← Chapters

အဆင့်မြင့်ဝိညာဉ်သခင်ကြီးလား၊ ဘယ်လိုလုပ်ဖြစ်နိုင် မှာလဲ

Vol. 24 Ch. 468

အဆင့်မြင့်ဝိညာဉ်သခင်ကြီးလား၊ ဘယ်လိုလုပ်ဖြစ်နိုင် မှာလဲ

Vol. 24 Ch. 468

အားကောင်းသော ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးနှင့် ကြယ် ၃ ပွင့် မွန်မြတ်သောသားရဲတို့၏ ပေါင်းစပ်မှုပင်။ ချက်ချင်းဆိုသလိုပင် လူအုပ်ထဲတွင် အားကျသောအသံများဖြင့် ပြည့်နှက်သွားသည်။ အားကြီးသူကို ဘယ်သူ မကိုးကွယ်လို့လဲ။ အားကောင်းတဲ့ခွန်အားကို ဘယ်သူမလိုချင်လို့လဲ။ “တကယ့် ကို မြေကြီးစာရင်းထဲမှာ ကျွမ်းကျင်သူ အဆင့် ၇၆ ပီသပါပေတယ်.. အထင်ကြီး ဖို့ကောင်းလိုက်တာ”

“သေစမ်း သန်မာလိုက်တာ.. ကြယ် ၇ ပွင့်ဝိညာဉ်သားရဲ.. ငါလည်း ဘယ်တော့မှာ တစ်ကောင်လောက်ရမှာလဲ”

“ငါ ကြယ် ၇ ပွင့်ဝိညာဉ်သားရဲတောင်မလိုချင်ဘူး.. ကြယ် ၁ ပွင့် ဝိညာဉ် သားရဲတစ်ကောင်ရှိရင်ကို ရယ်မောပြီး အိပ်ရာထမှာ”

ကိုးကွယ်သည့်အကြည့်များကို ပျော်မွေ့ရင်း ကာဂါသည် မောက်မာစွာ ဖြင့် ခေါင်းကိုမော့ကာ လက်ထဲမှ လေးလံသောဓားကြီးကို မြှောက်လိုက်ကာ ရှန်းယန်ဖို၏ မေးစေ့ကို ချိန်ရွယ်လိုက်သည်။

“မင်းသား ၆ မင်းအလှည့်ပဲ”

ရှန်းယန်ဖိုသည် ကာဂါကို လျစ်လျူရှုသောအကြည့်ဖြင့်ကြည့်ပြီး ခန္ဓာ ကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်ကိုလှည့်ပတ်လိုက်သည်။ အဖြူရောင်ဝိညာဉ် စွမ်းအင်သည် သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် စီးဆင်းသွားသည်။ ငွေရောင် ကြယ်အဖွဲ့စည်းသည်လည်း သူ့ခြေထောက်အောက်တွင် ပေါ်လာသည်။ ကြည်လင်သော စတုဂံကြယ်အဖွဲ့အစည်းသည် အားလုံး၏မျက်လုံးထဲတွင် တလက်လက်တောက်လာသည်။

ရင်ပြင်ထဲမှလူများအားလုံးသည် မတ်တတ်ရပ်ပြီး ရှေ့သို့ညွှတ်မတတ်ဖြစ် သွားကြသည်။ သူတို့မြင်ရသည်အရာကို မည်သူကမှ မယုံရဲကြပေ။ သူတို့ ဘာ မြင်လိုက်တာလဲ။ ထူးခြားတဲ့စတုဂံကြယ်အဖွဲ့အစည်း.. လင်းလက်တောက်ပ နေတဲ့ ဓာသေး ၇ လက်တို့သည် အားလုံးကို လှောင်ပြောင်နေသလိုပင်။

“ဘာလဲ.. အဆင့်မြင့်ကြယ်ဝိညာဉ်သခင်ကြီးလား.. ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ”

“မဟုတ်ဘူး ငါ အမြင်မှားတာပဲဖြစ်မယ်.. ဒါ မဖြစ်နိုင်ဘူး.. သူက ကြယ် ၆ ပွင့် အဆင့် ၂ ပဲရှိသေးတာကို ငါ မနေ့ကတင် မြင်ခဲ့တာ”

“ဒါက ဒါက.. ဒီမနက် ငါ အိပ်ရာထနည်းမှားသွားလို့လား”

အယောက် ၅ သောင်းကျော်၏ တီးတိုးသံများသည် ပွဲဖြစ်စေသည်။ စိတ်အားထက်သန်သော အသံများသည် ကျယ်လောင်လာရာ ကာဂါ၏ မျက်နှာ ကို အရောင်အသွေးအမျိုးမျိုးအဖြစ် ပြောင်းသွားစေသည်။ ၎င်းသည် ဖြူဖျော့ နေရာမှ အနီသို့ပြောင်းသွားသည်။ နောက်ဆုံးတွင် သူ့မျက်နှာသည် မည်းနက် သွားလေ၏။ လက်ထဲမှလေးလံသောဓားကြီးသည် ရုတ်တရက် ရှန်းယန်ဖိုအား ချိန်ရွယ်လေသည် “ရှန်းယန်ဖို သောက်ကောင် မင်းဘယ်တုန်းက အဆင့်တက် သွားတာလဲ.. မင်း ငါတို့ကိုလိမ်ခဲ့တာလား”

