အင်းဆက်မျိုးနွယ်ကောင်းကင်ဘုံအရှင်
Vol. 68 Ch. 947
ကိုးယောက်အုပ်စုက အင်းဆက်လှိုင်းကို ထိုးဖောက်ကာ စစ်မြေပြင်ရဲ့နယ်နိမိတ်ဆီ လျင်မြန်တဲ့အရှိန်အဟုန်နဲ့ ပျံသန်းသွားတော့တယ်။
သူတို့အနောက်မှာတော့ အဆုံးမဲ့အင်းဆက်တွေက မရပ်မနား လိုက်လာတယ်။ ပြောင်မြောက်တဲ့သူတော်စင်အရှင်အဆင့်အင်းဆက်အချို့က လွဲပြီး အခြားအင်းဆက်တွေကတော့ အနောက်မှာ ကျန်ရစ်သွားလေတယ်။
…
အင်းဆက်မျိုးနွယ်စစ်မြေပြင်ရဲ့အတွင်းပိုင်းမှာတော့ ဧရာမအုံတစ်ခုရှိပြီး အမှောင်ပူဆွေးခြင်းမြို့ထက်တောင် ပိုကြီးတယ်။ ကောင်းကင်ဘုံအရှင်တစ်ယောက်က ဒီနေရာမှာရှိရင် မူလအဆင့်အုံတစ်ခုဆိုတာကို သေချာပေါက် ခွဲခြားနိုင်လိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာ အသက်ရှိနေတဲ့မူလအဆင့်အုံတစ်ခုရှိတာကို တစ်ယောက်မှ တွေးမိမှာမဟုတ်ဘူး။ ဒီမူလအဆင့်အုံက ပျက်ဆီးနေပြီး အရင်အခြေအနေရဲ့သုံးဆယ်ရာခိုင်နှုန်းအောက်သာ ကျန်တော့တယ်။
ဒါပေမယ့် ထူးဆန်းတဲ့အရာကတော့ ဒီပျက်စီးနေတဲ့မူလအဆင့်အုံက ပတ်ဝန်းကျင်မှအရာတွေကို အဆက်မပြတ်စုပ်ယူနေတယ်ဆိုတာပဲ။ အဲဒါက သူ့ကိုယ်သူ ပြန်လည်တည်ဆောက်နေပုံရတယ်။
အုံအတွင်းပိုင်းရဲ့ဘယ်ဘက်ထောင့်မှာ အပေါက်အလွတ်တစ်ခုရှိတယ်။ အပေါက်အလွတ်ရဲ့အလယ်မှာ ဧရာမအင်းဆက်ပုံဆောင်ခဲတစ်ခုက လွင့်မျောနေတယ်။ အင်းဆက်ပုံဆောင်ခဲရဲ့မျက်နှာပြင်မှာ အက်ကြောင်းတွေရှိပြီး တစ်ချိန်ချိန်မှာ ပေါက်ကွဲထွက်လာမယ့်ပုံပေါ်တယ်။
အင်းဆက်ပုံဆောင်ခဲရဲ့ဘေးမှာတော့ အင်းဆက်ဥတွေ ဒါဇင်ကျော်ရှိပြီး ဥတွေရဲ့မျက်နှာပြင်ပေါ်မှာ အင်းကွက်မျိုးစုံရှိတယ်။
ဖြောက်.......
ခရမ်းရောင်အင်းကွက်တွေရှိတဲ့ဥတစ်လုံးက ရုတ်တရက် ကွဲအက်လာတယ်။ အက်ကြောင်းမှ ခရမ်းရောင်လက်ဖဝါးတစ်စုံက ဆန့်ထွက်လာတယ်။
ဖြောက်.......
