အဲဒီအဘိုးကြီးကို သွားတွေ့ကြမယ်
Vol. 24 Ch. 477
သူက သူတို့ကို ခြောက်ဖို့မရည်ရွယ်ဘူးဟုတ်လား။
ရှန်းယန်ဖိုသည် တံတွေးကိုခက်ခက်ခဲခဲမျိုချလိုက်သည်။ သူသည် ပေထင်းဟွမ်နှင့် မှော်သားရဲများအကြောင်းကို ဆက်မပြောချင်တော့ပေ။ ဒီကောင်က ကြောက်ဖို့ကောင်းလွန်းတယ် “ဟုတ်ပြီ စိန်ခေါ်သူပညာရှင်.. ဥပမာပြောရလျှင် ဒီနေ့ငါ့ထက် အဆင့်မြင့်တဲ့ စိန်ခေါ်သူပညာရှင်ကို နိုင်တော့ ကျောင်းတော်က ဆုပေးတာကိုလည်းရနိုင်တယ်.. ငါရခဲ့တာ အမှတ်ပေါင်း ၁၃၀,၀၀၀ ကျော်တယ်.. ကာဂါရဲ့ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားထဲမှာက တကယ်တော့ အမှတ် ၃၀,၀၀၀ ကျော်ပဲရှိတာ.. ကျောင်းက အမှတ် ၁၀၀,၀၀၀ ဆုချတာ..ကျောင်းတော်ရဲ့ ကောင်းကင်အဆင့်ပညာရှင်ရဲ့ ကျောက်စိမ်းဝိညာဉ် တံဆိပ်ပြားက အမှတ် သန်း ၁၀၀ ကျော်သွားပြီလို့ပြောကြတယ်… မင်းသာ ကောင်းကင်အဆင့် ပထမရရင် တစ်ရက်ကို အမှတ် ၃၀၀ ရလိမ့်မယ်.. ဒုတိယ ဆို အမှတ် ၂၀၀ နဲ့ တတိယဆို ၁၀၀ မှတ်ရလိမ့်မယ်.. ထိပ်ဆုံးသုံးရောက်ပဲ အမှတ်တွေပိုရမယ်”
ပေထင်းဟွမ်သည် ကျောင်းတော်အတွင်းနေထိုင်ရမည့် စိတ်လှုပ်ရှားဖွယ် ဘဝ၏ ဆွဲဆောင်တွင် ကျဆုံးမိသည်။
ဒီလိုမျိုးပျော်စရာကောင်းတဲ့ကိစ္စကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မလဲ။ သေချာပေါက်ပင် သူမသည် ရှန်းယန်ဖိုဆီမှ လက်ဆောင်ကို လက်မခံပေ။ သူမသည် သူမလိုချင်သည့်အရာအားလုံးကို ကိုယ်ပိုင်ခွန်အားဖြင့် တိုက်ခိုက်ချင် သည်။
တခြားဘာစကားမှမပြောဘဲ ပေထင်းဟွမ်သည် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားကိုထုတ်ပြီး ခြံဝင်းဝင်ပေါက်သို့ သွားလိုက်သည် “အဲဒီအဘိုးကြီးကို သွားတွေ့ကြမယ်”
လူငယ်၏စကားများကို ကြားပြီးနောက် သူတို့အနောက်မှလိုက်လာသည့် ကျောင်းသားများသည် စိတ်အေးသွားကြသည်။ ကောင်းတယ်.. သူက သူတို့ကို စိတ်မပျက်စေဘူးပဲ။
နေဝင်သည်နှင့် စာရင်းပေးသွင်းသည့်နေ့ရက် ကုန်ဆုံးသွားပြီဖြစ်သည်။ ရင်ပြင်ထဲတွင် မပြန်သေးသည့် ကျောင်းသားတချို့ရှိနေတုန်းပင်။ သူတို့သည် အင်ပါယာကျောင်းတော်၏ ကျောင်းသားသစ်လေ့ကျင့်မှုအကြောင်း မေးမြန်း စုံစမ်းရန်အတွက် နေရာမှ မခွာနိုင်ကြခြင်းဖြစ်သည်။ ကျောင်းသားသစ်ကို အယောက်တစ်ထောင်မှ တစ်ယောက်သာ ရွေးမည်ဟု ကြားခဲ့ရသည်။ ၎င်းသည် အလွန်ပင် ကြောက်လန့်ဖွယ်ရာပင်။
ကံကောင်းစွာပင် သူတို့လာရသည်မှာ အကျိုးမယုတ်ပေ။ သူတို့သည် အင်ပါယာကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်သည့် သခင်ကြီးနန်လင်းကို စာရင်းပေးသွင်းသည့်နေ့တွင် တွေ့လိုက်သည်။
ကျောင်းတံခါးအပြင်ဘက်မှ ကျယ်လောင်သော အော်သံတစ်ခုထွက်လာ သည်။ ၎င်းသည် ကမ္ဘာကြီးနှင့် တိမ်တိုက်များကို တုန်ခါသွားစေသည့် အဆုံးမရှိ သော ဒေါသများသယ်ဆောင်လာသည်။
