← Chapters

ငါ့ကို မင်းသဘောကျ စော်ကားလို့ရမယ်လို့ထင်လား

Vol. 24 Ch. 478

ငါ့ကို မင်းသဘောကျ စော်ကားလို့ရမယ်လို့ထင်လား

Vol. 24 Ch. 478

ပေထင်းဟွမ်၏ ပြန်လည်ချေပမှုသည် ကာမယ်ရွန်ကို နဂါးကျောပေါ်မှ ပြုတ်ကျလုနီးပါဖြစ်သွားသည်အထိ ဒေါသထွက်စေသည်။ ၎င်းသည် ရှန်းယန်ဖို ၏ အသံမဟုတ်ပေ။ ရှန်းယန်ဖိုသည် အနောက်တွင်ရှိနေသည်။ အဲဒါကြောင့် သူက ထောင်လွှားနေတာကိုး။ သို့သော် မြို့တော်အတွင်းတွင် မြေခွေးအိုကြီး များအပြင် တခြားသူများ ဤမျှလောက် ထောင်လွှားနေလိမ့်မည်ဟု ကာမယ်ရွန်ထင်မထားပေ။

သို့သော် ရှန်းယန်ဖိုသည် ထိုမြေခွေးအိုကြီးများနှင့် အဆက်အဆံမရှိပေ။ ကမ္ဘာကြီးမှလူများသည် သူ့ကို ချီးမွမ်းကြသည်။ သူတို့သာ ရှန်းယန်ဖိုကို အမှန်တကယ် အထင်ကြီးပါက လွန်ခဲ့သည့် အနှစ် ၈၀၀ ကပင် ကာကွယ်လိမ့် မည်ဖြစ်သည်။ ယနေ့အထိ စောင့်ရန်မလိုပေ။

ခမ်းနားသောလူအုပ်ကြီးသည် ကျောင်းတော်၏ အဓိကလမ်းမကြီးမှ လျှောက်ထွက်လာသည်။ ရှေ့မှခေါင်းဆောင်နှင့်တူသည့် အနက်ရောင် ဝတ်ဆင်ထားသည့်လူငယ်ကို မြင်သောအခါ ကာမယ်ရွန်သည် မရယ်ဘဲမနေ နိုင်တော့ပေ။ သည်တစ်ကြိမ်တွင် သူ အမှန်တကယ် နဂါး၏ကျောပေါ်မှ ကျသွားသည်။

“ရှန်းယန်ဖို မင်းမှာ သစ်ကြုတ်သတ္တိတွေရှိနေတယ်ထင်နေတာ.. မင်းက ငပျင်းဖြစ်လိမ့်မယ်လို့ ထင်မထားဘူး.. မင်းက အခုမှနို့ပြတ်စကလေးပဲ.. မင်းသားတစ်ပါးအနေနဲ့ မင်းက ဒီအရှုံးသမားနဲ့လိုက်ရူးနေတာ.. ဒီတစ်ခေါက် မင်းကို ဘယ်သူကာကွယ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့” ကာမယ်ရွန်သည် ပေထင်းဟွမ်အား လက်ထဲမှ ကြာပွတ်နှင့်ချိန်ရွယ်ကာ လှောင်ပြောင်လေသည်။

“အဘိုးကြီး ခင်ဗျားက အိုပြီးကန်းနေတာ ကိစ္စမရှိဘူး.. ဒါပေမဲ့ မဟုတ်တာတွေပြောလွန်းတယ်.. ခင်ဗျားက စော်ကားချင်တိုင်း စော်ကားလို့ရ မယ်လို့ထင်နေလား” ပေထင်းဟွမ်သည် လက်ပိုက်ကာ ကျောင်းတော်ဝင် ပေါက်တွင်ရပ်နေသည်။ ထိုရွှေရောင်တောက်နေသည့် စကားများကို ပြောပြီးနောက် သူမသည် ခမ်းနားပြီးခြိမ်းခြောက်တတ်သည့် အဇူရာစစ်နတ် ဘုရားနှင့်တူနေသည်။

ရင်ပြင်မှမခွာသေးသည့် ကျောင်းသားသစ်များသည် စိတ်လှုပ်ရှားနေကြ ၏။ ဝင်ခွင့်လက်ခံသည့် ရင်ပြင်တစ်ခုလုံးသည် ကျွက်ကျွက်ညံသွားသည်။ စားပွဲများကို ရှင်းလင်းနေသည့် နည်းပြများပင် လုပ်လက်စကိုရပ်ကာ ထိုလူငယ်အား လှမ်းကြည့်ကြသည်။

ကျောင်းအုပ်ကြီး၏ အချစ်ဆုံးကျောင်းသားမှာ မည်မျှ အစွမ်းအစရှိ သည်ကို သူတို့ သိချင်ကြသည်။

