လူတစ်ယောက်
Vol. 20 Ch. 290
ရာနှင့်ချီသော အရင်းအမြစ်သေတ္တာများကို ဂိုဒေါင်ထဲတွင် သပ်သပ်ရပ်ရပ် စုပုံထားသည်။ အထဲမှာ ဟန်ရှောင်းသိမ်းဆည်းထားသည့် မရေမတွက်နိုင်သော အစိတ်အပိုင်းများနှင့် ကုန်ကြမ်းပစ္စည်းများ ရှိသည်။
ဤနေရာသည် ခိုလှုံရေးစခန်း ၃အောက်ရှိ သူ၏လျှို့ဝှက်စခန်းဖြစ်သည်။ ခိုလှုံရေးစခန်း ဆောက်လုပ်စဉ်တွင် ဟန်ရှောင်းသည် အခြေစိုက်စခန်းကို လျှို့ဝှက်တိုးချဲ့ခဲ့သည်။ ယခုအခါ ၎င်းသည် သူ၏ဝှက်ထားသော အမာခံနယ်မြေဖြစ်ပြီး လမ်းကြောင်းတိုင်းတွင် စက်သေနတ်များ တပ်ဆင်ထားသော အစောင့်အကြပ်များ၏ ခွင့်ပြုချက် အထောက်အထား စစ်ဆေးမှုများ ရှိသည်။ ဝင်ပေါက်တိုင်းတွင် စောင့်ကြည့်ကင်မရာများ ပါရှိပြီး အမှောင်ထဲတွင် မရေမတွက်နိုင်သော ပင့်ကူထောက်လှမ်းကိရိယာများလည်း ရှိနေ၏။ လုံခြုံရေးက အလွန်တင်းကျပ်သည်။
ဟန်ရှောင်းတွင် စုစုပေါင်း ဂိုဒေါင် ၃ လုံး ရှိပြီး တစ်ခုမှာ ကုန်ကြမ်းပစ္စည်းများနှင့် အစိတ်အပိုင်းများအတွက်၊ နောက်တစ်ခု မှာ အတွေ့အကြုံအမှတ်အတွက် တည်ဆောက်ပြီး ကစားသမားများထံ ရောင်းချပေးသော လက်ကျန်စက်ပစ္စည်းများ ဂိုဒေါင်ဖြစ်ပြီး၊ နောက်ဆုံးမှာ ယန္တရားဝတ်စုံအသစ် Amphiptere အပါအဝင် သူအသုံးပြု နေသော စက်ပစ္စည်းများကို သိမ်းဆည်းထားသည့် အရေးကြီးသော ဂိုဒေါင်ဖြစ်သည်။
ဂိုဒေါင်ရှိ ပစ္စည်းများအားလုံးသည် သူ၏ ကြယ်တာရာ ခရီးသွားခြင်းအတွက် ပြင်ဆင်မှု တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
မကြာသေးမီက (ဒန်ဂျင်)လုပ်ဆောင်ချက်သည် သူ့အား အမြတ်များစွာ ထပ်မံရရှိစေခဲ့သည်။ ငွေတွေ ဝင်လာသော်လည်း ကမ္ဘာမြေက ထွက်သွားသည့်အခါ ဘယ်လောက်ရှိနေမယ်ဆိုတာ သူမသိပေ။ သို့သော် အလွန်အပြုသဘောဆောင်သော အခြေအနေက သူ့ကို အလွန်စိတ်လှုပ်ရှားစေခြင်း မရှိခဲ့ပေ။ ပြဿနာအချို့ကိုလည်း သူမြင်ထား၏။
သူရရှိသည့်ငွေတွေက ကစားသမားတွေဆီကနေဖြစ်ပြီး ကစားသမားတွေက သူတို့ရဲ့ပိုက်ဆံတွေကို ဘယ်ကရခဲ့တာလဲ။
မစ်ရှင်များလုပ်ဆောင်ခြင်းဖြင့် သူတို့၏ငွေများသည် အခြားသော NPC များထံမှ ရရှိခဲ့သည်။