“ရှန်းယန်ဖို ဟေ့ကောင်.. မင်းမှာ အစွမ်းအစရှိရင် အင်ပါယာ ကျောင်းတော်မှာပဲ တစ်သက်လုံးပုန်းနေလိုက်တော့.. မဟုတ်ရင် အင်ပါယာ ကျောင်းတော်ကနေ တစ်လှမ်းလောက်ထွက်လာတာနဲ့ ငါ မင်းကို အလွတ် မပေးဘူး” ကာမယ်ရွန်သည် ရွှေရောင်နဂါးကိုစီးကာ ခမ်းနားစွာအော်လေ၏။
“အဘိုးကြီး ကျောင်းတော်ဝင်ပေါက်မှာ ဘာလို့လာအော်နေတာလဲ.. ခင်ဗျားက ဝက်ရူးပြန်နေရင်လည်း ဆေးဆရာကိုသွားရှာပါလား.. ဘာလို့ ဒီမှာ လာပြဿနာရှာနေတာလဲ.. ခင်ဗျားကို နှုတ်နှုတ်ဆင်းပြီး ခွေးကျွေးပစ်မယ်”
သူတို့ကို စိန်ခေါ်လိုက်ပြီဖြစ်သဖြင့် ပေထင်းဟွမ်သည် ထောက်ထားခြင်း မရှိတော့ပေ။ သူမ၏အသံသည် ကာမယ်ရွန်ထက်အားမနည်းပေ။ သူမ၏အသံ ကို မြို့တော်တစ်ခုလုံးကြားစေရန် မျှော်လင့်မိသည်။ ကျောင်းတော်အပြင်ဘက် လမ်းပေါ်တွင် အမည်းရောင်ရထားလုံးသည် အရည်အသွေးမြင့်သော်လည်း ခပ်လျှိုလျှိုမောင်းနှင်လာသည်။ ရထားလုံးထဲမှလူသည် ရင်းနှီးနေသောအသံကို ကြားသောအခါ သူ၏ ပန်းပွင့်ချပ်နှင့်တူသော နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးတွန့်သွားသည်။
တခြားလူကိုငေါက်ငမ်းနေသည့် ထိုလူကို သူ မမြင်သော်လည်း လှပသော မျက်လုံးများတွင် မေတ္တာတရားများကို မြင်နိုင်သည်။ ၎င်းမျက်လုံးများသည် အလွန်နူးညံ့သည်။
“သခင်.. သခင်လေး ၉ ရောက်နေပြီ.. အပြင်ထွက်ကြမလား”
ရထားလုံးထဲတွင် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့်လူသည် ရထား ရှေ့တန်းတွင်ထိုင်နေရင်းမှ ကျောင်းတော်ဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။ ကြီးမားသော ကျောင်းသားအဖွဲ့ကြီးသည် ခမ်းနားသောအပြုအမူဖြင့် ထွက်လာ ကြသည်။ ရှေ့မှလူငယ်သည် သူတို့သခင် နေ့နေ့ညည တမ်းတနေသောလူဖြစ် သည်။ သူသည် ပြောင်မြောက်သော အနက်ရောင်ဝတ်ရုံဖြင့် သူ၏ပိန်ပါးသော ခန္ဓာကိုယ်ကို ဆင်မြန်းထားသည်။ သူ့မျက်နှာတွင် ငွေရောင်မျက်နှာဖုံးဝတ်ဆင် ထားသည်။ တောက်ပနေသောနေရောင်အောက်တွင် သူ၏ အမည်းရောင် မျက်လုံးများသည် တောက်လောင်သောအလင်းများ ထွက်နေသ်ည။
“အဲလောက်မလိုဘူး”
အသံသည် နူးညံ့ပြီး လေအေးတစ်ခုဖြစ် နားထဲသို့တိုက်ခတ်သွားသည်။ ကျောက်စိမ်းနှင့်တူသော နှင်းဖြူရောင်လက်သည် ရထားလုံး၏ ပြတင်းပေါက် ကန့်လန့်ကာကို မ,တင်ထားပြီဖြစ်သည်။ ခရမ်းရောင်မျက်လုံးတစ်စုံသည် ပြတင်းပေါက်မှဖြတ်ကာ ကျောင်းတော်ဝင်ပေါက်ဆီသို့ ကြည့်နေသည်။ အကြည့်တစ်ချက်နှင့်တင် သူတို့သည် ထိုပုံရိပ်ကို စိုက်ကြည့်မိသည်။ ခရမ်းရောင်မျက်လုံးများသည် ရေခဲနှင့်နှင်းများကို အရည်ပျော်သွားစေနိုင်၏။ သူတို့သည် ရေပူစမ်းကန်မှ ရေကဲ့သို့ ရင်ကိုနွေးထွေးစေသည်…