“ကောင်စုတ် မင်းက အသက်မရှင်ချင်တော့ဘူးထင်တယ်.. အစက မင်းသား ၆ ကိုရှင်းပြီးမှ မင်းကိုကိုင်တွယ်မလို့.. မင်းက သေချင်မှတော့ မင်း ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့” ကာမယ်ရွန်သည် ပေထင်းဟွမ်ကြောင့် ဒေါသ ထွက်နေရသည်။ သူသည် လူအများရှေ့တွင် အဘိုးကြီးဟု အကြိမ်ပေါင်းများစွာ အခေါ်ခံနေရသည်။ ကာမယ်ရွန်သာ သည်းခံနေလျှင် သူသည် တံခါးစောင့် လောက်ပင် အရည်အချင်းရှိတော့မည်မဟုတ်ပေ။

“ဟင်း အရှက်မရှိတဲ့အဘိုးကြီး.. ခင်ဗျားသားက သူများကို အနိုင်ကျင့်ပြီး သူ့ထက်အဆင့်နိမ့်တဲ့သူကို တိုက်ခိုက်ချင်နေတာလေ.. သူ အသတ်ခံရမယ်လို့ လည်းထင်ထားမှာမဟုတ်ဘူး.. အဖေတစ်ယောက်အနေနဲ့ ကိုယ့်သားကိုယ် မဆုံးမဘဲ ဒီလိုအဖြစ်ခံတာ ခင်ဗျားပဲ.. မင်းသား ၆ က ခင်ဗျားရဲ့ မလိမ္မာတဲ့ သားကို ကူသတ်ပေးတဲ့အတွက် ကျေးဇူးမတင်သင့်ဘူးလား.. အဲဒါကို လက်စား ချေချင်သေးတယ်.. ခင်ဗျားက အလကားအသက်ရှင်လာတာပဲ.. ချီးစားပြီး ကြီးလာတာလား”

လျှာစောင်းထက်သည့်နေရာတွင် ပေထင်းဟွမ်သည် ဒုတိယဖြစ်သည်။ မည်သူမှ သူ့ကိုမနိုင်ပေ။

ပေထင်းဟွမ်၏အသံသည် ကြည်လင်ပြီး သန်မာရာ သူမ၏ အသံကိုနိမ့်ချ ခြင်းလည်းမရှိပေ။ လူစုဆောင်းသည့်ရင်ပြင်ထဲမှ လူသောင်းချီသည် သူ့စကား ကို ရှင်းလင်းစွာကြားနေရကာ အားလုံးသည် စုတ်တသပ်သပ်နှင့် ကာမယ်ရွန် အား သနားမိကြသည်။ ဘာတွေဖြစ်ကုန်တာလဲ။ သူ ပေထင်းဟွမ်ကြောင့် ဒေါသထွက်ပြီး သေတော့မှာပဲ။

ကျောင်းအုပ်ကြီးလက်ခံထားသည့် တပည့်သည် အမှန်တကယ်သန်မာ သည်ဟု ဆရာများပင် တွေးမိကြသည်။ ကောင်းကင်အဆင့် ဓားသခင်မဆိုထား နှင့် သူ၏အဆိပ်ပြင်းသည့်လျှာသည် အားမနည်းသည့် လူတစ်ယောက်ကို ဒေါသထွက်ပြီး သေစေနိုင်သည်။

ကာမယ်ရွန်၏လက်ရှိ မျက်နှာထားသည် အကောင်းဆုံးသက်သေဖြစ်နေ သည်မဟုတ်ပါလား။ ဂုဏ်သိက္ခာရှိသည့် ကောင်းကင်အဆင့်ကျွမ်းကျင်သူဖြစ် သည့် ကာမယ်ရွန်ဘေးတွင် ကျင်းကျွင်းလုံရပ်နေသည်။ သူသည် ဒေါသထွက် လွန်းရာ မျက်နှာများပင် ဖြူဖျော့လာသည်။ သူသည် ပေထင်းဟွမ်အား ညွှန်ပြ လေသည် “မင်း မင်း မင်း..” သူသည် ဘာမှမပြောနိုင်တော့ပေ။

သူ မင်းသား ၆ ကိုတောင် ကျေးဇူးတင်ရဦးမယ်ဟုတ်လား။ သူ့သားကို သတ်တဲ့အတွက် ကျေးဇူးတင်ရမှာလား။ သူ့သားက သားမိုက်နေလို့တဲ့လား။ ဒါ ဘယ်လို သဘောတရားကြီးလဲ။ ဒီလူငယ်မှာ အကောင်းအဆိုး ခွဲခြားတတ်တဲ့ စိတ်ရှိသေးရဲ့လား။ ဘယ်လိုလုပ် ဒီလိုစကားတွေပြောနိုင်ရတာလဲ။

ဒါ လုံးဝကိုမတရားတာပဲ။

All Chapters