အင်းဆက်မျိုးနွယ်စစ်မြေပြင်
Vol. 68 Ch. 945
"ငါ ငြင်းပယ်တယ်" သာမညဓားသူတော်စင်အရှင်က နာကြည်းပင်လယ်ဓားအရှင်ကို ငြင်းပယ်လိုက်တယ်။
သူက ကြီးမားတဲ့ဓားအရိုးအပိုင်းအစတစ်ခုကို ရရှိထားပြီး အဲဒါက ဦးခေါင်းခွံအရိုးဖြစ်တယ်၊ ဒါကြောင့် သူက နောက်ထပ်ဓားအရိုးတွေကို ထပ်မလိုတော့ဘူး။ ဓားရေကန်ရဲ့မူလအမှန်တရားဓားဆန္ဒနဲ့ထိတွေ့ပြီးနောက် သူ့မှာ ဈာန်ဝင်စားစရာတွေ အများကြီးရှိပြီး သီးခြားကျင့်ကြံဖို့စီစဉ်ထားတယ်။
နာကြည်းပင်လယ်ဓားအရှင်က ဖိအားမပေးပါဘူး။ လီဖူချန်းရှိတာနဲ့တင် လုံလောက်ပါတယ်လေ။ သာမညဓားသူတော်စင်အရှင် လက်ခံရင်တော့ အကောင်းဆုံးပဲ၊ ဒါပေမယ့် ကိစ္စမရှိပါဘူးလေ။
အင်းဆက်မျိုးနွယ်စစ်မြေပြင်သို့ခရီးက သေးငယ်တဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ အမှားတွေ ပြုလုပ်မိမှာကို ကာကွယ်ဖို့၊ အင်းဆက်မျိုးနွယ်စစ်မြေပြင်မှာ ပျောက်ကွယ်သွားမှာကို စိုးရိမ်တဲ့အတွက် လူတိုင်းက အင်းဆက်မျိုးနွယ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို လေ့လာခဲ့ကြတယ်။
နာကြည်းပင်လယ်ဓားအရှင်မှာ အင်းဆက်မျိုးနွယ်နဲ့ပတ်သက်တဲ့အချက်အလက်တွေအများကြီးရှိတာ ကံကောင်းတယ်။ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အနေနဲ့ နာကြည်းပင်လယ်ဓားအရှင်က လျှို့ဝှက်ချက်များစွာကို သိရှိထားတယ်။
"ဒါက ဓားအရိုးလား"
အင်းဆက်မျိုးနွယ်စစ်မြေပြင်ကို မသွားခင် သုံးရက်အလိုမှာ နာကြည်းပင်လယ်ဓားအရှင်က လီဖူချန်းအား ဓားအရိုးအပိုင်းအစသုံးခုကို စရန်အနေနဲ့ အရင်ပေးခဲ့တယ်။
ကျင့်ကြံခြင်းခန်းမထဲမှာ လီဖူချန်းက သန့်စင်တဲ့ဓားချီကိုထုတ်လွှတ်နေတဲ့ကြည်လင်ပြီးတောက်ပတဲ့အရိုးအပိုင်းအစတစ်ခုကို ကိုင်ထားတယ်။
ဒီဓားအရိုးမှ လီဖူချန်းက ဓားတာအို၊ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုနဲ့ ထာဝရရှင်သန်ခြင်းကို မြင်တွေရတယ်။
"ဓားအရိုးတွေက သူတို့ရဲ့ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းကို ထိပ်တန်းအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းအထိ ကျင့်ကြံခဲ့တဲ့ဓားတာအိုကောင်းကင်ဘုံအရှင်တွေက ချန်ထားခဲ့တဲ့အရိုးတွေပဲ။ ငါ ဒါတွေကနေ ဈာန်ဝင်စားခြင်းအချို့ကို ရှာတွေ့နိုင်လောက်တယ်"
ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းကို ချိုးဖြတ်ဖို့က ခက်ခဲလွန်းတယ်။ ဓားတာအိုကျွမ်းကျင်မှုမြင့်မားခြင်းက ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းကို ချိးဖြတ်ရာမှာ ပိုလွယ်ကူစေတယ်လို့ မဆိုလိုပါဘူး။ တစ်စုံတစ်ယောက်က လူသားခန္ဓာကိုယ်နဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်းနားလည်ရမယ်၊ ပြီးရင် လူသားခန္ဓာကိုယ်နဲ့ ဓားတာအိုကို ချို့ယွင်းချက်မဲ့ပေါင်းစပ်ရမယ်။
ကောင်းကင်ဘုံအရှင်တစ်ယောက်က ကျင့်ကြံခြင်းနည်းလမ်းကို ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို တွန်းပို့နိုင်ရင် သူတို့က နှစ်ဆယ်သန်းဒါမှမဟုတ်နှစ်သန်းဒါဇင်ကျော်အထိ ရှင်သန်နိုင်လိမ့်မယ်။ ကျင့်ကြံခြင်းနည်းလမ်းက အန္တိမအဆင့်ကို ရောက်ရှိလာရင် ထာဝရရှင်သန်ခြင်းကို အောင်မြင်လိမ့်မယ်။
သိုင်းပညာတွေက ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့သက်တမ်းကို တိုးမြှင့်နိုင်ပေမယ့် ကျင့်ကြံခြင်းနည်းလမ်းနဲ့တော့ မယှဉ်နိုင်သေးပါဘူး။
လိပ်ပြာအသိစိတ်အာရုံနဲ့ အတွင်းကို ကြည့်ရင်း လီဖူချန်းက ဓားအရိုးရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကို စတင်လေ့လာခဲ့တယ်။
"ဒီလိုအံ့အားသင့်စရာကောင်းတဲ့ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းတစ်ခု"
ဓားအရိုးရဲ့ဖွဲ့စည်းပုံက ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းနဲ့ တိုက်ရိုက်ဆက်စပ်မှန်း အလွန်သေချာတယ်။ ဓားအရိုးရဲ့ပိုင်ရှင်က သူ့ရဲ့ခန္ဓာကိုယ်နဲ့ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းကို နက်ရှိုင်းတဲ့အဆင့်တစ်ခုအထိ ပေါင်းစပ်ထားမှန်း သိသာတယ်။
"လူသားခန္ဓာကိုယ်က ပြုပြင်ပြောင်းလဲဖို့ ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြုခြင်း။ မဟုတ်ဘူး.....အတိအကျပြောရရင် ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြုကာ လူသားခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ခြင်းပဲ"
လီဖူချန်းရဲ့မျက်လုံးတွေက အလင်းတွေ တေက်ပသွားတယ်။
ဓားအရိုးက သူ့အတွက် သေချာပေါက်အသုံးဝင်တယ်။
အဓိကအားဖြင့် သူ့ရဲ့အလွန့်အလွန်ထူးကဲတဲ့ထိုးထွင်းသိမြင်မှုကြောင့်ပဲ။ သူ့မှာ သဲလွန်စတစ်ခုမှ မရှိရင်တော့ အဆင်ပြေပါတယ်၊ သဲလွန်စတစ်ခုရှိလာတာနဲ့ သူက လျင်မြန်စွာ တိုးတက်လာလိမ့်မယ်။
ဒါက သူဓားတာအိုအရင်းမြစ်စွမ်းအားပထမကြောင်းနဲ့ချိတိယ်ဆက်တုန်းကနဲ့ အတူတူပဲ၊ နောက်ပိုင်းတော့ ရပ်တန့်နိုင်ခြင်းမရှိတော့ဘူးလေ။
