သာမညဓားသူတော်စင်အရှင်
Vol. 68 Ch. 941
လီဖူချန်းက ထိပ်ပြောင်ကို အနိုင်ယူလိုက်တာကို မြင်ပြီး သံချပ်ဝတ်အမျိုးသား၊ ရောင်စုံဝတ်အမျိုးသမီးနဲ့ မျက်လုံးသုံးလုံးအမျိုးသားတို့ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတော့တယ်။
ကောင်းကင်ဘုံအရှင်မဖြစ်လာခင် အရင်းမြစ်စွမ်းအားကြောင်းပိုရှိတာက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာပြီးနောက် ပိုမြင့်မားတဲ့ခွန်အားအဆင့်ရောက်ရှိလာမှာကို ဆိုလိုတယ်။ လီဖူချန်းက သူတို့ထက် ကျော်လွန်နေတာ သိသာတယ်။ သူတို့ရဲ့မျက်လုံးတွေကို အသုံးပြုလျက် လီဖူချန်းက အနည်းဆုံးအရင်းမြစ်စွမ်းအားကြောင်းလေးရာနဲ့ ချိတ်ဆက်ထားမှန်း သူတို့က သိလိုက်ရတယ်။
လေးရာက ကြောက်စရာကောင်းတဲ့အရေအတွက်တစ်ခုပဲ။ လီဖူချန်းရဲ့ဓားပညာက အန္တိမအဆင့်ဓားပညာတစ်ခုဖြစ်လာတာနဲ့ အကြွင်းမဲ့ကြောက်မက်ဖွယ်ရာဖြစ်လိမ့်မှာကို ဆိုလိုတယ်။
"စိတ်ဝင်စားစရာပဲ....." ဝတ်စုံဖြူအမျိုးသားက လီဖူချန်းကို အသေးစိတ်အကဲဖြတ်နေတယ်၊ သူ့မျက်လုံးတွေက တိုက်ခိုက်ရေးဆန္ဒတွေ ပြင်းထန်လာတယ်။
"သူက အနည်းငယ်ပိုအားနည်းတဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ အချိန်တစ်ခဏတာအထိ ယှဉ်ပြိုင်နိုင်လိမ့်မယ်"
ကျန်သူတွေက ထိတ်လန့်မှင်တက်နေမိပါပြီ။ လေတိမ်ဓားသူတော်စင်အရှင်နဲ့သစ်ရွက်နီဓားသူတော်စင်အရှင်မတို့ကသာ မှင်တက်ခြင်းမရှိပါဘူး။ လီဖူချန်းက အရင်းမြစ်စွမ်းအားကြောင်း၉၉၉နဲ့ ချိတ်ဆက်ထားတာကို သူတို့က သိထားပြီးသားလေ။
လီဖူချန်းက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာတာနဲ့ သူ့ခွန်အားက အဆင့်မြင့်သာမန်ကောင်းကင်ဘုံအရှင်တွေထက် နိမ့်ကျမှာမဟုတ်လောက်ဘူး။ သူက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကို မယှဥ်ပြိုင်နိုင်ရင်တောင် သူက သူ့တို့အတွက် ခြိမ်းခြောက်မှုတစ်ခုတော့ ဖြစ်နေပါလိမ့်မယ်။
"တောက်"
အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားကို ကိုင်ဆွဲခဲ့တောင်မှ သူက လီဖူချန်းကို ရှုံးသွားသေးတယ်။ ထိပ်ပြောင်က အလွန်ဒေါသထွက်ပေမယ့် သူက လီဖူချန်းကို ပြဿနာထပ်မရှာရဲတော့ဘူး။ သူ့အကြည့်တွေက မျက်လုံးသုံးလုံးအမျိုးသားထံ ကျရောက်လာတော့တယ်။
"ငါ့ကိုလား......" မျက်လုံးသုံးလုံးအမျိုးသားက ပြုံးလိုက်တယ်။ သူ့လက်ကို လှည့်လိုက်ရာ မျက်လုံးတစ်လုံးပါရှိတဲ့ဓားတစ်လက်က ထွက်ပေါ်လာတော့တယ်။
ဒါက အန္တိမအဆင့်ဓားတစ်လက်ဆိုတာ သိသာတယ်။
အဲဒါက အဆင့်နိမ့်အန္တိမအဆင့်ဓားတစ်လက်သာဖြစ်ပေမယ့် အဆင့်နိမ့်နဲ့အလယ်ဆင့်အန္တိမအဆင့်လက်နက်တွေကြားခြားနားချက်က မသိသာပါဘူး။ ဒါ့အပြင် ကောင်းကင်ဘုံအရှင်တစ်ယောက်မဖြစ်လာခင် အန္တိမအဆင့်လက်နက်တစ်ခုရဲ့ခွန်အားအပြည့်ကို အသုံးချဖို့က မဖြစ်နိုင်ဘူး။ ဒီလိုနဲ့ ခြားနားချက်က ပိုတောင်သေးငယ်လာတယ်။
