← Chapters

စီးပွားရေးကဏ္ဍသစ် (၂)

Vol. 20 Ch. 289

စီးပွားရေးကဏ္ဍသစ် (၂)

Vol. 20 Ch. 289

နောက်တစ်နေ့တွင် ဟန်ရှောင်းသည် (ဒန်ဂျင်)မစ်ရှင်များကို တရားဝင် စတင်ဖြန့်ဝေလိုက်သည်။ ခိုလှုံရေးစခန်းရှိ ကစားသမားများ အံ့အားသင့်သွားကြသည်။

“Black Phantom မှာ (ဒန်ဂျင်)မစ်ရှင်လည်း ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ အဲဒါတွေ အရင်က ဘာလို့ မပေါ်လာတာလဲ"

“ဂျာမီနယ်အဖွဲ့အစည်းရဲ့ အဓိက ဇာတ်ကြောင်းဟာ မကြာသေးခင်ကပဲ ပြီးဆုံးသွားတယ်။ အဲဒီအထဲမှာ မပါဝင်ခဲ့တဲ့ ငါတို့ကို (ဒန်ဂျင်)ပုံစံကနေတစ်ဆင့် ပါဝင်ခွင့်ပေးလိုက်တာ ဖြစ်နိုင်သလို ဟန်ရှောင်းက အဲဒီ(ဒန်ဂျင်)ကို ဝင်ခွင့်ပေးတဲ့သူပဲ။”

"အဲဒါဆိုရင်တော့ တော်တော်ကောင်းပါတယ်။"

ခိုလှုံရေးစခန်းရှိ ကစားသမားများသည် စစ်ပွဲ၏ အဓိကဇာတ်ကြောင်းတွင် မပါဝင်ခဲ့ကြပေ။ သေချာပေါက် နောင်တရစရာတွေ ရှိခဲ့၏။ ယခုတော့ ဟန်ရှောင်းသည် ပြီးပြည့်စုံသော ပင်မဇာတ်ကြောင်းနှင့် ဆက်စပ်နေသော (ဒန်ဂျင်)တစ်ခုကို ဖြန့်ဝေလိုက်သောကြောင့် ထိုနောင်တများကို ဖြည့်ဆည်းပေးနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်သည်မှာ သေချာသည်။

ကစားသမားများ ဝိုင်းအုံလာသော်လည်း ဟန်ရှောင်းသည် ယခုတစ်ကြိမ် အလကားမပေးချေ။

သူသည် ဆုလာဘ်အဖြစ် (ဒန်ဂျင်)သလင်းကျောက်တစ်ခုဖြင့် မစ်ရှင်တစ်ခုကို သတ်မှတ်ခဲ့သည်။ ၎င်းသည် 'ပံ့ပိုးကူညီမှုအမှတ်' ဟုခေါ်သော အရာတစ်ခု လိုအပ်သည်။ ဤမစ်ရှင်ကို လက်ခံပြီးနောက်၊ ဟန်ရှောင်းထံမှ မည်သည့်အရာကိုမဆို ဝယ်ယူခြင်းဖြင့် ပံ့ပိုးကူညီမှုအမှတ်များ တိုးလာမည်ဖြစ်သည်။

(ဒန်ဂျင်)သလင်းကျောက်များကို ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက်အကျိုးအမြတ်များ မထုတ်ပေးနိုင်ခြင်းတို့ကြောင့် သူ့နည်းလမ်းကို ပြောင်းလဲလိုက်သည်။ သူသည် မစ်ရှင်လိုအပ်ချက်ကို ကျပန်းသတ်မှတ်နိုင်သောကြောင့် ကစားသမားများ သူ့ထံမှ ပစ္စည်းများ ဝယ်ယူအားပေးရန် (ဒန်ဂျင်)သလင်းကျောက်ကို အပိုဆုကြေးများကဲ့သို့ တစ်ခုခုဖြစ်စေခဲ့သည်၊ တစ်နည်းအားဖြင့် သူ၏ရောင်းအားကို တိုးလာစေမည်ဖြစ်သည်။

