← Chapters

ခေါင်းဆောင် ငါနိုင်ပြီ

Vol. 24 Ch. 474

ခေါင်းဆောင် ငါနိုင်ပြီ

Vol. 24 Ch. 474

ရှန်းယန်ဖိုသည် လှည့်လာပြီး လက်ထဲတွင် ဓားရှည်ကြီးကို တင်းတင်း ဆုပ်ကိုင်ထားသည်။ နှစ်ပေါင်းများစွာ ကိန်းအောင်းနေသော အရှက်ကွဲခဲ့သမျှ ကို အားပါပါဖြင့် ကာဂါအား အညှာတာမဲ့စွာ ခုတ်ခဲ့သည်။

မချမ်းမြေ့ဖွယ်ရာ အော်သံသည် ကောင်းကင်နှင့်မြေကြီး ဥပဒေအရ ဖြစ်ပေါ်ခဲ့သော စွမ်းအင်အကာအဆီးကို ပြိုကွဲသွားစေသည်။ ကာဂါသည် ရှန်းယန်ဖို၏ ဓားဖြင့် နှစ်ခြမ်းအပိုင်းခံလိုက်ရချေပြီ။ ဓားသွားသည် ကာဂါ၏ ပခုံးပေါ်မှထိုးဖောက်ကာ ဝမ်းဗိုက်တစ်ခုလုံးကို ဖြတ်သွားပြီး ခါးမှထွက်လာ၏။ သူ့ခန္ဓာကိုယ်တစ်ပိုင်းသည် မြေကြီးပေါ်လှိမ့်သွားပြီး အောက်ပိုင်းခန္ဓာကိုယ်မှ သွေးများသည် မီးပန်းမီးပွားသဖွယ် ပန်းထွက်နေသည်။

ပွဲကြည့်စင်မှမိန်းကလေးများသည် ချက်ချင်းပင် ပူးကပ်လိုက်ကြပြီး ရင်ပြင်ထဲမှ ရက်စက်သည့်မြင်ကွင်းကို မကြည့်ရဲကြပေ။ နှစ်ပိုင်းပြတ်သွား သော ကာဂါသည် ကမ္ဘာကြီးကို ကျိန်ဆဲနေသည့်အလား မျက်လုံးပြူးလျက် သားဖြင့်သေဆုံးနေသည်။ ရှန်းယန်ဖို၏မျက်နှာသည် သွေးများဖြင့် ပေကျံနေ သည်။ သွေးများကိုသုတ်ပြီးနောက် ဓားရှည်ကိုကိုင်ကာ ဘေးချင်းယှဉ် သေဆုံး နေသော လူတစ်ယောက်နှင့် သားရဲတို့ကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်၏။

သူသေသွားပြီ…

သည်းမခံနိုင်လောက်အောင် ထောင်လွှားသည့် ကြယ် ၁ ပွင့်ဝိညာဉ်သခင် ကြီး၊ မြေကြီးအဆင့်တွင် အဆင့် ၇၆ တွင်ရှိတည်နေကာ အဆင့်မြင့်မွန်မြတ် သောသားရဲရှိသော ကာဂါသည် တစ်ချိန်က ဂုဏ်သရေဖြင့် ပြည့်စုံခဲ့သည်။

ကောင်းကင်နှင့်မြေကြီးဥပဒေဖြင့် ပြုလုပ်ထားသော စွမ်းအင် အကာအဆီးသည် ငွေရောင်အလင်းအပျောက်များအဖြစ်ပြောင်းကာ ပျောက် ကွယ်သွားလေသည်။ သွေးနံ့စူးစူးများ ပျံ့လာကာ အားလုံး၏ အာရုံကို လှုံ့ဆော် လေသည်။ ရင်ပြင်ထဲတွင်ရှိသော လူအယောက် ငါးသောင်းကျော်သည် တိတ်ဆိတ်နေရာ အသံတစ်သံမှမကြားရပေ။ အားလုံး၏ အသက်ရှူသံများ ရပ်တန့်သွားသကဲ့သို့ တိတ်ဆိတ်မှုသာ ကျန်ရှိလေသည်။

ကျယ်လောင်သော ခေါင်းလောင်းသံမထွက်လာခင်တွင် အသံတစ်သံ သည် အားလုံး၏ဦးခေါင်းအထက်တွင် ထွက်ပေါ်လာသည် “အင်ပါယာကျောင်း တော်ရဲ့ ဆရာနဲ့ကျောင်းသားများ ကာဂါကို အောင်မြင်စွာ စိန်ခေါ်နိုင်လိုက်တဲ့ အတွက် ရှန်းယန်ဖိုကို ဂုဏ်ပြုပေးကြပါ.. အခုကစပြီး ရှန်းယန်ဖိုက မြေကြီး အဆင့် ၇၆ ရသွားပါပြီ… ရှန်းယန်ဖိုရဲ့ လက်ရှိ ဝိညာဉ်အမှတ်က အားလုံးပေါင်း ၁၃၅,၇၀၀ မှတ်ပါ”

