← Chapters

တည်ငြိမ်သောကာလ

Vol. 20 Ch. 287

တည်ငြိမ်သောကာလ

Vol. 20 Ch. 287

ဟန်ရှောင်းသည် ဆုလာဘ်များ စီစဉ်ပြီးသောအခါတွင် ရှေ့နောက် လျှောက်နေသော Bennett လည်း ထိုင်လိုက်သည်။ “ဒီအတိုင်းအတာနဲ့ စစ်ပွဲဟာ မကြာခင်မှာ ထပ်ဖြစ်မလာတော့ပေမယ့် နိုင်ငံ၆နိုင်ငံ ပြန်လည်ကောင်းမွန်လာတဲ့အခါ သူတို့ရဲ့ ကြီးစိုးမှုကို ခိုင်ခံ့အောင်လုပ်ဖို့ တခြားအဖွဲ့အစည်းတွေကို ရှင်းပစ်ဖို့ စတင်လာနိုင်တယ်။ အခုတော့ ဂျာမီနယ်အဖွဲ့အစည်းရှုံးနိမ့်သွားတဲ့အတွက် Dark Net ဟာ အကြီးမားဆုံးအဖွဲ့အစည်းတစ်ခုပဲ ကျန်တော့တဲ့အတွက် သူတို့ ငါတို့ဆီ သိပ်မကြာခင် လာလိမ့်မယ်။”

ဟန်ရှောင်းသည် သူ၏ စိတ်လှုပ်ရှားမှုကို ဖယ်လိုက်ပြီး တွေးတောနေဟန် ပြုလိုက်သည်။ “အာဏာမရခင်က ဘယ်သူမဆို ကိုယ့်ကိုကိုယ် လူကောင်းလို့ ထင်ကြလိမ့်မယ်။ နိုင်ငံ၆နိုင်ငံက နျူကလီးယားပေါက်ကွဲမှုမှ ဖြစ်လာမယ့် ဘေးဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်နေပြီး သူတို့က အခြားကိစ္စတွေကို လောလောဆယ် အချိန်မပေးနိုင်သေးဘူး။ ဘေးအန္တရာယ်ဆိုမှ ဦးလေးရဲ့ ခိုလှုံရေးစခန်း အစီအစဉ်ကို အခုသုံးလို့ရပြီ”

“ဖြစ်နိုင်ရင် ဘယ်တုန်းကမှ မသုံးဖြစ်စေချင်ဘူး…” Bennett သက်ပြင်းချလိုက်သည်။ “စစ်ပွဲပြီးရင် လှည့်လည်သူတွေက အကာအကွယ်ကို ပိုပြီးရှာရတော့မှာဆိုတော့ အစီအစဉ်ကို အရှိန်မြှင့်ဖို့၊ အနောက်ဘက်တိုက်နဲ့ မြောက်ဘက်တိုက်ကြီးမှာလည်း ခိုလှုံရေးစခန်းတွေဆောက်ဖို့ စီစဉ်ထားတယ်။ Andrea ရဲ့ ဒုက္ခသည်တွေကို ရွှေ့ပြောင်းဖို့ လိုအပ်တယ်၊ ဒါကြောင့် သူတို့ကိုခေါ်ဆောင်ဖို့ လူတွေကိုငါစေလွှတ်မယ်။ နိုင်ငံ၆နိုင်ငံက ဒီကိစ္စကို ငါတို့ဆီ အရမိးလွှဲပေးချင်နေတယ်။”

