← Chapters

ရက်စက်တယ်ဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့

Vol. 24 Ch. 467

ရက်စက်တယ်ဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့

Vol. 24 Ch. 467

စင်မြင့်ပေါ်မှ ဆွေးနွေးမှုများသည် သူ့နားထဲတိုးဝင်လာရာ ကာဂါ၏ မျက်နှာသည် ဖောင်းကားကာ နီရဲလာသည်။ သူ့ခန္ဓာကိုယ်တွင် ဆူပွက်နေသော သွေးပူများ စီးဆင်းလာသည်။ ဟုတ်သည်.. သူသည် မြေကြီးခြံဝင်းတွင် ကျွမ်းကျင်သူဖြစ်နေပြီဖြစ်၏။ သူ့တွင် မွန်မြတ်သောသားရဲတစ်ကောင်ရှိသည်။ ဤခွန်အားနှင့်ဆိုလျှင် သူသည် ကြယ် ၁ ပွင့် ကျွမ်းကျင်သူဖြစ်လျှင်တောင် မြေကြီးခြံဝင်းတစ်ခုလုံးတွင် ပြိုင်ဘက်အနည်းငယ်သာရှိသည်။

ဒီအမှိုက် ရှန်းယန်ဖိုကများ သူနဲ့အသေအကြေတိုက်ပွဲ နွှဲရဲတာလား။

“မင်း ငါနဲ့ သေတဲ့အထိ တိုက်ခိုက်ချင်တာ သေချာရဲ့လား” ကာဂါသည် နောက်ကျောမှ လေးလံသောဓားကြီးကို ဖြည်းဖြည်းချင်းထုတ်ကာ လေထဲတွင် ဝှေ့ယမ်းလေသည်။ အေးစက်သောအလင်းလက်လာကာ ဓားထိပ်ဖြင့် ရှန်းယန်ဖိုအား ချိန်ရွယ်လေသည်။ နောက်အခိုက်အတန့်တွင် ရှန်းယန်ဖိုသည် သွေးများပေကျံကာ သူ့ခြေထောက်ကို ဖက်ပြီးတောင်းပန်သည့်မြင်ကွင်းကို မြင်ရတော့မည့်အတိုင်းပင်။

ဟားဟား ဒီခံစားချက်က တကယ်ကောင်းတာပဲ။

ရှန်းယန်ဖိုသည် မျက်လုံးများမှတစ်ဆင့် နှာရှုတ်လိုက်သည် “ဟုတ်ပြီလေ ကာဂါ ဘာမှရှင်းပြမနေဘဲ စကြတာပေါ့” ရှန်းယန်ဖိုသည် ရှေ့တိုးပြီး လက်ထဲမှ ဓားရှည်ဖြင့် ကာဂါ၏လေးလံသောဓားကြီးကို ရိုက်လိုက်သည်။ ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းကျလာကာ ငွေရောင်အလင်းသည် သူတို့နှစ်ယောက်အား လွှမ်းခြုံလိုက်သည်။ ရှေးအခါက ဆင်းသက်လာသည့် ရိုးရာအတိုင်းဆိုလျှင် သူတို့၏လက်နက်များသည် ထိုထုံးတမ်းစဉ်လာအတိုင်း လုပ်ပြီးသွားလျှင် အသေအကြေတိုက်ပွဲ သဘောတူညီချက်ကို ဖြစ်ပေါ်စေမည်ဖြစ်၏။ ထို့နောက် တိုက်ခိုက်ရေးကွင်းထဲမှ လူနှစ်ယောက်သည် တစ်ယောက်အသက်ဆုံးရှုံးမှပင် တိုက်ခိုက်မှုပြီးဆုံးမည်ဖြစ်သည်။

ငွေရောင်အလင်းသည် ထိုးဖောက်မြင်နိုင်သော ဖန်သားကဲ့သို့ ရင်ပြင်ပေါ် တွင် မြင့်တက်လာကာ ကွင်းထဲမှလူနှစ်ယောက်ကို ဖုံးအုပ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ပွဲကြည့်စင်တွင် သက်ပြင်းချသံများဖြင့် ပြည့်နှက်သွား၏။ သူတို့ရှေ့မှ လူတစ်ယောက် ပျောက်သွားသည့်ခံစားချက်သည် စိတ်လှုပ်ရှား စရာကောင်းနေတုန်းပင်။

“ရှန်းယန်ဖို ဒါက အသေအကြေတိုက်ပွဲပဲ.. အချိန်ကျရင် ငါ မညှာလို့ဆို ပြီး အပြစ်မတင်နဲ့.. မင်းသား ၆ ပြီးခဲ့တဲ့တစ်ခေါက်ကလို ဒီတပ်မှူးရဲ့ရှေ့မှာ ဒူးထောက်ပြီး နှုတ်ဆက်မလား” ကာဂါသည် ပြောပြီးသည်နှင့် ကျယ်လောင်စွာ ရယ်မောလေသည်။ သူ၏လှောင်ပြောင်သော အပြုအမူသည် နေရာတစ်ခုလုံး ကို ရယ်မောသံများဖြင့် ပြည့်သွားစေသည်။

