မူလအမှန်တရား၊ နေ
Vol. 68 Ch. 942
ယခု ဖျာအားလုံးက ပိုင်ရှင်ကိုယ်စီရှိနေပြီဖြစ်တာကြောင့် လူတိုင်းက တင်ပျဉ်ခွေထိုင်ကာ ဓားရေကန်အတွင်းရှိဓားဆန္ဒတွေကို အာရုံခံဖို့ ကြိုးစားလိုက်တယ်။
ယင်ယန်ဓားဆန္ဒ၊ အဖျက်အဆီးဓားဆန္ဒ၊ အမှောင်ဓားဆန္ဒ၊ တောက်ပဓားဆန္ဒ၊ ရှင်ခြင်းဓားဆန္ဒ၊ သေခြင်းဓားဆန္ဒ၊ သေခြင်းရှင်ခြင်းဓားဆန္ဒ၊ ဟင်းလင်းပြင်ဓားဆန္ဒ၊ အာကာသ-အချိန်ဓားဆန္ဒ၊ စိမ်းစိုတောအုပ်ဓားဆန္ဒ၊ ရဲရဲတောက်မီးဓားဆန္ဒ၊ မြေကမ္ဘာဓားဆန္ဒ.........
ဓားရေကန်အတွင်းမှာ ဓားဆန္ဒတွေ လိုသည်ထက်ပိုရှိနေတယ်။ ဓားဆန္ဒအမျိုးအစားပေါင်းတစ်ရာနီးပါးရှိတယ်။
ဒါ့အပြင် ဒါက ယေဘုယျအမျိုးအစားတစ်ခုမျှသာပဲ။ ဓားဆန္ဒတစ်ခုစီက မတူညီတဲ့ကျင့်ကြံသူတွေကိုလိုက်ပြီး ကွဲပြားခြားနားချက်တွေ ရှိတယ်။
ဒါပေမယ့် သူတို့အားလုံးက အပြန်အလှန်ဆက်နွယ်တာကြောင့် ဓားဆန္ဒအားလုံးက အဆုံးမှာ မူလသို့ ပြန်သွားရလိမ့်မယ်။
တောက်ပဓားဆန္ဒ၊ ရှင်ခြင်းဓားဆန္ဒ၊ စိမ်းစိုတောအုပ်ဓားဆန္ဒ၊ ရဲရဲတောက်မီးဓားဆန္ဒ၊ ကြယ်ဓားဆန္ဒ၊ နေဓားဆန္ဒ၊ လျှပ်စီးဓားဆန္ဒ......
လီဖူချန်းက ထည်ဝါဓားဆန္ဒကို ထုတ်လွှတ်ခဲ့တာကြောင့် အဲဒါက ဆက်စပ်တဲ့ဓားဆန္ဒအားလုံးကို စုစည်းခဲ့တယ်။
(ထွန်းတောက်ဓားဆန္ဒအစား ထည်ဝါဓားဆန္ဒလို့ ပြောင်းသုံးထားပါတယ်-မြန်မာဘာသာပြန်သူ)
ပထမကတော့ တောက်ပဓားဆန္ဒပါပဲ။ တောက်ပခြင်းက ထည်ဝါတာနဲ့ တူညီတဲ့အဓိပ္ပါယ်ရှိတယ်။
ဒုတိယကတော့ ရှင်ခြင်းဓားဆန္ဒပါပဲ။ ရှင်ခြင်းက ထည်ဝါခြင်းနဲ့ အလားသဏ္ဍာန်တူတယ်။
စိမ်းစိုတောအုပ်ဓားဆန္ဒအတွက်ကတော့ အဲဒါမှာ ထည်ဝါဓားဆန္ဒနဲ့ဆက်စပ်တဲ့ရှင်ခြင်းဓားဆန္ဒအရိပ်အယောင်တစ်ခုပါဝင်တယ်။
နောက်ကတော့ ရဲရဲတောက်မီးဓားဆန္ဒ၊ ကြယ်ဓားဆန္ဒ၊ နေဓားဆန္ဒ၊ လျှပ်စီးဓားဆန္ဒနဲ့ ထည်ဝါဓားဆန္ဒနဲ့ဆက်စပ်တဲ့အခြားဓားဆန္ဒတွေအားလုံးပေါ့။
အချိန်ကုန်ဆုံးလာသလို ထည်ဝါဓားဆန္ဒကို အခြားဓားဆန္ဒတွေက ဖြည်းဖြည်းချင်းမွမ်းမံနေတာ၊ ပိုသန့်စင်ပြီးရှင်းလင်းလာစေတာကို လီဖူချန်းက သဘောပေါက်သွားတယ်။
ဒီထည်ဝါဓားတာအိုက တိုးတက်လာနေတယ်လို့ ဆိုလိုတာပါပဲ။
ထည်ဝါဓားတာအိုတိုးတက်လာတာကြောင့် ထည်ဝါဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ ကျဆင်းလာတော့တယ်။
၃၄၀၊ ၃၅၀......