သုံးရက်အတွင်းမှာ လီဖူချန်းက ဒီဓားအရိုးအပိုင်းအစရဲ့ရှစ်ဆယ်ရာခိုင်နှုန်းကို နားလည်ခဲ့တယ်။ သူက တစ်စိတ်တစ်ပိုင်းဈာန်ဝင်စားခြင်းအချို့ကို ရရှိခဲ့တယ်။
ဈာန်ဝင်စားခြင်းတွေ စုပုံလာရင် မကြာမီဒါမှမဟုတ်နောက်ပိုင်းမှာ မူလအဆုံးစွန်းဓားနည်းလမ်းကို ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို မြှင်တင့်နိုင်လိမ့်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။
ဒါပေမယ့် လိုအပ်ချက်ကတော့ အခြားဓားအရိုးအပိုင်းအစခုနှစ်ခုကို ရရှိဖို့ပဲဖြစ်တယ်။
စတုတ္ထနေ့နံနက်ခင်းမှာ နာကြည်းပင်လယ်ဓားအရှင်၊ လီဖူချန်းနဲ့ အခြားသူတွေက တည်နေရာရွှေ့ပြောင်းရေးကွက်လပ်မှ ပျောက်သွားတော့တယ်။
…
စကြာဝဠာမှာ ချိတ်ပိတ်ထားတဲ့အင်းဆက်မျိုးနွယ်စစ်မြေပြင်တွေ အများကြီးရှိတယ်။ ကျားအင်ပါယာကြယ်ပိုင်နက်မှာ ချိတိပိတ်ထားတဲ့အင်းဆက်မျိုးနွယ်စစ်မြေပြင်တစ်ခုရှိတယ်။
ကျယ်ပြောတဲ့ကြယ်ပိုက်နက်တစ်ခုမှာ တောက်ပတဲ့ဓားအမှတ်အသားတစ်ခုက ထွက်ပေါ်လာတယ်။
နာကြည်းပင်လယ်ဓားအရှင်နဲ့အခြားသူတွေက ဓားအမှတ်အသားမှ ထွက်လာတယ်။
"ဒီလိုအံ့မခန်းမြန်နှုန်း"
လီဖူချန်းနဲ့အခြားသူတွေက အရမ်းအားကျသွားတယ်။ သူတော်စင်အရှင်တစ်ယောက်က နေရာလပ်ဇုန်ကို ဆုတ်ဖြဲနိုင်ပေမယ့် အနည်းငယ်ကပဲ အာကာသ-အချိန်လမ်းကြောင်းကို ဆုတ်ဖြဲနိုင်တယ်။ ကောင်းကင်ဘုံအရှင်တွေကသာ ဒါမျိုးကို ပြုလုပ်နိုင်တယ်။
"ဒါက အင်းဆက်မျိုးနွယ်စစ်မြေပြင်လား" မျက်လုံးငါးစုံက ကျယ်ပြောတဲ့ကြယ်ပိုင်နက်တစ်ခုအပေါ်ကို ကျရောက်လာတယ်။
ဒါက ကျယ်ပြောတဲ့ကြယ်ပိုင်နက်တစ်ခုဖြစ်ပြီး ဖျက်ဆီးခြင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေတယ်။ ကြောက်စရာကောင်းတဲ့စစ်ပွဲတစ်ခုက ဒီနေရာမှာ ယခင်က ဖြစ်ပွားခဲ့မှန်း သိသာတယ်။
နာကြည်းပင်လယ်ဓားအရှင်က ပြောလိုက်တယ်"ဒါက အင်းဆက်မျိုးနွယ်စစ်မြေပြင်အစစ်အမှန်မဟုတ်ဘူး။ ရှေ့မှာရှိနေတာက ချိတ်ပိတ်အတားအဆီးတစ်ခုပဲ။ ချိတ်ပိတ်အတားအဆီးကို ဝင်ရောက်ပြီးမှ အစစ်အမှန်အင်းဆက်မျိုးနွယ်စစ်မြေပြင်ပဲ"
"ဓားအရှင်၊ ကိစ္စတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ထားရအောင်။ ငါတို့တွေ အထဲမှာ အများစုံဆယ်နှစ်ပဲ နေမယ်။ ဆယ်နှစ်ပြည့်ပြီးရင် ငါတို့ထွက်လာမယ်။ သေစေနိုင်တဲ့အန္တရာယ်တစ်ခုရှိလာရင်လည်း ငါတို့ရဲ့ကိုယ်ပိုင်ဘေးကင်းမှုကိုပဲ ဦးစားပေးမယ်" မျက်လုံးသုံးလူကက ပြောလိုက်တယ်။
"ကောင်းပြီ" နာကြည်းပင်လယ်ဓားအရှင်က ခေါင်းညိတ်လိုက်တယ်။
