Chapters

ကာဂါ သေလိုက်

Vol. 24 Ch. 471

ကာဂါ သေလိုက်

Vol. 24 Ch. 471

အားလုံးသည် အထူးသဖြင့် စိတ်လှုပ်ရှားနေသည်။ ဤကဲ့သို့အားကောင်း သော နတ်သားရဲသည် သခင်ဖြစ်သူကြောင့် သေဆုံးမည်ကို မည်သူမှမမြင်ချင် ကြပေ။

ရေခဲနဂါးပြာ၏စကားများသည် ရှန်းယန်ဖိုအား အချိန်မှီတားလိုက်နိုင် လေ၏။ သူသည် ရေခဲနဂါးပြာအား အပြစ်မကင်းသောမျက်လုံးများဖြင့် ကြည့် လိုက်သည်။ ၎င်းသည် ခေါင်းဆောင်မှ သူ့ကိုပေးထားသည့် မှော်သားရဲဖြစ်၏။ သူ ၎င်းနှင့် စာချုပ်တည်ထောင်စဉ်က သူ့အဆင့်ကိုမသိခဲ့ပေ။ ထိုအရောင်သည် အလွန်လှပသည်ဟုသာ ခံစားခဲ့ရသည်။ သူ၏စာချုပ်သားရဲဖြစ်လာမှပင် ထို ကောင်လေး၏ အဆင့်သည် ရယ်စရာဖြစ်နေရသည်။ ၎င်းသည် ကြယ် ၇ ပွင့် နတ်သားရဲဖြစ်သည်။

“ခေါင်းဆောင် ရှန်းယန်ဖိုက အဲလောက်တော့ မတုံးဘူးမလား.. ကာဂါရဲ့ အပေးအယူကို သဘောတူလိုက်ရင် သူ ကောင်းကင်နဲ့မြေကြီး ဥပဒေအပြစ်ပေး တာခံရတော့မယ်”

“ဟုတ်တယ် ပြီးတော့ သူက အသေအကြေစာချုပ်လုပ်ခဲ့တာ.. သူတို့ထဲ က တစ်ယောက်ပဲ ကွင်းထဲက ဆင်းလာရမှာ.. မဟုတ်ရင် ကာဂါက ဘယ်လို လုပ် အဲလိုကောက်ကျစ်တဲ့အကြံထုတ်မှာလဲ”

“ခေါင်းဆောင် ရှန်းယန်ဖိုကို သတိပေးလိုက်.. သူသာ မတုံးရင် ခွင့်လွှတ် မှာမဟုတ်ဘူး”

သံမဏိသွေးတွင် ချင်းရှဲလင်တို့သည် အလွန်ပင် ပူပန်လျက်ရှိသည်။ သူတို့သည် ပေထင်းဟွမ်အား ဝိုင်းကာ ရှန်းယန်ဖိုမှ တုံးအသည့်တစ်စုံတစ်ရာကို ပြုလုပ်လိုက်မည်ကို ကြောက်သဖြင့် ပြောနေကြသည်။

“မဟုတ်ဘူး သူ့ကိုယုံထား”

အဝေးမှနေ၍ ပေထင်းဟွမ်သည် ရှန်းယန်ဖို၏မျက်လုံးထဲမှ ကြမ်းရှရှ အကြည့်ကို ရှင်းလင်းစွာမြင်နေရသည်။ သူ နဂါးရေခဲပြာကို ကြည့်လိုက်သည့် အခိုက်အတန့်တွင် မျက်လုံးထဲတွ် အပြစ်မကင်းသည့်အကြည့်များ ဖြတ်ပြေး သွားသည်။ သူသည် မိခင်၏သတင်းကို စာချုပ်သားရဲ၏အသက်နှင့် အလဲအလှယ်လုပ်မည်မဟုတ်ပေ။

ပေထင်းဟွမ် ဘာကြောင့် သေချာနေသည်ကိုမသိသော်လည်း သူမ၏ စကားများသည် သံမဏိသွေးအဖွဲ့ဝင်များ၏ နှလုံးသားထဲအထိဝင်ရောက်သွား သည်။ သူတို့သည် အလွန်ငြိမ်ကျသွားကာ ပြိုင်ပွဲပြီးချိန်ထိ စောင့်ကြသည်။

“ရှောင်ပင်း ငါ တောင်းပန်ပါတယ်၊ ခုနက ငါအမှားလုပ်မိသွားတာ နောက်ဆိုရင် မင်းကိုစိတ်ပူအောင်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်” ရှန်းယန်ဖို၏ လက်သည် ရေခဲနဂါးပြာ၏ ကြေးခွံများကိုထိလိုက်သည်။ သူ၏ အသံသည် အနည်းငယ် ပင်ပန်းနေသည်။ သို့သော် အလွန်ခိုက်မာလျက်ရှိသည် “ဒီလူကို အတူရှင်းလိုက်ရအောင်”