သုံးစွဲရန်စီစဉ်ထားပြီးသော ကစားသမားများသည် လမ်းခရီးတွင် (ဒန်ဂျင်)မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်ကို တွေ့ပြီးနောက် သုံးစွဲရန် ပို၍ပင် ဆန္ဒရှိမည်ဖြစ်သည်။ (ဒန်ဂျင်)မစ်ရှင်ကို ပြီးအောင်လုပ်ချင်သည့် ကစားသမားများသည် သူ့ဆီကနေ လာဝယ်ကြလိမ့်မည်၊ သူရောင်းတဲ့ပစ္စည်းများက အကုန်အကျမများကြောင်း သိလိုက်ကြပြီး ထောင်ချောက်ထဲကို ကျရောက်သွားကာ သံသရာလည်သွားတော့သည်။

ဒါက ပရိုမိုးရှင်းနည်းလမ်းတစ်ခု ဖြစ်သည်။

အကျိုးသက်ရောက်မှုက အရမ်းရှင်းလင်း၏။ ဟန်ရှောင်းကို ပထမဆုံးအကြိမ် စမ်းသပ်ကြည့်သောအခါ ထိုနေ့အတွက် သူ့ရဲ့ ရောင်းအားသည် သုံးဆယ်ရာခိုင်နှုန်း တိုးသွားသည်။ ရလဒ်တွေက အရမ်းကောင်းသည်။

အထင်ရှားဆုံးသော သက်ရောက်မှုမှာ ဟန်ရှောင်း၏ ပတ်ဝန်းကျင် ဧရိယာသည် မြေအောက်ရထား ဘူတာရုံများထက် ပို၍စည်ကားလာပြီး၊ ရွေ့လျားရန် ခဲယဉ်းသွားခြင်း ဖြစ်သည်။

(ဒန်ဂျင်)သလင်းကျောက် ကိုရပြီးနောက်၊ ကစားသမားများသည် သူတို့၏သူငယ်ချင်းများကိုခေါ်ကာ (ဒန်ဂျင်)သို့ဝင်ရောက်ရန် အဖွဲ့များကိုဖန်တီးလိုက်သည်။ သူတို့၏ လုပ်ငန်းစဉ်၏ အတွေ့အကြုံသည် အခြေခံအားဖြင့် - ရွှင်လန်းစွာ ဝင်ရောက်သွားပြီး၊ သေဆုံးပြီးနောက် အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးမှုများဖြင့် ပြန်ထွက်လာသည်။

အနိုင်ရမည့် ပန်းတိုင်မှာ အဆုံးထိ ရှင်သန်ဖို့ဖြစ်သည်။ အစတွင် လူတိုင်းသည် အဆုံးသို့မရောက်ရှိမီ သေဆုံးသွားကြသည်။ နောက်နှစ်ရက်အကြာတွင် တစ်စုံတစ်ဦးသည် နောက်ဆုံးတွင် (ဒန်ဂျင်)ကို ပြီးမြောက်ခဲ့သော်လည်း ပြီးစီးမှုနှုန်းမှာ သနားစရာကောင်းလှ၏။ သူတို့သည် ရွေးချယ်ခွင့် မစ်ရှင်များကို တစ်ခုမှ ပြီးမြောက်ခြင်းမရှိဘဲ အနိမ့်ဆုံး ပြီးစီးမှုနှုန်းဖြင့် (ဒန်ဂျင်)ကို ပြီးမြောက်ခဲ့သည်။

ရွေးချယ်နိုင်သောမစ်ရှင်လေးခုသည် အမြင့်ဆုံးဆုလာဘ်များဖြစ်သည်။ သူတို့သည် (ဒန်ဂျင်)သလင်းကျောက်ကိုရယူရန် ငွေကိုသုံးစွဲခဲ့ကြသော်လည်း အနိမ့်ဆုံးသော (ဒန်ဂျင်)ဆုလာဘ်ကိုသာ ရရှိခဲ့ကြသည်။ ဒါက အရှုံးပေါ်ခြင်းဖြစ်ပြီး ကစားသမားများ စိတ်ပျက်နေကြသည်။

