← Chapters

ပထမစည်းဝိုင်းအတွက် တိုက်ပွဲ

Vol. 68 Ch. 940

ပထမစည်းဝိုင်းအတွက် တိုက်ပွဲ

Vol. 68 Ch. 940

"မဖြစ်နိုင်ဘူး......"

မျှော်စင်တိမ်ဓားသူတော်စင်အရှင်က သူ့ရဲ့လက်ကောက်ဝတ်ကို လှည့်လိုက်တယ်။ တောက်ပတဲ့ဓားအလင်းက အတူတကွလှည့်ပတ်သွားပြီး လီဖူချန်းရဲ့ဓားချီအကာအကွယ်ကို ချိုးဖြတ်ဖို့ ကြိုးစားလိုက်တယ်။

"ကြိုးစားမနေပါနဲ့တော့။ မင်းရဲ့အားထုတ်မှုအားလုံးက အချည်းနှီးပဲ ဖြစ်လိမ့်မယ်"

လီဖူချန်းက သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ တောက်ပဓားအလင်းတစ်ခုက ရိုက်ခတ်လာတယ်။ မျှော်စင်တိမ်ဓားသူတော်စင်အရှင်က လွင့်ထွက်သွားရတယ်။

"အားကောင်းလွန်းတယ်"

ကမ္ဘာဦးဓားသူတော်စင်အရှင်၊ အဆုံးစွန်းကြယ်ဓားသူတော်စင်အရှင်၊ ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်နဲ့အခြားသူတွေအားလုံး ကြောက်ရွံ့သွားကြတော့တယ်။ ဓားကြယ်မြို့တစ်ခုလုံးမှာ ဓားတာအိုကောင်းကင်ဘုံအရှင်တွေအပြင် ပထမစည်းဝိုင်းရှိ ကောင်းကင်ဆန့်ကျင်ဓားတာအိုသူတော်စင်အရှင်တွေကသာ မျှော်စင်တိမ်ဓားသူတော်စင်အရှင်ကို ဓားတစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်တယ်။

မျှော်စင်တိမ်ဓားသူတော်စင်အရှင်ကို လွင့်ထွက်စေပြီးနောက် လီဖူချန်းက ပထမစည်းဝိုင်းဆီ စတင်လျှောက်လမ်းသွားတော့တယ်။

"စိတ်ဝင်စားစရာပဲ"

ဓားရေကန်ရဲ့ပထမစည်းဝိုင်းထဲမှာ ငါးယောက်သာရှိတယ်။

ထိုငါးယောက်ထိုင်နေတဲ့ပထမစည်းဝိုင်းထဲကို တစ်ယောက်မှ မဝင်ရဲကြဘူး။ ဆန်းကြယ်ဟင်းလင်းပြင်ဓားသူတော်စင်အရှင်၊ ကမ္ဘာဦးဓားသူတော်စင်အရှင်၊ အဆုံးစွန်းကြယ်ဓားသူတော်စင်အရှင်တို့က ဝင်ရောက်ဖို့ကြိုးစားခဲ့ပေမယ့် ငါးယောက်ထဲမှတစ်ယောက်ရဲ့သာမန်ကာလျှံကာဓားချီတစ်ခုရဲ့ဖယ်ထုတ်မှုကို ခံရပြီးနောက် သူတို့က ချက်ချင်းလက်လျော့လိုက်ကြတော့တယ်။

ပထမစည်းဝိုင်းထဲရှိငါးယောက်တွေကတော့ ဝတ်စုံဖြူအမျိုးသားတစ်ယောက်၊ သံချပ်ဝတ်အမျိုးသားတစ်ယောက်၊ ရောင်စုံဝတ်အမျိုးသမီးတစ်‌ယောက်၊ နဖူးပေါ်မှာဦးမှင်တွေနဲ့ထိပ်ပြောင်တစ်ယောက်၊ မျက်လုံးသုံးလုံးအမျိုးသားတစ်ယောက်တို့ပါပဲ။

စောစောကပြောလိုက်တဲ့သူက ရောင်စုံဝတ်အမျိုးသမီးပါပဲ။

"ငါတို့ထဲက ဘယ်သူ့ကို သူ စိန်ခေါ်မလဲကို ငါသိချင်တယ်" မျက်လုံးသုံးလုံးလူရဲ့မျက်လုံးတွေက ခြိမ်းခြောက်ခြင်းဆန္ဒတွေ လင်းလက်သွားတယ်။

