ဓားရေကန်ဖွင့်ခြင်း
Vol. 68 Ch. 939
ဓားရေကန်ဖွင့်မယ့်ရက်က နီးကပ်လာတာကြောင့် ဓားကြယ်မြို့က ယာယီငြိမ်သက်နေလေတယ်။
အိမ်တော်ထဲမှာ လီဖူချန်းက အစိမ်းရောင်ရေအပိုင်းတစ်ခုရဲ့အရှေ့မှာ ရပ်နေတယ်။ သူ့ခန္ဓာကိုယ်က အန္တိမချီတည်ရှိမှုကို ထုတ်လွှတ်နေတယ်။
တစ်ခုက ရှေးဦးရိုးရှင်းတဲ့ဓားတာအိုချီတည်ရှိမှုတစ်ခုဖြစ်ပြီး အခြားကတော့ ခမ်းနားတောက်ပတဲ့ဓားတာအိုချီတည်ရှမှုတစ်ခုဖြစ်တယ်။
ကောင်းကင်ဘုံအရှင်တစ်ယောက်က အန္တိမအဆင့်သွေးမျိုးဆက်ကို ပိုင်ဆိုင်တယ်။ ဒါပေမယ့် ကောင်းကင်ဘုံအရှင်အားလုံးက အန္တိမအဆင့်သွေးမျိုးဆက်တစ်ခုပဲ ရှိတာမဟုတ်ဘူး။
အသေင်္ချပန်းအမျိုးသမီးကို ဥပမာထားပါ၊ သူမက ခြောက်သွေ့ညှိုးနွမ်းသွေးမျိုးဆက်ကို ပိုင်ဆိုင်ရုံသာမက အန္တိမအဆင့်ဓားတာအိုသွေးမျိုးဆက်တစ်ခုလည်းရှိတယ်။
အန္တိမအဆင့်သွေးမျိုးဆက်ရဲ့အရေအတွက်က ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခွန်အားကို မဆုံးဖြတ်နိုင်ပေမယ့် သွေးမျိုးဆက်ရဲ့အရည်အသွေးက ဘယ်ကောင်းကင်ဘုံအရှင်က အသန်မာဆုံးဆိုတာကို ဆုံးဖြတ်ပေးတယ်။
ဒါပေမယ့် အန္တိမအဆင့်သွေးမျိုးဆက်တွေ ပိုရှိရင်တော့ ကောင်းကင်ဘုံအရှင်တစ်ယောက်ကို ပိုပြီးနားလည်နိုင်စွမ်းရှိလာစေတယ်၊ ချို့ယွင်းချက်မဲ့လာစေတယ်။
ခြောက်သွေ့ညှိုးနွမ်းသွေးမျိုးဆက်နဲ့အတူ အသေင်္ချပန်းအမျိုးသမီးက အရာအားလုံးရဲ့သေခြင်းနဲ့ရှင်ခြင်းကို ထိန်းချုပ်ထားတယ်။ အန္တိမအဆင့်ဓားတာအိုသွေးမျိုးဆက်ရဲ့တိုက်ခိုက်ရေးစွမ်းအားပေါင်းထည့်မှုနဲ့အတူ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်မှာ သူမရဲ့အဆင့်အတန်းက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးထက်သာ နိမ့်ကျတယ်။ သူမမှာ ခြောက်သွေ့ညှိုးနွမ်းသွေးမျိုးဆက်မျှသာရှိရင် သူမက အခုလိုအဆင့်အတန်းမျိုးကို အောင်မြင်နိုင်လိမ့်မှာမဟုတ်ဘူး။
လီဖူချန်းက ဓားချိီမူလပြန်သွားခြင်းဓားကွက်ကို သုံးကာ ဓားတာအိုအရင်းမြစ်စွမ်းအားနဲ့ ချိတ်ဆက်ထားခဲ့တယ်။ နောက်ပိုင်းမှာ ဓားပင်လယ်မိုးကုတ်စက်ဝိုင်းနဲ့မူလဘူတဓားတို့ကလည်း ဓားတာအိုအရင်းမြစ်စွမ်းအားနဲ့ အောင်မြင်စွာ ချိတ်ဆက်ထားခဲ့တယ်။ ဒါ့အပြင် သူက ဓားတာအိုအရင်းမြစ်စွမ်းအား၉၉၉ကြောင်းနဲ့ ချိတ်ဆက်ထားပြီးဖြစ်တယ်။