လက်ဖဝါးကို အသုံးပြုကာ ဆုတ်ဖြဲရင်း မဖျက်ဆီးနိုင်ဘူးလို့ထင်ရတဲ့အင်းဆက်က နှစ်ခြမ်းကွဲသွားတယ်။ ခရမ်းရောင်လူသားသဏ္ဍာန်သက်ရှိတစ်ကောင်က ထွက်လာတယ်။
ဒါက ခရမ်းရောင်အခွံတစ်ခုနဲ့ဖုံးအုပ်ထားတဲ့လူသားသဏ္ဍာန်သက်ရှိတစ်ကောင်ပါပဲ။ ၎င်းရဲ့ချီတည်ရှိမှုက အခြားအင်းဆက်တွေလို မကြမ်းကြုတ်ဘူး၊ ဒါပေမယ့် ရူးသွပ်ဖွယ်ဖိအားတစ်ခုနဲ့သေခြင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေတယ်။
"အစာ၊ ငါ အစာလိုတယ်"
ခရမ်းရောင်သက်ရှိက လီဖူချန်းတို့ထွက်ပြေးနေတဲ့ဦးတည်ဘက်ရှိရာကို ကြည့်လိုက်တယ်။ လျှပ်တစ်ပြက်လက်သွားပြီး ၎င်းက အုံမှ ပျောက်ကွယ်သွားတော့တယ်။
…
အင်းဆက်တွေမှ ပထုတ်ပြီးနောက် ရောင်စုံဝတ်အမျိုးသမီးက သူမရဲ့နေရာလပ်လက်စွပ်မှ စစ်သင်္ဘောတစ်စီးကို ထုတ်လိုက်တယ်။ လူတိုင်းက သင်္ဘောပေါ်ကို ချက်ချင်းတက်လိုက်ကြတော့တယ်။
စစ်သင်္ဘောရဲ့အရှိန်က မနှေးဘူး၊ အနည်းဆုံး လူတိုင်းရဲ့ခရီးသွားအရှိန်ရဲ့တစ်ဝက်လောက် မြန်တယ်။
ကျယ်ဝန်းတဲ့သင်္ဘောကုန်းပတ်ပေါ်မှာ လီဖူချန်းက တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်လျက် အနားယူနေတယ်။
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ ကယ်ဆယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ငါတို့ ထွက်နိုင်တာနဲ့ ငါက ငါ့ရဲ့အဖေကို ကိုယ်တိုင်ကျေးဇူးတင်ခိုင်းမှာပါ" သူမရဲ့သတ္တိကို စုစည်းလျက် ပန်းပေါင်းစုံနှင်းဆီက လီဖူချန်းဘေးနားကို ရောက်ရှိလာတယ်။
သူ့မျက်လုံးတွေကို မဖွင့်ဘဲ လီဖူချန်းက ထူးမခြားနားဟန်ပြောလိုက်တယ်" အဲလောက်ထိ မလိုပါဘူး။ ငါက လက်လှမ်းမှီရာကို ကူညီပေးလိုက်ရုံပဲ"
"ပန်းပေါင်းစုံနှင်းဆီရဲ့အဖေက ကောင်းကင်ဘုံအရှင်တစ်ယောက်ပဲ။ ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ကျေးဇူးတင်တာက လူတော်တော်များများအလိုရှိတဲ့တစ်စုံတစ်ခုပဲ" အစောတုန်းက ဖန်သားပြင်ကိုထိန်းချုပ်တဲ့လူရွယ်က အခန်းငယ်တစ်ခုမှ ထွက်လာတယ်။
အကြိုကောင်းကင်ဘုံအရှင်တစ်ယောက်က ဘာမှမဟုတ်ဘူး။ သူတို့က ကောင်းကင်ဘုံအရှင်တစ်ယောက်မဖြစ်လာသရွေ့ သူတို့က ကောင်းကင်ဘုံအရှင်တွေထက် နိမ့်ကျတယ်။ သူ့ရဲ့အဖေနဲ့ပန်းပေါင်းစုံနှင်းဆီရဲ့အဖေနှစ်ယောက်လုံးက ကောင်းကင်ဘုံအရှင်တွေပါပဲ။ လီဖူချန်းမနှိုင်းယှဉ်နိုင်တဲ့တစ်စုံတစ်ခုပေါ့။