နည်းစနစ်ပိုင်းအရ၊ ကစားသမားများလုပ်ဆောင်နေသည်မှာ နေရာတိုင်းတွင် NPCs များ၏ ငွေကြေးများကို စုဆောင်းပြီး ဟန်ရှောင်းထံတွင် ကုန်ကျစရိတ်ပုံစံတစ်ခုအဖြစ် ပေးဆောင်နေသည်။ ထိုအရာက ငွေအမြောက်အမြား ဖြစ်စေ၏။ ငွေများ ရွေ့လျားနေပြီး အစုအဝေးတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ဤအစုအဝေး၏ ဦးတည်ရာဟု ယူဆနိုင်၏။ ထို့ကြောင့်၊ ကစားသမားများသည် ငွေရှာလိုပါက အခြား NPC များအတွက် အလုပ်လုပ်ရမည်ဖြစ်ပြီး ကစားသမားများ၏ ပျမ်းမျှအသုံးစရိတ်နှင့် ဝယ်ယူမှုစွမ်းအားကို တိုးမြှင့်ရန်အတွက် ခိုလှုံရေးစခန်းရှိ NPC အရေအတွက်ကို တိုးမြှင့်ရမည်ဖြစ်သည်။
အခြားပြဿနာတစ်ခုလည်း ရှိနေသည်။ ကစားသမားများသည် အဓိကမြို့ကြီးတွင် အမြဲနေမည်မဟုတ်ပေ၊ သူတို့သည် မစ်ရှင်များလုပ်ဆောင်ရန်နှင့် ဇာတ်လမ်းဇာတ်ကြောင်းကို တွေ့ကြုံခံစားရန် အခြားနေရာများသို့ သွားကြမည်ဖြစ်သည်။ အနာဂတ်တွင် ဤကစားသမားများပြန်လာစေရန်၊ အမျိုးမျိုးသော ပွဲတော်များ ကျင်းပရန်ထက်၊ အဓိကမြို့ကို ပိုမိုအသုံးပြုနိုင်အောင် ပြုလုပ်ရမည်ဖြစ်သည်။
ဟန်ရှောင်းသည် ခိုလှုံရေးစခန်းတွင် သယ်ယူပို့ဆောင်ရေး ကွန်ရက်အသစ်ကို ခင်းကျင်းရန်၊ မီးရထားသံလမ်းများ တည်ဆောက်ခြင်းနှင့် ပုံမှန်လေကြောင်းခရီးစဉ်များကို အချိန်ဇယားဆွဲရန် စီစဉ်နေသည်။ ၎င်းသည် အလွန်မြင့်မားသော ဘတ်ဂျက်လိုအပ်ပြီး Dark Net သည် ထိုအတွက် ယာယီအားဖြင့် ရန်ပုံငွေမပေးနိုင်သေးပေ။ Bennett သည် လက်ရှိတွင် ခိုလှုံရေးစခန်း အသစ်များကို ထူထောင်နေပြီး သူတို့တွင် အပိုငွေကြေး ရှိမနေပေ။
ဤပြဿနာနှစ်ခုအတွက် တူညီသော အဖြေတစ်ခုရှိသည်။
ငွေကြေးထောက်ပံ့ပြီး လူအင်အား ပံ့ပိုးလိုသော လူတစ်ယောက်ကို ရှာဖွေရမည်။
ဖုန်းမြည်လာ၏။ ကောက်ကိုင်လိုက်ပြီးနောက် ဟွမ်ယု၏အသံ ထွက်ပေါ်လာသည်။ “အလူမီရာမိသားစုရဲ့ အလည်အပတ်အဖွဲ့ ခိုလှုံရေးစခန်း ဝင်ပေါက်ကို ရောက်နေပါပြီ။ ငါတို့ သူတို့ကို ဝင်ခွင့်ပေးရမလား"
ကျည်ဆန်များနှင့် ကစားနေစဉ် ဟန်ရှောင်း၏ မျက်နှာပေါ်တွင် အဓိပ္ပါယ်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။
"ဟုတ်တယ်၊ ငါတို့ သူတို့ကို ဝင်ခွင့်ပေးရမယ်"
…
ယာဉ်တန်းသည် ခိုလှုံရေးစခန်း ဝင်ပေါက် အပြင်ဘက်တွင် ရပ်ထားသည်။ ရှောင်ကျင်းသည် လူများကို အလည်အပတ် ခေါ်ဆောင်လာသည်။ လာကြသည့်သူများမှာ ရှောင်အဖွဲ့ဝင် အများစုဖြစ်သည်။ ခေါင်းဆောင်အဖြစ် ရှောင်ကျင်းနှင့် တူ၊ သားသမီး အနည်းငယ်ပါရှိတယ်။ ရှောင်အဖွဲ့အပြင် မူလအဖွဲ့ နှင့် ကျွန်းနီအဖွဲ့တို့သည်လည်း ၎င်းတို့၏ ရှုထောင့်ကို ဖော်ပြရန်အတွက် သူတို့၏ တမန်များကို စေလွှတ်ခဲ့သည်။
