← Chapters

အငယ်ကိုသတ်ပြီးရင် အကြီးပဲ

Vol. 24 Ch. 475

အငယ်ကိုသတ်ပြီးရင် အကြီးပဲ

Vol. 24 Ch. 475

“ငါ့ဂုဏ်သိက္ခာကို လက်ခံပါမယ်”

သူ့အသံသည် ကြီးမားသောစီးချင်းထိုးရင်ပြင်တွင် ပဲ့တင်ထပ်သွား၏။ စကားလုံးတိုင်းသည် အားလုံး၏စိတ်ထဲတွင် ထွင်းထုပြီးသားဖြစ်နေသည်။ အားလုံးသည် ထိုရိုးရှင်းသော စကားလုံးများအကြောင်း စဉ်းစားနေကြသည်။ ထိုအရာများသည် သူတို့စိတ်ထဲမှ ခန့်မှန်းချက်များသာဖြစ်သည်။ ဒီလူငယ်က ဘယ်သူလဲ။ သူက သန်မာတဲ့လူလား။ မဟုတ်ရင် လူတိုင်းကို တရားဟောဖို့ ဘာအခွင့်ရှိလဲ။

ပြိုင်ပွဲကို အာရုံစိုက်နေသော နည်းပြတချို့သည် ပေထင်းဟွမ်၏ စကား များကို ကြားသောအခါ ခေါင်းဆတ်နေကြသည်။ သူတို့သည် ပေထင်းဟွမ်၏ သရုပ်မှန်ကို သိထားသည်မှာ ကြာပြီဖြစ်သည်။ သူမသည် အင်ပါယာကျောင်း တော် ကျောင်းအုပ်၏တစ်ဦးတည်းသော တပည့်ဖြစ်သည်။ သူမ၏ အဆင့်အတန်းသည်မြင့်လွန်းရာ ကျောင်းတော်မှ နည်းပြများပင် သူမနှင့် မယှဉ်နိုင်ကြပေ။

သူတို့စိတ်ထဲမှတွေးနေသည့် ကျွမ်းကျင်သူသည် စစ်မှန်သော ကျွမ်းကျင် သူများဖြစ်ကြသည်။ သူတို့ရွေးချယ်သည့် ကျောင်းသားတိုင်းသည် ကျောင်းတော်တွင် သူတို့ဂရုတစိုက်ရွေးချယ်သည့်သူထက် သာလွန်နိုင်သည်။

ပေထင်းဟွမ်၏ခွန်အားမည်သို့ပင်ဖြစ်စေကာမူ ဤလူငယ်သည် ယခုလို စိတ်ထားရှိရမည်။ သူသည် အနာဂတ်တွင် အားကောင်းသူတစ်ယောက်ဖြစ်လာ ရန် စိုးရိမ်ဖို့မလိုပေ။

“ရှန်းယန်ဖို ဒီနေကထွက်လာပြီး သေလိုက်တော့”

အားကောင်းသောအသံတစ်သံသည် ကျောင်းတော်တစ်ခုလုံး၏ ကောင်းကင်အထက်တွင် ခါယမ်းသွားလေသည်။ ကောင်းကင်အဆင့် ကျွမ်းကျင်သူ၏ ဖိအားသည် ထိုအသံမှတစ်ဆင့် ကူးစက်သွားလေသည်။ စီးချင်း ထိုးရင်ပြင်တစ်ခုလုံး ထိပ်မံတိတ်ဆိတ်သွားသည်။ လေထုသည် ပို၍ပင် တင်းမာလာသည်။

“ကာဂါရဲ့အဖေ ကာမယ်ရွန်ပဲ” ရာယာအင်ပါယာရှိ ရိုသေလေးစားခံရသူ အနည်းငယ်ထဲမှ တစ်ဦး၏ မြေးမဖြစ်သောကြောင့် မြို့တော်ရှိ အလွန်အားကောင်းသည့် မျိုးရိုးမြင့်များကို ချင်းရှဲလင်အနေနှင့် မသိဘဲမနေပေ။ ထို့အပြင် ကာမယ်ရွန်သည် မွန်မြတ်သောသားရဲရှိသည့် ဓား ၃ လက် ကြယ် ဝိညာဉ်သခင်ဖြစ်သည်။ သူသည် အသက် ၅၀ မပြည့်သေးသော်လည်း ဤမျှ အားကောင်းသောခွန်အားရှိပြီဖြစ်ရာ ဧကရာဇ်မှ တန်ဖိုးထားခြင်းကိုခံရသည်။ ထို့ကြောင့်ပင် ကာဂါသည် မင်းသားကို အနိုင်ကျင့်ရဲခြင်းဖြစ်သည်။