ဒါပေမယ့် ၉၉၉က အကန့်အသတ်ဖြစ်ပုံရတယ်၊ နောက်ထပ်ချိုးဖြတ်မှုကို ပြုလုပ်ဖို့က လီဖူချန်းအတွက် ခက်ခဲလာတယ်။
ဒါကြောင့် သူက ထွန်းတောက်ဓားပညာကို သုတေသနပြုလာခဲ့တယ်။
မူလအဆုံးစွန်းဓားပညာအပေါ်သူ့ရဲ့ကျွမ်းကျင်မှုက မြင့်လွန်းပြီး သူက ထွန်းတောက်ဓားပညာကို လေ့လာဖို့ ပြောင်းလဲလိုက်တဲ့အခါ အဲဒါက ချောမွေ့လွန်းနေတယ်။ သူက ထွန်းတောက်ဓားပညာကို ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေသို့ အလွယ်တကူတွန်းပို့နိုင်ခဲ့တယ်။ ပြီးနောက် သူက ထွန်းတောက်ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းတစ်ခုနဲ့ ချက်ချင်း ချိတ်ဆက်နိုင်ခဲ့တယ်၊ ပြီးနောက် ကိုးကြောင်း......ယခုဆိုရင် သူက ထွန်းတောက်ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်း၃၃၃ကြောင်းနဲ့ ချိတ်ဆက်ထားပြီးဖြစ်တယ်။
မူလအဆုံးစွန်းဓားတာအိုနဲ့ နှိုင်းယှဉ်ရင် ထွန်းတောက်ဓားတာအိုက သေချာပေါက် လွှမ်းမိုးနိုင်တယ်၊ တင့်တယ်တယ်၊ မျက်စိဖမ်းစားစရာဖြစ်တယ်။
…
ဒီနေ့မှာတော့ ဓားရေကန်ကို ဖွင့်လိုက်တယ်။
စကြာဝဠာထဲမှာ အဆုံးမဲ့ဓားတွေက ပဲ့တင်ထပ်နေပြီး ဓားတာအိုဖြစ်စဉ်မျိုးစုံက နေရာတိုင်းမှထွက်ပေါ်လာနေတယ်။ ဒါက တကယ်ကို မှင်တက်စရာမြင်ကွင်းတစ်ခုပါပဲ။
ဓားကြယ်မြို့ရဲ့အလယ်ဗဟိုမှာ မိုင်တစ်ရာရှိတဲ့ဧရာမဓားရဲ့အောက်မှာ ရေကန်တစ်ခုရှိတယ်။ ရေကန်က အရောင်တွေ ရောနှောနေပြီး ကြည့်ရတာ ပုံရိပ်ယောင်လိုပဲ။ အချိန်နဲ့အမျှ ရေငွေ့တွေ၊မြူခိုးတွေနဲ့တူတဲ့ဓားပုံရိပ်တွေကို ထုတ်လွှတ်နေလျက်ရှိတယ်။
ဓားရေကန်က ဓားကြယ်မြို့ရှိဓားတာအိုကျင့်ကြံသူတွေရဲ့နံပါတ်၁မြင့်မြတ်မြေဖြစ်တယ်။ အဲဒါမှာ ဓားဆန္ဒထောင်ကျော်ပါဝင်တယ်။ ဓားရေကန်ရဲ့တတိယစည်းဝိုင်းအတွင်းမှာ အမျိုးမျိုးသောကောင်းကင်ဘုံအရှင်တွေချန်ထားရစ်တဲ့အန္တိမအဆင့်ဓားဆန္ဒတွေရှိတယ်လို့ ပြောကြတယ်။