ရွေးချယ်ခွင့်မစ်ရှင်များနှင့် ပြီးမြောက်ရေးပန်းတိုင်ကြားတွင် အခက်အခဲကွာခြားချက်မှာ ကြီးမား၏။

"ဒီ(ဒန်ဂျင်)က ကစားလို့တောင် ရရဲ့လား"

“Black Phantom က ငါ့ကို ရှစ်ကြိမ်မြောက်အောင်သတ်ခဲ့တယ်။ ငါ့စိတ်တွေ ပင်ပန်းနေပြီ…”

ကစားသမားများသည် ညည်းညူခြင်း၊ (ဒန်ဂျင်)၏ သတင်းအချက်အလက်များနှင့် မှတ်တမ်းတင်ခြင်းများကို မျှဝေတို့ကိုသာ ပြုလုပ်နိုင်ပြီး တစ်စုံတစ်ဦးက တစ်ခုခုကို ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်နေကြသည်။

"အကြိမ်ပေါင်းများစွာ သေပြီးသွားတော့ ငါတစ်ခု ကောက်ချက်ချနိုင်တယ်... မင်း စခန်းမှူးရဲ့ အမိန့်ကို နားထောင်ရင် မင်းသေလိမ့်မယ်"

“ရွေးချယ်ခွင့်ရှိတဲ့ မစ်ရှင်တွေကို ဘယ်လို ပြီးအောင်လုပ်မလဲ။ ဒါက တကယ်ပဲ အဆင့် ၃၀ (ဒန်ဂျင်)လား"

စွမ်းရည်မြင့်ကစားသမားတစ်ဦးသည် သတင်းအချက်အလက်များကို စီစဉ်ပေးပြီး ရွေးချယ်နိုင်သောမစ်ရှင်ငါးခုမှ (ဒန်ဂျင်)ဇာတ်ကြောင်းကို ပိုင်းခြားစိတ်ဖြာခဲ့သည်။

“ဇာတ်လမ်းရဲ့ အကြမ်းဖျင်းက ဒီလိုဖြစ်ရမယ်။ (ဒန်ဂျင်)ရဲ့ ပထမညမှာ ဟက်စ်လာအေးဂျင့်တွေက အခြေစိုက်စခန်းရဲ့ သတင်းအတုတွေကို ပေါက်ကြားစေတယ်။ ဒုတိယညမှာ Black Phantom က ကင်းသမားတွေကို စနိုက်ပါနဲ့ ပစ်၊ အမည်မသိ နည်းလမ်းတွေနဲ့ အခြေစိုက်စခန်းကို စိမ့်ဝင်သွားပြီး သတင်းအချက်အလက် အစစ်တွေကို ခိုးယူသွားပါတယ်။ အဲဒီညက မစ်ရှင်နံပါတ် ၂ကို ပြီးမြောက်ဖို့ သော့ချက်ပဲ။ အဲဒီနောက် အခြေစိုက်စခန်းက သတိပေးချက်ဝင်လာပြီး Black Phantom ရဲ့ တည်နေရာကို ရှာဖွေကြတယ်။ ပြီးတဲ့အခါ လိုက်ရှာဖမ်းတာ ဖြစ်လာပြီး ရှုံးနိမ့်သွားကြရော။ အဲဒီနောက်မှာတော့ ဟက်စ်လာတပ်ဖွဲ့ဝင် အများအပြားရောက်လာပြီး ထိပ်တိုက်တိုက်ပွဲ စတင်တော့တယ်။ ဒီနေရာမှာ မစ်ရှင်နံပါတ် ၁ကို အပြီးသတ်ဖို့ အခွင့်အရေးရှိတယ်။ အဲဒီနောက် အားလုံးဝိုင်းရံခံရပြီး အခြေစိုက်စခန်းကို ခုခံကာကွယ်ကြတယ်၊ နောက်ဆုံးမှာ အခြေစိုက်စခန်း ပေါက်ကွဲသွားတယ်။ ဒီအချိန်အထိ အသက်ရှင်နေသေးရင် (ဒန်ဂျင်)ပြီးမြောက်တယ်လို့ ယူဆလို့ရမယ်။”

