ဒီမြွေလေးက ဘယ်လိုမှော်သားရဲအမျိုးအစားလဲ
Vol. 24 Ch. 469
ရှန်းယန်ဖို၏ ခြေထောက်ဘေးမှ မြွေလေးသည် မထင်မရှားနှင့် မသိ နားမလည်သော ကလေးတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ သူသည် အခြေအနေ ကို မသိသေးခင်မှာပင် ပြိုင်ပွဲမြေကို ခေါ်ထုတ်ခံလိုက်ရသည်။
“ဟား ဘာတွေဖြစ်နေတာလဲ.. ရှန်းယန်ဖိုက ကလေးလိုလိုနဲ့ မှော်သားရဲ ကို ဘာလို့ခေါ်လိုက်တာလဲ”
“ဟားဟား ဒါကလည်း မွန်မြတ်တဲ့သားရဲ ပြောင်းနိုင်တဲ့ တစ်ခုတည်း သော ပုံစံလို့မပြောနဲ့နော်”
“အမလေး အခုခတ် မွန်မြတ်တဲ့သားရဲအဆင့်ရှိတဲ့ မြွေတွေကို လူတိုင်း ဖမ်းနိုင်နေပြီလား.. လာစမ်းပါဦး အဖွဲ့ဖွဲ့ပြီး မှော်သားရဲတောမှာ ငါတို့ကံစမ်း ကြည့်ကြတာပေါ့”
“ဟားဟား”
လူအယောက် ၅ သောင်းရှိနေသော ပြိုင်ပွဲကွင်းတွင် ရယ်သံများဖြင့် ပြည့်နှက်သွားသည်။ ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးသေးသည့် ကျောင်းသားများ သည် မှော်သားရဲပေါ်လာခြင်းကို လှောင်ပြောင်ကြသည်။
ကာဂါတစ်ယောက်တည်းသာ ချွေးအေးများပြန်နေသည်။ သူ့ခန္ဓကိုယ် ပေါ်တွင် ချပ်ဝတ်တန်ဆာအသွင်ပြောင်းထားသည့် မွန်မြတ်သောသားရဲသည် ဝိညာဉ်အတွင်းပိုင်းထဲထိ တုန်ယင်နေသည်ကို သူ ခံစားမိသည်။ သူသည် မတတ်သာတော့ဘဲ ဝိညာဉ်စွမ်းအင်ထည့်ကာ ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာ တည်ဆောက်မှုကို ထောက်ပံ့ပေးနေရသည်။
ပြိုင်ဘက်၏မှော်သားရဲကို နှောင့်ယှက်ရန် သူ၏မွန်မြတ်သောသားရဲ၏ ဖိအားကို အမြဲတမ်းအသုံးပြုခဲ့သော ကာဂါသည် သူ၏သားရဲထက်တစ်ဆင့်မြင့် သော မွန်မြတ်သောသားရဲကို ဖိအားပေးနိုင်သည်ကို ကောင်းစွာနားလည်ထား သည်။
ဒီမြွေလေးက ဘယ်လိုမှော်သားရဲမျိုးလဲ။
“ရှောင်ပင်း နောက်မှအိပ်တော့ ဟုတ်ပြီလား” ရှန်းယန်ဖိုသည် အနည်းငယ် ဆွံ့အမိသည်။ ဒီကောင်လေးက အားနည်းတဲ့ ပြိုင်ဘက်အတွက် ခေါ်တယ်ဆိုပြီး စောဒကလာတက်နေသေးတယ်။
“သခင် ငါ့နဂါးဝင်သက်ထါက်သက်က သူ့ကိုတစ်ချက်တည်းနဲ့သတ်လို့ရ တယ်.. အဲဒါကို သူ့ကိုပြိုင်ဘက်အနေနဲ့ တိုက်ခိုက်ချင်တာလား.. ငါ့ကို အထင် သေးနေတာပဲ” ရေခဲနဂါးပြာသည် ဒေါသတကြီး နှာမှုတ်လေသည် “မင်းမှာ ကြယ် ၇ ပွင့်ဝိညာဉ်သားရဲရှိသေးတယ်မဟုတ်ဘူးလား.. ငါ မလုပ်နိုင်ဘူး.. ဒီလို အားနည်းတဲ့သူက ထွက်လာပြီး ငါ့ပြိုင်ဘက်ကင်း ပုံစံကိုမြင်ရင် ကြောက်သွား လိမ့်မယ်”