သူတို့နှစ်ယောက်ကြားတိုက်ပွဲက အလွန်အမင်းပြင်းထန်တယ်၊ ထိပ်ပြောင်နဲ့လီဖူချန်းကြားတိုက်ပွဲထက်တောင် ပိုတယ်။
အကွက်တစ်သောင်းပြီးနောက် ထိပ်ပြောင်က မျက်လုံးသုံးလုံးအမျိုးသားကို ရှုံးသွားပါသေးတယ်။
ဒါပေမယ့် ထိပ်ပြောင်းက တိုက်ပွဲခွန်အားအရ မရှုံးနိမ့်ခဲ့ပါဘူး၊ တိုက်ပွဲအသိအာရုံအရ သူက ရှုံးနိမ့်သွားတာပါ။
မျက်လုံးသုံးလုံးမျိုးနွယ်ရဲ့သိုင်းတာအိုပါရမီက လူသားမျိုးနွယ်ဖက်သာ နိမ့်ကျတယ်။ နှိုင်းယှဉ်ရင် ဦးမှင်မီးအိမ်မျိုးနွယ်က အများကြီးနိမ့်ကျတယ်။
ထိပ်ပြောင်းက ရလဒ်ကို လက်မခံလိုဘူး၊ ရောင်စုံဝတ်အမျိုးသမီးကို ကြည့်လိုက်တယ်။
ရောင်စုံဝတ်အမျိုးသမီးက သရော်ပြုံးပြုံးလိုက်တယ်။ ထိပ်ပြောင်က သူမကို မစိန်ခေါ်ခင် သူမက သူ့ကို ငှက်မွှေးနဲ့တူတဲ့ဓားတစ်လက်နဲ့ တိုက်ခိုက်လိုက်တယ်။ အဲဒါက ငှက်မွေးနဲ့တူတဲ့ဓားလားဒါမှမဟုတ်ဓားပညာလားဆိုတာကိုတော့ မသိဘူး။ ဓားပညာကို ဝှေ့ယမ်းလိုက်ပြီးနောက် အကွင်းတစ်ခုဖြစ်လာတယ်၊ အချိန်က အရှိန်မြန်လာပြီးနှေးကွေးသွားတယ်၊ နေရာလပ်ဇုန်က ပုံမှန်မဟုတ်ဖြစ်သွားရတယ်။
"အာကာသ-အချိန်ဓားတာအိုလား......" လီဖူချန်းက တစ်ချက်ဝေ့ကြည့်လိုက်တယ်။
အာကာသ-အချိန်ဓားတာအိုက ကြောက်စရာအကောင်းဆုံးဓားတာအိုတွေထဲကတစ်ခုဖြစ်ပြီး ချို့ယွင်းချက်အနည်းဆုံးဖြစ်တဲ့ဓားတာအိုလို့ လူသိများတယ်။
အာကာသ-အချိန်ဓားတာအိုနဲ့ ရင်ဆိုင်ရတဲ့အခါ အရာအားလုံးက အဓိပ္ပါယ်မရှိသလို ခံစားရတယ်။
အာကာသ-အချိန်ဓားတာအိုကို ပျက်ပြယ်စေဖို့အလို့ငှာ အလွန်မြင့်မားတဲ့ဓားတာအိုကျွမ်းကျင်မှုတစ်ခုကို လိုအပ်လိမ့်မယ်။
ထိပ်ပြောင်ရဲ့ဓားတာအိုကျွမ်းကျင်မှုက အလွန်မြင့်မားခြင်းမရှိတာ သိသာတယ်၊ နိမ့်တောင်ကျသေးတယ်။ ဒါကြောင့် ထိပ်ပြောင်က သံသယရှိစရာမလိုဘဲ ရှုံးနိမ့်သွားခဲ့ရတယ်။
ထိပ်ပြောင်က ရူးသွပ်ချင်သလိုဖြစ်လာတယ်၊ သူက သံချပ်ဝတ်အမျိုးသားကို စိုက်ကြည့်လိုက်တယ်။
သံချပ်ဝတ်အမျိုးသားက ထူးမခြားနားပြောလိုက်တယ်"မင်းက ငါ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး၊ မင်းရဲ့စွမ်းအင်ကို မဖြုန်းတီးချင်စမ်းပါနဲ့"
"ငါ မကြိုးစားဘဲနဲ့ ဘယ်လိုသိနိုင်မှာလဲ" ထိပ်ပြောင်က ဒီလိုမျိုးနဲ့ အရှုံးပေးလိမ့်မှာမဟုတ်ဘူး။
သူ့ခေါင်းကို ခါကာ သံချပ်ဝတ်အမျိုးသားက သူ့ဓားတစ်လက်မကို ဆွဲထုတ်ကာ ဓားချီအရိပ်အယောင်တစ်ခုကို ထုတ်ပြလိုက်တယ်။
ဒါက ကောင်းကင်ဘုံဆက်ဓားတစ်လက်ဖြစ်ပြိး ဓားချီအရ ထိပ်ပြောင်ရဲ့အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားထက် ပိုမြင့်တယ်။