ထိုနေရာတွင် ဇယားများနှင့် မှတ်တမ်းများကို စာရင်းပြုစုထားပြီး (ဒန်ဂျင်)ဇာတ်လမ်း၏ ခြေလှမ်းတိုင်းတွင် မှတ်သားရမည့်အရာများကို ပြသကာ နောက်အကြောင်းအရာတစ်ခုသို့ ဆက်သွားသည်။

“သေချာပါတယ်၊ ဒီကိစ္စမှာ၊ ကျန်တဲ့ ရွေးချယ်စရာ မစ်ရှင်နှစ်ခုကို အပြီးသတ်ဖို့ အခွင့်အရေး မရှိဘူး။ ငါ ရဲရဲကြီး မှန်းဆချက်တွေအရ၊ ဒီ(ဒန်ဂျင်)မှာ လမ်းကြောင်းနှစ်ခု ရှိနိုင်တယ်၊ တစ်ခုက ငါတို့ တွေ့ကြုံခဲ့ရတဲ့ လမ်းကြောင်းဖြစ်ပြီး ကျန်တဲ့တစ်ခုက နောက်ဆုံး ရွေးချယ်နိုင်တဲ့ မစ်ရှင်နှစ်ခုနှင့် သက်ဆိုင်တယ်၊ အဲဒါက ဘယ်သူမှ အစပျိုးခြင်း မရှိသေးတဲ့ လျှို့ဝှက်ဇာတ်လမ်းတစ်ပုဒ်ပဲ။

“ရန်သူကို အနိုင်ယူပြီး ဆုတ်ခွာဖို့အတွက် ထောက်လှမ်းရေးကနေ ချဉ်းကပ်ရမယ်လို့ ကျွန်တော် ခံစားရတယ်။ စုံစမ်းစစ်ဆေးပြီး အခွင့်အလမ်းသစ်တစ်ခုကို သတိပြုမိတယ်၊ (ဒန်ဂျင်)တရားဝင်မစတင်မီ ကြိုတင်ပြင်ဆင်ဖို့ ဆယ်မိနစ်လောက်ရတယ်။ အဲဒါက ဟက်စ်လာအေးဂျင့်တွေ စပြီးမလှုပ်ရှားမီအချိန်ပဲ။ ဒါကို တားဆီးနိုင်ပြီး သတင်းမပေါက်ကြားဘူးဆိုရင် (ဒန်ဂျင်)ဇာတ်ကြောင်းက ကွဲပြားသွားနိုင်တယ်။ ဒါပေမယ့် ဒီတိုက်ပွဲက အရမ်းခက်ခဲတဲ့ တိုက်ပွဲဖြစ်တယ်၊ ဘယ်သူမှ မအောင်မြင်သေးဘူး။

"နောက်ဆုံးအနေနဲ့ ကစားသမားတိုင်းကို Black Phantom နဲ့ ထိတွေ့မှု မရှိပါစေနဲ့လို့ သတိပေးချင်ပါတယ်။ သူနဲ့တွေ့ပြီးတာနဲ့ သေဖို့ကများပါတယ်။”

ကစားသမားများသည် (ဒန်ဂျင်)များကို အလွန်စိတ်အားထက်သန်ကြသည်။ ဖိုရမ်များတွင် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ပို့စ်များ အမျိုးအစားအားလုံး ရှိနေသည်။ ဟန်ရှောင်းသည် (ဒန်ဂျင်)က ဘယ်လိုပုံစံလဲဆိုတာ မသိခဲ့ပေ။ သူသည် ထိုပွဲတော်ကို ရွေးချယ်ခဲ့သော်လည်း မစ်ရှင်ကို အလိုအလျောက် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူသည် ကစားသမားများ တွေ့ကြုံခဲ့ရသည်ကို သိရန် ဖိုရမ်များပေါ်တွင် မျှဝေထားသည့် ဗီဒီယိုများကို မြင်တွေ့ရသည်။