ရေပင်လယ်ဂြိုလ်တွင် ကြီးမားသော အဓိက ဇာတ်လမ်းဇာတ်ကြောင်း နှစ်ခု ရှိသည် - ၎င်းတို့အနက် တစ်ခုမှာ သူ ဖျက်ဆီးပြီးသော ဂျာမီနယ်အဖွဲ့အစည်းဖြစ်ပြီး၊ ၎င်းသည် ပဋိပက္ခ၏ အဓိက ဇာတ်ကြောင်းဖြစ်သည်။ နောက်တစ်ခုက ခိုလှုံရေးစခန်းများ တည်ဆောက်ခြင်းဖြစ်၏။ ဂျာမီနယ်အဖွဲ့အစည်းစစ်ပွဲနှင့် ယှဉ်ရင် သန့်ရှင်းရာဌာနရဲ့ အဓိကဇာတ်ကြောင်းက သိပ်ပြီး ပြင်းထန်မှာ မဟုတ်ပေ။ ရေပင်လယ်ဂြိုလ်တစ်ခုလုံးသည် တည်ငြိမ်သောကာလ ဖြစ်လာမည်ဖြစ်သည်။ ဗားရှင်း ၁.၀ တွင် နောက်ထပ်ကြီးမားသောပဋိပက္ခများ ရှိတော့မည်မဟုတ်ပေ။ ဟန်ရှောင်း၏ စွမ်းအားသည် ကမ္ဘာဂြိုဟ်၏ အထွတ်အထိပ်တွင်ရှိပြီး ဂျာမီနယ်အဖွဲ့အစည်း၏ အဆုံးသတ်သည် သူ့ကြောင့်ဖြစ်၏။ ထို့ကြောင့်၊ သူ့တွင် အခြေခံအားဖြင့် မည်သည့်ရန်သူမှမရှိခဲ့ဘဲ တဖြည်းဖြည်းကြီးထွားလာနိုင်သည်။

ဂျာမီနယ်အဖွဲ့အစည်း၏ ပင်မဇာတ်ကြောင်းသည် ဗားရှင်း ၁.၀ တစ်လျှောက်လုံးတွင် ကြီးမားသောဖြစ်ရပ်တစ်ခုဟု ယူဆရသော်လည်း ယခုအခါ အစောပိုင်းအဆင့်များတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ပရမ်းပတာများကို နှစ်သက်သော ကစားသမားများသည် ဤငြိမ်းချမ်းရေးကို မကြိုက်ကြသော်လည်း၊ ဂျာမီနယ်အဖွဲ့အစည်း၏ အဓိက ဇာတ်လမ်းဇာတ်ကြောင်းအတွက် (Dungeon) (ဒန်ဂျင်) တံခါးပိတ်လေ့ကျင့်ရေးစင်တာ ဖန်တီးခြင်းကို မကြာသေးမီကမှ ရရှိခဲ့သောကြောင့် ၎င်းသည် ဟန်ရှောင်းအတွက် ကောင်းမွန်သောအရာဖြစ်သည်။ သူသည် စစ်ပွဲကို (Dungeon) (ဒန်ဂျင်) တံခါးပိတ်လေ့ကျင့်ရေးစင်တာထဲတွင် ပိုင်းခြားနိုင်ပြီး ကစားသမားများ၏ တိုက်ပွဲအတွက် ထာဝရလိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည်။ နောက်ထပ် ကစားသမားများလည်း သူ့ထံ ဆွဲဆောင်ခံရနိုင်ပြီး သူ့၏နေရာမှာ ဆက်လက်၍ မြင့်တက်လာလိမ့်မည်။

ဂျာမီနယ်အဖွဲ့အစည်းက ပြီးဆုံးသွားပြီ၊ ရေပင်လယ်ဂြိုလ်မှာ ရန်သူမရှိတော့ဘူး။ နဂါးငွေ့တန်းအတွက် ငြိမ်းငြိမ်းချမ်းချမ်း ပြင်ဆင်နိုင်ပြီ။ ရေပင်လယ်ဂြိုလ်မှ ထွက်ခွာရန် အခွင့်အရေးသည် တစ်နှစ်ခန့်အတွင်း ဖြစ်လိမ့်မယ်၊ ပရိုလိဂ်ကျင်းပမယ့် အချိန်လောက်ပဲ။ ဒီကာလအတွင်းကတော့ အတော်လေး အေးချမ်းနေလိမ့်မယ်။ ဒါကြောင့် ငါနဲ့ ထိတွေ့ဆက်ဆံမယ့် ကစားသမားတွေ Galaxy မှာ အများကြိးရှိမှာ မဟုတ်ဘူးဆိုတော့ တတ်နိုင်သလောက် အတွေ့အကြုံအမှတ် များများရဖို့ လိုတယ်။