လီဖူချန်းရဲ့ထည်ဝါဓားတာအိုက လျင်မြန်စွာတိုးတက်လာနေတယ်။
သုံးရက်ကြာပြီးနောက် လီဖူချန်းရဲ့ထည်ဝါဓားတာအိုက ထည်ဝါဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းငါးရာ့လေးဆယ်နဲ့ ချိတ်ဆက်ထားခဲ့တယ်။
ဝီဝီဝီ......
မထင်ရှားမပီသတဲ့ဓားမြည်သံတစ်ခု ပဲ့တင်ထပ်လာတယ်။ ဓားရေကန်အောက်မှ တောက်ပတဲ့အလင်းတစ်ခုက လီဖူချန်းပတ်ပတ်လည်ကို လှည့်ပတ်လာတယ်။
"ဒါက အန္တိမအဆင့်ဓားဆန္ဒဖြစ်တဲ့အလင်းတောက်ပဓားဆန္ဒပဲ"
"သုံးရက်လေးနဲ့ အန္တိမအဆင့်ဓားဆန္ဒတစ်ခုကို နိုးထစေခဲ့တာလား"
ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်နဲ့နှင်းကျားကောင်းကင်ဘုံအရှင်တို့က တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာကြည့်လိုက်ကြတော့တယ်။
သူတို့သိထားတဲ့သမိုင်းအရ အန္တိမအဆင့်ဓားဆန္ဒတစ်ခုကို နိုးထဖို့အတိုဆုံးကြာချိန်က ငါးရက်ပဲ။ ဒီတစ်ခါမှာတော့ နှစ်ရက်တောင် ပိုမြန်နေတာပဲ။
"ဒါက အလင်းတောက်ပဓားဆန္ဒပဲ။ ထိပ်ဆုံးအန္တိမအဆင့်ဓားဆန္ဒဆယ်ခုထဲကတစ်ခုဆိုရင် ပိုတောင်ကြောက်စရာကောင်းလိမ့်မယ်" ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်က ရေရွတ်လိုက်တယ်။
ဓားရေကန်ထဲရှိ ထိပ်ဆုံးအန္တိမအဆင့်ဓားဆန္ဒဆယ်ခုရဲ့ပိုင်ရှင်တွေက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်မဟုတ်နိုင်ပေမယ့် သူတို့ရဲ့ဓားပညာတွေက သေချာပေါက် ထိပ်တန်းအဆင့်ရှိတယ်။ ဓားပညာအရ ကြယ်ပိုင်နက်အဆင့်ဓားတာအိုကောင်းကင်ဘုံအရှင်အချို့ကတောင် သူတို့ထက် နိမ့်ကျတယ်။
"ဒါ အန္တိမအဆင့်ဓားဆန္ဒတစ်ခုလား" ဒါက အန္တိမအဆင့်ဓားဆန္ဒတစ်ခုကို လီဖူချန်းက ပထမဆုံးအကြိမ်မြင်တွေ့လိုက်ရတာပဲ။
သူ့ရဲ့ထည်ဝါဓားဆန္ဒနဲ့နှိုင်းယှဉ်ရင် အလင်းတောက်ပဓားဆန္ဒက ပိုသဘာဝဆန်ပြီး ပိုပြီးပြည့်စုံတယ်။
အလင်းတောက်ပဓားဆန္ဒကို ထည်ဝါဓားဆန္ဒက ရစ်ပတ်ထားတဲ့အချိန်မှာ လီဖူချန်းက အလင်းတောက်ပဓားဆန္ဒမှအနှစ်သာရကို အဆက်မပြတ်စုပ်ယူနေတော့တယ်။
၅၅၀၊ ၅၆၀......