မျက်လုံးသုံးလုံးမျိုးနွယ်က အမြင့်မားဆုံးသိုင်းတာအိုထိုးထွင်းသိမြင်မှုရှိတဲ့စကြာဝဠာရဲ့မျိုးနွယ်တွေထဲကတစ်ခုပါပဲ။ သူတို့က လူသားမျိုးနွယ်နဲ့နတ်ဘုရားမျိုးနွယ်ထက်သာ နိမ့်ကျတယ်။ မျက်လုံးသုံးလုံးမျိုးနွယ်ရဲ့ဓားတာအိုပါရမီရှင်တစ်ယောက်အနေနဲ့ မျက်လုံးသုံးလုံးအမျိုးသားက ဘယ်သူ့ကိုမှ ကြောက်ရွံ့ခြင်းမရှိဘူး။

လီဖူချန်းက ရွေးချယ်ဖို့ ဆန္ဒမရှိပါဘူး။ သူက အနီးစပ်ဆုံးဖျာရှိရာကိုသာ လျှောက်လမ်းသွားတော့တယ်။

ဒီဖျာရဲ့ပိုင်ရှင်က နဖူးပေါ်မှာဦးမှင်တွေရှိတဲ့ထိပ်ပြောင်လူရွယ်ပါပဲ။

"ငါ့ကို ရွေးလိုက်တာလား" ထိပ်ပြောင်လူရွယ်ရဲ့အမူအရာက အေးစက်သွားတယ်။

လူအများစုက သူ့ကို အားအနည်းဆုံးလို့ ယူဆကြတယ်၊ ဘာလို့ဆို သူက ဦးမှင်မီးအိမ်မျိုးနွယ်ဝင်ဖြစ်လို့လေ။

တကယ်တော့ ဦးမှင်မီးအိမ်မျိုးနွယ်မှာ သိုင်းတာအိုကျွမ်းကျင်သူတွေ အလွန်နည်းပါးတဲ့အရေအတွက်ရှိတယ်။

ဒါပေမယ့် သူက လီဖူချန်းကို နောင်တရတယ်ဆိုတဲ့အဓိပ္ပါယ်ကို နားလည်ခွင့်ပေးရလိမ့်မယ်။

"မီးအိမ်မီးထည်ဝါခြင်း......"

"ထွန်းတောက်ဓားတာအိုအစား ထည်ဝါဓားတာအိုလို့ ပြောင်းသုံးပါ့မယ်-မြန်မာဘာသာပြန်သူ)

ထိပ်ပြောင်လူရွယ်ရဲ့ဓားကွက်က အလွန်ကဗျာဆန်တယ်။ သူ့ရဲ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ မရေမတွက်နိုင်လောက်တဲ့ဓားအလင်းအစုအဝေးတွေက မီးအိမ်မီးတွေပမာ လီဖူချန်းကို ဝန်းရံလာတယ်။

"ဒီလိုကြောက်စရာကောင်းတဲ့ဓားဆန္ဒတစ်ခု"

ဓားရေကန်ရဲ့ဒုတိယစည်းဝိုင်းရှိမျှော်စင်တိမ်ဓားသူတော်စင်အရှင်နဲ့အခြားသူတွေက ကြောက်ရွံ့သွားကြတယ်။

သူတို့သာဆိုရင် ဒီဓားကွက်ကြောင့် သေချာပေါက်ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်လို့  သူတို့က ယုံကြည်ထားတယ်။

"ထည်ဝါဓားတာအိုလား" လီဖူချန်းက ပြုံးပြီး ဟင်းလင်းပြင်ကို လက်ညှိုးထိုးလိုက်တယ်။

မီးအိမ်မီးတွေက တစ်ခုပြီးတစ်ခု ငြှိမ်းသွားတော့တယ်။

ထိပ်ပြောင်ရဲ့ဓားကွက်က မီးအိမ်မီးဆိုရင် လီဖူချန်းရဲ့လက်ထိပ်က နေအသေးစားလေးပါပဲ။

နေမင်းနဲ့ရင်ဆိုင်ရတဲ့အခါ မီးအိမ်မီးတွေက ဖယောင်းတိုင်မီးတောက်တွေပမာ လေတစ်ဝှေ့အတွင်း ပျောက်ကွယ်သွားရတော့တယ်။

"ဘာ.....ထည်ဝါဓားတာအိုပဲလား" ထိပ်ပြောင်က တုန်လှုပ်ချောက်ခြားသွားတယ်။

သူ့ရဲ့ထည်ဝါဓားတာအိုကို ပယ်ဖျက်ဖို့ လီဖူချန်းက ထည်ဝါဓားတာအိုကို အသုံးပြုခဲ့တာပဲ။ သူ ဘာလို့ မထိတ်လန့်ဘဲနေရမှာလဲ။

"အရောင်တလက်လက်ထည်ဝါခြင်း......"

