← Chapters

ပြိုင်ပွဲပွဲတော် (၁)

Vol. 20 Ch. 294

ပြိုင်ပွဲပွဲတော် (၁)

Vol. 20 Ch. 294

“အုပ်စုအဆင့်အတွက် မှတ်ပုံတင်တာက ဖွင့်ထားပြီ။ ကလပ်အသင်းက ကျန်ကစားသမားတွေကို ရွေးချယ်ထားပြီးပြီ၊ ကျွန်တော်တို့ရဲ့ နည်းဗျူဟာတွေကို လေ့ကျင့်ဖို့ အမြန်ပြန်လာနေကြပြီ။ အဘိုးကြီးဟောက်၊ ဒါက တခြားအဖွဲ့ဝင် သုံးယောက်နဲ့ လူစားလဲ နှစ်ယောက်ရဲ့ စာရင်းပါ။”

စကားပြောခန်းတွင် ဟောက်ထျန်း၊ Sleepy Winter နှင့် Twinkle Fried Rice တို့ ၃ ယောက်ရှိနေသည်။ သူတို့အားလုံးသည် ‘ရှည်လျားကောင်းကင်ကလပ်’၏ ပရော်ဖက်ရှင်နယ် ကစားသမားများ ဖြစ်ကြသည်။

China Esports ၏ နာမည်အကြီးဆုံးလေးခု - ‘နတ်ဘုရားကျောင်းဆောင်’၊ ‘ရှည်လျားကောင်းကင်ကလပ်’၊ ‘နန်းဆက်အသင်း’ ၊ နှင့် ‘ငါးနှင့် ခရမ်းသီးကြော်အသင်း’ ။ ကစားသမားများသည် ထိုနာမည်များကို မြင်သည့်အခါ ထိုကလပ်များ၏ အောင်မြင်မှုများကို အမြဲအမှတ်ရနေကြသည်။

နာမည်ကြီးအားလုံးတွင် ‘နတ်ဘုရားကျောင်းဆောင်’ ၏ လီကဲနှင့် ‘ငါးနှင့် ခရမ်းသီးကြော်အသင်း’ ၏ 'Three Chariots စစ်ရထားသုံးစင်း' ကဲ့သို့သော ပင်မထောက်တိုင်များရှိသည်။ ဟောက်ထျန်းနှင့် Sleepy Winter တို့သည် ‘ရှည်လျားကောင်းကင်ကလပ်’၏ အကြီးတန်းအဖွဲ့ဝင်များဖြစ်၏။ သူတို့ကို '‘ရှည်လျားကောင်းကင်ကလပ်’ Twin Stars ကြယ်အမြွာ' ဟုခေါ်ကြသည်။ အလားအလာရှိသော လူငယ်ကစားသမားအချို့သည် မကြာသေးမီနှစ်များအတွင်း လူငယ်လေ့ကျင့်ရေးစခန်းတွင် ပေါ်လာခဲ့ပြီး ယင်းတွင် Twinkle Fried Rice သည် မျိုးဆက်သစ်ဖြစ်လာနိုင်သည့် လူကြိုက်အများဆုံး ပါရမီရှင်ကစားသမားဖြစ်သည်။

ဟောက်ထျန်း၊ Sleepy Winter နှင့် Twinkle Fried Rice တို့သည် ‘ရှည်လျားကောင်းကင်ကလပ်’အဖွဲ့၏ အဓိက ကစားသမားများ ဖြစ်သည်။ ယခုအကြိမ် ပြိုင်ပွဲလိုအပ်ချက်မှာ အစားထိုးကစားသမားများအပါအဝင် ကစားသမား ရှစ်ဦးပါဝင်ပြီး ဟောက်ထျန်းက သံသယရှိစရာမလိုဘဲ ခေါင်းဆောင်ဖြစ်သည်။ Sleepy Winter နှင့် Twinkle Fried Rice တို့သည် သေချာပေါက် အဖွဲ့ဝင်များဖြစ်သည်။ ကျန်ငါးဦးကို အဖွဲ့တွင်းပြိုင်ပွဲတွင် ရွေးချယ်ခဲ့သည်။ အနိုင်ရသူများသည် ပင်မအသင်း (၁) ကို အဓိက ကစားသမား သုံးဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဒုတိယတန်းကစားသမားများသည် အသင်း (၂)ကို ဖွဲ့စည်းထားသည်။ ဤသည်က ကလပ်ကြီးများ အလုပ်လုပ်ပုံဖြစ်သည်။