ရန်သူမရှိတော့ဘဲ ဟန်ရှောင်းရုတ်တရက် သက်သာရာရသွားသလို ခံစားရသည်။

ဗားရှင်း ၁.၀ သည် သုံးနှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်သည်။ သူသည် တစ်နှစ်ကျော်ကြာအောင် လုံးဝစောင့်နိုင်ခဲ့သည်။ မကြာမီ ဘေးဒုက္ခရောက်လာမည်ကို မသိသော နိုင်ငံခြောက်ခုသည် ယခုအချိန်တွင် အောင်ပွဲခံနေကြပါသည်။ နျူကလီးယားပေါက်ကွဲမှုသည် ဗီဇပြောင်းလဲခြင်းဘေး၏ စွမ်းအားကို အားကောင်းစေနိုင်ပြီး ထိုသို့သာဆိုလျှင် ဟန်ရှောင်းသည် သူတို့အတွက်သာ ငိုကြွေးပေးရုံသာ တတ်နိုင်သည်။

လာမည့်ရက်အနည်းငယ်တွင် ဟန်ရှောင်းသည် အနာဂတ်ကို ဆွေးနွေးရန် Dark Net အဆင့်မြင့်အစည်းအဝေးများတွင် ပါဝင်ခဲ့၏။

အချိန်အများစုတွင် သူသည် စောင့်ကြည့်ရုံမျှသာဖြစ်ပြီး အကြံဉာဏ်များ ပေးခဲသော်လည်း အစည်းအဝေးရှိလူတိုင်းက သူ့ကို အလွန်အလေးအနက်ထားကြသည်။ Dark Net တွင် အင်အားအကောင်းဆုံး၊ ဂျာမီနယ်အဖွဲ့အစည်းပြိုလဲခြင်း၏ နောက်ကွယ်မှ သခင်အဖြစ် ဟန်ရှောင်း၏ နာမည်နှင့် ရာထူးသည် အခြားသူများထက် သာလွန်ခဲ့သည်။ သူ၏အောင်မြင်မှုများနှင့်အတူ ဟန်ရှောင်းသည် သူသွားလေရာရာ၌ တူညီသောဆက်ဆံမှုကို ခံယူရလိမ့်မည်။

ကစားသမား ဖိုရမ်များတွင်၊ ဤမျှကြီးမားသော အဓိကဇာတ်ကြောင်း၏ အဆုံးသတ်သည် လူအများအာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။ ဤကဲ့သို့ ကြီးမားသော အတိုင်းအတာတစ်ခုတွင် ကစားသမားများ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရသည့်အတွက် အလွန်စိတ်လှုပ်ရှားနေကြသည်။ နူကလီးယားပေါက်ကွဲမှုကို သူတို့ကိုယ်တိုင် မျက်စိနဲ့မြင်ပြီး မှတ်တမ်းတင်ထားသည့် ကစားသမားတချို့လည်း ရှိခဲ့၏။ ဒါတွေအားလုံးကို ဖြစ်စေခဲ့သည့် ဟန်ရှောင်းသည် သူတို့၏အာရုံစိုက်မှုကို ထပ်မံရရှိခဲ့သည်။ ကစားသမားများသည် ဟန်ရှောင်း၏အတွေ့အကြုံများကို ခန့်မှန်းနေကြပြီး ဟန်ရှောင်း၏ ကျော်ကြားမှုကို တစ်ဖန်ပြန်လည်တိုးပွားစေသည်။

စစ်ပွဲအပြီးတွင်၊ ဂျာမီနယ်အဖွဲ့အစည်းကစားသမားများသည် ၎င်းတို့၏အဖွဲ့အစည်းကို ဆုံးရှုံးခဲ့ပြီး ထပ်မံရွေးချယ်ရန် အခွင့်အရေးရှိခဲ့သည်။ သူတို့က အန်ဒရီရာကို ဒုက္ခသည်တွေနဲ့အတူ ထွက်ခွါလာပြီး ဘယ်တိုက်ကို သွားမယ်ဆိုတာ ရွေးချယ်နိုင်ခဲ့၏။ ကြိုတင်သဘောတူညီချက်မရှိဘဲ၊ ဂျာမီနယ်အဖွဲ့အစည်း ကစားသမားဟောင်း ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးသည် တောင်ပိုင်းတိုက်ကြီးသို့သွားရန် ရွေးချယ်ခဲ့ကြသည်။

"Black Phantom ငါတို့လာနေပြီ!"

