← Chapters

သူကကောင်းကင်ကဆင်းသက်လာတယ်

Vol. 24 Ch. 480

သူကကောင်းကင်ကဆင်းသက်လာတယ်

Vol. 24 Ch. 480

လူငယ်၏အေးစက်သောမျက်လုံးများသည် လူအုပ်ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူ့အကြည့်သည် လူတစ်ဦးအပေါ်ကျရောက်သွား၏။ သူ၏ကြယ်နှင့်တူသော မျက်လုံးများသည် မီးအိမ်ကိုအလင်းညှိလိုက်သလိုပင်။ မီးတောက်များသည် ပိုပိုပြီးတောက်ပလာသည်မှာ ရေစီးဆင်းနေသည့်အလား ပင်။

သူ၏နှစ်တစ်သောင်းရေခဲနှင့်တူသော မျက်နှာတွင် ခံစားချက် အရိပ်အယောင်ဖြစ်ပေါ်လာသည်။

သူ၏လှပသောနှုတ်ခမ်းများ အနည်းငယ် လှုပ်ခါသွားသည်။ သူ အော် လိုက်ချင်သော်လည်း မအော်ရဲပေ။ သူသည် လက်ကိုအသာမြှောက်လိုက်၏။ သူ၏အေးစက်သောအကျင့်စရိုက်သည် ပြင်းထန်စွာလှုပ်ခတ်လိုက်သကဲ့သို့ လက်များသည်လည်း အနည်းငယ်တုန်ယင်လာသည်။

ပေထင်းဟွမ်သည် သူ့မျက်နှာကို စိုက်ကြည့်လိုက်၏။ ထိုလူငယ် ကောင်းကင်မှဆင်းသသက်လာသည်နှင့် သူမ၏မျက်လုံးများသည် သူ့ဆီမှ မခွာတော့ပေ။

သူသည် မိုးပေါ်မှ စစ်နတ်ဘုရားကဲ့သို့ ဆင်းသက်လာသည်။ သူသည် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားခြင်းမရှိသော်လည်း နေရောင်၏အလင်းရောင် သည် သူ့ခန္ဓာကိုယ်ကို ရွှေရောင်အလွှာဖြင့် ဖုံးအုပ်ထားသည်။ သူသည် လက်ထဲ တွင် ဓားရှည်ကြီးကိုင်ဆောင်ထားကာ သူမအား အနောက်တွင် ကာကွယ်ထား သည်။ နေရောင်ပင်လျှင် သူ၏ခန္ဓာကိုယ်ပေါ်မှ အလင်းကို ယူဆောင်မသွားနိုင် ပေ။ သူ့မျက်နှာသည် သူမနှင့် ၇၀ ရာခိုင်နှုန်းတူသည်။ သူ၏မျက်လုံးများသာ သူမထက် ပိုခိုင်မာနေခြင်းပင်။ သူမသည် အလွန်ချောမောပြီး တရင်းတနှီးရှိလှ သည်။ သူ့မျက်နှာသည် သူငယ်စဉ်ကတည်းက မှတ်မိသည့် အနေအထား အတိုင်းပင်။ နှစ်ပေါင်းမည်မျှပင် ကြာသွားစေကာမူ သူ မေ့မရနိုင်ပေ။

“ရှောင်ကျို့”

ရင်းနှီးသောအသံသည် လေမှတစ်ဆင့် သူမနားထဲသို့ တိုးဝင်လာသည်။ ထိုအခိုက်အတန့်တွင် သူမသည် လည်ချောင်းတွင် တစ်ဆို့သွားလေသည်။ သူမ၏ ရင်ဘတ်ထဲတွင် ကြာမြင့်စွာဖုံးကွယ်ထားသော ခံစားချက်များသည် အရည်ပျော်သွားလေသည်။ သူမရှေ့မှမျက်နှာသည် သူမ၏မျက်ရည်များ အကြားတွင် ဝေဝါးလာသော်လည်း သူမ၏စိတ်ထဲတွင် ပိုကြည်လင်လာသည်။

ထိုလူသည် မည်သူမည်ဝါဖြစ်သည်ကို မေးရန်ပင်မလိုတော့ပေ။ သူမသည် မျက်နှာဖုံးဝတ်ဆင်ထားသော်လည်း ထိုလူသည် သူမကိုမြင်သည်နှင့် သူမကိုသာ စိုက်ကြည့်ခဲ့သည်။

မျက်ရည်များသည် လေထဲတွင် ကျလာသည်။ သူမ၏နက်မှောင်သော ဆံနွယ်များသည် လေထဲတွင် ကခုန်နေသည်။ ပေထင်းဟွမ်သည် တိမ်တိုက် များပေါ်မှကျလာသကဲ့သို့ သူမ၏ခြေထောက်သည် မြေနှင့်ထိတွေ့လိုက်သည်။ သူမ၏မျက်ရည်များကြောင့် ရှေ့သည်မရှင်းလင်းသော်လည်း ထိုဦးတည်ဘက် သို့ အလိုလိုသိစိတ်ဖြင့် ပြေးဝင်လိုက်သည်။