ဟောက်ထျန်းက စာရင်းကို သေချာကြည့်ပြီး “ဒီကစားသမားတွေအားလုံးက အကြီးတန်းတွေဖြစ်ပြီး ရင်းနှီးပြီးသားပဲ၊ လေ့ကျင့်မှုနည်းနည်းနဲ့ သူတို့ရဲ့ ပြိုင်ပွဲဝင်ပုံစံကို ရှာဖွေနိုင်လိမ့်မယ်။ ပြိုင်ပွဲဝင်တွေက အဆင်ပြေပါတယ်၊ အပြောင်းအလဲ လုပ်စရာမလိုပါဘူး။”

သူသည် အသင်းအတွက် နှစ်ပေါင်းများစွာ ပံ့ပိုးပေးခဲ့သော နတ်ဘုရားအဆင့် ကစားသမားတစ်ဦးဖြစ်သောကြောင့် သူ၏စကားများသည် တစ်ခါတစ်ရံတွင် နည်းပြနှင့် မန်နေဂျာတို့ထက် အခွင့်အာဏာပိုရှိနေသည်။

Sleepy Winter က ခေါင်းညိတ်ပြပြီး “ပထမရာသီက အရမ်းအရေးကြီးတယ်။ အနိုင်ယူကြရအောင်။ ပြိုင်ပွဲအသေးစိတ်ကိုတော့ ကြည့်ဖူးတယ်။ အဆင့် (၅) ဆင့်ပါတယ်၊ အဲဒါကြောင့် အချိန်အတော်ကြာနိုင်တယ်။ ပြင်ဆင်ပြီး အဆင့်တက်ဖို့ ငါတို့မှာ အချိန်အလုံအလောက်ရှိနေတယ်။ အခုအချိန်က ထိပ်တန်းကစားသမားတွေ အဆင့် ၅၀ နီးပါးသို့ ရောက်နေတဲ့အချိန်ပဲ။ ဌာနခွဲ ဖိုင်နယ်ရောက်တဲ့အခါတွင် ကျန်တဲ့အသင်းတွေအားလုံးက အမြင့်ဆုံးအဆင့်မှာ ရှိနေလိမ့်မယ်။"

“ခြေစစ်ပွဲတွေက ပထမအဆင့်ပဲ။ ကစားသမားအားလုံးရဲ့ မှတ်ပုံတင်တာကို လက်ခံထားတယ်ဆိုတော့ တိုက်ပွဲက အပြင်းထန်ဆုံးဖြစ်လိမ့်မယ်။ ဌာနခွဲ တစ်ခုမှာ နေရာ ၃၈နေရာအတွက် တိုက်ပွဲဝင်နေတဲ့ အသင်းပေါင်း ထောင်နှင့်ချီရှိလိမ့်မည် - ပြိုင်ဆိုင်မှုက ဘယ်လောက်ပြင်းထန်မလဲဆိုတာကို မြင်ယောင်ကြည့်စမ်း။ ခြေစစ်ပွဲမှာ ပါဝင်သူအရေအတွက်ကြောင့် အဲဒါကို တစ်ပွဲတည်း ဖယ်ထုတ်ခြင်းပုံစံနဲ့ ပြုလုပ်မှာ။ ကံမကောင်းလို့ ပြိုင်ဘက်ကို ရှုံးရင် ကျန်ပြိုင်ပွဲတွေကို တစ်ခါတည်း လက်လွတ်သွားလိမ့်မယ်။ အစကတည်းက သတိထားရမယ်။