ဂျာမီနယ်အဖွဲ့အစည်းမှ ကစားသမားဟောင်းများသည် ဝမ်းသာအားရ မျက်ရည်များ ကျလုမတတ် ငိုကြွေးကာ ခက်ခဲစွာ အချိန်အကြာကြီး ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် ၎င်းတို့သည် အလင်းရောင်ကို မြင်လိုက်ရသည်။ တခြားကစားသမားတွေက ဟန်ရှောင်း၏ အကျိုးကျေးဇူးများကို ကြွားဝါနေသည် မြင်ရသည့်အခါ သူတို့ ဘယ်လောက် ခါးခါးသီးသီး ခံစားခဲ့ရသည်ကို ဘယ်သူ နားလည်နိုင်မှာလဲ။

ဘာလို့ ဂျာမီနယ်အဖွဲ့အစည်းမှ ကစားသမားဟောင်းများ အားလုံး မဟုတ်တာလဲ။

အခြားသုံးဆယ်ရာခိုင်နှုန်းတွင်၊ အများစုမှာ ဂျာမီနယ်အဖွဲ့အစည်းဌာနချုပ်မစ်ရှင်တွင် ပါဝင်ခဲ့ကြသောကြောင့် ဟန်ရှောင်းနှင့် ၎င်းတို့၏ဆက်ဆံရေးအမှတ်များမှာ -၁၀ ထက်နည်းနေသည်။

ချီးပဲ ဂျာမီနယ်အဖွဲ့အစည်း၊ ငါ့အနာဂတ်ကို ပြန်ပေး။

…

လေယာဉ်သည် ခိုလှုံရေးစခန်း ၃တွင် ဆင်းသက်လာသည်။ ဟန်ရှောင်းလေယာဉ်ပေါ်မှ ဆင်းလာစဉ် ဟွမ်ယုက သူပြောစရာရှိသကဲ့သို့ သူ့ထံသို့ ချဉ်းကပ်လာ၏။

"ဘာလဲ?" ဟန်ရှောင်သည် ဟွမ်ယု၏ တုံ့ဆိုင်းမှုကို သတိပြုမိသည်။

ဟွမ်ယုက သူ့လည်ချောင်းကို ရှင်းလိုက်ပြီး "လူကြီးမင်း၊ မင်းရဲ့ မိသားစုဝင်တွေက မင်းဆီ လာလည်ဖို့ ဒီမှာရောက်နေတယ်"

ငါ့မိသားစု? ဟန်ရှောင်းခဏကြာ အံ့အားသင့်သွားပြီးနောက် ၎င်းမှာ အလူမီရာမိသားစုဖြစ်ကြောင်း သူသိလိုက်သည်။

အချို့သော တွေးတောမှုများဖြင့် စစ်ပြီးသောအခါ သူသည် အလူမီရာ၏ အပြင်ဘက်မှ တစ်စုံတစ်ယောက် ဖြစ်သော်လည်း အလူမီရာ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူသည် ကမ္ဘာတဝှမ်းလုံးတွင် ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ဟုတ်ပါသည်၊ အလူမီရာက သူ့အမြင်ကို သိချင်ပြီး သူတို့မှာရှိနေသည့် ဤဆက်ဆံရေးကို အသုံးပြုပြီး သူ့ကို အားကိုးချင်ကြသည်။

ဟန်ရှောင်းက မျက်ခုံးပင့်လိုက်ပြီး "သူ့ကို လာတွေ့ဖို့ ပြောလိုက်ပါ"