"အလင်းအမှတ်အသားသူတော်စင်အရှင်၊နင် ဘာလို့ ဒီနေရာကို ငါ့နောက်ကနေ လိုက်လာရတာလဲ" ပန်းပေါင်းစုံနှင်းဆီသူတော်စင်အရှင်မက အတော်လေးစိတ်တိုသွားတယ်။
အရင်ကတော့ သူမက အလင်းအမှတ်အသားသူတော်စင်အရှင်အပေါ် အတော်လေးကောင်းမွန်တဲ့သဘောထားတစ်ခုရှိခဲ့တယ်၊ ဒါပေမယ့် အခု သူမက ဆန့်ကျင်ဘက်ခံစားနေရတယ်။
"ဘာမှမဟုတ်ဘူး။ ငါ အပြင်မှာပဲ ရှိနေတာလေ" အလင်းအမှတ်အသားသူတော်စင်အရှင်က လီဖူချန်းကို ကြည့်လိုက်တယ်" မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ ငါ၊ အလင်းအမှတ်အသားသူတော်စင်အရှင်က ကျေးဇူးတရားကို မေ့တတ်တဲ့သူမျိုးမဟုတ်ဘူး။ ငါတို့ အပြင်ရောက်တာနဲ့ ငါ့အဖေကို မင်းအတွက် စားသောက်ပွဲကြီးတစ်ခုကျင်းပဖို့ မေးပေးမယ်။ သူက ပျော်ရွှင်နေရင် သူက မင်းကို လမ်းညွှန်မှုအချို့ပေးမှာပါ"
သူ့အဖေက သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်သာ ဆိုပေမယ့် အဆင့်၂ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး ကျားအင်ပါယာကြယ်ပိုင်နက်မှာ အတော်လေးကျော်ကြားတယ်။
"ငါ စိတ်မဝင်စားဘူး"
လီဖူချန်းက ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ပတ်သက်ပြီး တစ်ကယ်စိတ်မဝင်စားပါဘူး။ သူ့ရဲ့လက်ရှိခွန်အားအရ သူက အဆင့်သတ်မှတ်ချက်မဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်ကို ရိုက်နှက်နိုင်တယ်။ သူက အဆင့်၅ဒါမှမဟုတ်အဆင့်၄ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရရင်တောင် လီဖူချန်းက သူတို့ကို အလွယ်တကူဖိနှိပ်နိုင်ဖို့ ယုံကြည်ချက်ရှိတယ်။
သူ့အသက်ကို ခြိမ်းခြောက်ဖို့ဆိုရင် အနည်းဆုံးအဆင့်၃ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ရပါမယ်။
အလင်းအမှတ်အသားသူတော်စင်အရှင်ရဲ့အဖေက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လိမ့်မယ်လို့တော့ လီဖူချန်းက မထင်ပါဘူး။
"မင်းက ကောင်းကင်ဘုံအရှင်တွေကိုတောင် ဂရုမစိုက်တာလား။ တော်တော်လေးပြင်းပြတဲ့ဆန္ဒပဲ" အလင်းအမှတ်အသားသူတော်စင်အရှင်က ရယ်လိုက်တယ်။
"သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်က ဘာမှအထူးပြောစရာမရှိဘူး။ ငါတို့တွေအားလုံးက အဆင့်သတ်မှတ်ချက်မဲ့ကောင်းကင်ဘုံအရှင်တွေနဲ့ယှဉ်ပြိုင်နိုင်တဲ့ခွန်အားရှိတယ်။ ငါတို့ ကောင်းကင်ဘုံအရှင်တွေဖြစ်လာတာနဲ့ အားအနည်းဆုံးကတောင် အနည်းဆုံးအဆင့်၃ကောင်းကင်ဘုံအရှင်ပဲ။ မူလအဆုံးစွန်းဓားသူတော်စင်အရှင်ကတော့ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာနိုင်တယ်" ထိပ်ပြောင် အခန်းထဲကနေ ဘယ်အချိန်ကတည်းက ထွက်လာမှန်းမသိဘူး။ ဒါပေမယ့် သူက အထင်အမြင်သေးစွာ ပြောလိုက်တယ်။
လက်နက်တွေအပေါ် မမှီခိုဘဲနဲ့ လီဖူချန်းက သူ့ရဲ့ဓားတာအိုခွန်အားနဲ့တင် ထိပ်ပြောင်ကို အနိုင်ယူခဲ့တာလေ။ ဒီတော့ တစ်ယောက်ယောက်က လီဖူချန်းကို လှောင်ရင် သူက အလိုအလျောက်မပျော်မရွှင်ဖြစ်မိတယ်။
"မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်လား။ ဒါ မဖြစ်နိုင်တာပဲ......" အလင်းအမှတ်အသားသူတော်စင်အရှင်က မယုံကြည်ပါဘူး။
"မင်း မယုံတာ အဲဒါ မင်းကိစ္စပဲ ။ မင်းက ငါတို့ကမ္ဘာကို နားလည်နိုင်မှာမဟုတ်ဘူး" ထိပ်ပြောင်က အလင်းအမှတ်အသားသူတော်စင်အရှင်နဲ့ပတ်သက်ပြီး အာရုံမလာပါဘူး။
အလင်းအမှတ်အသားသူတော်စင်အရှင် ပြန်ပြောတော့မယ့်အခိုက် စစ်သင်္ဘောပတ်လည်ရှိအာကာသ-အချိန်က ရုတ်တရက် ရပ်သွားတယ်။ ခရမ်းရောင်သက်ရှိတစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာတယ်။
"အင်းဆက်မျိုးနွယ်ကောင်းကင်ဘုံအရှင်လား" ထိပ်ပြောင်က ထိတ်လန့်သွားတယ်။
အစောပိုင်းတုန်းက မျက်လုံးတစ်ရာအင်းဆက်ကတောင် ရင်ဆိုင်ရခက်ခဲနေပြီ။ သူ့အသက်ကို စွန့်စားရင်တောင် သူက ဒီအင်းဆက်ကောင်းကင်ဘုံအရှင်အတွက် ဘယ်လိုမှ ပြိုင်ဘက်မဖြစ်နိုင်ဘူး။
အခန်းငယ်တွေထဲရှိလူတွေက အပြင်ဘက်ရှိမူမမှန်မှုကို ချက်ချင်းသတိပြုမိသွားပြီး လျင်မြန်စွာ ပြေးထွက်လာကြတော့တယ်။
"ဘာလို့ ဒီအင်းဆက်မျိုးနွယ်စစ်မြေပြင်မှာ အင်းဆက်ကောင်းကင်ဘုံအရှင်တစ်ယောက်ရှိနေရတာလဲ" လူတိုင်းရဲ့အမူအရာက စိတ်မသက်မသာဖြစ်လာတယ်။
အင်းဆက်ကောင်းကင်ဘုံအရှင်တစ်ကောင်ကို မူလအဆင့်အုံတွေကသာ ထုတ်လုပ်နိုင်တာလေ။ သဘာဝကျကျပြောရရင် အင်းဆက်မျိုးနွယ်စစ်မြေပြင်ကို ချိတ်ပိတ်ပြီးနောက် နေရာတစ်ခုလုံးကို စစ်ဆေးပြီးသွားပြီလေ။ မူလအဆင့်အုံတစ်ခုကျန်ရစ်နေဖို့က မဖြစ်နိုင်ပါဘူး။
"သတ်" သံချပ်ဝတ်လူက အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားကို ဆွဲကိုင်ကာ ခရမ်းရောင်သက်ရှိအား ခုတ်ပိုင်းလိုက်တယ်။
ဖြောက်.....