ဝင်ပေါက်မှာ အချိန်အတော်ကြာအောင် စောင့်နေကြသော် ရှောင်ကျင်းကတော့ စိတ်မရှည်သည့် အရိပ်အယောင် မပြသခဲ့ပေ။ သူက အားနည်းတဲ့ဘက်မှဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီး တောင်းပန်ဖို့ ဒီမှာ ရောက်နေခြင်းဖြစ်သည်။
အချိန်အတော်အတန်ကြာပြီးနောက် နောက်ဆုံးတွင် သူတို့ကို ဝင်ခွင့်ပေးခဲ့သည်။ လမ်းတစ်လျှောက်တွင် လှည့်ပတ်ကြည့်ရှုပြီး ခိုလှုံရေးစခန်းရှိ အဆောက်အအုံများကို လေ့လာကာ ခေါင်းညိတ်ပြသည်။ ဟွမ်ယုနောက်မှ ဧည့်ခန်းမသို့ လိုက်သွားပြီးနောက် ခေါင်းကို မော့ကာ သခင်ထိုင်ခုံပေါ်တွင် ထိုင်နေသော လှောင်ပြောင်သောအမူအရာဖြင့် ဟန်ရှောင်းကို ချက်ချင်းတွေ့လိုက်ရသည်။
မျက်နှာဖုံးမပါ၍ ဒီ ရှောင်အဖွဲ့သားများ၏ မျက်လုံးထဲတွင် ဤမျက်နှာသည် ပျောက်ဆုံးနေသော ဟန်ရှောင် ဖြစ်သော်လည်း၊ သူတို့မှာ ဟန်ရှောင်းဘာတွေးနေသည်ကို လုံးဝမမြင်နိုင်ပေ။ သူက လုံးဝမတူသည့် လူတစ်ယောက်လို ဖြစ်နေသည်။ သူ့မျက်လုံးများက သူစိမ်းတစ်စုကို ကြည့်နေသလိုပင်။ ရှောင်ကျင်းက သူ့ကို သားလို့ မခေါ်ဝံ့ပေ။ သူက လည်ချောင်းကို ရှင်းလိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။ “Black Phantom”
ဟန်ရှောင်းက သူတို့ကို ဘာမှအမူအယာမရှိဘဲ ကြည့်နေပြီး ဘာမှပြန်မဖြေပေ။ သူသည် ကုလားထိုင်နှင့် ကျောမှီထိုင်ကာ ကျည်ဆန်ကို လက်ဖြင့်ကစားကာ သူတို့ကို စိုက်ကြည့်နေ၏။
ရှောင်ကျင်းသည် သူ့ရည်ရွယ်ချက်ကို နားလည်သည်။ သူက ရှောင်ဟိုင်နဲ့ သူ့နောက်က ကျန်လူငယ်တွေကို ကြည့်ပြီး ခေါင်းကို စောင်းကာ အချက်ပြလိုက်သည်။ ဤ ရှောင်အဖွဲ့မှ လူငယ်များသည် ရုန်းရင်းဆန်ခတ် ဖြစ်သွားသော်လည်း စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းကာ အချိန်ဆွဲပြီးနောက်တွင် သူတို့က မကျေမနပ် နှုတ်ဆက်ကြသည်။
"မွေးစားအဖေ။"
"အော်၊ မင်းတို့ရောက်နေတာပဲ" ဟန်ရှောင်းက အေးစက်စက်ပြောသည်။ ရှောင်ကျင်းသည် သူတို့မရောက်မီတွင် ဤအဆင်မပြေသော ဆက်ဆံရေးပြဿနာကို ဖြစ်ပေါ်လာစေရန် မျှော်လင့်ထားကြောင်း ဟန်ရှောင်းသိထားပြီး ထိုလူငယ်များသည် စိတ်ဓာတ်ပိုင်းအား သေချာစွာ ပြင်ဆင်ထားခဲ့သည်။ ဤတုံ့ဆိုင်းမှုအားလုံးသည် သူ့အတွက်ပြုလုပ်သည့် ဟန်ဆောင်မှုများသာဖြစ်၏။ ရှောင်ကျင်းက သူ့ကို 'ရှောင်ကျင်း၏ သားအဖြစ် ပြန်ဖြစ်သွားစေလိုပြီး သူတို့ရဲ့ဆက်ဆံရေးကို ခိုင်မာစေချင်နေသည်။ သို့သော်လည်း သူသည် 'ဟန်ရှောင်း' အစစ်အမှန်မဟုတ်သောကြောင့် ၎င်းသည် သူ့အတွက် လုံးဝ အသုံးမဝင်ပေ။
ဟန်ရှောင်းသည် မတုန်လှုပ်ပေ။ "မင်းငါ့ဆီ ဘာအတွက်လာလည်တာလဲ"