ရှန်းယန်ဖိုသည် ပွဲကြည့်စင်ရှိရာဘက်သို့ မကြည့်ဘဲမနေနိုင်တော့ပေ။ မည်းနက်ပြီး အေးစက်သည့်မျက်လုံးများတွင် အဆုံးမရှိသော စွမ်းအားများ ပါဝင်နေသည်ကို သူမြင်လိုက်ရသည်။ ထိုစွမ်းအားသည် လက်ရှိတွင် အကြည့် များမှတစ်ဆင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ဆူပွက်စေသည်။

ကျွမ်းကျင်သူ.. ဒါ ကျွမ်းကျင်သူရဲ့ရောင်ဝါပဲ။

ထိုအခိုက်အတန့်တွင် ရှန်းယန်ဖို တစ်ကိုယ်လုံးမှရောင်ဝါသည် ကြီးမား သောပြောင်းလဲမှုအောက်တွင် ကျရောက်နေပြီဖြစ်သည်။ သူ၏တိုက်ခိုက်ရေး စိတ်ဓာတ်သည် သန်မာကာ သူ၏ပုံရိပ်သည် ခံနိုင်ရည်မရှိသော လှံကဲ့သို့ ဖြောင့်စင်းနေသည်။ သူသည် အားလုံးရှေ့ ကွင်းထဲတွင်ရပ်နေသည်မှာ စစ်မှန် သော စစ်သည်တစ်ဦးကဲ့သို့ပင်။

“ဟူး”

လေထုသည် အနည်းငယ်လေးလံလာကာ အသက်ရှူရန်ပင် ခက်ခဲလာ သည်။ ရှန်းယန်ဖို မည်သူ့ကိုမြင်ခဲ့သည်ကို မည်သူမှမသိကြပေ။ သူ့ကို ဘယ်သူ က ဒီလောက်တောင် ပြောင်းလဲပေးခဲ့တာလဲ။

သို့သော် ထိုလူသည် ရှန်းယန်ဖိုအတွက် အလွန်အရေးကြီးနေသည်မှာ တော့ သံသယဝင်ဖွယ်ရာမရှိပေ။

“အနက်စက် ထွက်လာခဲ့တော့”

လူ အယောက် ငါးသောင်းကျော်၏ မျက်စိရှေ့တွင် ကာဂါသည် သူ၏ မှော်သားရဲကို ဆင့်ခေါ်ရန်မစောင့်နိုင်တော့ပေ။ ငွေရောင်ကြယ်အဖွဲ့အစည်း သည် သူ့ခြေထောက်အောက်တွင် ထွက်ပေါ်လာသည်။ အရည်အသွေးမြင့် စတုဂံကြယ်အဖွဲ့အစည်းထဲတွင် ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းကြောင့် လှပစွာကျရောက်လာသော မွန်မြတ်သောကြက်ခြေခတ်ဓားသည် အားလုံးကို မျက်လုံးများပင် စူးသွားစေသည်။

“မိုးနတ်မင်းရေ.. ကြယ် ၁ ပွင့် ဝိညာဉ်သခင်ကြီးက အားကောင်းလိုက် တာ”

အားလုံး အံ့ဩစွာအော်မငိုခင်တွင် အစိမ်းရောင်မြွေတစ်ကောင်သည် ငွေရောင်အလင်းတန်းဖြင့် ထွက်ပေါ်လာသည်။ မွန်မြတ်သောသားရဲ၏ ပုံစံငယ် သည် ရွှေရောင်နှင့်အနက်ရောင် စင်းကြားရှိပြီး လက်ချောင်းကိုယ်လုံးကိုယ် ထည်ရှိသည့် သေးငယ်သော မြွေဖြစ်သည်။ ၎င်း၏ လူသားနှင့်တူသော မျက်လုံး များသည် နေရာတစ်ခုလုံးကို မောက်မာစွာဖြင့် လှည့်ပတ်ကြည့်ပြီးနောက် မျက်နှာချင်းဆိုင်တွင်ရပ်နေသည့် ရှန်းယန်ဖိုဆီသို့ ကျရောက်သွားလေသည်။ ၎င်း၏ အထင်သေးသောအကြည့်သည် ကာဂါနှင့်တူသည်။ ဤသခင်၊ ဤမှော်သားရဲ ပီသလှသည်။

ကာဂါ၏ အဖြူရောင်ဝိညာဉ်စွမ်းအင်ပေါင်းစပ်မှုနှင့်အတူ မြွေလေး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်းကြီးထွားလာသည်။ မွန်မြတ်သောသားရဲ၏ ကြီးမားသောခန္ဓာကိုယ်သည် အားလုံးရှေ့တွင် အညှာတာမဲ့စွာဖြင့် ထွက်ပေါ် လာသည်။ ၎င်းသည် ၁၀ မီတာအရှည်ရှိကာ ရေပုံးအထူအရွယ်အစားရှိသည်။ ၎င်း၏ အနက်ရောင်ခန္ဓာကိုယ်ထည်ပေါ်တွင် အစိမ်းရောင်ကြေးခွံများရှိသည်။ ၎င်း၏နာမည်သည် ၎င်း၏ပုံစံနှင့် လိုက်ဖက်ညီလှသည်…

All Chapters