← Chapters

ဓားအရိုး

Vol. 68 Ch. 944

ဓားအရိုး

Vol. 68 Ch. 944

၁၀၀၀။

ဓားရေကန်ပိတ်ဖို့ ဆယ်ရက်သာ ကျန်တော့တယ်။ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုက နောက်ဆုံးတော့ တစ်ဆို့‌နေရာမှ ချိုးဖြတ်နိုင်ခဲ့ပြီး ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းတစ်ထောင်နဲ့ ချိတ်ဆက်နိုင်ခဲ့တယ်။

၁၀၀၁၊ ၁၀၀၂......

တစ်ဆက်တည်းပဲ မူလအဆုံးစွန်းဓားတာအိုက တည်တည်ငြိမ်ငြိမ်နဲ့တိုးတက်နေပြီး မစိတ်ကူးနိုင်လောက်တဲ့အဆင့်ကို ဦးတည်နေတယ်။

"ဒီကလေးရဲ့ဓားတာအိုနားလည်မှုက တကယ်ကို အံ့မခန်းပဲ။ အနာဂတ်မှာ ငါတို့ဓားသမားအစည်းအရုံးမှာ ပါရမီထူးတဲ့ပုဂ္ဂိုလ်ကျော်တစ်ယောက်ရှိလာလိမ့်မယ်"

နောက်ထပ်ကောင်းကင်ဘုံအရှင်တစ်ယောက်က နှင်းကျားကောင်းကင်ဘုံအရှင်နဲ့ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်တို့ရဲ့ဘေးနားမှာ ရုတ်တရက်ထွက်ပေါ်လာတယ်။

ဒီကောင်းကင်ဘုံအရှင်မှာ သာလွန်ကြီးစိုးတဲ့ချီတည်ရှိမှုတစ်ခုရှိပြီး ထာဝရအရှိန်အဝါတစ်ခုလည်း ရှိတယ်။

သူ့ရဲ့ချီတည်ရှိမှုအရ သူက အံ့ဖွယ်သစ်ရွက်မြို့အရှင်နဲ့အသေင်္ချပန်းအမျိုးသမီးတို့နဲ့ တူညီတဲ့အဆင့်မှာ ရှိလောက်တယ်။

သူက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဆိုတာ သိသာတယ်။

"နှုတ်ဆက်ပါတယ် နာကြည်းပင်လယ်ဓားအရှင်....." နှင်းကျားကောင်းကင်ဘုံအရှင်နဲ့ပျံသန်းကြိုးကြာကောင်းကင်ဘုံအရှင်တို့က ဂါဝရပြုလိုက်လေတယ်။

နာကြည်းပင်လယ်ဓားအရှင်က မြို့အရှင်အဆင့်ဓားတာအိုကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူက ဓားသမားအစည်းအရုံးရဲ့အဆင့်၁ခမ်းနားနေအဆင့်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တယ်။ ကျန်တဲ့နှစ်ယောက်က အဆင့်၂ဖြာထွက်လအဆင့်အဖွဲ့ဝင်တွေဖြစ်တယ်။

နာကြည်းပင်လယ်ဓားအရှင်က ပြောလိုက်တယ်" မတော်တဆမဖြစ်ခဲ့ရင် သူ့ရဲ့ဓားတာအိုက အန္တိမအဆင့်ကို ရောက်ရှိလာတာနဲ့ သူက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်"

"မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်လား" ကျန်ကောင်းကင်ဘုံအရှင်နှစ်ယောက်က တုန်လှုပ်ချောက်ခြားသွားတယ်။

မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာခြင်းက ကောင်းကင်ဘုံသို့ခြေတစ်လှမ်းချခြင်းပါပဲ။ သူတို့က နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကျင့်ကြံခဲ့ပေမယ့် အဆင့်၃သာမန်ကောင်းကင်ဘုံအရှင်တွေသာ ဖြစ်ကြသေးတယ်။

အချိန်ကုန်ဆုံးလာတာနဲ့အမျှ ဓားရေကန်ပိတ်ဖို့ သုံးရက်သာကျန်ရှိတော့တယ်။

၁၀၇၀၊ ၁၀၇၁၊ ၁၀၇၂......