အခြေအနေကိုမြင်တော့ ရှောင်ကျင်းက ချောင်းဆိုးလိုက်ပြီး “အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ငါရှင်းပြနိုင်တယ်။ မင်းအစ်ကိုကြီးက မင်းကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ချင်တာ။"
ရှောင်ဟိုင်သည် အသက်ပြင်းပြင်းရှူကာ အလွန်တောင်းပန်သည့်အမူအရာဖြင့် သူ့နှလုံးသားထဲမှ ဇာတ်ညွှန်းကို နောက်တစ်ကြိမ် အမြန်ပြင်ဆင်လိုက်သည်။ ဒီကိုလာသည့်လမ်းတွင် သူ တောင်းပန်စကားအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။
သူ ငိုယို ညည်းညူပြီး သူလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် နောင်တနှင့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမှု ပြလိမ့်မည်။ ဒါဆိုရင် ဟန်ရှောင်း၏ ခွင့်လွှတ်မှုကို ရရှိဖို့ အခွင့်အလမ်း မြင့်မားလာနိုင်သည်။
သူတို့ရဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာသရွေ့ အလူမီရာသည် ဤအားကောင်းသည့် စွမ်းအားကို မှီခိုအားထားနိုင်လိမ့်မည်။ ရှောင်ဟိုင်က ဘယ်လောက်ပဲ ဆန္ဒမရှိပါစေ သူ့ကိုယ်သူ အားတင်းပြီး သရုပ်ဆောင်ပြဖို့ လိုအပ်နေသည်။
ရှောင်ဟိုင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ စကားစပြောတော့မည် ဖြစ်သည်။
ဒိုင်း!
လူတိုင်း တုန်လှုပ်သွားကြသည်။ အသံနောက်ကို လိုက်ကြည့်ကြ၏။ ရှောင်ဟိုင်၏ ခြေဖဝါးအောက်တွင် မီးခိုးများထွက်နေဆဲ ကျည်ဆန်တစ်တောင့် ပေါ်လာသည်။ အကယ်၍ သူသာ ထိုခြေလှမ်းကို လှမ်းလိုက်လျှင် ကျည်ဆန်သည် သူ့ခြေဖဝါးကို ထိသွားပေလိမ့်မည်။
ရှောင်ဟိုင်သည် ခြေလှမ်းမလှမ်းနိုင်ဘဲ နေရာတွင်ပင် ကြက်သေသေနေသည်။
ကျည်ဆန်ခွံသည် ကြမ်းပြင်ပေါ်သို့ ကျသွားသည်။ နက်ပြာရောင် လျှပ်စစ်သံလိုက်စွမ်းအားတစ်ခု သူ့လက်ချောင်းကို ဖုံးလွှမ်းသွားပြီး လက်သည်းထိပ်ဖျားမှ အနက်ရောင်မီးခိုးငွေ့များ ထွက်လာသည်။ သူ့လက်ကို တောက်လိုက်ပြီး အရင်းကို ဖောက်ခွဲကာ လက်ဗလာဖြင့် ကျည်ဆန်ကို ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ဟန်ရှောင်းကိုယ်တိုင်တောင်မှ သောက်ရမ်းမိုက်ပြီး လန်းတယ်လို့ ခံစားလိုက်ရသည်။
၎င်း၏ ပါဝါသည် အကန့်အသတ်ရှိသော်လည်း လူများကို ကြောက်ရွံ့စေရန် လုံလောက်သည်။
"တောင်းပန်စရာ မလိုဘူး၊ ပြောစရာရှိတာ ပြောတော့" ဟန်ရှောင်းက အေးစက်စွာပြောသည် ။