ရှန်းယန်ဖိုသည် သူ့ကိုသေလူအလား အေးစက်စွာကြည့်လိုက်သည်။ ကြယ် ၇ ပွင့် ဝိညာဉ်သခင်ကြီး၏ ကြယ်ပုံစံအဖွဲ့အစည်းသည် သူ့ခြေထောက် အောက်တွင်ပေါ်ပေါက်လာမှပင် နောက်ဆုံးတွင် သူအင်အားကြီးသူဖြစ်လာ သည်ကို ယုံကြည်မှုရတော့သည် “ဘာလို့လဲ ကြောက်နေပြီလား”

“ကြောက်ရမယ်ဟုတ်လား” ကာဂါသည် ဟာသတစ်ခုကို ကြားလိုက်ရ သလိုပင် “မင်းကို ဒီနေ့ မြင်ခွင့်ပေးလိုက်မယ်.. ငါတို့နှစ်ယောက်လုံးက အဆင့် ၃ ဝိညာဉ်သခင်တွေပဲ ဒါပေမဲ့ ခွန်အားကတူမှာမဟုတ်ဘူး.. မင်းရဲ့ ကြယ် ၇ ပွင့် ဝိညာဉ်သားရဲ ကျားဖြူကိုဆင့်ခေါ်လိုက်.. ယှဉ်မလား”

မှော်သားရဲများ ကောင်းကင်အဆင့်သို့ဝင်ခြင်းသည် ဝိညာဉ်သခင်တစ်ဦး ကောင်းကင်အဆင့်သို့ ဝင်ခြင်းဖြစ်သည်။ မွန်မြတ်သောသားရဲများသည် သာမန် မှော်သားရဲပေါ်တွင် မရှောင်ရှားနိုင်သော ဖိအားပေးနိုင်တုန်းပင်။ ရှန်းယန်ဖိုသာ အမှန်တကယ် ကြယ် ၇ ပွင့်ဝိညာဉ်သားရဲကျားဖြူကို တိုက်ခိုက်ရန် ဆင့်ခေါ်လိုက်ပါက မည်သူအနိုင်ရမည်ကို ပြောရန်ခက်သွားပေ မည်။

ရှန်းယန်ဖို၏ ခြေထောက်အောက်တွင် ဓားငယ် ၇ လက်ကိုမြင်သောအခါ ကာဂါသည် ကြောက်လန့်သွားသည်။ သို့သော် ဘာမှမထူးပေ။ သူသည် သူ့ထက် အဆင့်မြင့်သည့် ကျွမ်းကျင်သူနှင့် မတိုက်ခိုက်ဖူးခြင်းလည်းမဟုတ် ပေ။ သူ့တွင်ရှိသည့် စာချုပ်သားရဲသည် မွန်မြတ်သောသားရဲဖြစ်ကာ အားမနည်းသလို သာမန်မှော်သားရဲလည်းမဟုတ်ပေ။ မည်သည်ကို ကြောက်နေရမည်နည်း။

“အနက်အစက် ချပ်ဝတ်တန်စာအသွင်ပြောင်းမယ်”

ကြီးမားသည့် မွန်မြတ်သောသားရဲသည် အလင်းတန်းဖြစ်ပြောင်းကာ ကာဂါ၏ခန္ဓာကိုယ်ပေါ်သို့ ခုန်အုပ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် အရည်အသွေးမြင့်ငွေရောင် ချပ်ဝတ်တန်ဆာသည် ကာဂါ၏ခန္ဓာကိုယ်အား ရစ်ပတ်ကာ သူ့ကို စစ်နတ်ဘုရားအသွင်ဖြစ်အောင် ပြုလုပ်ပေးသည်။ ကွင်းထဲမှ မရေမတွက်နိုင်သော မိန်းကလေးများသည် မွန်မြတ်သောသားရဲ ချပ်ဝတ်တန်ဆာကို အော်ဟစ်အားပေးကြသည်။

“ဟားဟား ရှန်းယန်ဖို ငါ မင်းကိုစောင့်နေတယ်” လက်ထဲမှ လေးလံ သောဓားဖြင့် ရှန်းယန်ဖိုအား တည့်တည့်ချိန်ရွယ်လေသည်။ ကာဂါ၏မျက်လုံး ထဲမှ အထင်သေးမှုများကို ထင်ရှားစွာမြင်နေရသည်။

ရှန်းယန်ဖို၏ ခြေထောက်မှ ငွေရောင်အလင်းတန်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ခြေရင်းတွင် ရေခဲပြာမြွေလေးတစ်ကောင်သည် ပျင်းရိစွာ ပေါ်လာသည်။ ၎င်း၏မျက်လုံးများသည် တစ်ဝက်မှိတ်ထားကာ ကာဂါအား စာရင်းထဲမရှိသလိုကြည့်ကာ ပြန်မှိတ်သွားလေတော့သည်…

All Chapters