ထိပ်ပြောင်က အော်လိုက်တယ်၊ မီးအိမ်မီးထောင်ကျော်က ပြန်လည်ထွက်ပေါ်လာတယ်။ သူတို့က ထိပ်ပြောင်ရဲ့ဓားတစ်ဝိုက်မှာ လှည့်ပတ်နေတယ်။ မီးအိမ်မီးထောင်ကျော်က တစ်ခုအဖြစ်ပေါင်းစပ်ပြီး အ‌ရောင်တလက်လက်တောက်ပနေတဲ့အလင်းတိုင်တစ်ခုအဖြစ် လီဖူချန်းထံ တိုက်ခိုက်လာတယ်။

လီဖူချန်းက ဒီဓားကွက်ကို အလွယ်တကူဖယ်ရှားနိုင်မယ်လို့တော့ သူ မယုံဘူး။

"သူက အရင်းမြစ်စွမ်းအားကြောင်းနှစ်ရာပတ်လည်လောက်ချိတ်ဆက်ထားတာပဲ" လီဖူချန်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်။

ပုံမှန်အားဖြင့် ပြောရရင် အရင်းမြစ်စွမ်းအားကြောင်းတစ်ရာနဲ့ချိတ်ဆက်နိုင်တာက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာဖို့အခွင့်အရေးတစ်ခုလို့ ဆိုလိုတယ်။ အရင်းမြစ်စွမ်းအားကြောင်းနှစ်ရာနဲ့ ချိတ်ဆက်ပြီးရင်တော့ အားနည်းတဲ့ကောင်းကင်ဘုံအရှင်တွေနဲ့ တစ်ခဏတာ ယှဉ်ပြိုင်နိုင်စွမ်းကို ရရှိစေလိမ့်မယ်။

"စိတ်မကောင်းစရာတစ်ခုကတော့ အဲဒါက အနည်းငယ်လိုနေသေးတာပဲ"

လီဖူချန်းရဲ့ဓားလက်ချောင်းက လျှပ်စီးပမာ လျင်မြန်စွာ ရွေ့လျားနေပြီး အရောင်တလက်လက်တောက်ပနေတဲ့အလင်းတိုင်ကို ထိုးဖောက်လိုက်တယ်။

သေးငယ်တဲ့အလင်းတိုင်လေးတွေ ထွက်ပေါ်လာပြီး တလက်လက်တောက်ပနေတဲ့အလင်းတိုင်ကြီးကတော့ ချက်ချင်း ပျောက်ကွယ်သွားရတယ်။

သန်မာတဲ့အားတစ်ခုက ထိပ်ပြောင်ကို လွင့်ထွက်သွားစေပြီး ဖျာကို လက်လျော့စေလိုက်တော့တယ်။

"ရှုံးသွားတာလား"

ဝတ်စုံဖြူအမျိုးသားကလွဲပြီး အခြားသုံးယောက်က အံ့အားသင့်သွားရတယ်၊ ထိပ်ပြောင်က ဒီလောက်လျင်မြန်စွာ ရှုံးနိမ့်သွားရမယ်လို့ သူတို့ မထင်ထားခဲ့ဘူး။

ဒီမူလအဆုံးစွန်းဓားသူတော်စင်အရှင်က သူတို့ထင်ထားတာထက် အများကြီးပိုသန်မာတာပဲ။

"အရှုံးမပေးသေးဘူးလား"

ရင်းနှီးသောဓားချီတည်ရှိမှုတစ်ခုက ထုတ်လွှတ်လာတယ်။ လီဖူချန်းက ထိပ်ပြောင်လွင့်ထွက်သွားရာဘက်ကို ကြည့်လိုက်တယ်။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ မင်းက ငါ့ကို ဖိအားပေးနေတာပဲ"