မူလအဆုံးစွန်းဓားတာအိုက ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းတစ်ခုနဲ့ချိတ်ဆက်တဲ့အချိန်တိုင်း လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုက သိသိသာသာတိုးတက်လာတယ်။ ဒါက တကယ်ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုပဲ။ အရင်းမြစ်စွမ်းအားကြောင်းငါးရာကျော်နဲ့ချိတ်ဆက်ပြီးနောက် အရင်းမြစ်စွမ်းအားကြောင်းတစ်ခုထပ်ပိုလာတာက အများကြီးခြားနားချက်ကို မဖြစ်စေနိုင်ဘူး။ ဆယ်ကြောင်းလောက်မှသာ ခြားနားချက်က သိသိသာသာထွက်ပေါ်လာလိမ့်မယ်။

ဒါပေမယ့် အရင်းမြစ်စွမ်းအားကြောင်းတစ်ထောင်ကို ရောက်ရှိပြီးနောက် စွမ်းအားကြောင်းတစ်ခုစီက သိသာတဲ့တိုးတက်မှုတစ်ခုကို ထောက်ပံ့ပေးတယ်။ ဒါက နှစ်ချက်ရှိတယ်လို့ ဆိုလိုတယ်.....ပထမကတော့ တစ်ထောင်ကိုရောက်ရှိပြီးနောက် တိုးတက်မှုတစ်ခုခုဖြစ်လာဖို့က အလွန်အမင်းခက်ခဲတယ်၊ ဒုတိယကတော့ တိုးလာတဲ့အရင်းမြစ်စွမ်းအားကြောင်းတစ်ခုစီက ခွန်အားကို အကြီးအကျယ်တိုးမြင့်လာစေတယ်။

ဒီအချိန်အတောအတွင်း အန္တိမအဆင့်ဓားဆန္ဒအသစ်တွေကို မူလအဆုံးစွန်းဓားတာအိုက ဆွဲဆောင်လာခဲ့တယ်။

အဆင့်၅၊ အဆင့်၄၊ အဆင့်၃မှ စတင်ကာ အဆင့်၂နဲ့အဆင့်၃အန္တိမအဆင့်ဓားဆန္ဒတွေအထိ ဆွဲဆောင်ခံရတယ်။

နောက်ဆုံးနေ့မှာတော့ မြို့အရှင်အဆင့်အန္တိမအဆင့်ဓားဆန္ဒတွေကတောင် အညံ့ခံလာကြတယ်။

ဒါပေမယ့် ထိပ်ဆုံးအန္တိမအဆင့်ဓားဆန္ဒဆယ်ခုကတော့ အညံ့မခံပါဘူး။

ဒါပေမယ့် လီဖူချန်းက စိတ်မပျက်ပါဘူး။ ထိပ်ဆုံးအန္တိမအဆင့်ဓားဆန္ဒဆယ်ခုမှာ ဓားတာအိုသဘာဝတွေ ပိုပါဝင်တယ်။ ထိပ်ဆုံးအန္တိမအဆင့်ဓားဆန္ဒဆယ်ခုထဲကတစ်ခုခုမှာ ဓားတာအိုသဘာဝအစိတ်အပိုင်းတစ်သောင်းလောက်ပါဝင်ရင် မြို့အရှင်အဆင့်အန္တိမအဆင့်ဓားဆန္ဒတစ်ခုမှာ ဓားတာအိုသဘာဝအစိတ်အပိုင်းတစ်ထောင်ပတ်လည်ပါဝင်တယ်။ တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားဆန္ဒတစ်ခုမှာ အစိတ်အပိုင်းဒါဇင်အနည်းငယ်ပါဝင်တယ်။

ဒါပေမယ့် တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားဆန္ဒတွေအများကြီးရှိတယ်။ အန္တိမအဆင့်ဓားဆန္ဒသောင်းကျော်မှာပါဝင်တဲ့ဓားတာအိုသဘာဝက ထိပ်ဆုံးအန္တိမအဆင့်ဓားဆန္ဒဆယ်ခုလုံးပေါင်းစပ်ထားတာထက် ကျော်လွန်တယ်။

ဒါပေမယ့် ဓားတာအိုသဘာဝအားလုံးကို မူလအဆုံးစွန်းဓားတာအိုထဲကို မစုပ်ယူပါဘူး။ ကောင်းမွန်တဲ့အခြေခံတစ်ခုကို တည်ဆောက်ဖို့အတွက် အကောင်းဆုံးသောဓားတာအိုသဘာဝတွေကိုသာ သူက ရွေးချယ်ခဲ့တယ်။

၁၀၇၈၊ ၁၀၇၉၊ ၁၀၈၀......