ဘုန်း

ရင်ပြင်တစ်ခုလုံး အော်ဟစ်သံများဖြင့် ညံသွားသည်။ ဘုရားရေ ၁၃၅,၇၀၀ မှတ်… အားလုံးသည် အကြည့်များပြန်သတိကပ်လာကာ ရင်ပြင်ထဲ မှ အလောင်းကို မည်သူမှ မရှင်းလင်းသေးသည်ကို မြင်လိုက်ရသည်။ ထိုအခါမှ ပင် သူတို့ အစောကမြင်ခဲ့သည့် စိတ်လှုပ်ရှားဖွယ် စည်းချင်းထိုးပြိုင်ပွဲသည် အသေအကြေတိုက်ပွဲဆိုသည်ကို အမှတ်ရသွားလေသည်။

“ခေါင်းဆောင် ငါနိုင်ပြီ”

ခေါင်းလောင်သံမြည်သည်နှင့် ရုတ်တရက်ထွက်ပေါ်လာသော ဂုဏ်ပြုသံ များသည် ရှန်းယန်ဖိုကို အိပ်မက်မှလှုပ်နှိုးလိုက်သည်။ သူသည် သူ့လက်နှစ်ဖက် ဖြင့် ကာဂါကို သတ်လိုက်သည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ ကြောက်ရွံ့ ထိတ်လန့်မှုမရှိဘဲ အံ့ဩမှုသာရှိသည်။ ရှန်းယန်ဖိုသည် ရုတ်တရက် ပွဲကြည့်စင် ရှိရာဘက်သို့ အရူးအမူးပြေးလေသည်။ ထိုလူ၏အားကောင်းသော ခွန်အားကို ကိုယ်တိုင်ကိုယ်ကျမြင်ခဲ့ရသော ကျောင်းသားများသည် သူ့လက်ထဲမှဓားဖြင့် ခုတ်မိမည်ကိုကြောက်သဖြင့် အလျင်အမြန်ပင် ဘေးသို့ရှောင်ရှားပေးကြသည်။

“စစ်ဦးစီး ငါနိုင်ပြီ” ရှန်းယန်ဖိုသည် ခန္ဓာကိုယ်မှ သွေးများကို လျစ်လျူရှု ကာ ပေထင်းဟွမ်အား တင်းကြပ်စွာပွေ့ဖက်လေသည်။ လူငယ်၏ ပြေပြစ် သောအသံသည် မထိန်းချုပ်နိုင်သော ပျော်ရွှင်မှုများဖြင့် ပြည့်နေသည် “စစ်ဦးစီး ငါနိုင်ပြီ”

“ဟုတ်တယ် ဂုဏ်ပြုပါတယ် အစ်ကိုရှန်းယန်.. မင်းနိုင်ပြီ.. မင်းက မြေကြီးအဆင့် ၇၆ ဖြစ်သွားပြီ.. အထင်ကြီးလောက်စရာပါပဲ” ပေထင်းဟွမ် သည် ရှန်းယန်ဖို၏ ပခုံးကိုညင်သာစွာပုတ်ပေးသည်။ သူ စိတ်ငြိမ်သွားပြီဟု သူမ ခံစားရချိန်တွင် သူ့ကိုညင်သာစွာတွန်းထုတ်ပြီး လက်မထောင်ပြလိုက်၏။

“ရှောင်ကျို့ ကျေးဇူးတင်ပါတယ်” ရှန်းယန်ဖို၏ ပေထင်းဟွမ်၏ပုံရိပ်ကို သူ၏ရေခဲပြာမျက်လုံးများမှ မြင်နေရသည်။ အေးစက်သည့် အမူအရာဟူ၍ မရှိ တော့ပေ။ နူးညံ့သည့် နွေးထွေးမှုသာရှိသည်။ သူသည် ပေထင်းဟွမ်အား လေးနက်စွာစိုက်ကြည့်လေသည်။ မျက်စိရှေ့မှထိုလူသည် သူ၏ကံကြမ္မာကို ပြောင်းလဲပေးသည့်လူငယ်ဖြစ်သည်။ သူတို့ တွေ့သည့်နေ့မှစပြီး သူ့ကံကြမ္မာ သည် အပြောင်းအလဲများခဲ့သည်။

“မဟုတ်ဘူး အစ်ကိုရှန်းယန် ဘယ်သူကမှ မင်းကိုကူညီတာမဟုတ်ဘူး.. မင်းကို ကူညီတဲ့သူက မင်းကိုယ်တိုင်ပဲ.. မင်းစိတ်ထဲက ခွန်အားနောက်ကိုလိုက် တာက မင်းကိုယုံကြည်ချက်တွေပေးလိုက်တာပဲ.. မင်းရန်သူကို မင်းလက်နဲ့ သတ်တာက မင်းရဲ့စိတ်ကို သန်မာပြီးရင်း သန်မာစေတာပဲ.. မင်းရဲ့ ဂုဏ်သိက္ခာ ကို လက်ခံလိုက်ပါ” ပေထင်းဟွမ်သည် လေးနက်စွာပြောလေသည်…

All Chapters