“ရန်သူအားလုံးကို အကြမ်းဖျင်းအားဖြင့် လေးမျိုးခွဲခြားနိုင်တယ်၊ အပျော်သဘောဖြင့်ပါဝင်နေတဲ့ သာမန်ကစားသမားတွေ၊ အရည်အသွေးမြင့် သာမန်ကစားသမားတွေ၊ ကလပ်အသင်းတွေက သန်မာတဲ့ ကစားသမားတွေနဲ့ နာမည်အကြီးဆုံးအသင်းတွေက အသင်းသားတွေပဲ။ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပြိုင်ဘက်က အခြားအကြီးဆုံးကလပ် သုံးခုဖြစ်လိမ့်မယ်။ ပုံမှန်ဝင်ခွင့်ရတဲ့ အသင်းလေးဆယ်ရဲ့ လေးပုံသုံးပုံဟာ ကလပ်အသင်းတွေကနေ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းထားတယ်။”

"အုပ်စုတိုက်ပွဲက အမြဲပြောင်းလဲနေပါတယ်၊ ဘယ်အသင်းကိုမှ လျှော့မတွက်ပါနဲ့" ဟောက်ထျန်းက တိုးညှင်းသောလေသံဖြင့် ပြောသည်။

"အဘိုးကြီးဟောက် ၊ မင်းတစ်ဦးချင်းအတွက် စာရင်းသွင်းပြီးပြီလား" Sleepy Winter က မေးသည်။

“အင်း။”

“အဲဒါဆို ငါမသွားတော့ဘူး” Sleepy Winter က ပခုံးတွန့်ပြသည်။ သူက ဟောက်ထျန်းရဲ့ ကျွမ်းကျင်မှုကို အလွန်ရှင်းရှင်းလင်းလင်း နားလည်၏။ သူသည် ‘တစ်ဦးချင်း’တွင် နေရာတစ်ခုရရန်နှင့် ‘ပုံမှန်’ရှိ အသင်းအတွက် အပိုဆုရမှတ်များရရှိရန် အခွင့်အလမ်း အလွန်မြင့်မားသည်။ ကလပ်အများစုသည် ၎င်းတို့၏ အသန်မာဆုံးကစားသမားကို ‘တစ်ဦးချင်း’သို့ စေလွှတ်ကြသည်။

‘ရှည်လျားကောင်းကင်ကလပ်’ ကြယ်အမြွာ၏ နောက်ထပ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဟောက်ထျန်းသည် ‘တစ်ဦးချင်း’တွင် ပါဝင်သောကြောင့်၊ သူသည် အသင်းအပေါ်တွင် အာရုံစိုက်ထားသည်။ အလုပ်ခွဲဝေခြင်းသဘောပင်။

…

တစ်ချိန်တည်းမှာပင်၊ ဓါးရူးသည်လည်း ‘တစ်ဦးချင်း’အတွက် စာရင်းသွင်းခဲ့သည်။ ‘ရှည်လျားကောင်းကင်ကလပ်’ကဲ့သို့သော နာမည်ကြီးတစ်ခုနှင့် မတူဘဲ သူပါဝင်သည့် Jiang City Club ကျန်းမြို့တော်ကလပ်သည် အသင်းငယ်လေးဖြစ်သည်။ အသင်းမှာရှိတဲ့ အသင်းသားတွေအားလုံးက အရေအတွက် လုံလောက်ရုံသာရှိ၏။ ၎င်းတို့အားလုံးသည် tier two ဒုတိယအဆင့် ကစားသမားများဖြစ်ကြပြီး ဓါးရူးကသာ သူ့နာမည်ကို တည်ဆောက်နိုင်ခဲ့သည်။

သို့သော် သူသည် ခေါင်းဆောင်မဟုတ်ပေ။ ခေါင်းဆောင်မှာ ကျန်းမြို့တော်ကလပ် ကိုယ်တိုင်ပျိုးထောင်ထားသော '‘Lone Crane’ အထီးကျန်ကြိုးကြာ' ပင် ဖြစ်သည်။ သို့သော် သူ့တွင် အောင်မြင်မှုတစ်စုံတစ်ရာမရှိခဲ့ပေ။

ကျန်းမြို့တော်ကလပ်သည် ယိုယွင်းခါနီးအဖွဲ့ဖြစ်သည်။ ဓါးရူးတွင် အလားအလာကောင်းများကို မြင်ပြီး ခိုင်မာသောအကူအညီအဖြစ် လက်မှတ်ရေးထိုးလိုက်သောအခါတွင် သူပါဝင်လာပြီးနောက် အသင်းသည် အနည်းငယ်ပို၍ အသက်ဝင်လာသည်။