"ဓားရေကန်က နှစ်တစ်သောင်းမှတစ်ကြိမ်ပဲ ဖွင့်တယ်။ အဲဒါက အမြွာဦးချိုကြယ်စုရဲ့ဓားတာအိုမဟာပွဲတော်တစ်ခုပဲ။ ဘယ်လိုဓားတာအိုပါရမီရှင်တွေ ထွက်ပေါ်လာမလဲကို ငါ သိချင်မိတယ်"
ဓားရေကန်ရဲ့အနီးဝန်းကျင်မှာ ဓားမျှော်စင်တစ်ခုရှိပြီး ဓားတာအိုကောင်းကင်ဘုံအရှင်နှစ်ယောက်က ထိုနေရာမှာ ရပ်နေကြတယ်။
"ပြီးခဲ့တဲ့အကြိမ်တုန်းက တစ်စုံတစ်ယောက်က အချုပ်အချယ်မဲ့အကြီးအကဲရဲ့အချုပ်အချယ်မဲ့ဓားဆန္ဒကို တွေ့ရှိခဲ့တယ်။ ဒီတစ်ကြိမ်မှာရော တူညီတဲ့အဆင့်ရှိတဲ့အန္တိမအဆင့်ဓားဆန္ဒတစ်ခုကို တစ်ယောက်ယောက်က တွေ့ရှိနိုင်မလား"
အန္တိမအဆင့်ဓားဆန္ဒတွေကိုလည်း အဆင့်အမျိုးမျိုးခွဲခြားထားတယ်။ နက်ပြာပလိန်းရဲ့ဓားသမားအစည်းအရုံးရဲ့ပထမခေါင်းဆောင်ဖြစ်တဲ့အချုပ်အချယ်မဲ့အကြီးအကဲက အမြွာဦးချိုကြယ်စုမှာတောင် ကျော်ကြားတယ်။ သူ့ရဲ့အချုပ်အချယ်မဲ့ဓားပညာက အမြွာဦးချိုကြယ်စုရဲ့သမိုင်းမှာ ထိပ်ဆုံးအန္တိမအဆင့်ဓားပညာဆယ်ခုထဲ ပါဝင်တယ်။ အချုပ်အချယ်မဲ့ဓားဆန္ဒက ဓားရေကန်ရဲ့အသန်မာဆုံးဓားဆန္ဒတွေထဲကတစ်ခုဆိုတာ သေချာတယ်။
"ကောင်းကင်ဘုံဆက်ဓားနတ်ဘုရားရဲ့ဆက်ခံသူက ဒီတကြိမ် ဓားကြယ်မြို့ရှိတယ်လို့တော့ ငါ ကြားတယ်"
(ကောင်းကင်ဆက်ဓားအစား ကောင်းကင်ဘုံဆက်ဓားလို့ ပြောင်းသုံးပါ့မယ်- မြန်မာဘာသာပြန်သူ)
"ကောင်းကင်ဘုံဆက်ဓားနတ်ဘုရားရဲ့ဆက်ခံသူတွေက အများကြီးရှိတယ်။ သူက အဆင့်နိမ့်ကောင်းကင်ဘုံဆက်ဓားတစ်လက်ကိုသာ အမွေဆက်ခံထားရင်တော့ ဖော်ပြဖို့မထိုက်တန်လှဘူး"
"ဓားရေကန်မှာ စစ်မှန်တဲ့ကောင်းကင်ဘုံဆက်ဓားဆန္ဒကြောင်းတစ်ခုရှိတယ်လို့ တစ်ယောက်ယောက်က ဖော်ပြခဲ့တယ်။ ဘယ်သူကရော အဲဒါကို တွေ့ရှိနိုင်မလဲကို ငါ သိချင်မိတယ်"
အချုပ်အချယ်မဲ့အကြီးအကဲက အမြွှာဦးချိုကြယ်စုမှာ ကျော်ကြားရင် ကောင်းကင်ဘုံဆက်ဓားနတ်ဘုရားက စကြာဝဠာအနှံ့ ကျော်ကြားတယ်။ သူ့ရဲ့လက်နက်ဖြစ်တဲ့ကောင်းကင်ဘုံဆက်ဓားက စွမ်းအားကြီးနတ်ဓားသုံးလက်ထဲမှာ အသန်မာဆုံးဓားလို့ လူသိများတယ်။ အဲဒါက မရေမတွက်နိုင်တဲ့သူတော်စင်တွေ၊ သူတော်စင်အရှင်တွေ၊ ကောင်းကင်ဘုံအရှင်တွေကို သတ်ဖြတ်ခဲ့တယ်။
ဓားရေကန်အထက်မှာ ဖျာချပ်တွေသောင်းကျော်ရှိတယ်။ အတွင်းစည်းဝိုင်းထဲကို ပိုဝင်လေလေ၊ ဖျာချပ်အရေအတွက်က ပိုနည်းလေဖြစ်တယ်။