ထိပ်ပြောင်က ‌ဓားတစ်လက်ပြောင်းထားတယ်၊ အဲဒါက လီဖူချန်းရဲ့ကောင်းကင်ဘုံဆက်ဓားနဲ့ အတူတူပဲ။ ကောင်းကင်ဘုံဆက်ဓားတစ်လက်မှန်း သိသာပြိး ဘယ်အဆင့်မှန်းကိုပဲ မသိရတာပဲ။

"ကောင်းကင်ဘုံဆက်ဓားလား" သံချပ်ဝတ်အမျိုးသားရဲ့မျက်လုံးတွေက အလင်းတောက်ပသွားတော့တယ်။

စစ်မှန်တဲ့ကောင်းကင်ဘုံဆက်ဓားက ထူးကဲအဆင့်အန္တိမအဆင့်ဓား‌တွေကိုကျော်လွန်တဲ့ဓားတစ်လက်ပဲဖြစ်တယ်။ ကောင်းကင်ဘုံဆက်ဓားရဲ့ပိုင်ရှင်က ထူးကဲအဆင့်ကောင်းကင်ဘုံဓားသုံးလက်၊ အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားဆယ့်နှစ်လက်၊ အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားတစ်ရာ့ရှစ်လက်နဲ့ အဆင့်နိမ့်ကောင်းကင်ဘုံဆက်ဓားသုံးထောင့်ခြောက်ရာကို ဘာလို့ ထုလုပ်ခဲ့သလဲကို မသိကြဘူး။ ပုံမှန်အားဖြင့် ကောင်းကင်ဘုံဆက်ဓားရဲ့အဆင့်ပိုမြင့်တာက ကိုင်ဆောင်သူရဲ့အလားအလာပိုမြင့်တာကို ဆိုလိုတယ်။

ချွမ်း........

ကောင်းကင်ဘုံဆက်ဓားကို ဆွဲထုတ်လိုက်တယ်၊ အကြွင်းမဲ့ဓားချီက ပေါက်ကွဲထွက်လာတယ်။ ဆယ်မိုင်အတွင်းက အလွန်အမင်အေးစက်သွားတယ်။

"ဒါက အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားတစ်လက်ပဲ" သံချပ်ဝတ်အမျိုးသားရဲ့မျက်လုံးတွေက မှေးမှိန်သွားတယ်။

ဒါက အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားတစ်လက်သာဖြစ်ပြီး ဖော်ပြဖို့မထိုက်တန်လှဘူး။

"ဒီကမ္ဘာက သေးလွန်းတာပဲ"

သူ့ရဲ့ကောင်းကင်ဘုံဆက်ဓားက တစ်လက်တည်းရှိတာမဟုတ်ဘူးကို လီဖူချန်းက ကောင်းကင်ဘုံဆက်ဓားစိတ်ဝိညာဉ်ထံမှ သိထားတယ်။

"မီးအိမ်မီးထည်ဝါခြင်း"

ကောင်းကင်ဆက်ဓားကို ကိုင်ဆွဲလျက် ထိပ်ပြောင်ရဲ့ခန္ဓာကိုယ်ကို မကုန်ခန်းနိုင်တဲ့ဓားချီတစ်ခုက ဝန်းရံသွားတယ်။ ဓားစွမ်းပကားက အလွန့်အလွန်လွှမ်းမိုးကြီးစိုးပြီး သူက လီဖူချန်းကို တိုက်ခိုက်လာတယ်။

"အချိန်ကျပြီ"

လီဖူချန်းက ကျယ်လောင်စွာ ရယ်လိုက်တယ်။ အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားကို ကိုင်ဆောင်ထားတဲ့ထိပ်ပြောင်က အနည်းငယ်အလေးအနက်ထားရတဲ့အထိ လီဖူချန်းအတွက် အရည်အချင်းပြည့်မှီနေပါပြီ။

စူးရှတဲ့အလင်းတောက်ပမှုကို ထုတ်လွှတ်ကာ လီဖူချန်းက လူသားသဏ္ဍာန်နေတစ်စင်းသို့ ပြောင်းလဲသွားတော့တယ်။ ထိုအလင်းတောက်ပမှုကို သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်ခဲ့တာပဲ။