သို့သော်၊ ‘အထီးကျန်ကြိုးကြာ’သည် ဓါးရူးကိုမကြိုက်ပေ။ ဓါးရူးသည် သူ့နေရာကို ခြိမ်းခြောက်နေသည်ဟု သူခံစားခဲ့ရသည်။ ကလပ်အသင်းငယ်များတွင် စီမံခန့်ခွဲရေးစည်းမျဉ်းများသည် နာမည်ကြီးများလောက် မဖွံ့ဖြိုးသေးသောကြောင့် ရာထူးများကို ဆုံးဖြတ်ရာတွင် စီနီယာကျသူများကို ဦးစွာထားလေ့ရှိသည်။ ရလဒ်တစ်ခု မရရှိမီတွင် ကျွမ်းကျင်ကစားသမားများအားလုံးသည် မာနကြီးကြပြီး အခြားသူများမှာ အမှိုက်များသာဖြစ်သည်ဟု ထင်မြင်ကြသည်။ ဓါးရူးသည် ဤအခြေအနေနှင့် တွေ့ကြုံရလောက်အောင် ကံကောင်းခဲ့ပြီး အဖွဲ့မှ မကြာခဏ ဖယ်ထုတ်ခံခဲ့ရသည်။

သူ၏ တစ်ဦးချင်းပြိုင်ပွဲအတွက် မှတ်ပုံတင်ခြင်းကို ‘အထီးကျန်ကြိုးကြာ’က အကြိမ်ကြိမ် တားမြစ်ခဲ့သည်။ ‘အထီးကျန်ကြိုးကြာ’၏အကြောင်းပြချက်မှာ "အသင်းက စွမ်းအားကို ထိန်းသိမ်းထားဖို့ လိုအပ်တယ်။ မင်းက ငါတို့ရဲ့ ထိပ်တန်းကစားသမားပဲ။ ‘တစ်ဦးချင်း’မှာ မင်းက အရမ်းအစွမ်းပြနေတယ်ဆိုရင် တခြားသူတွေက ငါတို့ရဲ့ နည်းဗျူဟာတွေကို ရိပ်မိလာလိမ့်မယ်။”

အထက်လူကြီးများ အတည်ပြုပြီးမှသာ မှတ်ပုံတင်ခြင်း အောင်မြင်သွား၏။

ဓားရူးသည် ဤလူမိုက်များကို မျက်နှာသာမပေးပေ။ ဒီလိုအသင်းမျိုးနဲ့ ဘာမဆိုအောင်မြင်ချင်တယ်ဆိုတာ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာပင်။ သူသည် သူ၏မျှော်လင့်ချက်အားလုံးကို ‘တစ်ဦးချင်း’တွင် ထည့်သွင်းထားသည်။ ‘တစ်ဦးချင်း’မှာ သူ့ကိုယ်သူ နာမည်ရနေသမျှ သူ့အနေ‌အထားက တည်ငြိမ်နေလိမ့်မည်။

နတ်ဘုရား ဟောက်ထျန်းနဲ့ ယှဉ်ပြိုင်တဲ့ ငါ့ရဲ့ နိုင်ပွဲအချိုးက အခု လေးအချိုးခြောက်ပဲ။ သူက ထိပ်တန်း နတ်ဘုရားအဆင့် ကစားသမားတစ်ဦး။ ငါအချိန်တိုင်း ၄၀% ကိုအနိုင်ရနိုင်တယ်ဆိုတော့ ‘တစ်ဦးချင်း’ မှာ ထိပ်တန်း ၆၄ယောက်ကို ဝင်ရောက်ဖို့ အခွင့်အလမ်းမြင့်မားနိုင်တယ်။