မူလအဆုံးစွန်းဓားတာအိုက ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်း၁၀၈၀နဲ့ချိတ်ဆက်ပြီးတဲ့အခါ အဲဒါက အကန့်အသတ်ကို ရောက်ရှိသွားပြန်တယ်။ တစ်ချိန်တည်းမှာ ဓားရေကန်ပိတ်ဖို့ နေ့တစ်ဝက်သာ ကျန်တော့တယ်။

"ဒါက စစ်မှန်တဲ့အကန့်အသတ်ဖြစ်လောက်တယ်။ ငါ ဒီအကန့်အသတ်ကို ချိုးဖြတ်နိုင်တာနဲ့ မူလအဆုံးစွန်းဓားပညာက အန္တိမအဆင့်ဓားပညာတစ်ခုဖြစ်သွားလိမ့်မယ်"

မူလအဆုံးစွန်းဓားပညာက အန္တိမအဆင့်ကို ရောက်ရှိသွားတာနဲ့ အဲဒါက ကြယ်ပိုင်နက်အဆင့်ဓားပညာတစ်ခုဖြစ်လာလိမ့်မယ်။ အဲဒါက ဓားရေကန်ထဲရှိ ထိပ်ဆုံးဓားဆန္ဒဆယ်ခုနဲ့တောင် နှိုင်းယှဉ်နိုင်လိမ့်မယ်။

အဲဒါက ကြယ်ပိုင်နက်အဆင့်ဓားပညာတစ်ခုဖြစ်ပေမယ့် သူ့ခွန်အားကို ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်အထိတော့ မတွန်းပို့နိုင်ပါဘူး။ တကယ်တော့ သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းအားလုံးက နိမ့်ကျနေသေးတယ်၊ ဒါပေမယ့် သူက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကြားမှာတော့ သာလွန်မြင့်မားနေပေလိမ့်မယ်။

"ချိုးဖြတ်ဖို့အခက်အခဲက အလွန်ကြမ်းတမ်းတာပဲ" လီဖူချန်းက ခါးသီးစွာ ရယ်လိုက်တယ်။

အရာအားလုံးမှာ အားသာချက်နဲ့အားနည်းချက်တွေရှိတယ်။ မူလအဆုံးစွန်းဓားပညာရဲ့အလားအလာက အားကောင်းတယ်၊ ဒါကြောင့် ချိုးဖြတ်ဖို့အခက်အခဲက လွန်ကဲတယ်။ ထည်ဝါဓားပညာက မူလအဆုံးစွန်းဓားပညာမတိုင်ခင် အန္တိမအဆင့်ကို ချိုးဖြတ်ဖို့ကြီးမားတဲ့ဖြစ်နိုင်ခြေတစ်ခုရှိတယ်လို့ လီဖူချန်းက ကြိုသိနေတယ်။

"အရင်လိုစရာမလိုဘူး။ ငါ့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် အားနည်းတဲ့ကောင်းကင်ဘုံအရှင်တွေကို ရင်ဆိုင်ဖို့လုံလောက်တယ်"

လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင်ခွန်အားကို မတိုင်းတာနိုင်ပေမယ့် သူက အားနည်းတဲ့ကောင်းကင်ဘုံအရှင်တွေကို ကြောက်ရွံ့ဖို့မလို‌တော့တာကိုတော့ သူက သေချာတယ်။

အရင်းမြစ်စွမ်းအားကြောင်းသုံးရာမှလေးရာထိချိတ်ဆက်ထားရင် အားနည်းတဲ့ကောင်းကင်ဘုံအရှင်တွေကို အချိန်တိုလေးတစ်ခုတော့ ဖိနှိပ်ဖို့ဖြစ်နိုင်လိမ့်မယ်။ ဒါပေမယ့် တိုက်ပွဲကြာရှည်လာရင်တော့ ရှုံးနိမ့်သွားမှာ အသေအချာပါပဲ။

ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အရင်းမြစ်က ပေါများလွန်းတယ်။ သူတို့က စွမ်းအင်ကို အကန့်အသတ်ကို ကျော်လွန်တဲ့အထိ မပေါက်ကွဲစေသရွေ့ သူတို့ရဲ့စွမ်းအင်ကို အဆုံးမရှိဘူးလို့ ယူဆနိုင်တယ်။ သူတို့မှာ စွမ်းအင်လျော့နည်းတဲ့အခိုက်အတန့်မျိုးတွေ ရှိလာမှာမဟုတ်ဘူး။

