သူမကို ကျောင်းတော်ရဲ့လမ်းတွေမှာမြင်ချင်တယ်
Vol. 24 Ch. 476
အားလုံးသည် ပေထင်းဟွမ်တို့၏ အနောက်မှ နီးကပ်စွာ ရုတ်ရုတ်သဲသဲ လိုက်လာကြသည်။ ထင်မထားလောက်စွာပင် ထိုလူများသည် အားကောင်း သော ရန်သူ၏ဖိအားကို မခံစားရသည်ကို သူတို့မြင်လိုက်ကြရသည်။ ထွက်လာ ပြီးနောက် သူတို့သည် ခြံဝင်းဝင်ပေါက်ဆီသို့ ဆက်မလျှောက်ကြတော့ပေ။ ထိုအစား ထောက်ပံ့ပို့ဆောင်ရေးဌာနဘက်သို့ ဦးတည်လျှောက်သွားကြလေ သည်။
သူတို့တွေ မပြင်မဆင်ထွက်သွားပြီး ရန်သူကိုရင်ဆိုင်မလို့လား။ ဒါ သူတို့ ကို စိတ်ပျက်စေတာပဲ။
ပေထင်းဟွမ်တို့သည် မလောပေ။ သူတို့ စီးချင်းထိုးရင်ပြင်မှထွက်လာပြီး နောက် ထောက်ပံ့ပို့ဆောင်ရေးဌာနသို့သွားကာ အခန်းယူသည်။ ရုန်းရင်းဆန် ခတ်ဖြစ်မည်ကို စိုးရိမ်၍လား သို့မဟုတ် ရှန်းယန်ဖို၏ ပုံရိပ်သည် မြေကြီးခြံဝင်း တွင် အနိုင်ရပြီးဖြစ်၍လားမသိပေ သူတို့ရောက်သွားသောအခါ တန်းစီစရာမလို ဘဲ ကောင်တာဆီသို့ တန်းတန်းမတ်မတ်သွားခဲ့ကြသည်။
“ပေထင်းဟွမ် အခန်းနံပါတ် ၅၀၂၊ မြေကြီးခြံဝင်း နယ်မြေ ဒီ”
ကောင်တာလေးဆီမှ စူးရှသောအသံတစ်သံထွက်ပေါ်လာပြီးနောက် ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားကို ပစ်တင်လိုက်သည်။ ပေထင်းဟွမ်သာ မြန်မြန်ဆန်ဆန်မတုံ့ပြန်လျှင် မြေကြီးမှကောက်လျှင်ကောက်ရနိုင်သည်။
ကောင်တာကို တစ်ချက်ကြည့်ပြီး ပေထင်းဟွမ်သည် အကြည့်ပြန်ရုတ် သိမ်းကာ လက်ထဲမှ ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားကို ကြည့်လိုက်သည်။ သူမ အခန်းနံပါတ် ၅၀၂ နယ်မြေဒီတွင်ရှိသော အခန်းကို မည်သို့သွားရမည်နည်းဟု မေးမည်အပြုတွင် တစ်ဖက်မှအသံသည် ဆက်ပြောလာသည် “ပုံမှန်လေ့ကျင့်ဖို့ အတွက် ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားထဲမှာ ဝိညာဉ်အမှတ် ၁,၀၀၀ ကြိုပြီး ထည့်ထားလို့ရတယ်.. မှတ်ထားလိုက်.. စားဖို့အတွက် ဝိညာဉ်အမှတ် ၁၀ မှတ်၊ ညတိုင်းတစ်ညကို ဝိညာဉ်အမှတ် ၁၀ မှတ်၊ တစ်နည်းပြောရရင် ၂၅ ရက်ဆို မင်း ဝိညာဉ်အမှတ် ၂,၀၀၀ သုံးရမယ်.. နေစရာစားစရာမရှိတဲ့အချိန်မှ မင်းကို သတိ မပေးလို့ဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့”
ကျောင်းအုပ်နန်လင်း၏ တပည့်ဖြစ်နေခြင်းကြောင့်သာမဟုတ်လျှင် သူ သည် ဤကလေးကို သတိပေးမည်မဟုတ်ပေ။ သူသည် ဤကလေးကို ကျောင်းတော်၏ လမ်းများတွင် နေသည်ကို အမှန်တကယ်မြင်ချင်သည်။ ပြတင်းပေါက်ငယ်၏တစ်ဖက်တွင် နည်းပြသည် နေထိုင်စရာအတွက် စီစဉ်နေ သည်။
