမည်ကို မည်သူကမှ မကြောက်ရွံ့ပေ။ ရန်ရှောင်ကျဲတို့သည် ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီးစိမ်းနေပြီဖြစ်သည်။ သူတို့၏ ညီအစ်ကိုကောင်းသည် တန်ဖိုးမရှိသည်ထက် နှိမ့်ချခံနေရသည်။ ကြားရသူတိုင်းသည် မသက်မသာဖြစ်လာသည်။

“စစ်ဦးစီး..” ရန်ရှောင်ကျဲ့သည် ပေထင်းဟွမ်နားကပ်လာပြီး ရင်ဘတ်မှာ လည်လေးလံနေသည်။ သူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ထိုလူများ၏ပါးစပ်ကို ဆွဲဖြဲချင်စိတ်များပေါက်နေသည်။

“လျစ်လျူရှုလိုက်” ပေထင်းဟွမ်သည် ညာဘက်လက်မြှောက်ပြီး လျစ်လျူရှုကာ ပြောလိုက်သည် “အခု အဲလိုမျိုးတွေပြောရတာ ကြိုက်နေကြ တာ.. ရှန်းယန်ဖိုသာ နိုင်သွားရင် ငါ သူတို့မျက်နှာကို သွားရိုက်မယ်.. စိတ်ရှည်ဖို့ မသင်ထားရင် ဘာမှလုပ်မရဘူး”

“ဟုတ်တယ်” ရန်ရှောင်ကျဲသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားသည်။

ထင်ရှားစွာပင် ရန်ရှောင်ကျဲနှင့်တခြားသူများသည် ရှန်းယန်ဖို၏ ဦးဆောင်မှုနောက်လိုက်ခဲ့ကြသော်လည်း သူ၏အမိန့်ကိုနားထောင်ရန် ဆန္ဒရှိ ကြသည်…

All Chapters