ဓါးရူးက သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။ ဟန်ရှောင်း၏ မစ်ရှင်များမှ အတွေ့အကြုံအမှတ် အမြောက်အမြား လက်ခံရရှိခဲ့သည်။ သူ့အဆင့်က အခြားကစားသမားအများစုထက် သာလွန်နေပြီး သူ့ရဲ့စွမ်းရည်အဆင့်ကလည်း မြင့်မား၏။ ထို့အပြင်၊ သူ၏ ကိရိယာများအားလုံးသည် Black Phantom ၏ဆိုင်မှ Limited Edition ဖြစ်သည်။ Mechanical Pugilist သည် စက်ကိရိယာများတွင် များစွာမူတည်ပါသည်။ သူ့စက်ပစ္စည်းအများစုသည် အပြာရောင်အဆင့်ဖြစ်ပြီး၊ သူ၏လက်နက်မှာ ခရမ်းရောင်ပင်ဖြစ်သည်။ သူ၏ စက်ပစ္စည်းအမျိုးအစားမှာလည်း သာမန်ကစားသမားများ၏ အသိပညာကို ကျော်လွန်နေပါသည်။ လုံးဝ ဇိမ်ကျကျနေခဲ့၏။

Limited Edition ကန့်သတ်ထုတ်ဝေမှုများသည် အမှန်တကယ်တွင် သူ့အတွက် ဟန်ရှောင်းတည်ဆောက်ပေးခဲ့သော အံဝင်ခွင်ကျ စက်ပစ္စည်းများဖြစ်သည်။ ဟန်ရှောင်းက သူတို့လေးယောက်ကို ပြုစုပျိုးထောင်နေတာကြောင့် သူတို့ကို ပြုစုစောင့်ရှောက်ပေးရမှာ ဖြစ်၏။ တကယ်တော့ ဓါးရူး၊ Maple Moon ၊ ဟောက်ထျန်းနဲ့ Bun-Hit-Dog တို့ကို သူ၏ အလုပ်သင်များအဖြစ် မှတ်ယူထားသည်။

ဓါးရူးသည် သူဤမျှသန်မာရခြင်းအကြောင်းရင်းမှာ Black Phantom ၏ 'လျှို့ဝှက်ဇာတ်ကြောင်း' ကြောင့်ဖြစ်သည်ကို ကောင်းစွာသိသည်။ သူ ဒါကိုတွေးလိုက်တိုင်း၊ closed beta အတွင်းမှာ ဟန်ရှောင်းကို တွေ့ခွင့်ရသည့်အတွက် အလွန်ဝမ်းသာနေမိသည်။

ငါနေရာကောင်းရရမယ်! ဓါးရူးက သူ့ကိုယ်သူ အားပေးလိုက်သည်။

…

‘ခြေစစ်ပွဲ’အတွက် စာရင်းသွင်းခြင်းကို အကြိတ်အနယ် ဆက်လုပ်ခဲ့သည်။ ကလပ်အသင်း အသီးသီးသည် မကြာခဏ လှုပ်ရှားမှုများ ပြုလုပ်ကြသည်၊ ဖိုရမ်များတွင် သတင်းဆောင်းပါးများ နေ့စဉ် ထွက်ပေါ်လာပြီး ကစားသမားများသည် တိုးတက်မှုများကို တက်ကြွစွာ ဆွေးနွေးနေကြသည်။ လုံးဝကို မြူးတူးပျော်ရွှင်နေကြ၏။ ဤသည်မှာ ပွဲတော်တစ်ခုဖြစ်သည်။ ကစားသမားများအားလုံးသည် ပရိုအခင်းအကျင်းတွင် ၎င်းတို့၏ အိုင်ဒေါများ၏ စွမ်းဆောင်ရည်ကို စောင့်မျှော်နေပြီး အမြင့်ဆုံး ကျွမ်းကျင်မှုအဆင့်၏တိုက်ပွဲကို မျှော်လင့်နေကြသည်။