ပေထင်းဟွမ်သည် သူ့အတွေးကို ဂရုမစိုက်ပေ။ သူမသည် ကျောက်စိမ်း ဝိညာဉ်တံဆိပ်ပြားကို ကိုင်ကာ ချင်းရှဲလင်အား မေးလိုက်သည် “ဝိညာဉ်အမှတ် တွေ ရအောင် ဘယ်လိုလုပ်ရမလဲ”
ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားတွင် ဝိညာဉ်အမှတ် ၁,၀၀၀ သာရှိသည် မှာ သံသယဝင်ဖွယ်ရာမရှိပေ။ သူမ လက်ဖွာရန်မလုံလောက်ပေ။ နေစရာမရှိ ခြင်းသည် အဆိုးဆုံးဖြစ်သည်။
“ခေါင်းဆောင် ငါ့မှာ အခု အမှတ် ၁၃၀,၀၀၀ ကျော်ရှိတယ်.. အရင်ဆုံး ဝိညာဉ်အမှတ်တချို့ပေးထားမယ်လေ.. နယ်ပယ် ဒီရဲ့ အခြေအနေက အရမ်း ကြမ်းတယ်” ရှန်းယန်ဖိုသည် သူမ ဒုက္ခတွေ့မည်ကို မခံနိုင်ပေ။ ထို့အပြင် ၅ ထပ် သည် ထိပ်ဆုံးအလွှာဖြစ်သည်။ နွေရာသီတွင် အလွန်ပူလောင်သည်။
ပေထင်းဟွမ်သည် ခေါင်းခါပြီး ကျောက်စိမ်းတံဆိပ်ပြားကို လက်စွပ်ထဲ ထည့်လိုက်သည်။ “ဘာကြောက်ဖို့လိုလို့လဲ.. ရက် ၂၀ ကျော်ရှိသေးတယ်မလား၊ ဝိညာဉ်အမှတ်ရှာဖို့ အချိန်တွေအများကြီးရှိပါသေးတယ်”
“ဟုတ်တယ် ခေါင်းဆောင် ဝိညာဉ်အမှတ်တွေက ရှာဖို့လွယ်ပါတယ်.. မှော်သားရဲတွေဖမ်းမယ်၊ အမတဆေးပင်တွေခူးမယ်၊ ဆေးသန့်စင်မယ် ဝိညာဉ် လက်နက်တွေသန့်စင်မယ်.. ကျောင်းတော်ရဲ့ ရောင်းဝယ်ရေးအဆောက်အဦး က ငါတို့စစ်နိုင်ပစ္စည်းတွေကို ဝိညာဉ်အမှတ်နဲ့ဝယ်တယ်.. တချို့ကျောင်းသား တွေက အတန်းဖော်တွေရဲ့ စစ်နိုင်ပစ္စည်းတွေကို ဝိညာဉ်အမှတ်နဲ့ဝယ်ကြတယ်.. တခြားဟာတော့မသိဘူး.. ဒါပေမဲ့ မှော်သားရဲနဲ့ အမတဆေးပင်တွေက ရဖို့ မခက်ဘူး” ချင်းရှဲလင်သည် အလွန်ပျော်ရွှင်နေသည်။ စစ်းစီးနှင့် တာဝန်ထမ်း ဆောင်ရန်မှာ ကျေနပ်လောက်စရာပင်။
“ကောင်းတယ်.. ငါ့နေရာထဲမှာ မှော်သားရဲတချို့လည်းရှိသေးတယ်.. အဲဒါတွေကို ဝိညာဉ်အမှတ်နဲ့ရောင်းရမယ်” ပေထင်းဟွမ်သည် သူမ၏ ဘာမှမရှိ သည့် မေးစေ့ကိုပွတ်ပြီး တွေးလိုက်၏ “ဝိညာဉ်အမှတ်ကို မြန်မြန်ရနိုင်မယ့် တခြားနည်းလမ်းရှိသေးလား”
သူတို့အဖွဲ့သည် မှင်တက်မိလေသည်။ သူတို့ခေါင်းဆောင်က မှော်သားရဲ တောတစ်ခုလုံးကို အပြောင်သိမ်းလာတာတောင် လက်စွပ်ထဲမှာ မှော်သားရဲ တွေရှိသေးတယ်ဟုတ်လား။ သူမက မှော်သားရဲလေးကောင်ပေးပြီးတာတောင် ရှိသေးတာလား။
သူတို့သည်ခြေလှမ်းများရပ်ကာ ပေထင်းဟွမ်အား ‘စိမ်းသက်သော’ မျက်လုံးများဖြင့် ကြည့်လေသည်။ ပေထင်းဟွမ်သည် ထိုအကြည့်များနှင့် အလွန်ရင်းနှီးသည်။ သူမ တစ်စုံတစ်ရာလုပ်မည့်အချိန်တိုင်းတွင် တုန်ဖန်းကျောက်တို့သည် သူမကို ထိုသို့ကြည့်ကြသည်။
ပေထင်းဟွမ်၏ မည်းနက်သောမျက်လုံးများထဲတွင် အပြစ်မကင်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည် “အာ.. ငါ တမင်လုပ်တာမဟုတ်ပါဘူး”