ဓားရေကန်ထဲရှိဓားဆန္ဒတွေက ကြမ်းတမ်းလွန်းတယ်။ လေ့ကျင့်သူက ဖျာပေါ်မှာ မထိုင်ရင် သူတို့ကို ဓားဆန္ဒတွေက အဆက်မပြတ်သက်ရောက်လိမ့်မည်ဖြစ်ကာ ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ဖို့က မဖြစ်နိုင်တော့ပါဘူး။
"သူတို့ ရောက်လာကြပြီ"
ဓားမျှော်စင်ပေါ်မှာ ဓားတာအိုကောင်းကင်ဘုံအရှင်နှစ်ယောက်က မရေမတွက်နိုင်လောက်တဲ့ဓားတာအိုသူတော်စင်အရှင်တွေ ဓားရေကန်သို့ တစ်ဟုန်ထိုးပြေးလာနေတာကို မြင်လိုက်ရတယ်။
ဓားရေကန်နဲ့နီးကပ်လာတဲ့ဓားတာအိုသူတော်စင်အရှင်တွေက ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တွေပါပဲ။ သာမန်ဓားတာအိုသူတော်စင်အရှင်တစ်ယောက်ကို ဝင်ရောက်ခွင့်ပြုရင်တောင် သူတို့က လုပ်ဆောင်နိုင်လိမ့်မှာမဟုတ်ဘူး။
"ဒီတစ်ကြိမ်တော့ ငါက ဓားရေကန်ရဲ့ပဉ္ဓမစည်းဝိုင်းကို ဝင်ရမယ်"
အရှေ့ဆုံးရှိပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်က သူ့ရဲ့အရှိန်ကို မလျှော့ချခဲ့ပါဘူး၊ သူက ပိုနက်တဲ့စည်းဝိုင်းတွေဆီ ပြေးဝင်သွားလေတယ်။
ထက်ရှတဲ့ဓားတွေ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသလို ခံစားရပြီး သွေးမြူတစ်ခု ပေါက်ကွဲထွက်လာတယ်။
ထိုပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်က ကြောက်စရာကောင်းတဲ့အမူအရာနဲ့အတူ နောက်ဆုတ်ဖို့ ဖိအားပေးခံလိုက်ရတယ်။
"တိကျတဲ့ခွန်အားအဆင့်တစ်ခုမရှိရင် တစ်ယောက်မှ မတားဆီးရင်တောင် ဓားရေကန်ရဲ့အတွင်းစည်းဝိုင်းတွေကို ဝင်ရောက်ဖို့က မဖြစ်နိုင်ဘူး" ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်က လှောင်ပြောင်လိုက်တယ်။
ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တွေက အလွန်အမင်းမြန်တယ်။ တစ်ခဏအတွင်း မိုင်တစ်ရာရှိတဲ့ဓားရေကန်က ပြည့်သွားတော့တယ်။ အထူးသဖြင့် အပြင်စည်းဝိုင်းတွေမှာပဲ၊ အတွင်းစည်းဝိုင်းတွေကတော့ အနည်းငယ်ဗလာဖြစ်နေသေးတယ်။
ဓားရေကန်ရဲ့ဒသမစည်းဝိုင်းက ယှဉ်ပြိုင်စရာမလိုပါဘူး၊ ဒီနေရာမှာ ဖျာတွေ အမြောက်အများရှိနေတယ်လေ။
