← Chapters

အဘိုးကြီး အတင့်ရဲလိုက်တာ

Vol. 24 Ch. 479

အဘိုးကြီး အတင့်ရဲလိုက်တာ

Vol. 24 Ch. 479

ကာမယ်ရွန်သာမကဘဲ ရင်ပြင်ထဲမှ ဆရာများနှင့်ကျောင်းသားများပင် ပေထင်းဟွမ်၏စကားများကြောင့် ထိတ်လန့်သွားမိကြသည်။ သံမဏိသွေး အဖွဲ့ဝင်များပင် ကြက်သေသေသွားကြ၏။ သူတို့ ခေါင်းဆောင်က အရမ်းကို ဆန်းလွန်းနေတာမဟုတ်ဘူးလား။ ကမ္ဘာပေါ်တွင် ဓားများထက် ပိုရက်စက် သည့်လက်နက်သည် စကားလုံးများဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမှမတွေ့ဖူး ကြပေ။

ကာမယ်ရွန် ဒေါထွက်နေသည်ကိုကြည့်နေရင်းနှင့် သူစကားမပြောနိုင်ခင် မှာပင် ပေထင်းဟွမ်သည် ဓားနှင့်ဆယ်ကြိမ်ကျော် ထိုးနှက်လိုက်သည်ကို မြင်နေရသည်။

“ဖူး”

သူသည် ပါးစပ်မှ သွေးများအန်ထွက်ကျလာသည်။ ပေထင်းဟွမ်သည် နဂါးတစ်ကောင်ကဲ့သို့ ဘေးသို့ရှောင်ရှားလိုက်သည်။ သူမ၏ ပေါ့ပါးသော ခန္ဓာကိုယ်ကြောင့်သာမဟုတ်လျှင် ကာမယ်ရွန်၏သွေးများလာစင်လိမ့်မည်ဖြစ် ၏။

သက်လတ်ပိုင်းအရွယ်လူသည် သားဖြစ်သူကို ဆုံးရှုံးခဲ့သည်။ လူအုပ်ထဲ တွင် ဒေါသထွက်ပြီးနောက် ကာမယ်ရွန်သည် မည်သို့သွေးမအန်ဘဲနေနိုင်မည် နည်း။

သို့သော် ပေထင်းဟွမ်သည် အနည်းငယ် နားမလည်နိုင်ဖြစ်နေသေး သည်။ သူမသည် သူ့ကို ဘာမှမလုပ်ရသေးပေ။ သူမသည် ကာမယ်ရွန်၏ ဖယောင်းစက္ကူနှင့်တူနေသော မျက်နှာကို ရှုပ်ထွေးစွာကြည့်ပြီး အထင်သေးစွာ ဖြင့် မေးလိုက်သည် “အဲလောက်လိုလို့လား”

သူသည် သန်မာသည်ဟု သူမ အစကတွေးခဲ့သည်။ သို့သော် သူသည် ကိုင်တွယ်ရလွယ်ကူနေသည်။

“သေစမ်း သခင်လေး ၉ ကဘာလို့ ဒီလောက်တောင် အရှက်မဲ့ရတာလဲ.. ဟိုလူက ဒေါသထွက်နေပြီကို ဘာလို့ ဒီလောက်ရိုင်းတဲ့မေးခွန်းသွားမေးရတာ လဲ.. ဒီလောက်ထိလုပ်ဖို့လိုလို့လား.. အရှက်မရှိလိုက်တာ”

“ဘာလို့မလုပ်ရမှာလဲ.. စစ်သူကြီးကာမယ်ရွန်လေနေရာမှာ ငါသာဆိုရင် ဒေါသထွက်လို့သေပြီ.. သူ့သားလည်းသေသွားတာလေ”

“ဟုတ်တယ် ဟုတ်တယ်.. လူသတ်ရတာက ခေါင်းခွဲတာလောက် မဟုတ်ဘူး.. သခင်လေး ၉ က ဒီလူ့ကို သွေးအန်ပြီးသေစေချင်နေတာလား”

လူ၏နှလုံးသည် အသွေးအသားဖြင့် ပြုလုပ်ထားသည်။ ကာဂါနှင့် မင်းသား ၆ တို့သည် အသေအကြေတိုက်ပွဲယှဉ်ပြိုင်ကာ ကာဂါအသတ်ခံခဲ့ရ သည်။ ကာမယ်ရွန်မှ သူတို့ကိုလာရှာသည်မှာ မှားသော်လည်း ပေထင်းဟွမ် သည် မင်းသား ၆ ကိုကူညီသည်မှာ နားလည်ပေးနိုင်သည်။ ပေထင်းဟွမ်၏ ပါးစပ်သည် ဝိညာဉ်နက်ဆေးထက်ပင် ပိုအဆိပ်ပြင်းသည်။

ဤတိုက်ကြီးသည် သိုင်းပညာခွန်အားနှင့် သန်မာမှုကို လေးစားကြသည်။ သူတို့သည် ခွန်အားကိုပြသရန် ဓားများအပေါ်တွင် မှီခိုသည်။ မည်သူကမှ ပါးစပ်နှင့်တင်မရပေ။