ဓားအရိုးအပိုင်းအစတစ်ခုနှစ်ခုအတွက်လောက်နဲ့ သူတို့ရဲ့အသက်ကို စွန့်စားဖို့က မဖြစ်နိုင်ဘူးလေ။
"ဓားအရှင် စိတ်အေးအေးပဲထားပါ။ သင့်ရဲ့သမီးမီယာကို ရှာတွေ့နိုင်သရွေ့ ငါက သူမကို ခေါ်ထုတ်လာဖို့ ယုံကြည်ချက်ရှိတယ်" လီဖူချန်းက ပြောလိုက်တယ်။
"ဒါတိုရင် ငါ မင်းကို ဒုက္ခပေးရတော့မယ်"
နာကြည်းပင်လယ်ဓားအရှင်က မျှော်လင့်ချက်ကြီးကြီးမားမားရှိလာတယ်။ သူ့အမြင်အရ လီဖူချန်းရဲ့ခွန်အားက အဆင့်သတ်မှတ်ချက်မဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့အတူတူပါပဲ။
"အတူဝင်ကြစို့" သံချပ်ဝတ်လူက ရှေ့ကဖြစ်ပြီး လီဖူချန်းနဲ့အခြားသူတွေက နောက်မှ လိုက်သွားတယ်။
အသံဒါမှမဟုတ်တည်ရှိမှုတွေ မထွက်ပေါ်လာဘဲ ဟင်းလင်းပြင်ထဲမှာ လှိုင်းဂယက်တွေဖြစ်သွားပြီး သူတို့ငါးယောက်က ပျောက်သွားတော့တယ်။
"အားလုံးချော့မွေပါစေလို့ ငါ ဆုတောင်းတယ်" နာကြည်းပင်လယ်ဓားအရှင်က တိတ်တဆိတ်ပြောလိုက်တယ်။
…
အမှောင်ထုဖရိုဖရဲနေရာလပ်ဇုန်တစ်ခုအထဲမှာ သူတို့ငါးယောက်က ထွက်ပေါ်လာတယ်။
"ထင်ထားတဲ့အတိုင်းပဲ၊ အရင်က ငါဝင်ခဲ့တဲ့အမှောင်ထုဖရိုဖရဲနေရာလပ်ဇုန်လည်း အင်းဆက်မျိုးနွယ်စစ်မြေပြင်တစ်ခုပဲ ဖြစ်ရမယ်" လီဖူချန်းက ပျော်ရွှင်သွားတယ်။ ဒီနေရာလပ်ဇုန်က သူ့ကို အတိတ်ကနေရာလပ်ဇုန်တစ်ခုနဲ့တစ်ထပ်တည်းကျတဲ့ခံစားချက်ကို ပေးစွမ်းတယ်။
"ဒါတကယ်မွန်းကျပ်စရာပဲ" ထိပ်ပြောင်က မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက ဒီနေရာမှာ တကယ်အသုံးမဝင်ဘူးကို သူ သိခဲ့တယ်။ သူက ပတ်ဝန်းကျင်ကို အကြမ်းဖျင်းသာ ခန့်မှန်းနိုင်တယ်။
"တည်ရှိမှုတိုကင်ပြားရှိတာ ကံကောင်းသွားတယ်၊ မဟုတ်ရင်၊ သူတော်စင်အရှင်မမီယာကို ရှာတွေ့ဖို့က မဖြစ်နိုင်လုနီးပါးပဲ" ရောင်စုံဝတ်အမျိုးသမီးက ပြောလိုက်တယ်။
တည်ရှိမှုတိုကင်ပြားမှာ နာကြည်းပင်လယ်ဓားအရှင်ရဲ့သမီးရဲ့ချီတည်ရှိမှုပါဝင်တယ်။ သူတော်စင်အရှင်မမီယာက မိုင်ဘီလီယံတစ်ရာအတွင်းမှာ ရှိနေသရွေ့ အချက်ပြပေးလိမ့်မယ်။
အင်းဆက်မျိုးနွယ်စစ်မြေပြင်အထက်မှပျံသန်းရင်း သူတို့ငါးယောက်က လက်နက်အစအနတွေ၊ အင်းဆက်အစိတ်အပိုင်းတွေကို မကြာခဏတွေ့မြင်ရတယ်။ အင်းဆက်အစိတ်အပိုင်းတွေက ကြီးမားတယ်၊ အသေးဆုံးက တောင်တစ်လုံးလောက်ရှိတယ်၊ အသေးဆုံးက ကြယ်အသေးစားတစ်လုံးရဲ့အရွယ်အစားရှိတယ်။ အင်းဆက်အစိတ်အပိုင်းအများစုမှာ အသက်စွမ်းအားတစ်ခုမှ မရှိပေမယ့် ရက်စက်ကြမ်းကြုတ်တဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပါသေးတယ်။