နှစ်ရက်ကြာပြီးနောက် လီဖူချန်းက ထည်ဝါဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းခြောက်ရာ့လေးဆယ်နဲ့ ချိတ်ဆက်ထားနိုင်ခဲ့တယ်။
"အလင်းတောက်ပဓားဆန္ဒက နည်းနည်းလိုနေသေးတယ်"
ဒါက အန္တိမအဆင့်ဓားဆန္ဒတစ်ခုဆိုပေမယ့် အလင်းတောက်ပဓားဆန္ဒက သာမန်အန္တိမအဆင့်ဓားဆန္ဒတစ်ခုသာ ဖြစ်တယ်။
လီဖူချန်းရဲ့ထည်ဝါဓားဆန္ဒက အန္တိမအဆင့်ကို ရောက်ရှိလာတာနဲ့ အဲဒါက အလင်းတောက်ပဓားဆန္ဒထက် ပိုမြင့်နေပေလိမ့်မယ်။
ရှဲ......ရှဲ......
အလင်းတောက်ပဓားဆန္ဒပျောက်ကွယ်သွားတာနဲ့ ရဲရဲတောက်မီးဓားဆန္ဒတစ်ခုက လီဖူချန်းကို ရုတ်တရက် ရစ်ပတ်လာတယ်။
"သူက နောက်ထပ်အန္တိမအဆင့်ဓားဆန္ဒတစ်ခုကို နိုးထနိုင်ခဲ့တာလား"
နှင်းကျားကောင်းကင်ဘုံအရှင်နဲ့ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်တို့ရဲ့မျက်လုံးများက လီဖူချန်းအပေါ် ထပ်မံကျရောက်လာပြန်တယ်။
ပုံမှန်အားဖြင့်ပြောရရင် တစ်လအတွင်းမှာ အန္တိမအဆင့်ဓားဆန္ဒတစ်ခုကို နိုးထနိုင်တာကတင် မယုံနိုင်စရာကောင်းနေပါပြီ။ တစ်လအတွင်းမှာ အန္တိမအဆင့်ဓားဆန္ဒနှစ်ခုဒါမှမဟုတ်နှစ်ခုကျော်ကို နိုးထနိုင်တဲ့သူက ရှားပါးတယ်။ အခုက ငါးရက်သာဖြစ်ပြီး လီဖူချန်းက အန္တိမအဆင့်ဓားဆန္ဒနှစ်ခုကို နိုးထခဲ့တယ်။ ဒါက သူတို့နှစ်ယောက်အတွက် တကယ်တုန်လှုပ်စရာပဲ။
"ဒါ ပူလွန်းတယ်"
ရဲရဲတောက်မီးဓားဆန္ဒက ရစ်ပတ်ထားတဲ့အခါ သူက ရဲရဲတောက်မီးဓားတာအိုကမ္ဘာထဲကို ရောက်ရှိနေသလို လီဖူချန်းက ခံစားရတယ်။ အဲဒါက ရဲရဲတောက်မီးဓားချီနဲ့ ပြည့်သွားတော့တယ်။
ဒီရဲရဲတောက်မီးဓားချီက သာမန်ရဲရဲတောက်မီးဓားချီလိုမဟုတ်ဘူး။ သူတို့က ဘယ်အရာကိုမဆိုပြာချနိုင်တဲ့အားကောင်းတဲ့ရှေးဦးရဲရဲတောက်မီးဓားချီပဲဖြစ်တယ်။
ရဲရဲတောက်မီးဓားဆန္ဒက လီဖူချန်းရဲ့ထည်ဝါဓားတာအိုကို အဆက်မပြတ်တိုက်စားနေတယ်။ စိတ်မကောင်းစရာကတော့ ထည်ဝါဓားဆန္ဒရဲ့စိတ်စွမ်းအားက မြင့်လွန်းနေတာပဲ။ ထည်ဝါဓားတာအိုက အကြိမ်တစ်သောင်းပုံသွင်းထားတဲ့သံအပိုင်းအစတစ်ခုပမာ ပိုပြီးတော့တောင် သန့်စင်လာတော့တယ်။
၉၅၀၊ ၆၆၀......