နဝမစည်းဝိုင်းက အနည်းငယ်ယှဉ်ပြိုင်ဖို့လိုတယ်၊ ဒါပေမယ့် သိပ်ပြီးတော့မပြင်းထန်လွန်းပါဘူး။
အဌမစည်းဝိုင်းမှ ပဉ္ဓမစည်းဝိုင်းအထိ ယှဉ်ပြိုင်မှုက ပိုပိုပြင်းထန်လာတယ်။
အတွင်းစည်းဝိုင်းတွေကို ဝင်နိုင်သူတွေကတော့ ပြိုင်ဘက်ကင်းသူတော်းင်အရှင်တွေကြားမှာ ပြောက်မြောက်သူတွေပါပဲ။
"ဓားနှလုံးသားငြိမ်သက်ခြင်း"
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက လေတိမ်ဓားသူတော်စင်အရှင်က ဒသမစည်းဝိုင်းမှာပဲ ကျင့်ကြံနိုင်တယ်။ ဒီတစ်ကြိမ်မှာတော့ သူက ဒသမစည်းဝိုင်းလောက်နဲ့ မကျေနပ်နိုင်ဘူး။ သူက လေတိမ်ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းရှစ်ခုနဲ့ ချိတ်ဆက်ထားပြီး ပဉ္ဓမစည်းဝိုင်းအတွက် ယှဉ်ပြိုင်နိုင်တယ်။ အဲဒါက အလုပ်မလုပ်ရင် ဆဌမစည်းဝိုင်းလောက်နဲ့ အဆင်ပြေပါတယ်။
ပဉ္ဓမစည်းဝိုင်းထဲမှာ လေတိမ်ဓားသူတော်စင်အရှင်က အားကောင်းတဲ့ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်နဲ့ တိုက်ပွဲဝင်နေရတယ်။ သူတို့ရဲ့အနီးနားမှာ ဖျပ်တစ်ချပ်ရှိတယ်။
လေတိမ်ဓားသူတော်စင်အရှင်ရဲ့မနီးမဝေးမှာ ခံစားချက်မဲ့ဓားသူတော်စင်အရှင်လည်း ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်နဲ့ တိုက်ပွဲဝင်နေတယ်။ သူ့ခွန်အားက လေတိမ်ဓားသူတော်စင်အရှင်ထက် အနည်းငယ်သာ နိမ့်ကျတာကြောင့် သူလည်းပဲ ပဉ္ဓမစည်းဝိုင်းမှာ မြေပုံတစ်ခုအတွက် ယှဉ်ပြိုင်ဖို့ အရည်အသွေးပြည့်မှီတယ်။
လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်နဲ့သစ်ရွက်နီဓားသူတော်စင်အရှင်မတို့က သိသိသာသာပိုအားနည်းတာကြောင့် သူတို့က သတ္တမစည်းဝိုင်းအတွက်သာ ယှဉ်ပြိုင်နိုင်တယ်။
ဒုတိယစည်းဝိုင်းမှာတော့ ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်က ယှဉ်ပြိုင်သူတစ်ယောက်ကို အနိုင်ရပြီးကာစပဲ။ ရုတ်တရက် အေးစက်ပြီးကြည်လင်တဲ့ဓားအလင်းတစ်ခုက ဝှီးခနဲမြည်လာတယ်။
"ဟင်းလင်းပြင်ဓားတာအိုလား"ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်က မေးငေါ့လိုက်တယ်၊ သူလည်းပဲ ဟင်းလင်းပြင်ဓားတာအိုကို ကျင့်ကြံထားတာလေ။
ချွမ်း.......