“အစ်ကိုကြီး”

ဝမ်းနည်းပက်လက်ငိုကြွေးရာ နောက်ဆုံးအလင်းတန်းသည် ပေထင်းဟွမ်၏ မျက်နှာဖုံးအား ခုနှစ်ရောင်အလင်းအဖြစ် အလင်းပြန်ရာ အားလုံး၏မျက်လုံးများ စူးသွားကြလေသည်။

ထိုအခိုက်အတန့်တွင် လူငယ်၏ ရေခဲကဲ့သို့ အေးစက်သည့် စိတ်သဘော ထားသည် ပြိုကွဲသွားလေသည်။ သူသည် ခြေဖျားဖြင့် မြေပြင်ကိုတော့ကာ လက်များကို ဆန့်ထုတ်လိုက်သည်။ သူ၏ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ လူငယ်ဆီ သို့ ပြေးဝင်သွားလေသည်။

ကောင်းကင်ပြာကို နောက်ခံထားပြီး နေရောင်သည် တန်ဆာဆင်ထား သလိုပင်။

ပုံရိပ်နှစ်ခု ထပ်သွားလေသည်။ လူငယ်၏ သန်မာသော လက်မောင်းများ သည် ပေထင်းဟွမ်အားတင်းကြပ်စွာ ပွေ့ဖက်ထားသည်။ အချိန်ကြာမြင့်စွာ ချန်ထားခဲ့ရသည့် ရတနာမှာ သူ့ဆီပြန်လာသည့်အတိုင်းပင်။ ပေထင်းဟွမ်၏ မျက်နှာသည် လူငယ်၏ပခုံးထဲတွင် နစ်မြုပ်နေကော သူ၏ပါးပြင်သည် ဆံပင်နှင့် နူးညံ့စွာပွတ်တိုက်နေသည်။ ထိုအခိုက်အတန့်တွင် သူ့ကိုပွေ့ဖက်ရ သည်မှာ ကိုယ်ပိုင်ကမ္ဘာပိုင်ဆိုင်လိုက်ရသလိုပင်။

ပေထင်းဟွမသ်ည် လူငယ်၏ကျယ်ပြန့်သောပခုံးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူတို့သည် ၁၀ နှစ်ကြာအောင် ခွဲခွာခဲ့ရသော်လည်း ညတိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် လွမ်းဆွတ်ခဲ့ကြသည်။ သူတို့သည် ဤကမ္ဘာပေါ်တွင် အနီးစပ်ဆုံးဖြစ်ခဲ့ကာ တစ်ယောက်နှင့်တစ်ယောက်၏ အကြီးမားဆုံးအမှီအခိုဖြစ်ခဲ့ကြသည်။ အမျိုးသားငယ်၏ခန္ဓာကိုယ်ပေါ်ရှိ နွေးထွေးမှုကိုခံစားရင်း သူမ၏ယခင်ဘဝတွင် လွင့်မျောနေခဲ့သော နှလုံးသား သည် ကိုယ်ပိုင်ဆိပ်ကမ်းကို တွေ့သွားသကဲ့သို့ အခြေငြိမ်သွားခဲ့သည်။

“ရှောင်ကျို့ မင်းမျက်နှာလေး ကြည့်ပါရစေဦး”

သူသည် သူမ၏အစ်ကိုကြီးဖြစ်သူ ပေထင်းကျင်းဖြစ်သည်။ သူ့မျက်လုံး များသည် ရေခဲကဲ့သို့ အေးစက်သည်။ ဤအခိုက်အတန့်တွင် လူငယ်၏ ပုံရိပ် သူ့မျက်လုံးထဲတွင် ရောင်ပြန်ဟပ်ချိန်တွင် အပူရှိန်ဖြင့် ကျစ်ကျစ်တောက်နေ သည့် နွေရာသီဦးပိုင်းနေရောင်နှင့်ပင်တူနေသည်။ သူ့ရင်ခွင်မှခွဲခွာပြီး နှစ်ပေါင်း များစွာကြာအောင် သူမည်သို့ရှင်သန်ခဲ့ရသည်ကို မည်သူမှမသိကြပေ။

မိသားစုသခင်၏ စည်းကမ်းများအရ သူသည် ဝိညာဉ်သခင်ကြီးအဆင့်သို့ မရောက်ခင်အထိ ဌာနချုပ်မှခွာမရပေ။ သူသည် နေ့စဉ်နေ့တိုင်း ကျင်ကြံသည်။ ထိုမှသာ သူ့ရင်ခွင်ထဲမှလူကို မြန်မြန်မြင်တွေ့ရမည်ဖြစ်သည်။ သူသည် သူ့ ဘဝအတွက် တိုက်ခိုက်ခဲ့ရသည့် ရတနာတစ်ပါးဖြစ်သည်…

All Chapters