ဒီရဲရဲတောက်မီးဓားဆန္ဒက လီဖူချန်းရဲ့ထည်ဝါဓားဆန္ဒကို ထည်ဝါဓားတာအိုအရင်းမြစ်စွမ်းအားကြောင်း၇၂၀ချိတ်ဆက်စေခဲ့တယ်။
ထိုအချိန်မှာ ဓားရေကန်ဖွင့်ထားတာ ခုနှစ်ရက်ရှိပါပြီ။
ရဲရဲတောက်မီးဓားဆန္ဒပျောက်ကွယ်သွားတာနဲ့တစ်ပြိုင်နက် သိပ်သည်းပြီးကြယ်နဲ့တူတဲ့ဓားဆန္ဒတစ်ခုက လီဖူချန်းရဲ့ဦးခေါင်းအထက်မှာ ရပ်တန့်နေလေတယ်။
"တတိယမြောက်အန္တိမအဆင့်ဓားဆန္ဒလား"
နှင်းကျားကောင်းကင်ဘုံအရှင်နဲ့ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်တို့က ပြောစရာစကားမရှိဖြစ်သွားရှာတယ်။
လီဖူချန်းနိုးထခဲ့တဲ့တတိယမြောက်အန္တိမအဆင့်ဓားဆန္ဒက ကြယ်ဓားဆန္ဒဖြစ်တယ်။ ဒီကြယ်ဓားဆန္ဒရဲ့အဆင့်က ကောင်းကင်ဘုံအရှင်နှစ်ယောက်ထက် မနိမ့်ကျပါဘူး။
ခုနှစ်ရက်ကုန်ဆုံးတော့မယ့်အခိုက်မှာ သာမညဓားသူတော်စင်အရှင်လည်း အန္တိမအဆင့်ဓားဆန္ဒတစ်ခုကို နိုးထစေခဲ့တယ်။
အဲဒါက ထိပ်ဆုံးဓားဆန္ဒဆယ်ခုထဲကတစ်ခုဖြစ်တဲ့မူလအမှန်တရားဓားဆန္ဒပဲဖြစ်တယ်။
"မူလအမှန်တရားဓားဆန္ဒကို မူလအမှန်တရားဓားဘိုးဘေးက သူ့ရဲ့အစောပိုင်းနေ့ရက်တွေတုန်းက ချန်ထားခဲ့တာပဲ"
နှင်းကျားကောင်းကင်ဘုံအရှင်နဲ့ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်တို့က မှင်တက်သွားမိတယ်။
မူလအမှန်တရားဓားဘိုးဘေးက အမြွှာချိုကြယ်စုရဲ့ကျော်ကြားတဲ့ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်တယ်။ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေကြားမှာတောင် သူက ထိပ်တန်းဝင်တယ်။ ဒီမူလအမှန်တရားဓားဆန္ဒကို သူ့ရဲ့အစောပိုင်းနေ့ရက်တွေအတောအတွင်း ချန်ထားခဲ့တယ်ဆိုပေမယ့် အဲဒါမှာ မူလအမှန်တရားဓားဘိုးဘေးရဲ့ဓားတာအိုအနှစ်သာရအနည်းဆုံးတစ်ဝက်လောက် ပါဝင်နေသေးတယ်"