ဓားနှစ်လက်ရဲ့ချွန်ထက်တဲ့အဖျားတွေက ထိပ်တိုက်တွေ့သွားတယ်။ ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်က အော်လိုက်တယ်" ဒါ ကောင်းကင်ဘုံဆက်ဓားပဲ။ မင်းက ကောင်းကင်ဘုံဆက်ဓားနတ်ဘုရားရဲ့ဆက်ခံသူတစ်ယောက်လား"
ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်က ကောင်းကင်ဘုံဆက်ဓားနတ်ဘုရားရဲ့ဆက်ခံသူတစ်ယောက်နဲ့ တစ်ခါတိုက်ခိုက်ခဲ့ဖူးတယ်၊ ဒါကြောင့် သူက ကောင်းကင်ဘုံဆက်ဓားကို မှတ်မိနေတယ်။
"မင်း သိနေမှတော့ မြန်မြန်ထွက်သွားလိုက်တော့"
ကောင်းကင်ဘုံဆက်ဓားနတ်ဘုရားဆက်ခံသူက ရိုင်းစိုင်းပြီးဝင့်ဝါတဲ့လူငယ်တစ်ယောက်ပဲ။ သူက ကောင်းကင်ဘုံဆက်ဓားကို ကိုင်ဆောင်ထားပြီး အပြောင်းအလဲမရေမတွက်နိုင်လောက်အောင်ရှိတဲ့ဓားကွက်တွေကို ထုတ်ဖော်နေတယ်။ သူက ဘယ်ဘက်မှ တိုက်ခိုက်တာ သိသာပေမယ့် ဓားအလင်းက ညာဘက်မှ ရောက်လာတယ်။
"ဟမ့်၊ မင်းက အဆင့်နိမ့်ကောင်းကင်ဘုံဆက်ဓားကို ကိုင်ဆောင်ထားရုံမျှပဲ။ မင်းက အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားကို ကိုင်ဆောင်ထားရင်တော့ ငါ ကြောက်ရွံ့မိမှာပါ"
ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်က လုံးဝမကြောက်ဘူး။ သူ့ရဲ့ဓားပညာက အစ်အမှန်လဲမဟုတ်ပုံရိပ်ယောင်လဲမဟုတ်တဲ့ရုပ်စုံမှန်ပြောင်းတစ်ခုနဲ့တူတယ်။
"ဓားရေကန်ရဲ့ဓားဆန္ဒတွေက သီးခြားတည်ရှိတယ်။ ဒီနေရာရဲ့တိုက်ပွဲတွေက မကြီးမားလွန်းဘူးပဲ"
ဓားရေကန်ရဲ့မျက်နှာပြင်ပေါ်မှာ လီဖူချန်းက အေးအေးဆေးဆေးလျှောက်လာတယ်။ လမ်းတစ်လျှောက်မှာ သူ့ထံရည်ရွယ်ချက်ရှိရှိမရှိရှိချဉ်းကပ်လာကြတဲ့ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တွေ ရှိတယ်။ သူတို့အားလုံးက အဆက်မပြတ်လွင့်ထွက်သွားကြရတယ်။
မကြာမီမှာပဲ လီဖူချန်းက ဒုတိယစည်းဝိုင်းကို ရောက်ရှိလာတယ်။
မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ ငါ မင်းနဲ့ ဓားရေကန်မှာ တိုက်ခိုက်မယ်လို့ ငါ ပြောခဲ့သားပဲ"
မျှော်စင်တိမ်ဓားသူတော်စင်အရှင်က ရွှေရောင်ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး သူ့ခန္ဓာကိုယ်က လွှမ်းမိုးကြီးစိုးတဲ့ဓားတာအိုချီတည်ရှိမှုတွေ ယိုစိမ့်ထွက်နေတယ်။
"ဒါ မျှော်စင်တိမ်ဓားသူတော်စင်အရှင်ပဲ။ သူက မူလအဆုံးစွန်းဓားသူတော်စင်အရှင်နဲ့ ယှဉ်ပြိုင်ချင်နေတာပဲ။ အရင်ဆုံးသွားကြည့်ကြစို့"