ရှောင်ကျင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ဟန်ရှောင်းသည် စိတ်ခံစားမှုများအကြောင်း မပြောချင်ဘဲ သူတို့၏ အပေးအယူ အကြောင်းသာ ပြောချင်သည်မှာ ရှင်းလင်းနေသည်။ ထိုအချက်က သူ့အစီအစဉ်ကို အနှောင့်အယှက်ဖြစ်စေ၏။ ရွေးချယ်စရာမရှိတော့ဘဲ ရှောင်ဟိုင်က နောက်ပြန်ဆုတ်ခိုင်းလိုက်ရသည်။
ရှောင်ဟိုင်က အံကို တင်းတင်းကြိတ်ထားသည်။ တောင်းပန်ရန် စီစဉ်ထားပြီးဖြစ်သော်လည်း ၎င်း၏ ဇာတ်ညွှန်းကို ဖတ်ရန် အခွင့်အရေးပင် မရပေ။ ဟန်ရှောင်းက သူ့ကို ကြည့်တောင်မကြည့်ပေ။
ရှောင်ကျင်းက သူ့စိတ်ကို အာရုံစူးစိုက်ပြီး အသံတိုးတိုးနှင့် ပြော၏ "ဂျာမီနယ်အဖွဲ့အစည်းမရှိတော့ဘူး၊ နိုင်ငံ၆နိုင်ငံဟာ အခုမှစပြီး တစ်ခုတည်းသော ကြီးမားတဲ့အဖွဲ့အစည်း ဖြစ်လာလိမ့်မယ်။ ရာသီဥတု ယိုယွင်းမှုကြောင့် လှည့်လည်သွားလာသူ အများအပြားက သူတို့ရဲ့ နယ်မြေတွေက ထွက်ခွာပြီး နိုင်ငံ၆နိုင်ငံကိုဝင်ဖို့ ရွေးချယ်ကြလိမ့်မယ်။ နိုင်ငံ၆နိုင်ငံ အနားယူပြီး ပြန်လည်အားပြည့်လာတဲ့အခါ၊ တစ်ချိန်က နိုင်ငံ၆နိုင်ငံရဲ့ လက်တွဲဖော်ဖြစ်ခဲ့ရင်တောင်မှ သူတို့က တစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ စစ်ဘုရင်တွေကို ရှင်းပစ်လိမ့်မယ်။”
"မင်းကို ကာကွယ်ပေးမယ့်လူကို ရှာမတွေ့ရင်ပေါ့" ဟန်ရှောင်းက သူ့မေးစေ့တွေကို ပွတ်နေသည်။
ရှောင်ကျင်းခေါင်းညိတ်လိုက်သည်။ သူက ဟန်ရှောင်းနှင့် Dark Net ကို အားကိုးပြီး အနာဂတ်အတွက် အစီအစဉ်ဆွဲ ချင်နေသည်။
ဟန်ရှောင်းက အကြောင်းအရာကို ပြောင်းလိုက်ပြီး "မင်းအကြွေးပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ။ မင်းဒီနေ့ရောက်နေတဲ့ နေရာကို ဘယ်လိုရောက်သွားလဲ မင်းမသိဘူးလား။"
ရှောင်ကျင်းက စကားမပြောဘဲ ခံစားချက်ကို ကစားချင်သော်လည်း ဟန်ရှောင်းက Black Phantom လို့ သိထားချိန်တုန်းကလိုပဲ စီးပွားရေးအကြောင်းပဲ ပြောချင်နေသည်။
"... မင်း ဘာလိုချင်တာလဲ"
“ပိုက်ဆံ၊ လူအင်အားနဲ့ မင်းရဲ့လူတွေကို ခိုလှုံရေးစခန်းထဲကို ရွှေ့ခိုင်းပါ။ အဝေးကြီးရောက်နေရင် အကြွေးတွေကို လိုက်တောင်းဖို့ မလွယ်ဘူး။”
ဧည့်သည်များ၏ အမူအရာမှာ အနည်းငယ်ပြောင်းသွားသည်။
ဆိုလိုတာက သူတို့တည်ဆောက်ထားတဲ့ အရာတွေကို စွန့်လွှတ်လိုက်မည် ဖြစ်သည်။ ရှောင်ကျင်းကို ကြည့်လိုက်ကြပြီး သူ့ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြသည်။
ရှောင်ကျင်းသည် ခဏမျှ နှုတ်ဆိတ်နေပြီး လိုက်လျောရန် ဆုံးဖြတ်လိုက်သည်။ “ကောင်းပြီ။”
