← Chapters

မင်းမှာ ဘယ်လိုလုပ် နတ်သားရဲရှိနေတာလဲ

Vol. 24 Ch. 470

မင်းမှာ ဘယ်လိုလုပ် နတ်သားရဲရှိနေတာလဲ

Vol. 24 Ch. 470

လူအများစုသည် ထိုသွေးသားဖိအားကို မခံနိုင်ကြပေ။ ၆၀ ရာခိုင်နှုန်း သော ဖြူစင်သည့်နဂါးသွေးသားသည် ပြည်မတိုက်ကြီးရှိ နတ်နဂါးနှင့်အနီးစပ် ဆုံး နဂါးမျိုးနွယ်၏တစ်စိတ်တစ်ပိုင်းဟု ပြော၍ရသည်။ အင်ပါယာ၏ နဂါးပျံ မြင်းတပ်နှင့်ယှဉ်လျှင် နဂါးဟုခေါ်ရန် ရေခဲနဂါးပြာသာလျှင် အရည်အချင်းပြည့် မှီသည်။ တောင်ပံနှစ်ခုပါနဂါးသည် နဂါးအငွေ့ထုတ်နိုင်လျှင်တောင် နဂါးဟု ခေါ်ထိုက်မည်လား။

ဝိုး

မွန်မြတ်သောသားရဲ၏ ချပ်ဝတ်တန်ဆာသည် သူ့ခန္ဓာကိုယ်ပေါ်မှ ကွာကျလာသည်။ ယခင်က အထင်ကြီးလောက်စရာ အနက်ရောင်အစက် မြွေစိမ်းသည် ၎င်း၏အရွတ်များကို ဆွဲထုတ်လိုက်သကဲ့သို့ မြေပေါ်လဲကျသွား လေသည်။ ၎င်းသည် အလုံးလေးအဖြစ် ကွေးသွားပြီး ရေခဲနဂါးပြာကို အရှုံးပေး တော့မည့်ပုံစံဖြစ်နေ၏။

သို့သော် ရေခဲနဂါးပြာသည် ထိုကောင်ကို ကြည့်ပင်မကြည့်ပေ။ သူသည် ဂုဏ်သိက္ခာရှိသော နဂါးဖြစ်သည်။ မြွေငယ်လေးတစ်ကောင်ကို ဂရုပင်မစိုက် ပေ။

“နတ်.. နတ်သားရဲ.. မင်း မင်းမှာ ဘယ်လိုလုပ် နတ်သားရဲရှိနေတာလဲ”

သူ၏မွန်မြတ်သောသားရဲကို ရှက်လာသဖြင့် ကာဂါ၏ခြေထောက်များ တုန်ယင်လာသည်။ သည်တစ်ခေါက်တွင် သူသည် သံပြားပူကိုကန်လိုက်မိပြီ ဖြစ်ကြောင်းကို နားလည်လိုက်သည်။ ထိုခွန်အား၏ ပြင်းထန်သောဖိအား အောက်တွင် သူသည် အနိုင်ရနိုင်ခြေမရှိတော့ပေ။

၎င်းသည် အသေအကြေတိုက်ပွဲဖြစ်သည်။ သခင်သေဆုံးလျှင် စာချုပ် သားရဲသည် အသက်ရှင်ရန်လမ်းမရှိပေ။ ထို့ကြောင့် အသေအကြေတိုက်ပွဲဟု ကြားသည်နှင့် ပျင်းရိနေသော ရေခဲနဂါးပြာသည် ချက်ချင်းပင်ထကာ ကြက်သွေးထည့်လိုက်သကဲ့သို့ သခင်ဖြစ်သူကို ထောက်ပံ့လေသည်။

အသေအကြေတိုက်ပွဲတွင် လူတစ်ယောက်သာ အသက်ရှင်ကျန်နိုင်မည်။

သူ သေမလား သို့မဟုတ် ရှန်းယန်ဖို သေမလားပင်။ သို့သော် ဤကဲ့သို့ အခြေအနေမျိုးအောက်တွင် သူသည် မည်သို့ရှန်းယန်ဖိုကို ဖြေရှင်းမည်နည်း။

“ရှန်းယန်ဖို မင်းသာ ငါ့အသက်ကို ချမ်းသာပေးမဘ်ဆိုရင် ငါ.. ငါ မင်း အမေဘယ်လိုသေလဲဆိုတာ ငါ ပြောပြမယ်…” သူ့အတွက် မတ်တတ်ရပ်ရ သည်ပင် ခက်ခဲနေသော်လည်း ကာဂါသည် ခက်ခက်ခဲခဲဖြင့် သူ့အပေးအယူကို ပြောပြနေသည်။

သူ့အသံသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်အကာအစီးကိုဖြတ်ပြီး ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ရင်ပြင်တစ်ခုလုံးတွင် သက်ပြင်းချသံ များ ပြည့်နှက်သွား၏။ ကာဂါသည် ဤကဲ့သို့ စိတ်ပျက်စရာကောင်းပြီး အရှက် ကင်းမဲ့သည့်လူဖြစ်လိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။ ဤကဲ့သို့ အရေး ကြီးသည့်အခိုက်အတန့်တွင် အသက်ရှင်ရန်အတွက် အပေးအယူလုပ်နေခဲ့၏။

