မြေကြီးအဆင့်ကျွမ်းကျင်သူကို ချေမှုန်းခြင်း
Vol. 24 Ch. 472
ဘုန်း…
ဓားရှည်နှင့် လေးလံသောဓား၏ ဓားသွားတို့ တိုက်မိရာ နေရာတိုင်းတွင် မီးပွားများစင်ကုန်သည်။ ကြီးမားသောတိုက်သံကြီးသည် ကောင်းကင်နှင့် မြေကြီးဥပဒေ၏ စွမ်းအင်အလွှာကိုဖြတ်ထွက်လာကာ အားလုံး၏ စိတ်ကို တုန်ခါသွားစေသည်။
နတ်သားရဲချပ်ဝတ်တန်ဆာ၏ ကာကွယ်မှုနှင့်အတူ ထိုတိုက်ခိုက်မှု၏ သက်ရောက်မှုသည် အလွန်အားကောင်းလျှင်တောင် ရှန်းယန်ဖိုသည် ဘာကိုမှ မခံစားမိပေ။ တစ်ဖက်တွင် ကာဂါသည် နောက်ဆုတ်ကာ အဝေးသို့ရောက်မှပင် ပြန်ထိန်းနိုင်တော့သည်။
ချွေးအေးများ တစ်ကိုယ်လုံးပြန်လာကာ သူ့နဖူးမှစီးကျလာသည်။ ရှန်းယန်ဖိုသည် ထိုမျှ အားကောင်းလိမ့်မည်ဟု ကာဂါထင်မထားပေ။ ကိုယ်တိုင် မကြုံတွေ့ရဘဲနှင့် မယုံနိုင်ပေ။ ပထမအချက် ကြယ် အနိမ့်အမြင့်ကြားတွင် ကွာခြားချက်ကြီးရှိနေပြီဖြစ်သည်။ ထို့အပြင် ရှန်းယန်ဖို၏ ခန္ဓာကိုယ်ကို နတ်သားရဲချပ်ဝတ်တန်ဆာမှ ကာကွယ်ထားသည်။ သေချာပေါက် သူသည် ကာဂါထိတွေ့နိုင်မည့်လူမဟုတ်ပေ။
သူ၏ မွန်မြတ်သောသားရဲသည် စစ်မြေပြင်တွင် တန်ဖိုးယုတ်လျော့နေပြီ ဖြစ်၏။ အကယ်၍ သူသာ တိုက်ပွဲတွင် အနက်ပျောက်မြွေစိမ်းကို ပါဝင်ခိုင်းပါက ဝန်ထုပ်ဝန်ပိုးဖြစ်သွားနိုင်သည်။
ကာဂါသည် ခန္ဓာကိုယ်ပေါ်တွင် အနက်ပျောက်မြွေစိမ်းဖြင့် ဖန်တီးထား သည့် ချပ်ဝတ်တန်ဆာကို ထိန်းသိမ်းရန် ဝိညာဉ်စွမ်းအင်များစွာကို အသုံးပြုခဲ့ရ သည်။ ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးသည် သူ့ခန္ဓာကိုယ်တွင် စွမ်းအင်မည်မျှ သုံးစွဲခဲ့သနည်း။ ထို့အပြင် သူသည် မည်သည့်နည်းနှင့်မဆို သေလိမ့်မည်။ ကာဂါသည် သတ္တိတချို့ရှိနေဆဲဖြစ်ပြီး တိုက်ခိုက်ရာတွင် အလွန်ရက်စက်၏။
တစ်ချက်တည်းနှင့် ရှုံးနိမ့်ပြီးနောက် ကာဂါသည် မရဲတင်းတော့ပေ။ သူသည် မြေကြီးအဆင့်တွင် ၇၆ ဖြင့်ရပ်တည်နေပြီး သူ၏ ဂုဏ်သတင်းသည် မထိုက်တန်ပေ။ သူသည် မြေကြီးအဆင့် ၁၀၀ မှစတင်ခဲ့ပြီး တက်လာခဲ့ခြင်းဖြစ် ၏။ သူ၏မွန်မြတ်သောသားရဲကို မှီခိုခြင်းအပြင် စစ်မှန်သောအစွမ်းအစလည်း ရှိသည်။
“ရှန်းယန်ဖို.. နတ်သားရဲရဲ့ ထောက်ပံ့မှုမရှိရင် မင်းက ဘာမှမဟုတ်ဘူး” ကာဂါသည် လက်ထဲမှ ကြီးမားသောဓားကြီးကို ဝေ့ယမ်းကာ လေကိုခွင်းကာ ရှန်းယန်ဖိုအား ခုတ်လေသည်။
သူ၏ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်နှင့် လက်ထဲမှဓားရှည်ကို အဖြူရောင် ဝိညာဉ်စွမ်းအင်ဖြင့် လွှမ်းမိုးလိုက်သည်။ ရှန်းယန်ဖို၏လက်ထဲမှ ဓားရှည်သည် ကာဂါ၏လေးလံသောဓားကြီးကို ခုတ်ပြန်သည်။ သည်တစ်ကြိမ် တွင် ရှန်းယန်ဖို၏ ဓားရှည်သည် ကာဂါ၏လေးလံသောဓားကြီးကို ခပ်ပြင်းပြင်း ခုတ်ချလိုက်သည်။ ရေခဲပြာအလင်းသည် သူ့ခန္ဓာကိုယ်မှထွက်လာပြီး နတ် သားရဲချပ်ဝတ်တန်ဆာသည် တိုက်ခိုက်မှုအားလုံးကို ခုခံနေသည်။ ရှန်းယန်ဖို၏ ဓားရှည်သည် ကာဂါကို နောက်သို့ဆုတ်ရန် ဖိအားပေးနေသည်။