ကစားသမားများသည် တိုက်ကြီးများကြားတွင် ခရီးသွားနိုင်နေပြီဖြစ်သည်။ ခိုလှုံရေးစခန်း ၃တွင် မရေတွက်နိုင်သော ကစားသမားများ စုဝေးကြ၏။ ခိုလှုံရေးစခန်း ၃သည် ‘တစ်ဦးချင်း’အတွက် လက်ခံကျင်းပသည့်နေရာဖြစ်သည်။ စာရင်းသွင်းထားသော ကစားသမားများအပြင် ကစားသမား အများအပြားသည် ၎င်းကို တိုက်ရိုက်ကြည့်ရှုရန် လာရောက်ခဲ့ကြသည်။ မြို့တွင်းရှိ ကစားသမားအရေအတွက်သည် မရပ်မနား တိုးလာ၏။

ကစားသမားအများစုသည် ပရော်ဖက်ရှင်နယ်ကလပ်အသင်းများနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေးမရှိကြောင်း သိထားသောကြောင့် ‘တစ်ဦးချင်း’အတွက် ပါဝင်သူအရေအတွက်သည် အမြင့်ဆုံးဖြစ်ပြီး အသင်းဖွဲ့ရန်မှာ မလွယ်ကူပေ။ နှိုင်းယှဥ်ရင် ‘တစ်ဦးချင်း’က ပိုလွယ်ကူ၏။ မည်သူမဆို စာရင်းပေးသွင်းနိုင်သည်။ တရားဝင်မှတ်တမ်းတင်ထားသည့်အတိုင်း၊ ဌာနခွဲတိုင်းတွင် ‘တစ်ဦးချင်း’အတွက် စာရင်းသွင်းထားသော ကစားသမားပေါင်း ၁၀၀,၀၀၀ ကျော်ရှိသည်။ ‘ခြေစစ်ပွဲ’များ မည်မျှပြင်းထန်မည်ဆိုတာ မြင်နိုင်၏။

ပါဝင်ကစားသူများသည် အစောပိုင်းအချိန်ကတည်းက ဂိမ်းတွင်ပါဝင်ခဲ့သော ဝါရင့်ကစားသမားများဖြစ်သည်။ နောက်ပိုင်း ကစားသမားသစ်များသည် အဆင့် ၂၀ သို့မဟုတ် ထိုပတ်လည်၌သာရှိသည်။ ၎င်းတို့ပါဝင်ခြင်းသည် အခြားသူများအတွက် အခမဲ့အမှတ်များသာ ဖြစ်လိမ့်မည်။ လိဂ်စတင်တာ စောလွန်းတယ်လို့ လူတချို့က စောဒကတက်ခဲ့ကြသော်လည်း သိပ်မကြာခင်မှာပဲ အသံတွေက လူပင်လယ်ထဲမှာ နစ်မြုပ်သွားကြသည်။

ဂိမ်းကို စတင်ထုတ်လွင့်ချိန်မှစ၍ ဂိမ်းအတွင်းအချိန်မှာ ရှစ်လကျော် ရှိသွားပြီဖြစ်သည်။ ပြိုင်ပွဲအချိန်ဇယားအရ ဌာနခွဲပြိုင်ပွဲများသည် ၆လခန့်ကြာမြင့်မည်ဖြစ်ပြီး၊ နိုင်ငံတကာပြိုင်ပွဲများကို ပြင်ဆင်ရန်နှင့် အနားယူရန် တစ်နှစ်ခန့်ကြာပြီးမှသာ စတင်မည်ဖြစ်သည်။ ဤကာလရှည်အနားယူရခြင်းသည် အဓိကအားဖြင့် ခြေစစ်ပွဲအောင်သည့် အသင်းများကို ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အချိန်ပိုပေးခြင်းဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများသည် မည်မျှအရေးကြီးကြောင်း ပြသနေသည်။ ထို့အပြင် ၎င်းသည် ပြိုင်ပွဲ၏ လွှမ်းမိုးမှုကို မြှင့်တင်ရန် ဆာလောင်မှုကိုလှုံ့ဆော်သည့် မားကတ်တင်းပုံစံ တစ်ခုဖြစ်သည်။

ပြိုင်ပွဲသည် နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။ ဗားရှင်း ၁.၀တစ်ခုလုံး၏ ကြာချိန်သည် သုံးနှစ်ခွဲဖြစ်သည်။ ‘ခြေစစ်ပွဲ’အတွက် မအောင်မြင်သော ကစားသမားများကို ကံမကောင်းဟုသာ ယူဆနိုင်သည် - အချိန်သည် လူကိုမစောင့်ပေ။