“ငါတို့ ဘယ်လိုလုပ်မလဲ.. မြို့တံခါးကိုစောင့်တဲ့ စစ်သူကြီးဖြစ်တဲ့အပြင် ကာမဘ်ရွန်က နဂါးပျံမြင်းတပ်ရဲ့ ဒုတပ်မှူးဆိုလည်းဟုတ်တယ်.. သူတစ်ယောက်တည်းလာရင် အစ်ကိုကြီးရှန်းယန်ရဲ့ နတ်သားရဲက သူ့ကို ဖြေရှင်းနိုင်တယ်.. တခြားလူတွေပါ ပါလာရင်ဘယ်လိုလုပ်မလဲ” ချင်းရှဲလင် သည် ပူပန်စွာဖြင့် ခြေထောက်ဆောင့်လေသည်။ “ဒီလူက အင်ပါယာကျောင်း တော်ကိုမဝင်ရဲလို့ အသံကူးပြောင်းနည်းကိုသုံးတာပဲ.. ဒါပေမဲ့ အစ်ကိုကြီး ရှန်းယန်က ကျောင်းတော်မှာပဲပုန်းပြီး အပြင်မထွက်ရတော့ဘူးလား”

“ဒီကောင်စုတ်.. ငါ အဘိုးကိုသွားရှာပြီး သူ့ကိုသွားသတ်မယ်” ရန်ရှောင်ကျဲ၏ သရုပ်မှန်သည် ချင်းရှဲလင်နှင့်တူသည်။ သူသည် ဓားသခင် ကျောင်းတော်တွင် လေ့လာနေခြင်းဖြစ်သည်။ သူ၏အဘိုးသည် ရာယာအင်ပါ ယာ၏ တရားရုံးတော်တွင် ရိုသေလေးစားခံရသည်။ သို့သော် တစ်ဦးတည်း သော ဓားသခင်လည်းဖြစ်သည်။ ရာယာတရားရုံးတော်၏ လေးစားခံရသူများ သည် အဆင့်မြင့်ဓားကြယ် ဝိညာဉ်သခင်အထက်ရှိသူများသာဖြစ်သည်။ သူတို့ သည် အဆင့် ၁ ကြယ် ၃ ပွင့်ဝိညာဉ်သခင်ကို ရင်ဆိုင်ရန် အားသာချက်ရှိသေး သည်။

“ဘာများကြောက်စရာလိုလို့လဲ” ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။ သူမသည် အနားမှ သူတို့ကိုကြည့်လိုက်သည် “ဘာလို့လဲ.. ကြောက်လို့လား.. အပြင်ထွက်ပြီး သူ့ကိုတွေ့ဖို့ ယုံကြည်ချက်ရှိလား”

“ဒါပေါ့” အစောက တိုက်ပွဲပြီးသည့်နောက် ရှန်းယန်ဖို၏ သွေးများသည် ဆူပွက်နေကာ အကြောက်အလန့်မရှိတော့ပေ။ သူသည် ဝိညာဉ်သခင်ကြီးတစ် ယောက်ကိုပင် မကြောက်ရာ ဓား ၃ လက်ကြယ်ဝိညာဉ်သခင်ကိုဆို ပြောရန်ပင် မလိုတော့ပေ။

ကြောက်လန့်မှုသည် သန်မာသောလူ၏ အကြီးမားဆုံးရန်သူကြီးဖြစ် သည်။

သူသာ စိတ်ထဲမှ အကြောက်တရားကို မကျော်လွန်ရဲလျှင် ကျွမ်းကျင်သူ ဖြစ်ရန် ဂုဏ်သရေကို မည်သို့ရယူတော့မည်နည်း။

ရှန်းယန်ဖိုနှင့် တခြားသူများထွက်လာသည်ကိုကြည့်ပြီး စီးချင်းထိုး ရင်ပြင်မှလူများသည် သူတို့အနောက်မှ ခမ်းနားစွာလိုက်လာကာ ဝင်ပေါက်ဆီ သို့ ဦးတည်လျှောက်ကြလေသည်။ ရှင်းလင်းစွာပင် ကာဂါ၏သေဆုံးမှုသည် ကောင်းကင်အဆင့် ဖခင်ကို အချက်ပေးပြီးဖြစ်လေသည်။ လူငယ်သေသွား သည်နှင့် အဘိုးကြီးရောက်လာသည်။ သူတို့သည် ဤမျှအရှက်မဲ့သူကို မမြင်ဖူး ကြပေ။

ရှန်းယန်ဖိုသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူကို ပုန်းရှောင်လိမ့်မည် ဟု သူတို့အစကထင်ထားကြသည်။ ဘခု ရှန်းယန်ဖိုသည် အကြောက်အလန့်မရှိ သူ့ကို ချဉ်းကပ်သည်ကိုမြင်သောအခါ အားလုံးသည် ထိုလူငယ်ကို ပို၍လေးစား မိကြသည်။ အဆင့်မြင့်ကြယ် နတ်သားရဲတစ်ကောင်ရှိရာ ဘာများကြောက်ရန် လိုသနည်းဟုပင် သူတို့တွေးလိုက်ကြသည်။

တဒင်္ဂအတွင်းတွင် တင်းမာနေသောလေထုသည် ချက်ချင်းပင် တက်ကြွ လာသည်။ သူရဲကောင်းဆန်သော ခံစားချက်များသည် သူတို့စိတ်ထဲတွင် ထိုးတက်လာပြီး တိတ်တိတ်လေးတွေးနေမိကြသည်… သူတို့ အင်ပါယာ ကျောင်းတော်ရဲ့ ကျောင်းသားကို ထိရဲမလားကြည့်ကြတာပေါ့…

All Chapters