ဒုတိယစည်းဝိုင်းကို ရောက်လာသူတွေအားလုံးက ကြယ်ပိုင်နက်အမျိုးမျိုးမှဓားတာအိုပါရမီရှင်တွေပါပဲ။ သူတို့ရဲ့ဓားတာအိုအာရုံကို သုံးလျက် မျှော်စင်တိမ်ဓားသူတော်စင်အရှင်ရဲ့ကြောက်စရာကောင်းတဲ့ခွန်အားနဲ့ပတ်သက်ပြီး သူတို့က ရှင်းလင်းစွာ သိတယ်။ လီဖူချန်းကလည်း မတွေးတတ်အောင်ခက်ခဲနက်နဲလှသူဖြစ်တယ်။
သူတို့နှစ်ယောက်ကြားတိုက်ပွဲက အာရုံတော်တော်များမျးကို ချက်ချင်းဆွဲဆောင်ခဲ့တယ်။
"မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူးလို့ ငါ ပြောခဲ့တယ်နော်" လီဖူချန်းက ခေါင်းခါလိုက်တယ်။
"စကားကြီးစကားကျယ်တွေ။ ငါ့ရဲ့ဓားကွက်ကမ္ဘာဖြတ်သန်းခြင်းကို လက်ခံလိုက်စမ်း"
မျှော်စင်တိမ်ဓားသူတော်စင်အရှင်က အော်လိုက်တယ်။ သူ့ရဲ့တစ်ခုတည်းသောကြီးစိုးလွှမ်းမိုးချီတည်ရှိမှုက ဖရိုဖရဲကို ဖိနှိပ်ပြီးအနိုင်ယူဖို့ဆင်းသက်လာသလို ခံစားရတယ်။ တစ်ချိန်တည်းမှာ အလွန်အမင်းတောက်ပတဲ့ဓားအလင်းတစ်ခုက လီဖူချန်းဆီ ပျံသန်းလာတယ်။
"ဒီလိုကြောက်စရာကောင်းတဲ့ဓားကွက်"
အပြင်ဘက်ကလူတွေက ပြပွဲတစ်ခုကို ကြည့်ရှုနေပေမယ့် အတွင်းဘက်ကလူတွေကတော့ အသေးစိတ်ကို မြင်နိုင်တယ်။
ကမ္ဘာဦးဓားသူတော်စင်အရှင်နဲ့အဆုံးစွန်းကြယ်ဓားသူတော်စင်အရှင်တို့ရဲ့မျက်လုံးထဲမှာ မျှော်စင်တိမ်ဓားသူတော်စင်အရှင်ရဲ့ဓားကွက်က မစဉ်းစားတတ်လောက်အောင် လွှမ်းမိုးကြီးစိုးနိုင်တယ်။ သူတို့က အဲဒါကို ထိပ်တိုက်ရင်ဆိုင်ရရင် ယှဉ်ပြိုင်နိုင်မယ်လို့ သူတို့က ယုံကြည်ချက်မရှိဘူး။
ဒါပေမယ့် သူတို့အနေနဲ့ အဲဒါကို ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုအပ်ပါဘူး။
"စိတ်ဝင်စားစရာကောင်းတဲ့ဓားကွက်ပဲ၊ အဲဒါက အရင်းမြစ်စွမ်းအားကြောင်းတစ်ရာကျော်နဲ့ ချိတ်ဆက်ထားတာပဲ"
"အခုထိ မလှုပ်ရှားသေးဘူးလား"
မျှော်စင်တိမ်ဓားသူတော်စင်အရှင်ထုတ်လွှတ်လိုက်တဲ့ဓားအလင်းက လီဖူချန်းရဲ့အရှေ့ကို ရောက်ရှိနေပါပြီ။
"ဒါက အားနည်းလွန်းပြီး ငါ့ရဲ့ဓားကို ဆွဲထုတ်ရလောက်တဲ့အထိ အရည်အသွေးမရှိဘူး"
တလက်လက်တောက်ပနေတဲ့ဓားအလင်းက လီဖူချန်းရဲ့အရှေ့တစ်ပေအကွာလောက်မှာ အေးခဲရပ်တန့်သွားတော့တယ်။
"ဘာ"
မျှော်စင်တိမ်ဓားသူတော်စင်အရှင်တင်မကဘူး၊ အဆုံးစွန်းဓားကြယ်သူတော်စင်အရှင်နဲ့ကမ္ဘာဦးဓားသူတော်စင်အရှင်တို့ကတောင် မျက်လုံးတွေ ပြူးကျယ်သွားရတယ်။
အရင်းအမြစ်စွမ်းအားကြောင်းတစ်ရာကျော်နဲ့ချိတ်ဆက်ထားခဲ့တဲ့မျှော်စင်တိမ်ဓားသူတော်စင်အရှင်တောင်မှ လီဖူချန်းရဲ့ဓားချီအကာအကွယ်ကို မချိုးဖြတ်နိုင်ဘဲ နေရာမှာတင်ရပ်တန့်သွားရတယ်။ လီဖူချန်းက အရင်းမြစ်စွမ်းအားကြောင်းဘယ်လောက်တောင် ချိတ်ဆက်ထားခဲ့တာလဲ။ နှစ်ရာလားဒါမှမဟုတ်နှစ်ရာ့ငါးဆယ်လား။