ဒါပေမယ့် အဲဒါက လီဖူချန်းအတွက်တော့ မတူဘူး။ သူက ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းတစ်ထောင်ကျော်နဲ့ ချိတ်ဆက်ထားတယ်။ သူက အားနည်းတဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရရင် လီဖူချန်းက သူတို့ကို ဖိနှိပ်မှာမဟုတ်ဘူး၊ သူက သူတို့ကို ရိုက်နှက်ပါလိမ့်မယ်။ ဆိုလိုတာကတော့ အားနည်းတဲ့ကောင်းကင်ဘုံအရှင်တွေက ထွက်ပြေးဖို့မကြိုးစားရင် သူတို့ကို လီဖူချန်းက မကြာခင်ဒါမှမဟုတ်နောက်ပိုင်းမှာ သတ်ဖြတ်သွားလိမ့်မယ်။

အားနည်းတဲ့ကောင်းကင်ဘုံအရှင်တွေက အဆင့်၅အောက်ကောင်းကင်ဘုံအရှင်တွေဖြစ်ကြပြီး သူတို့ကို အဆင့်သတ်မှတ်ချက်မဲ့ကောင်းကင်ဘုံအရှင်တွေလို့ သတ်မှတ်ကြတယ်။

(အဆင့်သတ်မှတ်မထားသောအစား အဆင့်သတ်မှတ်ချက်မဲ့လို့ ပြောင်းသုံးပါ့မယ်-မြန်မာဘာသာပြန်သူ)

ထပ်ဆောင်းပြောရရင် သာမန်ကောင်းကင်ဘုံအရှင်တွေကြားမှာ အဆင့်သတ်မှတ်ချက်မဲ့ကောင်းကင်ဘုံအရှင်တွေကို အဆင့်၁ဒါမှမဟုတ်အဆင့်၂ကောင်းကင်ဘုံအရှင်တွေကတောင် အလွယ်တကူသတ်ဖြတ်နိုင်တယ်။

အတိတ်ကိုပြန်ကြည့်ရင် သမန်းဝံပုလွေလီဖူချန်း ကောင်းကင်ဘုံအရှင်တစ်ယောက်မဖြစ်ခင် သူက လှိုင်းအောက်ကောင်းကင်ဘုံအရှင်ကို ဖယ်ရှားနိုင်တဲ့အကြောင်းရင်းကအနေနဲ့ လှိုင်းအောက်ကောင်းကင်ဘုံအရှင်က အဆင့်သတ်မှတ်ချက်မဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လို့ပါပဲ။

လှိုင်းအောက်ကောင်းကင်ဘုံအရှင်က အဆင့်၅ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ရင် သူက သမန်းဝံပုလွေလီဖူချန်းကို သတ်ဖြတ်နိုင်ခဲ့လိမ့်မယ်။

နေ့တစ်ဝက်ပြီးနောက် ဓားရေကန်က ပိတ်သွားတော့တယ်။

လီဖူချန်းက သူ့ရဲ့အိမ်တော်ကို ပြန်ဖို့ ပြင်ဆင်နေစဉ်မှာ အသံတစ်ခုက သူ့နားထဲကို ရောက်ရှိလာတယ်"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ ငါက နာကြည်းပင်လယ်ဓားအရှင်ပဲ။ ငါ့နောက်ကို တစ်ချက်လိုက်လာပါ"

"နာကြည်းပင်လယ်ဓားအရှင်လား" လီဖူချန်းက အတော်လေးအံ့အားသင့်သွားတယ်။

နာကြည်းပင်လယ်ဓားအရှင်က သူ့ကို ဘာအတွက် ဖိတ်ခေါ်မှန်း သူမသိဘူး။

တစ်ချိန်တည်းမှာ သာမညဓားသူတော်စင်အရှင်၊ ဦးမှင်မီးအိမ်မျိုးနွယ်ရဲ့ထိပ်ပြောင်အပါအဝင်အခြားသုံးယောက်ကိုလည်း ဖိတ်ခေါ်ထားမှန်း လီဖူချန်းက သိလိုက်တယ်။