"အင်းဆက်မျိုးနွယ်က တကယ်ကြမ်းတမ်းတာပဲ။ သူတို့က အန္တိမအဆင့်လက်နက်တွေကိုတောင် ဖျက်ဆီးနိုင်တယ်" သံချပ်ဝတ်လူက မှင်တက်သွားရတယ်၊ သူက အန္တိမအဆင့်လက်နက်အစအနတစ်ခုကို ဆုတ်ကိုင်လိုက်မိတယ်။
အဆင့်နိမ့်အန္တိမအဆင့်လက်နက်တစ်ခုကို ဖျက်ဆီးဖို့ဆိုရင် မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ကိုတောင် လိုအပ်တယ်။
ဒါပေမယ့် လက်နက်တွေကို မြို့အရှင်အဆင့်အင်းဆက်တွေကပဲ ဖျက်ဆီးနိုင်တာမဟုတ်ဘူး။ အင်းဆက်မျိုးနွယ်က ဖျက်ဆီးခြင်းအက်စစ်တစ်မျိုးကို ထုတ်ပေးနိုင်ပြီး အက်စစ်နဲ့ဆိုရင် ပိုအားနည်းတဲ့အင်းဆက်ကောင်းကင်ဘုံအရှင်တွေကတောင် အဆင့်နိမ့်အန္တိမအဆင့်လက်နက်တွေကို ဖျက်ဆီးနိုင်တယ်။ မြို့အရှင််အဆင့်အင်းဆက်တွေဆိုရင် အလယ်ဆင့်အန္တိမအဆင့်လက်နက်တွေကိုတောင် ဖျက်ဆီးနိုင်တယ်။
"အရင်တုန်းက အင်းဆက်မျိုးနွယ်နဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲက ဘယ်လောက်တောင် ကြမ်းတမ်းသလဲကို ငါ သိချင်လာတယ်" လူတိုင်းက ရေရွတ်မိတယ်။
အင်းဆက်မျိုးနွယ်က အန္တိမအဆင့်လက်နက်တွေကိုတောင် ဖျက်ဆီးနိုင်ရင် သူတို့က ကောင်းကင်ဘုံအရှင်တွေကို အလွယ်တကူသတ်ဖြတ်နိုင်လိမ့်မယ်။ တကယ်တော့ ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခန္ဓာကိုယ်က အန္တိမအဆင့်လက်နက်တွေလောက် မမာကျောဘူးလေ။
လက်နက်အစအနတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်၊ အန္တိမအဆင့်လက်နက်အစအနတွေလည်း ရှိတယ်။
အန္တိမအဆင့်လက်နက်အစအနတွေက သူတို့ရဲ့စိတ်အားအင်နဲ့အနှစ်သာရအားလုံးကို ဆုံးရှုံးထားပေမယ့် အတွင်းရှိအန္တိမအဆင့်အင်းကွက်တွေက တစ်စုံတစ်ခုထိုက်တန်သေးတယ်။ လူတိုင်းက သူတို့ကို စုဆောင်းနေကြတော့တယ်။
"အာ....ဒါ အင်းဆက်အုံအစအနပဲ" ပြောတဲ့သူက ထိပ်ပြောင်ပါပဲ။ ဦးမှင်မီးအိမ်မျိုးနွယ်ရဲ့သူတော်စင်အရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက အလွန်ထက်မြက်တယ်။
ဓားအလင်းလက်သွားပြီး ထိပ်ပြောင်က အင်းဆက်အစိတ်အပိုင်းအစုအပုံတစ်ခုဆီ ပျံသန်းသွားတယ်။
အင်းဆက်အစိတ်အပိုင်းတွေရဲ့အလယ်ဗဟိုမှာ အသိုက်အုံအစအနတစ်ခုနဲ့တူတဲ့သတ္တုအပိုင်းအစတစ်ခုရှိပြီး အရွယ်အားဖြင့် မိုင်ထောင်အနည်းငယ်ရှိတယ်။
"အင်းဆက်အုံအစအနလား" အားလုံးက အမူအရာအမျိုးမျိုးနဲ့ ကြည့်လိုက်ကြတော့တယ်။
အင်းဆက်အုံတွေကို စကြာဝဠာရဲ့တန်ဖိုးအရှိဆုံးရတနာတွေထဲကတစ်ခုလို့ သတ်မှတ်ထားတယ်။ အဲဒါကို အင်းဆက်တွေကို မွေးမြူဖို့ အသုံးပြုနိုင်တယ်။