Maple Moon သည် ‘ခြေစစ်ပွဲ’အတွက် စာရင်းမသွင်းခဲ့ပေ။ သူမသည် ပေါ့ပေါ့ပါးပါး ကစားသမားတစ်ဦးဖြစ်သောကြောင့် ပြိုင်ပွဲများကို အာရုံမစိုက်ဘဲ ယှဉ်ပြိုင်မှုပုံစံကို လုံးဝမသိလိုက်ပေ။ ထို့ကြောင့် သူမသည် အေးအေးချမ်းချမ်းပင် ကြည့်ရှုသူသာလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဟုတ်ပါသည်၊ ဟန်ရှောင်းက သူမကို ပြိုင်ပွဲဝင်ဖို့ အတင်းအကြပ်လုပ်မှာ မဟုတ်ပေ။ ထို့အပြင်၊ Maple Moon ကဲ့သို့ တည်ဆောက်နိုင်စွမ်းကို အာရုံစိုက်သည့် ယန္တရားပညာရှင်သည် ဗားရှင်း ၁.၀ တွင် သာမန်မျှသာ ခွန်အားရှိသည်။ ယန္တရားပညာရှင်ကြီးဟန်၏ အရည်အချင်းမျိုး လူတိုင်းမှာ မရှိကြပေ။

Bun-Hit-Dog ကတော့ ၎င်း၏ streamer သူငယ်ချင်းများနှင့် ဆက်သွယ်ပြီး ပြိုင်ပွဲတွင် ပါဝင်ရန် စိတ်လှုပ်ရှားစွာဖြင့် streamer အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဟန်ရှောင်း၏ အတွေ့အကြုံနှင့် ခန့်မှန်းချက်များအရ၊ ဤ streamer အဖွဲ့သည် အခမဲ့အမှတ်များသာ ဖြစ်မည်မှာ သေချာပါသည်။ အကယ်၍ ၎င်းတို့သည် ဌာနခွဲ ပုံမှန်သို့ ပါဝင်နိုင်ခဲ့ပါက၊ သူသည် စွမ်းအင်သလင်းကျောက်ဆယ်ခုကို မျိုချသွားမည်ဖြစ်သည်။

ဒါကြောင့်၊ ငါ့လက်အောက်က လူသုံးဦးပဲ ပြိုင်ပွဲမှာ ပါဝင်လိမ့်မယ်၊ ဟောက်ထျန်း၊ ဓါးရူးနဲ့ Bun-Hit-Dog... နောက်ဆုံးလူကို လစ်လျူရှုထားလို့ရတယ်။

ဟန်ရှောင်းသည် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ လူစည်ကားသော ရင်ပြင်ကို ငုံ့ကြည့်ကာ သူတို့နှစ်ဦး ရလဒ်ကောင်းများ ရနိုင်မည်ဟု မျှော်လင့်နေသည်။

မှတ်ပုံတင်ခြင်းအဆင့်သည် ပြိုင်ပွဲ၏ အစပျိုးနေသည့်ကာလဖြစ်သည်။ ဒါဟာ သူ့အတွက် ကြီးမားတဲ့ အမြတ်အစွန်းရဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်၏။ တစ်ကိုယ်တော် ပြိုင်ပွဲဝင် ၁၀၀,၀၀၀သည် အနည်းငယ်မျှသော တိုးတက်မှုအတွက် ငွေနှင့် အတွေ့အကြုံအမှတ်ကို သုံးစွဲရန် ဆန္ဒရှိနေကြသည်။

ဟန်ရှောင်း၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။

နဂါးငွေ့တန်းဆီကို ထွက်သွားပြီးရင်၊ အချိန်တိုအတွင်း ကစားသမားအများအပြားနဲ့ ထိတွေ့ဆက်ဆံနိုင်တော့မှာ မဟုတ်ဘူး။ အခုရတဲ့ အတွေ့အကြုံအမှတ် အားလုံးကို နဂါးငွေ့တန်းထဲ ယူသွားရမယ် - များလေ ကောင်းလေပဲ။

All Chapters