"ဒါ အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားပဲ" ထိပ်ပြောင်က အလွန်အံ့အားသင့်သွားတယ်။
စကြာဝဠာတစ်ခုလုံးမှာ အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားဆယ့်နှစ်လက်သာရှိပြီး အလယ်ဆင့်ကောင်းကင်ဘုံဆက်ဓားက တစ်ရာ့ရှစ်လက်ရှိတယ်။
သံချပ်ဝတ်အမျိုးသားရဲ့ဓားတာအိုကျွမ်းကျင်မှုက အလွန်အမင်းမြင့်မားပြီး သူ့မှာ အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားတောင် ရှိတယ်။ သံချပ်ဝတ်အမျိုးသားကို စိန်ခေါ်တာက သူ့ကိုယ်သူ အရှက်ခွဲနေသလို ထိပ်ပြောင်က ခံစားမိတယ်။ သူ့အနေနဲ့ အနိုင်ရဖို့က မဖြစ်နိုင်ပါဘူး။
"စိတ်ဝင်စားစရာပဲ"
သံချပ်ဝတ်အမျိုးသားက သူ့ရဲ့ဓားကို အလွန်လျင်မြန်စွာ ရုတ်သိမ်းလိုက်ပေမယ့် လီဖူချန်းက ကောင်းကင်ဘုံဆက်ဓားရဲ့ဓားချီကို ဖမ်းမိလိုက်ပါသေးတယ်။
"ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်၊ မင်း အဲဒါကို ခံစားမိလား" ဓားမျှော်စင်ပေါ်မှာ နှင်းကျားကောင်းကင်ဘုံအရှင်က ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်ကို ကြည့်လိုက်တယ်။
ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်က ခေါင်းညိတ်လိုက်တယ်" အဲဒါက အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားတစ်လက်ဖြစ်လောက်တယ်"
အဆင့်မြင့်အန္တိမအဆင့်လက်နက်တွေက ယေဘုယျအားဖြင့် မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေအတွက်လို့ ဆိုလိုတယ်။ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်အောက်အနည်းငယ်ကသာ အဆင့်မြင့်အန္တိမအဆင့်လက်နက်တွေကို ပိုင်ဆိုင်တယ်။ သူတို့တစ်ယောက်ချင်းစီက အထွတ်အထိပ်ခွန်အားရှိတယ်။
အရိုးသားဆုံးပြောရရင် အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားကို မြင်ပြီးနောက် နှင်းကျားကောင်းကင်ဘုံအရှင်နဲ့ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်တို့ကို အတော်လေးဖြားယောင်းခဲ့တယ်။ သူတို့ရဲ့ဓားတွေက အဆင့်နိမ့်အန္တိမအဆင့်လက်နက်တွေမျှသာဖြစ်တယ်။ သူတို့ကို အလယ်ဆင့်အန္တိမအဆင့်ဓားတွေက မဖြားယောင်နိုင်ပေမယ့် အဆင့်မြင့်အန္တိမအဆင့်ဓားတွေက သေချာပေါက်ဖြားယောင်းနိုင်တာပေါ့။
တကယ်တော့ အဆင့်မြင့်အန္တိမအဆင့်ဓားတစ်လက်က သူတို့ရဲ့ခွန်အားကို သိသိသာသာတိုးစေနိုင်တယ်။ နှစ်သိန်းအနည်းငယ်ကျင့်ကြံခြင်းကတောင် မယှဉ်နိုင်ပါဘူးလေ။
"ကံမကောင်းတာကတော့ ဒါက ငါတို့ပိုင်ဆိုင်နိုင်တဲ့လက်နက်တစ်ခုမဟုတ်ဘူး" နှင်းကျားကောင်းကင်ဘုံအရှင်က စိတ်ပျက်ဖွယ်ပြောလိုက်တယ်။