ဆယ်မိနစ်အကြာတွင် ရှောင်ချွမ်သည် ဟွမ်ယုဧည့်ခန်းမထဲသို့ လိုက်သွားသည်။ သူသည် ဟန်ရှောင်းထံ သွားရောက်လည်ပတ်ရန် အလူမီရာမှ စေလွှတ်သောတမန်ဖြစ်ပြီး ရှောင်ကျင်း၏ မွေးစားသားသမီးများထဲမှ တစ်ယောက်ဖြစ်သည်။ ပြောရလျှင်၊ သူသည် ဟန်ရှောင်း၏အစ်ကိုဖြစ်သည် - သူတို့ကို 'မိသားစု' ဟုခေါ်သည်။

ရှောင်ချွမ်သည် အခြားသော မွေးစားကလေးများနှင့် ယှဉ်လျှင် ထူးချွန်ပြီး အခြေအနေများကို အကဲဖြတ်နိုင်သောကြောင့် ယခုတစ်ကြိမ်တွင် တမန်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ဟန်ရှောင်း၏ ကိုယ်ရေးကိုယ်တာအမှန်ကို ဖော်ထုတ်လိုက်သောအခါတွင် မိသားစုရှိ ညီအစ်ကိုညီအစ်မများစွာက ၎င်းကို မယုံနိုင်ဖြစ်ခဲ့ကြသည်။ ဟန်ရှောင်းသည် သူတို့၏ အကြီးအကဲဖြစ်သည်ကို သိလိုက်ရသောအခါ အချို့ကပင် ဒေါသတကြီးပင် ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ရှောင်ချွမ်သည် ထိုကဲ့သို့သော ခံစားချက်မျိုး မခံစားဝံ့ဘဲ လက်ရှိအခြေအနေကို သူကောင်းစွာ သဘောပေါက်ထားသည်။ သူတို့အရင်က ဟန်ရှောင်း' ကို အရင်ကကဲ့သို့ မကြည့်နိုင်ဘဲ သူ့မွေးချင်းတွေ ဘယ်လောက် ဒေါသဖြစ်နေကြတာကိုမြင်တော့ ရှောင်ချွမ်က သူတို့သည် သေခြင်းတရားဆိုတာ ဘာလဲ မသိဘူးလို့ ခံစားရတယ်။

Black Phantom တစ်ယောက်တည်းသည် အလူမီရာတစ်ခုလုံးထက် သာလွန်ကောင်းမွန်ပြီး မလေးစားမှုလည်း မပြဝံ့ပေ။

ရှောင်ချွမ်သည် ဟန်ရှောင်း၏ အမြင်နှင့် ပတ်သက်၍ ဟွမ်ယုထံမှ အရိပ်အမြွက်ရယူလိုသော်လည်း ဟွမ်ယုနှင့် စကားစမြည်ပြောရန် နှုတ်ဆိတ်နေခဲ့သည်။ ဟွမ်ယုက သူ့ကို သိပ်ဂရုမစိုက်တာကြောင့် ရှောင်ချွမ်က ပိုလို့တောင် ကြောက်ရွံ့လာခဲ့တယ်။

"ငါတို့ရောက်ပြီ၊ ဝင်သွားလိုက်"

ဧည့်ခန်းမတံခါးပွင့်လာပြီး ရှောင်ချွမ်သည် ဆိုဖာပေါ်တွင် သစ်တုံးများကိုင်ဆောင်ကာ ထိုင်နေသော ဟန်ရှောင်းကို ချက်ချင်းပင် မှုန်ကုပ်ကုပ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှောင်ချွမ်သည် အသက်ရှုကြပ်ပြီး မထိန်းနိုင်တော့ပေ။

"ရှောင်-ဟန်ရှောင်းမတွေ့ရတာကြာပြီ" ရှောင်ချွမ်က သူ့ကိုယ်သူ အားတင်းထားလိုက်ပြီး လေထုကို သက်တောင့်သက်သာ ဖြစ်စေလို၍ နှုတ်ဆက်လိုက်သည်။

"ငါ့ကို ဟန်ရှောင်းလို့ ခေါ်ပါ" ဟန်ရှောင်းက အေးစက်စက်ပြောသည်။

ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်သလို ရှောင်ချွမ်လည်း ကြောက်လန့်နေပေမယ့် လိုက်နာရပေမည်။

"မင်းတစ်ယောက်တည်းလား?" ဟန်ရှောင်းက မျက်ခုံးပင့်ပြီး "အလူမီရာက ငါ့ကို ဘာအတွက် လိုချင်တာလဲ?"