ကစားသမားများသည် ကျီးနက်တောင်ကြားစခန်း၏ ဘက်တွင်ရှိသည်။ ငါ့ဘက်မှာဆိုရင် (ဒန်ဂျင်)က အရမ်းလွယ်မှာမဟုတ်လား။

ဟန်ရှောင်းသည် ဘာပြောရမှန်းမသိ ဖြစ်နေ၏။ ရုတ်တရက် သူတစ်ခုကို အလင်းရသွားသည်။

ဒါလည်း ကောင်းပါတယ်။ အခက်အခဲပိုများတဲ့ (ဒန်ဂျင်)တွေမှာ ပိုများတဲ့ဆုလာဘ်တွေ ရှိတာပဲ၊ ဒါမှ ကစားသမားတွေက အချိန်ကြာကြာ စိတ်အားထက်သန်လိမ့်မယ်။ ဒါက ငါ့အပေါ် အခြေခံထားတာဆိုတော့ ငါ့ထက် ဘယ်သူမှ ဒီဇာတ်လမ်းရဲ့ အဓိကအချက်တွေကို မသိကြဘူး။ ဒီအားသာချက်ကို အသုံးချပြီး မစ်ရှင်ပြီးမြောက်အောင် ကူညီနိုင်တဲ့ အထူးဖန်တီးထားတဲ့ စက်ယန္တရားတွေကို ဖန်တီးပြီးကစားသမားတွေဆီ ရောင်းချလို့ရတာပဲ။

ကစားသူများသည် (ဒန်ဂျင်)မှ အကျိုးကျေးဇူးများလေလေ၊ သူလည်း ပို၍အကျိုးများလေဖြစ်သည်။ သူ့ရည်ရွယ်ချက်က (ဒန်ဂျင်)ကြောင့် ကစားသမားအားလုံး စိတ်ဓာတ်ကျစေဖို့ မဟုတ်ပေ။ ထို့အပြင် သူသည် ကစားသမားတွေကို ကူညီဖို့ စက်ယန္တရားတွေကို ရောင်းချခြင်းဖြင့် နောက်တစ်ကြိမ် ငွေရှာနိုင်သေးသည်။

ဒါက စီးပွားရေးအခွင့်အလမ်းပဲ။

ဟန်ရှောင်းသည် လက်တွေ့လုပ်ဆောင်သူ ဖြစ်သည်။ သူသည် နောက်နေ့တွင် ပစ်မှတ်ထားသော စက်ယန္တရားများကို ထုတ်လုပ်တော့သည်။ စနိုက်ပါပစ်ခတ်မှုမှ ကာကွယ်သည့် အထူးပြုလုပ်ထားသည့် ဦးထုပ်တစ်လုံးနှင့် သစ်တောအတွင်း လှုပ်ရှားမှုကို အရှိန်မြှင့်ပေးသည့် ကိရိယာတစ်ခု ရှိသည်။ ထိုကိရိယာများ ထွက်လာသည်နှင့် နှိပ်စက်ခံနေရသော ကစားသမားများက ချက်ချင်း သဘောကျသွားပြီး ထုတ်ကုန်တွေ ချက်ချင်း ရောင်းကုန်သွား၏။

ဝယ်လိုအားများလာသောအခါ စျေးကွက်အလားအလာတွေ ရှိလာမည်။

ဟန်ရှောင်းသည် ထိုသဘောတရားနှင့်ပတ်သက်၍ အလွန်ရှင်းလင်း၏။ သူသည် စီးပွားရေးအခွင့်အလမ်း အားလုံးကို ဖမ်းဆုပ်ပြီး လုပ်ငန်းကွင်းဆက်အသစ်ကို ဖန်တီးခဲ့သည်။ ဟန်ရှောင်းသည် သူရရှိသောငွေကို ရေတွက်ရန်ပင် ပျင်းနေသော်လည်း၊ ၎င်းမှာ ငွေအများကြီးဖြစ်ကြောင်း သူသိသည်။