သူတို့ရဲ့ကိုယ်ကျင့်တရားကို စွန့်ပစ်ပြီး အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားကို အတင်းလုယူချင်ရင်တောင် လွယ်ကူလိမ့်မှာမဟုတ်ဘူး။
သံချပ်ဝတ်အမျိုးသားက စဉ့်နှီးတုံးပေါ်ကငါးတစ်ကောင်မဟုတ်ဘူးလေ။ သူက ဘယ်အချိန်မဆို နဂါးတစ်ကောင်အဖြစ်ပြောင်းနိုင်တဲ့ငါးတစ်ကောင်ဖြစ်တယ်။ သူ့ထံမှ ကောင်းကင်ဆက်ဓားကို လုယူတာက အလွန်စွန့်စားရာကျတယ်။ သေမင်းရန်ငြိုးတစ်ခုကို ဖြစ်သွားစေနိုင်တယ်။ အရင်းမြစ်စွမ်းအားကြောင်းနှစ်ရာဒါမှမဟုတ်သုံးရာနဲ့ချိတ်ဆက်ထားတဲ့အနာဂတ်ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ သေမင်းရန်ငြိုးတစ်ခုရှိနေတာက ဘေးဒုက္ခကြီးတစ်ခုပါပဲ။
"တကယ်ကံမကောင်းတာပဲ" ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်က ခေါင်းညိတ်လိုက်တယ်။
လီဖူချန်း၊ မျက်လုံးသုံးလုံးအမျိုးသား၊ ရောင်စုံဝတ်အမျိုးသမီးတို့ကို ဆက်တိုက်ရှုံးနိမ့်ပြီး သံချပ်ဝတ်အမျိုးသားရဲ့အခြိမ်းအခြောက်အဟန့်အတားကို မြင်တွေ့ပြီးနောက် ထိပ်ပြောင်မှာ စိန်ခေါ်စရာပစ်မှတ်တစ်ခုသာ ကျန်တော့တယ်။ အဲဒါက ဝတ်စုံဖြူအမျိုးသားပါပဲ။
ဒါပေမယ့် လေတိမ်ဓားသူတော်စင်အရှင်နဲ့အခြားသူတွေက ခေါင်းရှုပ်သွားရတယ်။ ထိပ်ပြောင်က ပထမစက်ဝိုင်းမှ ထွက်သွားပြီး ဓားရေကန်ရဲ့ဒုတိယစက်ဝိုင်းမှာ ဖျာတစ်ချပ်ကို ယူလိုက်တယ်လေ။
"ဘာဖြစ်သွားတာလဲ" သစ်ရွက်နီဓားသူတော်စင်အရှင်မက နားမလည်နိုင်ဘူးဖြစ်နေတယ်။
သူမဘေးနားရှိတစ်ယောက်ယောက်က ရှင်းပြလိုက်တယ်" ဓားကြယ်မြို့မှာ ဓားတာအိုကောင်းကင်ဘုံအရှင်တွေကလွဲပြီး တစ်ယောက်မှ သာမညဓားသူတော်စင်အရှင်အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူး။ ဒါပေမယ့် မူလအဆုံးစွန်းဓားသူတော်စင်အရှင်ကတော့ သာမညဓားသူတော်စင်အရှင်ကို ယှဉ်ပြိုင်နိုင်လိမ့်မယ်"
"သာမညဓားသူတော်စင်အရှင်လား" သစ်ရွက်နီဓားသူတော်စင်အရှင်မက သုံးသပ်လိုက်တယ်။
သူမရဲ့မျက်လုံးထဲမှာ သာမညဓားသူတော်စင်အရှင်က အလွန်တစ်မူထူးတဲ့အရှိန်အဝါတစ်ခုရှိတယ်။ အခြားသူတွေရဲ့ဓားတာအိုချီတည်ရှိမှုက ထက်ရှပြီးအံ့မခန်းဖြစ်ရင်ဖြစ် ဒါမှမဟုတ် နက်နဲသိမ်မွေ့ပြီးအတိုင်းမသိဖြစ်တယ်။ သူ့ရဲ့ဓားတာအိုချီတည်ရှိမှုကတော့ သာမန်ဆန်ပြီး ဓားကိုအခုမှအသစ်လေ့ကျင်တာနဲ့ တူတယ်။
ဒါပေမယ့် အသစ်လေ့ကျင့်သူတွေမှာလည်း ကွဲပြားချက်အနည်းငယ်ရှိတယ်။ သာမညဓားတာအိုသူတော်စင်အရှင်ရဲ့ဓားတာအိုချီတည်ရှိမှုက အလွန်သန့်စင်ပြီး အသစ်လေ့ကျင့်သူတစ်ယောက်လို မရှုပ်ထွေးပါဘူး။
"သာမညဓားသူတော်စင်အရှင်လား" လီဖူချန်းလည်း ဆွေးနွေးတာကို ကြားရတယ်။
တစ်ဆက်တည်းမှာပဲ သူက သာမန်ဓားဧကရာဇ်ကို သတိရသွားတယ်။
သာမညဓားသူတော်စင်အရှင်ရဲ့ဓားတာအိုက သာမန်ဓားဧကရာဇ်ရဲ့ဓားတာအိုနဲ့ အတော်လေးတူတယ်လို့ သူက ခံစားမိတယ်။