ဤပင်မတိုက်ကြီးတွင် သန်မာသူသာ ရိုသေခံရမည်။ သူတို့သည် အားကောင်းသည့်သူများသာမကဘဲ မည်မျှပင် သန်မာစေကာမူ သေခြင်းရှင်ခြင်းကို အေးအေးဆေးဆေး ရင်မဆိုင်နိုင်ပါကလည်း နှိမ့်ချခံရမည် ဖြစ်သည်။

ရှန်းယန်ဖိုသည် မှင်တက်သွားသည်။ သူ၏မိခင်သည် သူ့ကိုမွေးဖွား ပြီးမကြာခင်တွင် ဆုံးပါးသွားခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်းတွင် သူ သည် မိခင်ဖြစ်သူ၏သေဆုံးမှုအပေါ် စုံစမ်းခဲ့သည်။ သို့သော် သူ၏ခွန်အားသည် အကန့်အသတ်ရှိသဖြင့် ဘာကိုမှရှာမတွေ့ခဲ့ပေ။ တကယ်တော့ နန်းတော်ထဲမှ အစေခံ၊ ကိုယ်ရံတော်များ တစ်ယောက်မှ မိခင်ဖြစ်သူအကြောင်းကိုမသိကြပေ။ သူ၏မိခင်သည် ဤကမ္ဘာပေါ်တွင် မတည်ရှိခဲ့သလိုမျိုးပင်။

သူ၏မိခင်သည် နန်းတွင်းအပျိုတော်ဖြစ်သည်ဟုသာ ပြောကြသည်။ ငယ်စဉ်ကတည်းက သူ နန်းတွင်းထဲတွင် အနိုင်ကျင့်ခံရစေသော အကြောင်းအရင်းဖြစ်သည့် သူမ ဘာကြောင့်အသတ်ခံရသည်ကို သူ တကယ် မသိခဲ့ပေ။

“ငါ့အမေ ဘယ်လိုသေခဲ့တာလဲ.. သူမက ဘယ်လိုလူမျိုးလဲ” ရှန်းယန်ဖို သည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ သွေးသား သံယောဇဉ်ပင်။ သူသည် မိခင်ဖြစ်သူကို တစ်ချိန်လုံး လွမ်းဆွတ်ကာ သူမ မည်သို့သေဆုံးခဲ့သည်ကို သိချင်ခဲ့သည်။ သူသည် သူမအတွက် ကိုယ်တိုင် လက်စားချေချင်ခဲ့သည်။

“ကျိန်.. ငါ မင်းကိုပြောပြရင် ငါ့ကို မသတ်ဘူးလို့ ကျိန်” ကာဂါသည် ခြိမ်းခြောက်လေသည်။

သူတို့သည် အရှက်မဲ့သည့်လူများစွာကို မြင်ဖူးခဲ့သည်။ သို့သော် ဤမျှ အရှက်မရှိသည့်လူကိုတော့ မတွေ့ဖူးပေ။

ကွင်းရင်ပြင်တစ်ခုလုံးတွင် လူအယောက် ငါးသောင်းကျော်ရှိသည်။ ဤ အခိုက်အတန့်တွင် သူတို့သည် ကာဂါ၏စကားများကို ကြားလိုက်ရချိန်တွင် လက်မြှောက်ပြီး သူတို့နဖူးသူတို့ရိုက်ကာ စိတ်ထဲမှပြောမိကြသည် “ဒီလူက ငါ့ အတန်းဖော်မဟုတ်ဘူး.. မဟုတ်ဘူး ကျိန်းသေပေါက်မဟုတ်ဘူး.. အင်ပါယာ ကျောင်းတော်မှာ ဘယ်လိုလုပ် ဒီလိုစိတ်ပျက်ဖို့ကောင်းတဲ့ ကျောင်းသားရှိနေ တာလဲ”

ရှန်းယန်ဖို၏ စိတ်များလှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်သည် အလိုလိုပင် ရှေ့သို့တိုးလာသည်။ ရေခဲနဂါးပြာသည် ထိတ်လန့်သွားကာ အော်လိုက်သည် “သခင် တကယ်ကြီးလား မဟုတ်ပါဘူးနော်”

ရင်ပြင်တစ်ခုလုံးတွင် သက်ပြင်းများဖြင့် ပြည့်နှက်သွားသည်။ သူသည် အဆင့်မြင့်ကြယ် ဝိညာဉ်သခင်ကြီးဖြစ်ပြီး နတ်သားရဲတစ်ကောင်ရှိသည်.. နောက်ဆိုရင် ဒီပြည်မကြီးမှာ ဘယ်လောက်ထိ ပေါက်ရောက်နိုင်လိမ့်မလဲ။ ရှန်းယန်ဖိုက အသက်ပေးရလောက်အောင် ကာဂါလိမ်တာကိုခံရတဲ့အထိတော့ မတုံးအလောက်ပါဘူးနော်…

All Chapters