သူတို့ခြောက်ယောက်က ဓားသမားအစည်းအရုံးအတွင်းရှိစည်း‌ဝေးခန်းမကို ရောက်ရှိလာတယ်။

"ထိုင်ကြပါ" နာကြည်းပင်လယ်ဓားအရှင်က သူ့ရဲ့ညာလက်နဲ့ ညွှန်ပြကာ ပြုံးလိုက်တယ်။

တုံ့ပြန်တဲ့အနေနဲ့ သူတို့ခြောက်ယောက်က ထိုင်ချလိုက်တယ်။

"ဓားအရှင်က ငါတို့ကို ဘာအတွက် ဖိတ်ခေါ်သလဲကို ငါ သိချင်တယ်" ရောင်စုံဝတ်အမျိုးသမီးက ဦးစွာမေးလိုက်တယ်။

နာကြည်းပင်လယ်ဓားအရှင်က မေးလိုက်တယ်"မင်းတို့အားလုံး အင်းဆက်မျိုးနွယ်ကို ကြားဖူးကြလား"

"အင်းဆက်မျိုးနွယ်လား" သာမညဓားသူတော်စင်အရှင်က မျက်မှောင်ကြုတ်လိုက်တယ်။

"ရှေးပေလွှာတွေမှာ ရှင်းပြထားတာကတော့ အင်းဆက်မျိုးနွယ်က စကြာဝဠာတစ်ခုလုံးရဲ့ရန်သူဖြစ်ပုံရပြီး သူတို့က တဖြည်းဖြည်းနဲ့ မျိုးသုဥ်းသွားခဲ့ကြတယ်" သံချပ်ဝတ်အမျိုးသားက ပြောလိုက်တယ်။

နာကြည်းပင်လယ်ဓားအရှင်က ခေါင်းခါလိုက်တယ်" အင်းဆက်မျိုးနွယ်က ဘာလို့ ဒီလောက်လွယ်လွယ်မျိုးသုဉ်းနိုင်မှာလဲ။ အဲလောက်လွယ်ရင် သူတို့က စကြာဝဠာရဲ့ဘုံရန်သူဖြစ်လာလိမ့်မှာမဟုတ်ဘူး"

ဒိအကြောင်းအပေါ်  ငြင်းခုံမနေတော့ဘဲ နာကြည်းပင်လယ်ဓားအရှင်က ဆက်ပြောလိုက်တယ်"ဒိီတစ်ကြိမ် ငါဖိတ်ခေါ်တာကတော့ မင်းတို့ ငါ့ကို တစ်ခုခုကူညီပေးဖို့ မျှော်လင့်တယ်။ ချိတ်ပိတ်ထားတဲ့အင်းဆင်မျိုးနွယ်စစ်မြေပြင်မှ ငါ့သမီးမီယာကို ကယ်တင်ပေးပါ။ ဆုအတွက်က‌တော့ မင်းတို့ဆန္ဒရှိတာ တောင်းဆိုနိုင်တယ်။ အရမ်းအဓိပ္ပါယ်မရှိတာတော့ မပြောနဲ့ပေါ့"

မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အနေနဲ့ နာကြည်းပင်လယ်ဓားအရှင်ရဲ့ကြွယ်ဝမှုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်ဘီလီယံကို ကျော်လွန်တယ်။

"ဓားအရှင်ရဲ့ခွန်အားနဲ့ဆိုရင် သင် ငါတို့ကို မလိုလောက်မလား" မျက်လုံးသုံးလုံးအမျိုးသားက နားမလည်ဟန်မေးလိုက်တယ်။

နာကြည်းပင်လယ်ဓားအရှင်က ရှင်းပြလိုက်တယ်"ချိတ်ပိတ်ထားတဲ့အင်းဆက်မျိုးနွယ်စစ်မြေပြင်က ကောင်းကင်ဘုံအရှင်အောက်ကိုသာ ဝင်ခွင့်ပြုတယ်။ ကောင်းကင်ဘုံအရှင်တွေက မဝင်နိုင်ဘူး"

သူက ဝင်နိုင်ရင် သူ ဝင်သွားတာကြာပြီးပေါ့။

"ငါ ကောင်းကင်ဘုံအရှင်ဓားအရိုးအပိုင်းအစတစ်ခုကို လိုချင်တယ်" ထိပ်ပြောင်က အရင်တောင်းဆိုလိုက်တယ်။

"သေချာတာပေါ့" နာကြည်းပင်လယ်ဓားအရှင်က ခေါင်းညိတ်လိုက်တယ်။

ကောင်းကင်ဘုံအရှင်ဓားအရိုးက ကျဆုံးသွားတဲ့ဓားတာအိုကောင်းကင်ဘုံအရှင်တစ်ယောက်ချန်ထားခဲ့တဲ့အရိုးတွေကို ဆိုလိုတယ်။ အဲဒါက အလွန်တန်ဖိုးရှိတယ်။