ရှောင်ချွမ်က စကားလုံးတွေကို သေသေချာချာ စီစဉ်ပြီး "ဟန်ရှောင်း၊ ဖေဖေက မင်းအကြောင်း အမြဲတွေးနေခဲ့တာ။ သူက မင်းကိုတွေ့ချင်နေပြီး မင်းပြန်လာနိုင်မယ်လို့ မျှော်လင့်နေတယ်။ အရင်က စိတ်ညစ်စရာတွေ အားလုံးကို ရှင်းပြနိုင်တယ်”

ဟန်ရှောင်းက တိတ်ဆိတ်နေပြီး ရှောင်ချွမ်ကို မယိမ်းယိုင် စိုက်ကြည့်နေတယ်။ ရှောင်ချွမ်သည် ဟန်ရှောင်း၏ မျက်လုံးများမှ ဖိအားများကို ခံစားလိုက်ရပြီး အောက်သို့ ငုံ့ကြည့်ရင်း နဖူးမှ ချွေးသီးများ လိမ့်ဆင်းလာသည်။

"သူက ငါ့ကို ဟိုကိုသွားစေချင်တာလား" ဟန်ရှောင်းမတ်တပ်ထရပ်ပြီး ရှောင်ချွမ်ရှိရာသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် တိုက်ခိုက်တော့မည်ကဲ့သို့ လျှောက်သွားလိုက်သည် ။ ရှောင်ချွမ်သည် အရှိန်အဝါကြောင့် လုံးဝ ဖိနှိပ်ခံနေရ၏။ ဟန်ရှောင်းလုပ်ခဲ့တဲ့ အရာတွေကို တွေးရင်း ထိတ်လန့်တကြား ခံစားချက်က သူ့နှလုံးသားကို လွှမ်းခြုံသွားတယ်။ သူ နောက်ပြန်ဆုတ်ပြီး ကုလားထိုင်ကို ဝင်တိုက်မိကာ ဟန်ချက်ပျက်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ သူ အလျင်စလို မတ်တပ်ရပ်ချင်သော်လည်း အရိပ်တစ်ခု ရုတ်တရက် ဖုံးလွှမ်းသွားသည်။ ဟန်ရှောင်းသည် သူ့အိတ်ကပ်ထဲ လက်ထည့်ထားပြီး သူ့ကို ငုံ့ကြည့်နေ၏။ ဟန်ရှောင်း၏ မျက်လုံးများသည် ရှောင်ချွမ်တုန်လှုပ်သွားစေသည့် အပ်များကဲ့သို့ပင်။ သူသည် မြေပြင်ပေါ်တွင် တဝက်ခန့် ဒူးထောက်ကာ ထိတ်လန့်တကြားဖြစ်နေပြီး မလှုပ်ရှားဝံ့တော့ပေ။

“မင်းတို့က အခြေအနေကို နားမလည်နိုင်တဲ့ပုံပဲ။ ရှောင်ကျင်းက ငါ့ကို တွေ့ချင်ရင် ဒီကို သူကိုယ်တိုင် ဒီကိုလာတာ ပိုကောင်းလိမ့်မယ်” လို့ ဟန်ရှောင်းက ရုတ်တရက် သူ့လက်တွေကို ရှောင်ချွမ်ဆီကို လှမ်းဆွဲလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

ငါတော့သွားပြီ... သူငါ့ကို သတ်ချင်နေတယ်! ရှောင်ချွမ်၏ မျက်နှာသည် လုံးဝကြောက်လန့်သွားပြီး သူ့ဦးနှောက်သည် ဗလာဖြစ်သွား၏။

ရုတ်တရက် သူ့ပခုံးပေါ်မှ တွန်းအားတစ်ခုကို လက်တစ်ဖက်က ခံစားလိုက်ရပြီး သူ့ကို ဆွဲထူလိုက်သည်။