အင်ပါယာမြို့တော်တစ်ခုလုံးရှိ သတင်းများသည် တောမီးသဖွယ် ပျံ့နှံ့သွားသည်။ မင်းသား ၉ ၏ပါးစပ်သည် ကောင်းကင်အဆင့်ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သည်။

“အာ.. သောက်ကောင်လေး ငါ ဒီနေ့မင်းကိုအရင်သတ်မယ်” ကာမယ်ရွန် ၏မျက်လုံးများသည် နီရဲလာက သူ၏ဆံပင်တိုများသည် အဆုံးထိထောင်သွား ကြ၏။ သူ့လက်ထဲမှ ကြာပွတ်သည် ပေထင်းဟွမ်ဆီသို့ အညှာတာမဲ့စွာ ယမ်းသွားကြသည်။

သူ၏ရောင်ဝါသည် ကောင်းကင်သို့ထိုးတက်သွားကာ တိုက်ကွက်များ သည် ညှာတာမှုမရှိတော့ပေ။

ပေထင်းဟွမ်သည် လက်ထဲတွင် ဓားပျော့ကိုကိုင်ထားကာ ကောင်းကင်မှ ဥက္ကာခဲကဲ့သို့ ပျံသန်းကာ တိုက်ခိုက်တော့မည်။ ကောင်းကင်နှင့်မြေကြီးအကြား တွင် မိုးကြိုးသံထွက်ပေါ်လာရာ အားလုံး၏ရင်များလှုပ်ခါသွားလေသည် “အဘိုးကြီး အတင့်ရဲလိုက်တာ”

ဓားအလင်းရောင်သည် မိုးပေါ်မှကျရောက်လာကာ ကောင်းကင်ခွဲ လောက်သည့် ရောင်ဝါထွက်လာရာ ကွင်းထဲမှလူများကို အမြန်အဆန်ပင် ကစဥ့်ကလျားဖြစ်စေသည်။ ထိုလူကိုမမြင်နိုင်သေးခင်မှာပင် ဓားအလင်းသည် ကာမယ်ရွန်အား ဖိစီးသောရောင်ဝါဖြင့် ခုတ်ချလေသည်။

ကာမယ်ရွန်သည် ကောင်းကင်အဆင့်ကျွမ်းကျင်သူဖြစ်ထိုက်သည်။ ပေထင်းဟွမ်အား ရစ်ပတ်ထားသည့် ကြာပွတ်ရှည်ကြီးသည် ရုတ်တရက် လေထဲတွင် ပြန်လှည့်ကာ ဓား၏တောက်ပသောအလင်းဆီသို့ ရွေ့လျားသွား သည်။

ချွင်း

ကြွတ်ဆပ်သည့်အသ့ထွက်လာသည်။ ကြာပွတ်သည်လည်း ဝိညာဉ် လက်နက်ဖြစ်ကာ သံမဏိဖြင့်ပြုလုပ်ထားသည်။ ဓားရှည်နှင့် ထိပ်တိုက်ရင်ဆိုင် ရာ အသ့သည် ကျောက်တုံးကိုခွဲလိုက်သကဲ့သို့ မီးပွားများထွက်လာသည်။ ကြီးမားသောလေလုံးကြီးသည် ကာမယ်ရွန်ကို အနောက်သို့ တစ်လှမ်းချင်း ဆုတ်သွားစေကာ မြေကြီးပေါ်သို့ ပြင်းထန်စွာလဲကျသွားလေသည်။ သူသည် ဤလူငယ်၏ ဓားကြောင့် တစ်ချက်တည်းနှင့်ရှုံးနိမ့်သွားမည်ဟု သူ မယုံပေ။

လူငယ်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ရှည်လျား သောဆံပင်သည် လေနှင့်အတူလွင့်နေသည်။ သူ၏မျက်ခုံးများသည် တောင် များသဖွယ် ဖြောင့်တန်းနေသည်။ သူ၏ နက်မှောင်သောမျက်လုံးများသည် နေရောင်အောက်တွင် ကြယ်များသဖွယ် လင်းလက်နေသည်။ လူငယ်သည် အသွင်အပြင်အကောင်းရှသည်။ သူသည် နတ်ဘုရားကဲ့သို့ချောမောသည်။ သို့သော် အကျင့်မှာအေးစက်သည်. သူသည် နှစ်ပေါင်းတစ်သောင်းကြာအောင် အရည်မပျော်သည့် ရေခဲကဲ့သို့အေးစက်ပြီး ချည်းကပ်ရန် ခက်ခဲလှသည်။ သူ၏ ဝတ်ရုံသည် လေထဲတွင်လွင့်နေပြီး သူမ၏မာနကြီးမှုနှင့် ကြီးစိုးသော ရောင်ဝါ ကို ပေါ်လွင်စေသည်…

All Chapters