ရေပင်လယ်ဒေါ်လာသည် နဂါးငွေ့တန်းရှိ ယေဘူယျငွေကြေးမဟုတ်သောကြောင့်၊ သူသည် သူ၏ငွေများကို စက်ယန္တရားများ၊ ပစ္စည်းများနှင့် ရှားပါးအရင်းအမြစ်များအဖြစ်သို့ ဆက်လက်ပြောင်းလဲနေသော်လည်း ၎င်းကြောင့် သူ့တွင် ငွေမနည်းသွားရုံသာမက၊ သူ၏ငွေများမှာလည်း အဆက်မပြတ် တိုးပွားလာသည်။

ဟန်ရှောင်းဟာ ကစားသမားဖြစ်ခဲ့စဥ်က အချိန်တိုင်း သတိနှင့် သုံးစွဲခဲ့ရသည်။ အခုတော့ သူ့မှာ သုံးစွဲနိုင်သည်ထက်ပင် ပိုက်ဆံတွေ ပိုရှိနေ၏။ ဖေဘီယန်ကုမ္ပဏီ၏ ဂိုဒေါင်များမှပင် သူက ဝယ်ယူထားပြီး ပြန်လည်သိုလှောင်ရန် လိုအပ်နေသည်။

ပိုက်ဆံတွေ အများကြီးရလို့ အရမ်းစိတ်ရှုပ်ရတယ်... ဟန်ရှောင်းက တကယ်ကို စိတ်ပူပန်နေ၏။ သူသည် ဂလက်ဆီထဲသို့ ရေပင်လယ်ဒေါ်လာတစ်တန်ယူဆောင်သွားပြီး အိမ်သာသုံးစက္ကူအဖြစ် အသုံးပြုရန် မကြံစည်ထားပေ။

…

စက်အသစ်များဖြင့်၊ နောက်ဆုံးတွင် ကစားသူများသည် (ဒန်ဂျင်)ကို အပြီးသတ်ရန် ပိုမိုလွယ်ကူလာခဲ့သည်။ သူတည်ဆောက်ခဲ့သော စက်ယန္တရားအသစ်သည် ကစားသမားများ၏စိတ်တွင် (ဒန်ဂျင်)တွင် စံပြုကိရိယာဖြစ်လာခဲ့သည်။ (ဒန်ဂျင်)ရှိ ကြွယ်ဝသောဆုနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်မှာ လက်ခံနိုင်သောကြောင့် ကစားသမားများက ၎င်းကို ထိုက်တန်သည်ဟု ယူဆကြသည်။

အနည်းဆုံး လူငါးဦးအဖွဲ့တွင် လူတစ်ဦး၌ စက်ပစ္စည်းကိရိယာများ ရှိထားရန် လိုအပ်သည်၊ ၎င်းသည် မရှိမဖြစ် လိုအပ်၏။

ငွေကြေးအများအပြား စုဆောင်းမိပြီး ဟန်ရှောင်းသည် နောက်ထပ် ငွေပုံကြီးကို ရရှိခဲ့သည်။ (ဒန်ဂျင်)၏ အခက်အခဲအဆင့်မှာလည်း NetEase မှ Tencent 1 သို့ ကျဆင်းသွားသည်။ Tencent တွင်လည်း ညည်းညူမှုများ အမြဲရှိနေသော်လည်း ၎င်းတို့သည် NetEase နှင့် နှိုင်းယှဉ်ပါက အတော်လေး သက်သာသွားသည်။

၎င်းတို့နှစ်ခုကြား ခြားနားချက်ကို သရုပ်ဖော်နိုင်သည်-

Tencent - "မင်းမှာ ပိုက်ဆံမရှိရင် ဂိမ်းကို မပျော်နိုင်ဘူး။"