“ဟား အဟွတ် အဟွတ်” ပေထင်းဟွမ်သည် တံတွေးသီးသွားမတတ်ပင်။ ဒါဘယ်လိုကမ္ဘာမျိုးလဲ။ မှော်သားရဲတွေက ဘာလို့ ပိုပိုပြီးမောက်မာလာတာလဲ။
“သူ.. သူ စကားပြောနိုင်တာပဲ” သူက စကားပြောတတ်တာပဲ
“နတ်.. သားရဲ.. မဟုတ်သေးဘူး မွန်မြတ်သောသားရဲကလေ”
“ဒါက.. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. နတ်သားရဲများဖြစ်နေမလား”
“အဲဒါကြောင့် ရှန်းယန်ဖိုရဲ့ ခွန်အားက တိုးတက်လာတာပေါ့.. သူ့မှာ နတ်သားရဲတောင်ရှိနေတယ်.. သူ့ဝမ်းတွင်းပါစာချုပ်တည်ထောင်လိုက်လို့ သူ့ ခွန်အားကို တိုးစေတာဖြစ်မယ်”
ပွဲကြည့်စဉ်မှလူများ ကြောက်လန့်သွားသည်မှာ သေးထွက်ကျမတတ် ပင်။ ထိုအခိုက်အတန့်တွင် ရှန်းယန်ဖိုသည် တခြားသူများ၏အတွေးများကို မည်သို့ ဂရုစိုက်နိုင်တော့မည်နည်း။ သူသည် နတ်သားရဲကို ချော့မော့နေတုန်း ပင် “ရှောင်ပင်း ပင်အာလေး ဒီလူနဲ့ငါက အသေအကြေတိုက်ခိုက်ရမှာ.. မင်း မကူညီရင်..”
“အသေအကြေတိုက်ပွဲဟုတ်လား.. ဟင်း.. ဘာလို့ စောစောကမပြောလဲ”
မြေပေါ်တွင်လှဲပြီး သေချင်ယောင်ဆောင်နေသော ရေခဲနဂါးပြာသည် ဝှစ်ခနဲ ထခုန်လေသည်။ ၎င်း၏ခန္ဓာကိုယ်သည် ငွေရောင်အလင်းတန်းထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ၎င်း၏ကြီးမားသောခန္ဓာကိုယ် သည် ရှန်းယန်ဖိုကို ပိတ်ကာလိုက်ပြီး ၎င်း၏ရေခဲပြာရောင် မျက်လုံးတစ်စုံသည် ကာဂါအား ခက်ထန်စွာ စိုက်ကြည့်လေသည် “အားနည်းတဲ့လူသား.. ငါ့သခင် ကို အသေတိုက်ခိုက်ချင်တာမင်းလား”
ဟူး…
သူတို့သည် လေးလံစွာသက်ပြင်းချလိုက်သည်။ နတ်သားရဲတစ်ကောင်၏ ပုံစံမှာ ဤအတိုင်းဖြစ်သည်။ သူတို့ကို မသိခိုင်းပေ။ သို့သော် ရင်ပြင်ထဲတွင် ကြီးမားသောသတ္တဝါကို မြင်သောအခါ အားလုံး၏ ရင်များထပ်ခုန်သွားစေပြန် သည်။
တောက်လောင်သောမျက်လုံးအစုံများသည် အနက်အစက်အပျောက် မြွေစိမ်းထက်ကြီးသော နတ်သားရဲကို အကြိမ်ပေါင်းများစွာကြည့်နေကြသည်။ ရှေးနတ်နဂါး၏ ၆၀ ရာခိုင်နှုန်း ဖြူစင်သော သွေးသားရှိသည့် ရေခဲပြာနဂါး ကိုမြင်သောအခါ အမှောင်ထဲတွင် ပုန်းနေကြသော အင်ပါယာကျောင်းတော်မှ ဆရာများပင် အံ့ဩမှုကို မဖုံးကွယ်နိုင်တော့ပေ။
“ရေခဲနဂါးပြာက ဝင်ပေါက်မှာပေါ်လာတယ်လို့ကြားတယ်.. ကြယ် ၇ ပွင့် နတ်သားရဲနဲ့ အသေအကြေတိုက်ခိုက်မယ့် ဝိညာဉ်သခင်က ဘယ်လောက် တောင် ကံဆိုးလိုက်လဲ.. သူ့ခေါင်းက တစ်ခုခုများဖြစ်နေပြီလား” ဆရာများထဲမှ တစ်ယောက်သည် မမေးဘဲမနေနိုင်တော့ပေ…