ရှောင်ချွမ်က ဆွဲထူခံလိုက်ရပြီး ဟန်ရှောင်းက သူ့အတွက် ဖုန်ခါပေးလိုက်သလိုမျိုး သူ့ပခုံးကို အသာပုတ်လိုက်တယ်။ "ငါပြောတာကို သူတို့ကို အတိအကျပြောပြလိုက်"

ဘေးမှာစောင့်နေတဲ့ ဟွမ်ယုက တံခါးကိုဖွင့်ပြီး သူ့လက်တွေကို ညွှန်ပြပြီး ခံစားချက်မရှိသော မျက်နှာဖြင့်“ဒီဘက်ကိုလာပါ၊ ကျေးဇူးပြုပြီး”

ရှောင်ချွမ်သည် အသိပြန်ဝင်လာသည်။ သူ မနေရဲတော့ဘဲ ထွက်ပြေးသွားသလိုမျိုး ထွက်သွားသည် ။

ဟန်ရှောင်းသည် ဆိုဖာပေါ်ပြန်ထိုင်ကာ စဉ်းစားနေမိသည်။ 'မိသားစု' ဆက်ဆံရေးကို အသုံးပြု၍ ငါ့အကူအညီကို လိုချင်တာကြောင့် အလူမီရာက လာရောက်လည်ပတ်ခဲ့ပေမယ့် ငါ့မှာ သူတို့ကို လုပ်ခိုင်းဖို့ လိုအပ်တဲ့ အရာတစ်ခုပဲ ရှိတယ်။ တကယ်လို့ ငါက အလူမီရာကို ခိုလှုံရေးစခန်း ၃ကို ပြောင်းရွှေ့နိုင်ရင် ဒီနေရာမှာ NPC အရင်းအမြစ်တွေက ပိုပြီးကြီးမားလာလိမ့်မယ်...

...

တစ်ဖက်တွင် ရှောင်ချွမ်ထွက်သွားပြီးနောက် တုန်တုန်ယင်ယင်ဖြင့် ရှောင်ကျင်းအား အခြေအနေကို သတင်းပို့လိုက်သည်။

"သူ- သူက အဖေ့ကို ဒီကို ကိုယ်တိုင်လာစေချင်တယ်။"

ရှောင်ကျင်း၏ အမူအရာသည် ပြောင်းလဲသွားပြီး သက်ပြင်းရှည်ကို ထုတ်လိုက်သည်။ “တန်ရာတန်ကြေးပေးဖို့ ပြင်ဆင်ပါ…”

ထိုအချိန်က ဟန်ရှောင်းသည် မျက်နှာဖုံးကို ၀တ်ဆင်ထားသော်လည်း သူ၏အမည်ကို မသိခဲ့ကြပေ။ ညှိနှိုင်းရန် နေရာရှိသေးသည်။ ယခုတွင် သူ၏ အထောက်အထားအစစ်အမှန်ကို ဖော်ထုတ်လိုက်သောကြောင့် ၎င်းတို့ကြားရှိ ပြဿနာတိုင်းကို စားပွဲပေါ်တွင် ထားရှိပြီး ဖြေရှင်းရမည်ဟု ဆိုလိုပြီး အလူမီရာသည် အားနည်းသူ ဖြစ်သောကြောင့် သူတို့က နောက်ဆုတ် အလျှော့ပေးရမည်ဖြစ်သည်။

ရှောင်ကျင်းသည် သူ့ဘေးနားရှိ ရှောင်ဟိုင်ကိုကြည့်ကာ "တောင်းပန်ဖို့ ကိုယ့်ကိုကိုယ် ပြင်ဆင်ထား!"

ရှောင်ကျင်းက ပြန်ထွက်သည့်အချိန်တွင် တံခါးကို ထိုးလိုက်ပြီး ကြောက်ရွံ့နေတဲ့ မျက်နှာနှင့် ရှောင်ဟိုင်ကို အခန်းထဲမှာ တစ်ယောက်တည်း ထားခဲ့လိုက်သည်။

All Chapters