ဒေါက်
သူ့ဒူးမြေပေါ်သို့ ကျသွားချိန်တွင် ကာဂါ၏မျက်နှာသည် နီရဲနေပြီဖြစ်၏။ သူ့စိတ်ထဲတွင် အရှက်ရမှုများ ထွက်ပေါ်လာသည်။ လက်ထဲမှလေးလံသော ဓားကို ထိန်းချုပ်ပြီး ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်သည် ခေါင်းထိထိုးတက်လာ သည်။ သူသည် ခေါင်းကို လက်နက်သဖွယ်အသုံးပြုကာ ရှန်းယန်ဖို၏ ဝမ်းဗိုက် ဆီသို့ ထိုးသွင်းခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှန်းယန်ဖို၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ အားလုံးထိုးတက်လာသည်။ လက်ထဲမှ ဓားရှည်ကို မညှာမတာခုတ်ချလိုက်ပြန် သည်။ အက်ကွဲသည့်အသံနှင့်အတူ သံမဏိဖြင့်သန့်စင်ထားသော ကာဂါ၏ လေးလံသောဓားကြီးသည် ကွဲအက်သွားလေသည်။ ဓားရှည်သည် ကာဂါ၏ ပခုံးကို ရက်စက်စွာခုတ်ထစ်လိုက်သည်။
သူ့ခန္ဓာကိုယ်မှ သွေးများသည် မြေပေါ်သို့ စီးကျသွားလေသည်။
သွေးနံ့သည် ကာဂါ၏ခန္ဓာကိုယ်မှ အာရုံကြောများအားလုံးကို လှုံ့ဆော် ပေးလေသည်။ သူ၏ဦးခေါင်းသည် တူတစ်ချောင်းကဲ့သို့ဖြစ်ပြီး ရှန်းယန်ဖို၏ ဝမ်းဗိုက်ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်လေသည်။
“အာ..”
ပွဲကြည်စင်တွင် အားလုံးသည် အော်မိကြသည်။ မခံနိုင်တော့သည့် မိန်းကလေးများသည် မနေသာတော့ဘဲ မတ်တတ်ရပ်မိကြသည်။ သူတို့သည် သူတို့၏နှလုံးသားထဲမှ ငယ်ရွယ်သော စစ်နတ်ဘုရားကို သွားရောက်ကာကွယ် ချင်မိကြသည်။
ဒုန်း
ရှန်းယန်ဖို ဒဏ်ရာရသည့်မြင်ကွင်းပေါ်မလာဘဲ ကာဂါ၏ခေါင်းနှင့် နတ် သားရဲ၏စစ်ချပ်ဝတ်တန်ဆာတို့ တွေ့ဆုံချိန်တွင် ရှန်းယန်ဖိုမှ ပြင်းထန်စွာ ဖြတ်တောက်ခံရပြီးနောက် ကာဂါသည် ရှန်းယန်ဖို၏ ဝမ်းဗိုက်အောက်ပိုင်းနှင့် တိုက်မိခြင်း၏ အကျိုးသက်ရောက်မှုကြောင့် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေ ကြောင့်ဖြစ်လာသော စွမ်းအင်အတားအဆီးထဲတွင် ကာဂါသည် ပြင်းထန်စွာ ရိုက်ချိုးခံလိုက်ရသည်။
အသေအကြေတိုက်ပွဲ၏ ကောင်းကင်နှင့်မြေကြီးတို့ စည်းမျဉ်း ဖြစ်ပေါ် လာသည်နှင့် နတ်သားရဲကျွမ်းကျင်သူသည် နှစ်ယောက်တိုက်ပွဲကို ဝင်နှောင့်ယှက်ရန်မဖြစ်နိုင်ပေ။ သူတို့ကို ဤထိုးဖောက်မြင်နိုင်သောစွမ်းအင် အကာအဆီးဖြင့် ပိတ်ပင်ထားလျှင်တောင် ဝင်ခွင့်ရမည်မဟုတ်ပေ။ ကာဂါ၏ ခန္ဓာကိုယ်ကိုတောင် တုန်လှုပ်ခြင်းမရှိသည့် နတ်လောကအဆင့်ကျွမ်းကျင်သူ ကို စွမ်းအင်အတားအဆီးမှ မည်သို့ဖြိုဖျက်နိုင်မည်နည်း။