သူ့မျက်လုံးတွေက အနာဂတ်ကို ကြည့်နေတယ်။ စစ်ပွဲသည် ပရမ်းပတာ ဖြစ်စေသော်လည်း ဖွဲ့စည်းပုံတစ်ခုကိုလည်း ယူဆောင်လာ၏။ လှည့်လည်သွားလာသူများမှာ နည်းပါးပြီးရင်း နည်းပါးသွားမည်ဖြစ်သည်။ နိုင်ငံ၆နိုင်ငံ အချိန်ရလာသည့်အခါ စစ်ဘုရင်များနှင့် နယ်မြေများ၏ အယူအဆမှာ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ စောင့်ဆိုင်းနေရခြင်းနှင့် နှိုင်းယှဉ်ပါက၊ ထွက်ပေါက်ကို ရှာဖွေပြီး မိသားစု၏ စီးပွားရေးပုံစံကို ပြောင်းလဲခြင်းသည် ပိုကောင်းနေသည်။
Dark Net ၏ ခိုလှုံရေးစခန်းသည် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခံရသော်လည်း သူတို့လို စစ်ဘုရင်များနှင့် မတူဘဲ နိုင်ငံ၆နိုင်ငံသည် ခိုလှုံရေးစခန်းများ တည်ရှိမှုကို ခွင့်ပြုထားသည်။ ရှောင်ကျင်းက စဉ်းစားလိုက်ပြီး ဒါက အခွင့်အရေးတစ်ခုလို့ ယူဆသည့်အတွက် သူသဘောတူလိုက်သည်။
တခြားသူတွေကို ထွက်သွားခိုင်းပြီးနောက် ဟန်ရှောင်းနဲ့ ရှောင်ကျင်းတို့သာ ကျန်တော့သည်။ သူတို့သည် သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို ဆွေးနွေးခဲ့ကြပြီး ရှောင်ကျင်းက အလျှော့ပေးခဲ့သည်။ နောက်ဆုံးရလဒ်မှာ အလူမီရာသည် သယ်ယူပို့ဆောင်ရေးကွန်ရက် တည်ဆောက်ခြင်းအတွက် ငွေကြေးထောက်ပံ့မည်ဖြစ်ပြီး ဒုက္ခသည်များနှင့် သူတို့၏အုပ်ချုပ်မှုအောက်ရှိ လှည့်လည်သွားလာသူများ အပါအဝင် သူတို့၏လူများကို သူတို့၏အမာခံနယ်မြေများအားလုံးမှ ခိုလှုံရေးစခန်းသို့ ဖြည်းဖြည်းချင်း ပြောင်းရွှေ့သွားမည်ဖြစ်သည်။
အလူမီရာသည် ဟန်ရှောင်းလိုက်ရှာနေသည့်လူဖြစ်သည်။ ဟန်ရှောင်းသည် သူ့ခန္ဓာကိုယ်၏ မူလပိုင်ရှင်၏ အကြံအစည်ကို အမွေဆက်ခံရန် လုံးဝမရည်မှန်းထားသော်လည်း ၎င်းသည် အလူမီရာအသုံးပြုရန် ဝှက်ဖဲတစ်ခု ဖြစ်နိုင်သည်။ ဒီလူတွေက မြင့်မြတ်သူတွေလည်း မဟုတ်ကြပေ။
"မင်းရဲ့ တောင်ပိုင်းဌာနက လူချိန်ကို နှောက်ယှက်နေတုန်းပဲ ကြားတယ်... သူက ငါ့သူငယ်ချင်းပဲ"
ရှောင်ကျင်း သက်ပြင်းချလိုက်သည်။ “ငါ ဘာလုပ်ရမလဲ သိပါတယ်။”
အလူမီရာအပြင် ဟန်ရှောင်းသည် လူချိန်ကိုလည်း ဆွဲခေါ်ရန် စီစဉ်ထားသည်။ သူသည် အလူမီရာကို တစ်ဦးတည်း ကြီးထွားခွင့် မပြုနိုင်ပေ။ Dark Net သည် သူ၏လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးမည်ဖြစ်သည်။
ထိုသို့ တွေးနေရင်း အဘိုးကြီးလူဆီက မရရှိသေးသော ဒီဇိုင်းပုံစံများ ရှိသေးတာကို သူ သတိရသွားသည်။