NetEase - "မင်း ဂိမ်းကို မပျော်နိုင်ဘူး။"

(ဒန်ဂျင်)တာဝန်ခံ NPC ဖြစ်လာတာရဲ့ ရေရှည်အကျိုးကျေးဇူးတွေက တော်တော်ကောင်းတာပဲ။ ငါရှိနေသရွေ့ ကစားသမားတွေကို ဆွဲဆောင်ဖို့ စိတ်ပူစရာမလိုဘူး။ ဒါက ဗားရှင်း ၁.၀ ရဲ့ အဓိကဇာတ်ကြောင်းတစ်ခုဆိုတော့ အဆင့် ၆၀အောက် (ဒန်ဂျင်)တွေကို အချိန်အတော်ကြာအောင် ထားနိုင်လိမ့်မယ်။ ငါက ကျီးနက်တောင်ကြား (ဒန်ဂျင်)ကို ယာယီပဲ ဖန်တီးထားမယ်၊ ပျမ်းမျှအဆင့်တွေ တိုးလာတာနဲ့အမျှ၊ (ဒန်ဂျင်)အသစ်တွေ့ ဖန်တီးမယ်၊ ဒီနည်းနဲ့ ကစားသမားတွေရဲ့ လိုအပ်ချက်တွေကို အမြဲတမ်း ဖြည့်ဆည်းနိုင်ပြီး ရေရှည်ရပ်တည်နိုင်မယ်။

ဒါ့အပြင်၊ နောက်ထပ် (ဒန်ဂျင်)တွေကို ဖြန့်ဝေတာက၊ ကစားသမားတွေ ငါ့အတွေ့အကြုံအကြောင်း ပိုသိလာမယ်၊ အဲဒါက ကစားသမားတွေ ပိုပြီးအထင်ကြီးလာစေမယ်။ ချောမောတာအပြင် ငါ့မှာ မရေမတွက်နိုင်တဲ့ ခွန်အားတွေရှိတယ်ဆိုတာ ကစားသမားတွေကို ပြောပြရမှာပေါ့။

ဟန်ရှောင်းသည် လျင်မြန်စွာ ကြီးထွားလိုပါက ကစားသမားများနှင့် ရှောင်လွှဲ၍မရသောကြောင့် ကစားသမားများအား အလေးအနက်ထားနေသည်။ ကစားသမားများသည် ဥပဒေမဲ့ လူတစ်စုဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းတို့ကို ဆန့်ကျင်ဘက်ပြုရန် မလိုလားပေ။ သူက ကစားသမားတွေထက် အများကြီးသာလွန်နေသော်လည်း ကစားသမားတွေ ပိုအားကောင်းလာတာနဲ့အမျှ သူတို့အဖွဲ့တွေ ပေါ်လာတဲ့အခါ ပြဿနာအချို့ရှိလာနိုင်သည်။ ယန္တရားပညာရှင်ကြီးဟန်က ဒါကို ဝန်ခံလိုက်ရသည်။ သူ့ကိုယ်သူ ဘယ်တော့မှ အလွန်ဝံ့ကြွားမနေပေ။

[ကျီးနက်တောင်ကြား စစ်ဆင်ရေး] (ဒန်ဂျင်)သည် ခိုလှုံရေးစခန်း၌ လှိုင်းတစ်ခု ဖန်တီးခဲ့သည်။ ခိုလှုံရေးစခန်း၏ လုပ်ဆောင်ချက်များသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုကြွယ်ဝလာကာ (ဒန်ဂျင်)ပေါ်ထွက်လာမှုသည် သိသိသာသာ တိုးတက်ကောင်းမွန်လာစေသည်။ ကစားသမားများ၏ နှလုံးသားထဲတွင် အဓိကမြို့ကြီးရဲ့ အဆင့်အတန်းသည် အခြေကျသွားပြီဖြစ်သည်။

All Chapters