တစ်ချိန်တည်းမှာပဲ သူလည်း ဓားတစ်လက်ကို ကိုင်ဆောင်ထားတယ်။

ဒါပေမယ့် အဲဒါက ကောင်းကင်ဘုံဆက်ဓားတော့ မဟုတ်ဘူး၊ ထူးကဲထိပ်တန်းအဆင့်နတ်ဆရာဓားသာ ဖြစ်တယ်။

ထိပ်ပြောင်ရဲ့ခွန်အားက လီဖူချန်းအတွက် ကောင်းကင်ဘုံဆက်ဓားကို ထုတ်ရတဲ့အထိ မလုံလောက်ပါဘူး။

နတ်ဆရာဓားနဲ့အတူ လီဖူချန်းက သူ့ရဲ့ဓားကွက်ဖြစ်တဲ့အကန့်အသတ်မဲ့အလင်းတောက်ပခြင်းကို ထိပ်ပြောင်ထံ ထုတ်ဖော်လိုက်တယ်။

(အကန့်အသတ်မဲ့ဖြာထွက်ခြင်းအစား အကန့်အသတ်မဲ့အလင်းတောက်ပခြင်းလို့ ပြောင်းသုံးပါ့မယ်-မြန်မာဘာသာပြန်သူ)

ဝုန်း......

ထည်ဝါဓားတာအိုတွေ ထိပ်တိုက်ရင်ဆိုင်မိပြီး ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုကို ဖန်တီးခဲ့တယ်။

ဓားရေကန်ထဲမှာ နေနှစ်စင်းပွတ်တိုက်မိတာနဲ့တူတယ်။ အလင်းတောက်ပ‌ပေါက်ကွဲထွက်မှုတွေက ဓားတာအိုသူတော်စင်အရှင်အောက်ဘယ်သူ့ကိုမဆို အငွေ့ပြန်စေဖို့ လုံလောက်တယ်။ စူးရှတဲ့အလင်းတောက်ပမှုကြောင့် အနည်းငယ်ကသာ သူတို့ရဲ့ပတ်ဝန်းကျင်ကို ဝိုးတိုးဝါးတားမြင်ရ‌တော့တယ်။ ကျန်သူတွေက လုံးဝမမြင်ရတော့သလို ဘာတစ်ခုကိုမှ အာရုံမခံနိုင်‌တော့ဘူး။ သူတို့အာရုံခံနိုင်တဲ့အရာကတော့ အကန့်အသတ်မဲ့ထွန်းတောက်ဓားဆန္ဒသာ ဖြစ်တယ်။

ရေကန်အထက်မှာ ထိပ်ပြောင်နဲ့လီဖူချန်းတို့ ထိပ်တိုက်ရင်ဆိုင်မိကြတယ်။ အချိန်က ရပ်တန့်သွားသလို‌တောင် ခံစားရတယ်။

"အရှုံးပေးစမ်း" ထိပ်ပြောင်က အော်လိုက်တယ်၊ အကန့်အသတ်မရှိထည်ဝါဓားစွမ်းအားက ကောင်းကင်ဆက်ဓားထဲကို တိုးဝင်လာတယ်။ အံ့ဩတုန်လှုပ်စရာဓားတာအိုစွမ်းအားက လီဖူချန်းကို စတင်ဖိနှိပ်လာတယ်။

"အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားက မယုံနိုင်စရာပဲ" လီဖူချန်းက တိတ်တဆိတ်ချီးကျူးလိုက်တယ်။

လီဖူချန်းက ထည်ဝါဓားတာအိုကို ခွန်အားပြည့်ဖော်ထုတ်ထားခဲ့ပေမယ့် အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားက ခုခံနိုင်သေးကာ လီဖူချန်းအနေနဲ့ သူ့ပြိုင်ဘက်ကို ဖိနှိပ်ဖို့က မဖြစ်နိုင်တော့ပါဘူး။

"ဒိကလေးက ရှုံးတော့မယ်"

"အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားကို ရှုံးနိမ့်တာ ပုံမှန်ပါပဲ"

"ဓားရေကန်က အန္တိမအဆင့်ဓားတွေရဲ့အသုံးပြုမှုကို တားမြစ်ထားရင် သူက ရှုံးနိမ့်သွားမှာ မဟုတ်ဘူး"

"ဓားကလည်း ခွန်အားရဲ့အစိတ်အပိုင်းတစ်ခုပဲ။ အဲဒါကို ဘယ်လိုလုပ်ပြီး တားမြစ်နိုင်မှာလဲ"