မှတ်တမ်းထဲမှာ အင်းဆက်အုံတွေမှာ အဆင့်အတန်းသုံးခုရှိတယ်၊ ကနဦးအဆင့်၊ မူလအဆင့်နဲ့ အန္တိမအဆင့်။
ကနဦးအဆင့်အုံတွေက သူတော်စင်အရှင်အဆင့်အင်းဆက်တွေကို မွေးမြူနိုင်တယ်။ မူလအဆင့်အုံတွေက ကောင်းကင်ဘုံအရှင်အဆင့်အင်းဆက်တွေကို မွေးမြူနိုင်တယ်။ အန္တိမအဆင့်အုံတွေက အကြိုနတ်ဘုရားအဆင့်အင်းဆက်တွေကို ထုတ်လုပ်နိုင်တယ်။
အပြည့်အစုံရှိတဲ့ကနဦးအဆင့်အုံတစ်ခုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်ဘီလီယံပတ်လည်ထိုက်တန်တယ်။ မူလအဆင့်အုံတွေက ဈေးသတ်မှတ်ထားတာမရှိဘူး၊ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်ယူဖို့ ခက်ခဲတယ်။ ဒဏ္ဍာရီလာအန္တိမအဆင့်အုံးတွေကိုတော့ ပြောစရာမလိုတော့ပါဘူး။
ဒါကြောင့် ဒီအုံအစအနက ဘယ်အဆင့်ပဲရှိရှိ ကိစ္စမရှိဘူး၊ ထိပ်ပြောင်က ကံကောင်းမှုတစ်ခုကို တွေ့ရှိသွားတာပဲ။
"ဒါက ကနဦးအဆင့်အုံတစ်ခုဖြစ်မှာပါ"
လီဖူချန်းက အရင်က ကနဦးအဆင့်အုံတစ်ခုကို တွေ့ခဲ့ဖူးတယ်၊ ဒါကြောင့် သူက ရှင်းရှင်းလင်းလင်းသိတယ်။
"ထင်ထားတဲ့အတိုင်းပဲ၊ ဒါက ကနဦးအဆင့်အုံအစအနတစ်ခုပဲ" ထိပ်ပြောင်က အုံအစအနအနီးကို ရောက်လာပြီး ဂရုတစိုက်လေ့လာကြည့်ပြီးနောက် သူက ဆိုလိုက်တယ်။
အရိုးသားဆုံးပြောရရင် သူလည်းပဲ သိပ်မကျေနပ်ချင်ဘူး။ ဒီကနဦးအဆင့်အုံအစအနတစ်ခုက အများဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်သန်းသာ ထိုက်တန်တယ်လေ။
လက်ကို ဝှေ့ယမ်းပြီး ထိပ်ပြောင်က အင်းဆက်အုံအစအနကို သိမ်းဆည်းလိုက်တယ်။
"ဂုဏ်ယူပါတယ်" မျက်လုံးသုံးလုံးလူက ပြောလိုက်တယ်။
ထိပ်ပြောင်က ပြန်ဖြေလိုက်တယ်" ငါ့ကို ဂုဏ်ပြုစရာမလိုပါဘူး။ ဒါက ကနဦးအဆင့်အုံအစအနတစ်ခုမျှပဲ။ မူလအဆင့်အုံအစအနတစ်ခုဆိုရင် မင်းတို့အားလုံး ငါ့ကို ဂုဏ်ပြုဖို့စဉ်းစားထားတော့"
မူလအဆင့်အုံအစအနတစ်ခုက ကောင်းကင်ဘုံအရှင်တွေကိုတောင် ဆွဲဆောင်နိုင်တယ်။
ဒါပေမယ့် အင်းဆက်မျိုးနွယ်စစ်မြေပြင်မှာ မူလအဆင့်အုံအစအနတွေတစ်ခုခုရှိရင် သူတို့ကို ကောင်းကင်ဘုံအရှင်တွေက ယူဆောင်သွားလောက်ပါပြီ။ အင်းဆက်မျိုးနွယ်နဲ့စစ်ပွဲပြီးလျှင်ချင်း ကောင်းကင်ဘုံအရှင်တွေက ချိတ်မပိတ်ခင် စစ်မြေပြင်အနှံ့ ရိတ်သိမ်းခဲ့ပေလိမ့်မယ်။
အင်းဆက်မျိုးနွယ်စစ်မြေပြင်က ကြီးမားတယ်။ သူတို့ငါးယောက်က ဦးတည်ဘက်တွေ အထူးသတ်မှတ်ထားတာမရှိဘဲ သူတို့ရဲ့မသိစိတ်အတိုင်း ခရီးနှင်နေတယ်။
ဝှစ်........