ခရမ်းရောင်သက်ရှိက လက်ကို ပင့်ကာ ဓားချီကို ရိုက်လိုက်တယ်။ခရမ်းရောင်သွေးတွေ စီးကျလာတယ်။
"အမ်" ခရမ်းရောင်သက်ရှိက သံချပ်ဝတ်လူကို စိုက်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေမှာ ခံစားချက်အရိပ်အယောင်တစ်ခုမှမရှိဘူး၊ ပြင်းထန်တဲ့ဖိအားတစ်ခုသာ ရှိတယ်။
"အားလုံးပဲ၊ လူခွဲပြီး ထွက်ပြေးကြရအောင်။ ငါတို့က သူ့ကို မယှဉ်နိုင်ဘူး" ပြောလိုက်တဲ့သူက မျက်လုံးသုံးလုံးလူပါပဲ။
မလာခင်ကတည်းက သူတို့က နာကြည်းပင်လယ်ဓားအရှင်နဲ့ သဘောတူညီမှုယူထားခဲ့တယ်၊ သေမင်းအန္တရာယ်နဲ့ရင်ဆိုင်တဲ့အခါ သူတို့ရဲ့အသက်ကိုသာ ဦးစားပေးဖို့ပေါ့။ အခြားသူတွေကို ကယ်ဖို့အတွက်နဲ့ သူတို့ရဲ့အသက်ကို သူတို့က စွန့်စားလိမ့်မှာမဟုတ်ဘူး။
"မင်းတို့တွေ ငါတို့ကို စွန့်ပစ်လို့မရဘူး" အလင်းအမှတ်အသားသူတော်စင်အရှင်က အထိတ်တလန့်ဖြစ်နေတယ်။
လီဖူချန်းတို့အုပ်စုမရှိရင် သူတို့က ဘယ်လိုမှ အသက်ရှင်နိုင်မှာမဟုတ်ဘူး။
မီယာသူတော်စင်အရှင်မက ဘာမှမပြောဘူး။ သူမက ဒီလိုအနေအထားတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိတယ်၊ သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်မှတော့ ဘယ်သူကမှ အခြားသူတွေကို ဂရုစိုက်လိမ့်မှာမဟုတ်ဘူး။
"ငါ နောက်ချန်နေခဲ့မယ်။ မင်းတို့အားလုံး အမြန်ထွက်သွားတော့" ထိုအချိန်မှာ သာမန်ဆန်ပြီးတည်ငြိမ်တဲ့အသံတစ်ခုက ထွက်လာတယ်။
အားလုံးက အသံအရင်းအမြစ်ကို ကြည့်လိုက်တယ်၊ အဲဒါကတော့ လီဖူချန်းပါပဲ။
"မင်း ဘယ်လိုလုပ်နိုင်မှာလဲ" သံချပ်ဝတ်လူက မျက်မှောင်ကြုတ်လိုက်တယ်၊ လီဖူချန်းရဲ့အတွေးတွေကို သူ နားမလည်နိုင်ဘူးဖြစ်နေတယ်။
လီဖူချန်းရဲ့ဓားတာအိုကျွမ်းကျင်မှုက သာလွန်မြင့်မားပေမယ့် သူ့ရဲ့အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားကြောင့် ခွန်အားအရ သူက လီဖူချန်းထက် မနိမ့်ကျနိုင်ပါဘူး။
သူကတောင် အင်းဆက်ကောင်းကင်ဘုံအရှင်ကို မရင်နိုင်မှတော့ လီဖူချန်းက ဘယ်လိုလုပ်နိုင်မှာလဲ။
"စမ်းကြည့်ပြီးမှ ငါဘာလုပ်ရမလဲကို ငါ စဉ်းစားမယ်"
လီဖူချန်းက ကိုယ်ကျိုးမငဲ့တဲ့ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ပါဘူး။ သူက အင်းဆက်ကောင်းကင်ဘုံအရှင်နဲ့ ရင်ဆိုင်ဖို့ နေခဲ့ရင် သေချာပေါက် အန္တရာယ်ရှိတယ်။
သူ နောက်ချန်နေရတဲ့အကြောင်းပြချက်ကတော့ အင်းဆက်ပုံဆောင်ခဲအတွက်ပဲ။