"ငါလဲ ဓားရိုးအပိုင်းတစ်ခုလိုချင်တယ်" မျက်လုံးသုံးလုံးအမျိုးသားရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

နာကြည်းပင်လယ်ဓားအရှင်က ဓားအရိုးတွေကို ပေးနိုင်မှတော့ သူ့မှာ တစ်ခုထက်ပိုရှိရမယ်။

ဓားတာအိုကောင်းကင်ဘုံအရှင်တိုင်းရဲ့အရိုးတွေကို ဓားအရိုးလို့မခေါ်ပါဘူး။ ကျင့်ကြံခြင်းနည်းလမ်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ချိုးဖြတ်ပြီးမှသာလျှင် အရိုးတွေကို ဓားအရိုးလို့ ခေါ်တွင်မယ်။

"ငါ နှစ်ခုလိုချင်တယ်" ရောင်စုံဝတ်အမျိုးသမီးက ပြောလိုက်တယ်။

သူမရဲ့အာကာသ-အချိန်ဓားတာအိုက သူမကို ထိပ်ပြောင်နဲ့မျက်လုံးသုံးလုံးအမျိုးသားတို့ထက် ပိုမြင့်မားစေတယ်၊ အထူးသဖြင့် တစ်စုံတစ်ယောက်ကို ရှာဖွေရာမှာပေါ့။

"ကောင်းပြီ"

နာကြည်းပင်လယ်ဓားအရှင်ရဲ့မျက်နှာက ရှုံ့တွဖြူရော်သွားတယ်၊ သူက ဓားအရိုးတွေကို ဒုက္ခခံပြီး ရှာဖွေထားတာလေ။

တစ်ဆက်တည်းပဲ သံချပ်ဝတ်အမျိုးသားလည်း ဓားအရိုးအပိုင်းအစနှစ်ခုကို တောင်းဆိုလိုက်တယ်။

အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားနဲ့ဆိုရင် သံချပ်ဝတ်အမျိုးသားက အလွန်အမင်းအားကောင်းပြီး သူ့အကူအညီက ဓားအရိုးအပိုင်းအစနှစ်ခု ထိုက်တန်တယ်။

နောက်ဆုံးတော့ သာမညဓားသူတော်စင်အရှင်နဲ့လီဖူချန်းတို့သာ ကျန်တော့တယ်။

"ဓားအရိုးအပိုင်းအစဆယ်ခု" သာမညဓားသူတော်စင်အရှင်မပြောခင် လီဖူချန်းက အရင်ပြောလိုက်တယ်။

"ဘာ...." အားလုံးက အံ့ဩသွားကြတယ်။

"ဓားအရိုးအပိုင်းအစဆယ်ခုလား။ မင်းက ဘာလို့ ဓားအရိုးတစ်စုံလုံးကို မတောင်းဆိုလိုက်တာလဲ" လူတိုင်းက တူညီတဲ့အရာကိုပဲ စဉ်းစားနေကြတယ်။

"အိုး။ မင်းက ဓားအရိုးအပိုင်းအစဆယ်ခုထိုက်တန်တယ်လို့ ဘာကြောင့်ထင်ရတာလဲ"

နာကြည်းပင်လယ်ဓားအရှင်က အနည်းငယ်မပျော်မရွှင်ဖြစ်ကာ တွေးလိုက်မိတယ်" သူ့စိတ်ထဲမှာ ဓားအရိုးတွေက လေနဲ့အတူ ငါ့ရှေ့မှောက်ကို သူ့ရာသူရောက်လာတယ်လို့ ထင်နေတာလား"

"ငါ့ခွန်အားကြောင့်ပဲ" လီဖူချန်းက ဖြေလိုက်တယ်။

နာကြည်းပင်လယ်ဓားအရှင်က လီဖူချန်းကို ဂရုတစိုက်အကဲဖြတ်ပြီး လီဖူချန်းရဲ့အဓိပ္ပါယ်ကို နားလည်လိုက်တယ်။

"ငါ မင်းကို ယုံတယ်၊ ဓားအရိုးအပိုင်းအစဆယ်ခုပေါ့"

ဓားရေကန်ထဲမှာ လီဖူချန်းရဲ့လုပ်ဆောင်ချက်က တကယ်ကိုထိတ်လန့်တုန်လှုပ်စရာပဲလေ။

All Chapters