ဓားအလင်းတစ်ခု လက်သွားပြီး ဧရာမအင်းဆက်တစ်ကောင်က နှစ်ပိုင်း,ပိုင်းဖြတ်ခံလိုက်ရကာ ပြာအဖြစ် ပြန့်ကျဲသွားတော့တယ်။
"အင်းဆက်မျိုးနွယ်စစ်မြေပြင်မှာ အင်းဆက်တွေ ရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး"
သူတို့ငါးယောက် အင်းဆက်မျိုးနွယ်စစ်မြေပြင်ကို ဝင်ရောက်လာကတည်းက အင်းဆက်ကိုးကောင်နဲ့ တွေ့ဆုံပြီးပါပြီ။ အသန်မာဆုံးအင်းဆက်က အလယ်ဆင့်သူတော်စင်အရှင်အဆင့်သာဖြစ်ပေမယ့် သူတို့ငါးယောက်ကို သတိထားစေဖို့ လုံလောက်တယ်။ တကယ်တော့ ကောင်းကင်ဘြံအရှင်အဆင့်အင်းဆက်တွေ ရှိသလားကို တစ်ယောက်မှ မသိဘူးလေ။
ရက်တွေ ကုန်ဆုံးလာသလို သူတို့ငါးယောက် ဒီနေရာကို ရောက်ရှိလာတာ နှစ်ဝက်ရှိပါပြီ။
ဒီနေ့မှာတော့ တည်ရှိမှုတိုကင်က တုန်ခါလာတယ်။
"သူတော်စင်အရှင်မမီယာလား" ရောင်စုံဝတ်အမျိုးသမီးရဲ့မျက်လုံးတွေက လင်းလက်သွားတော့တယ်။
…
အဝေးရှိမိုင်ဘီလီယံတစ်ရာအကွာမှာ ပျက်စီးယိုယွင်းနေတဲ့ကြယ်တစ်လုံးအပေါ်မှာ တောက်ပနေတဲ့နန်းတော်တစ်ခုရှိတယ်။ နန်းတော်အပြင်ဘက်မှာ အင်းဆက်တွေက လှိုင်းတစ်ခုအလား တည်ရှိနေတယ်။ နန်းတော်ထဲမှာတော့ အမျိုးသားနှစ်ယောက်နဲ့အမျိုးသမီးနှစ်ယောက်ရှိတယ်။
"ငါတို့ ဘာလုပ်ကြမလဲ။ နန်းတော်က အကြာကြီးမထိန်းနိုင်တော့ဘူး" ပြောနေတဲ့သူက ငွေရောင်သတ္တုဝတ်စုံကိုဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ပါပဲ။
"ပန်းပေါင်းစုံနှင်းဆီ၊ စိုးရိမ်စရာမလိုဘူး။ ငါ့အဖေက ဒီနေရာကို လူတွေ လွှတ်လိုက်ပြီးလို့ ငါ ယုံတယ်။ တစ်ချက်လောက် စောင့်ဆိုင်းကြတာပေါ့" အပြာရင့်ရောင်ချပ်ဝတ်နဲ့ရှည်လျားတဲ့ဆံပင်ရှိတဲ့အမျိုးသမီးတစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်တယ်။
"မီယာပြောတာမှန်တယ်။ နာကြည်းပင်လယ်ဓားအရှင်က ဒီနေရာကလူတွေကို သေချာပေါက် ကယ်လိမ့်မယ်" မီယာဘေးနားမှာရပ်နေသူကတော့ အလွန်ခန့်ညားတဲ့အမျိုးသားတစ်ယောက်ပါပဲ။
ဝုန်း......
ရုတ်တရက် နန်းတော်က ငလျင်လှုပ်သလို တုန်ခါသွားတယ်။
"အင်းဆက်တွေက နောက်တစ်ကြိမ် တိုက်ခိုက်နေပြန်ပြီ"
ခန့်ညားတဲ့အမျိုးသားနောက်တစ်ယောက်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဖန်ပြင်တစ်ခုက ထွက်ပေါ်လာတယ်။ဖန်ပြင်ထဲမှာ လှိုင်းနဲ့တူတဲ့အင်းဆက်တွေက နန်းတော်အကာအကွယ်ကို အဆက်မပြတ်တိုက်ခိုက်နေတယ်။