သူက သာမန်အင်းဆက်ပုံဆောင်ခဲတွေကို စိတ်မဝင်စားပါဘူး၊ ဒါပေမယ့် ကောင်းကင်ဘုံအရှင်အဆင့်အင်းဆက်ပုံဆောင်ခဲကတော့ သူ့အတွက် အလွန်အသုံးဝင်တယ်။
ပြောရင်း လီဖူချန်းက စစ်သင်္ဘောမှ ပျံသန်းထွက်လာတယ်။
ဒီမြင်ကွင်းကို မြင်ပြီး အလင်းအမှတ်အသားသူတော်စင်အရှင်က ရှက်ရွံ့မိလာတယ်။ လီဖူချန်းနဲ့နှိုင်းယှဉ်ရင် သူက ခွန်အားအားဖြင့် နိမ့်ကျသလို သတ္တိလည်း မရှိဘူး။ ဒါပေမယ့် သတ္တိအရှိဆုံးလူတွေက စောစောသေတာကိုတော့ သူ သိတယ်။
"ငါ့ရဲ့အစာတွေ၊ တစ်ယောက်မှ ထွက်ပြေးဖို့မစဉ်းစားကြနဲ့"
ခရမ်းရောင်သက်ရှိက ရုတ်တရက် ပျောက်သွားပြီး ပြန်ထွက်ပေါ်လာချိန်မှာတော့ လီဖူချန်းရဲ့အရှေ့ကို ရောက်ရှိနေပါပြီ။ ခွန်ထက်တဲ့လက်သည်းတွေရှိတဲ့ခရမ်းရောင်လက်ဝါးက လီဖူချန်းရဲ့ရင်ဘက်ကို ထိုးဖောက်လာတယ်။
"ထွက်သွားစမ်း"
လီဖူချန်းက နတ်ဆရာဓားကို ဆွဲကိုင်လျက် ခရမ်းရောင်လက်ဝါးကို ခုတ်ပိုင်းလိုက်တယ်။
ဝုန်း.......ဝုန်း.......
ကြောက်စရာကောင်းတဲ့တုန်ခါမှုအားလှိုင်းတစ်ခုဖြစ်လာတယ်။ အနက်ရောင်အပေါက်တစ်ခုက သူတို့နှစ်ယောက်အကြားမှာ ထွက်ပေါ်လာတယ်။ အနက်ရောင်အပေါက်ပျက်စီးသွားပြီးနောက် ချက်ချင်းပဲ ပြင်းထန်တဲ့စွမ်းအင်တစ်ခုက ပေါက်ကွဲထွက်လာတယ်။ ခရမ်းရောင်သက်ရှိက လွင့်ထွက်သွားပြီး လီဖူချန်းကတော့ အကွာအဝေးတိုတစ်ခုအထိသာ နောက်ဆုတ်လိုက်ရတယ်။
" ထိပ်တိုင်ရင်ဆိုင်ပြီး အင်းဆက်ကောင်းကင်ဘုံအရှင်တစ်ကောင်ကို ဖိနှိပ်တာလား" လူတိုင်းက ပင့်သက်ရှိုက်လိုက်မိတယ်။
အထူးသဖြင့် မီယာသူတော်စင်အရှင်မတို့အဖွဲ့ပဲ။ သူတို့အားလုံးက အလွန်အမင်းအံ့အားသင့်နေကြတယ်။
"မြန်မြန်ထွက်သွားကြတော့" လီဖူချန်းရဲ့အသံက ကူးပြောင်းသွားတယ်။
"သွားကြစို့......" ရောင်စုံဝတ်အမျိုးသမီးက စစ်သင်္ဘောကို ထိန်းချုပ်ကာ ဖြစ်နိုင်သမျှ လျင်မြန်စွာ ထွက်ခွာလာတယ်။
သူတို့တွေ အနောက်မှာ ချန်နေလို့လည်း အသုံးမဝင်ဘူးလေ။
လီဖူချန်းက ပထမဥိီးဆုံးရင်ဆိုင်မှုမှာ အသာစီးရထားပေမယ့် ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ကောင်းကင်ဘုံအရှင်အောက်တစ်ယောက်တို့အကြားတိုက်ပွဲတစ်ခုမှာ ပုံမှန်အားဖြင့် ကောင်းကင်ဘုံအရှင်ကသာ အဆုံးသတ်မှာ အနိုင်ရသူဖြစ်လာလိမ့်မယ်။
ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့စွမ်းအင်က အကန့်အသတ်မရှိဖြစ်ပြီး သူတို့ကို သတ်ဖို့က ခက်ခဲလွန်းတယ်။ ရန်သူက အကြာကြီးမထိန်းထားနိုင်သရွေ့ ရန်သူကပဲ ပျောက်ကွယ်သူဖြစ်သွားရပေလိမ့်မယ်။
ဒါက မမျှတတဲ့တိုက်ပွဲတစ်ခုပါပဲ။