ထိုသို့ပြောပြီးသည်နှင့် ရှန်းယန်ဖိုသည် အော်လိုက်သည် “ရှောင်ပင်း အသွင်ပြောင်းမယ်”

သူသည် လက်ထဲတွင်ကိုင်ထားသည့် ဓားကိုအသုံးပြုကာ ထိုလူကိုသတ် ပြီး သူ့အရှက်ကိုဆေးကြောရန် ထိုလူ၏သွေးကိုအသုံးပြုမုည်။

အလင်းတန်းသည် ရှန်းယန်ဖိုအား လွှမ်းခြုံလိုက်သည်။ ရေခဲပြာ အလင်း ထဲတွင် အားလုံးသည် မြင်ရသည့်မြင်ကွင်းကြောင့် မှင်တက်မိကြသည်။

ရေခဲပြာတိုက်ပွဲချပ်ဝတ်တန်ဆာသည် လူငယ်၏ ကိုယ်ထည်ကို အုပ်မိုး လိုက်သည်။ ရေခဲပြာချပ်ဝတ်တန်ဆာအပေါ်တွင် ပုံစံများသည် ရေပူဖောင်းများ သဖွယ် ခတ်နေသည်။ ၎င်းသည် အလွန်ပင်အရည်အသွေးမြင့်ကာ ထိတ်လန့် လောက်စရာပင်။ နဂိုကတည်းက မနက်မှောင်သည့်ဆံပင်နှင့် မျက်လုံးနက်နက် များရှိသည့် ရှန်းဘန်ဖိုသည် ၎င်း၏နတ်သားရဲချပ်ဝတ်တန်ဆာကြောင့် ရေခဲပြာ ဆံပင်သည် သူ့ခေါင်းအနောက်တွင် လွင့်နေသည်။ သူ၏ရေခဲပြာမျက်လုံးများ သည် နေရောင်အောက်တွင် တလက်လက်တောက်ကာ ခမ်းနားနေသည်။

၎င်းသည် နတ်သားရဲစစ်ချပ်ဝတ်တန်ဆာပင်။ ကာဂါ၏ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသော မွန်မြတ်သောသားရဲ၏ချပ်ဝတ်တန်ဆာနှင့်ယှဉ်လျှင် ၎င်းသည် အလွန်ထူးခြားပြီး အရည်အသွေးကောင်းမွန်သည်။

“ဝိုး မိုက်လိုက်တာ မင်းသား ၆ က အရမ်းကိုချောတာပဲ”

“နတ်သားရဲချပ်ဝတ်တန်ဆာ.. သေစမ်း တကယ် နတ်သားရဲပဲ”

“ဟူး ငါလည်းလိုချင်လိုက်တာ ဘယ်လိုလုပ်ရမလဲ.. မိုးနတ်မင်းရေ ငါလည်း ဘာလို့နတ်သားရဲကိုမတွေ့ရတာလဲ.. ဘာလို့ စာချုပ်သားရဲမဖြစ်နိုင်ရ တာလဲ”

ဤနတ်သားရဲကို သူ၏ခေါင်းဆောင်မှ ပေးထားခြင်းဖြစ်သည်။ ရှန်းယန်ဖို သည် ပွဲကြည့်စင်မှ ဆွေးနွေးချက်များကို နားထောင်ပြီး ခေါင်းဆောင်သည် သားရဲထိန်းသခင်ကြီးဖြစ်သည့်အချက်ကို မတွေးဘဲမနေနိုင်တော့ပေ။ သူသည် အဖွဲ့၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူသည် သူများ၏ အနိုင်ကျင့်ခြင်းကိုမခံနိုင် တော့ပေ။

“သေစမ်း ကာဂါ”

မြေကြီးကို ခြေထောက်ဖြင့်တော့ပြီးနောက် ရှန်းယန်ဖိုသည် လက်ထဲတွင် ဓားရှည်ကြီးကိုင်ပြီး ကာဂါကိုခုတ်ချလိုက်သည်။ သေရေးရှင်ရေးအခိုက်အတန့် တွင် ကာဂါသည် ခန္ဓာကိုယ်တွင် မကြုံစဖူးသော အလားအလာများ ပေါက်ကွဲ ထွက်ခဲ့သည်။ သူ၏လက်ထဲမှ လေးလံသောဓားကြီးကိုမြှောက်ပြီး ရှန်းယန်ဖို၏ ဓားရှည်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။