နှင်းကျားကောင်းကင်ဘုံအရှင်နဲ့ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်တို့ရဲ့မျက်လုံးထဲမှာ လီဖူချန်းနိုးထခဲ့တဲ့အန္တိမအဆင့်ဓားဆန္ဒတွေအားလုံးက သာမညဓားသူတော်စင်အရှင်နိုးထခဲ့တဲ့ဒီဓားဆန္ဒတစ်ခုထက် နိမ့်ကျတယ်။
"တိုးတက်မှုက ပိုနှေးကွေးလာတာပဲ"
ထည်ဝါဓားတာအိုအရင်းမြစ်စွမ်းအားချိတ်ဆက်မှုက ၈၈၀ကို ရောက်ရှိလာတဲ့အခါ ဒါက အကန့်အသတ်ပဲလို့ လီဖူချန်းက ခံစားမိတယ်။ မူလအဆုံးစွန်းဓားတာအိုက ဓားတာအိုအရင်းမြစ်စွမ်းအား၉၉၉နဲ့သာ ချိတ်ဆက်နိုင်တာနဲ့ အတူတူပဲ။
ဟူး.....
လီဖူချန်းက ဟိုဟိုသည်သည်ကြည့်ရင်း အသက်ကို ရှုထုတ်လိုက်လေတယ်။ ထိုအချိန်မှာ လူများစွာက အန္တိမအဆင့်ဓားဆန္ဒတွေကို နိုးထထားခဲ့ပြီးဖြစ်တယ်။ တကယ်တော့ ဓားရေကန်ဖွင်ထားတာ ဆယ်ရက်တောင်ကျော်နေပြီလေ။
ဒါပေမယ့် သာမညဓားသူတော်စင်အရှင်ကသာ ထိပ်ဆုံးဓားဆန္ဒဆယ်ခုထဲကတစ်ခုကို နိုးထနိုင်ခဲ့တယ်။
သူ့ရဲ့အာရုံကို ပြန်ရုတ်သိမ်းပြီးနောက် လီဖူချန်းက ထည်ဝါဓားဆန္ဒကို ဆက်လက်ထုတ်လွှတ်လိုက်တယ်။
ဝုန်း......
စူးရှတောက်ပတဲ့ဓားဆန္ဒတစ်ခုက ထွက်ပေါ်လာတယ်။
"ဒါက ထိပ်ဆုံးဓားဆန္ဒဆယ်ခုထဲကတစ်ခုဖြစ်တဲ့နေဓားဆန္ဒပဲ" ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်က အံ့အားသင့်စွာပြောလိုက်တယ်။
နေဓားဆန္ဒကို နေဓားအရှင်က ချန်ထားခဲ့ပြီး သူလည်းပဲ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်တယ်။
"ဒီကောင်လေးရဲ့ကံကြမ္မာက တကယ်ကို တုန်လှုပ်စရာပဲ" နှင်းကျားကောင်းကင်ဘုံအရှင်ရဲ့အမူအရာက လေးနက်သွားတယ်။
လီဖူချန်းက အသက်ရှင်သန်နေရင် သူက အနာဂတ်မှာ ပြောင်မြောက်တဲ့ဓားတာအိုကောင်းကင်ဘုံအရှင်တစ်ယောက်သေချာပေါက်ဖြစ်လာလိမ့်မယ်လို့ သူက စိတ်ကူးကြည့်မိတယ်။ လီဖူချန်းက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ထက်တောင် ပိုသန်မာလာနိုင်တယ်။ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာဖို့ကတော့ အသေအချာပဲ။