ဓားမျှော်စင်ပေါ်မှာ ဓားတာအိုကောင်းကင်ဘုံအရှင်နှစ်ယောက်က စကားပြောနေတယ်။

အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားရဲ့ဖိအားအောက်မှာ အဆုံးမှာတော့ လီဖူချန်းက မထိန်းချုပ်နိုင်တော့ဘူးပဲ။

သူက အောင်ပွဲရတော့မယ်လို့ ထိပ်ပြောင်က တွေးနေစဉ်မှာ လီဖူချန်းရဲ့ဓားတာအိုချီတည်ရှိမှုက ရုတ်တရက်ပြောင်းလဲသွားတော့တယ်။

အဲဒါက ထည်ဝါခြင်းမှ ရှေးဦးမူလသို့ ပြောင်းလဲသွားတော့တယ်။ တစ်ချိန်တည်းမှာ ကျယ်ပြန့်တဲ့ဓားစွမ်းအင်က လှိုင်းတစ်ခုဖြစ်လာပြီး ထိပ်ပြောင်ကို တိုက်ခိုက်လာတယ်။

သွေးတွေ ပန်းထွက်သွားပြီး ထိပ်ပြောင်က ခုခံနိုင်စွမ်းမဲ့ကာ လွင့်ထွက်သွားရတော့တယ်။

"မယုံနိုင်စရာပဲ၊ သူ့ရဲ့ဒုတိယဓားတာအိုက ပိုသန်မာတာပဲ။ နှင်းကျားကောင်းကင်ဘုံအရှင်၊ သူက အရင်းမြစ်စွမ်းအားကြောင်းဘယ်လောက်ချိတ်ဆက်ထားမယ်လို့ မင်း ထင်လဲ"

"လေးရာထက်တော့ မနည်းလောက်ဘူး" နှင်းကျားကောင်းကင်ဘုံအရှင်က အတော်လေးမှင်တက်မိတယ်။

အရင်းမြစ်စွမ်းအားကြောင်းတစ်ရာနဲ့အတူ သူတော်စင်တစ်ယောက်က ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာတဲ့အခါ သူတို့က အားနည်းတဲ့ကောင်းကင်ဘုံအရှင်တော့ ဖြစ်လိမ့်မှာမဟုတ်ဘူး။

အရင်းမြစ်စွမ်းအားကြောင်းနှစ်ရာနဲ့ဆိုရင် ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာပြီးနောက် အလယ်ဆင့်သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်။

အရင်းမြစ်စွမ်းအားကြောင်းသုံးရာနဲ့ဆိုရင် သာမန်ကောင်းကင်ဘုံအရှင်တွေကြားမှာ ပြောင်မြောက်သူလို့ သတ်မှတ်နိုင်တယ်။

အရင်းမြစ်စွမ်းအားကြောင်းလေးရာနဲ့ဆိုရင်တော့ အဆင့်မြင့်သာမန်ကောင်းကင်ဘုံအရှင်တွေ ဖြစ်လိမ့်မယ်။

အရင်းမြစ်စွမ်းအားကြောင်းငါးရာဒါမှမဟုတ်ခြောက်ရာကတော့......။ အမြွှာဦးချိုကြယ်စုမှာ ဘယ်ဓားသမားကမှ အဲဒါကို မအောင်မြင်ခဲ့ဘူး။ အရင်းမြစ်စွမ်းအားကြောင်းလေးရာကတောင် အမြွှာဦးချိုကြယ်စုရဲ့သမိုင်းမှာ ရှားပါးနေပါပြီ။

"ဒိီကလေးက အမြွှာဦးချိုကြယ်စုရဲ့မကြုံစဖူးထူးကဲတဲ့ဓားတာအိုပါရမီရှင်တစ်ယောက်ပဲ။ သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာတာနဲ့ ငါတို့ဓားသမားအစည်းအရုံးမှာ နောက်ထပ်အားကောင်းတဲ့စစ်သည်တော်တစ်‌ယောက်ရှိလာလိမ့်မယ်"

အဆင့်မြင့်သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်က ဘယ်နေရာမှာမဆို အဆင့်အတန်းမြင့်မားပေလိမ့်မယ်။ ကြယ်စုထဲမှာ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေဒါမှမဟုတ်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေ ဘယ်လောက်များရှိနိုင်မှာမို့လို့လဲ။

All Chapters