ပြိုင်ပွဲပွဲတော် (၂)
Vol. 20 Ch. 295
ပရိုလိဂ်၏ ပထမရာသီသည် အရှိန်တက်လာသည်။ 'Galaxy Times' သည် အာရုံစိုက်မှုများစွာရရှိနေသည်။ ပြိုင်ပွဲ၏ အလုံးစုံလှုပ်ရှားမှုများကို ပိုင်းခြားစိတ်ဖြာသည့် နောက်ဆုံးအပိုင်းကိုလည်း ထုတ်ပြန်ခဲ့ရာ ကြည့်ရှုသူအများဆုံးစံချိန်ကို ချိုးဖျက်နိုင်သွားသည်။
ဟန်ရှောင်းက ဗီဒီယိုကို ဖွင့်လိုက်တယ်။ ဤအပိုင်းသည် အခြားအပိုင်းများနှင့် သိသိသာသာ ကွဲပြား၏။ မှတ်ချက်များသည် ယခင်ကထက် များစွာပို၍ များပြားလာပြီး ကြာမြင့်ချိန်မှာလည်း နှစ်ဆတိုးလာသည့်အတွက် ၎င်းတွင် အကြောင်းအရာများစွာ ပါဝင်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
ပုံမှန်အတိုင်း မရယ်ရသည့် အဖွင့်ဟာသလုပ်ပြီးနောက် အစီအစဉ်မှူးများသည် ပင်မအကြောင်းအရာကို စတင်၍ တင်ပြကြသည်။
“Galaxy ပရိုလိဂ်ရဲ့ ပထမဆုံးရာသီ စတင်ပါပြီ။ ခြေစစ်ပွဲအတွက် မှတ်ပုံတင်ခြင်း ဖွင့်လှစ်ပါပြီ။ ကစားသမားတွေ ဒီပွဲတော်အတွက် အဆင်သင့်ဖြစ်ပြီလား”
"အမြဲအဆင်သင့်ပဲ" ဖြင့် ပြည့်နေသော မှတ်ချက်များ စခရင်မျက်နှာပြင်ကို ကျော်သွားသည်။
“ဒီအပိုင်းကနေစပြီး လူတိုင်းအတွက် ပြည့်စုံကျယ်ပြန့်တဲ့ ပြိုင်ပွဲအကြောင်း ခွဲခြမ်းစိတ်ဖြာမှုတွေကို စဉ်ဆက်မပြတ် ယူဆောင်လာပေးမှာပါ” အမျိုးသားအစီအစဉ်မှူးက ပြောကြားလိုက်သည်။ “ဤအပိုင်းရဲ့ အကြောင်းအရာတွေက ပြိုင်ပွဲအစီအစဉ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြိုင်ဆိုင်မှုအချိန်ဇယား ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ဌာနခွဲများရှိ အင်အားကြီးအသင်းများကို မိတ်ဆက်ခြင်းတို့ ပါဝင်ပါတယ်။ စတူဒီယိုမှာ ဧည့်သည်များအဖြစ် တရုတ်နိုင်ငံရှိ အကြီးဆုံးကလပ် လေးခုရဲ့ ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားပါတယ်။ ကောင်းပြီ၊ ပထမဆုံး ကြော်ငြာလေးကြည့်ပြီး ခဏအနားယူလိုက်ကြရအောင်။ မထွက်သွားပါနဲ့၊ အံ့သြစရာကောင်းတဲ့ အကြောင်းအရာက မကြာခင် ပြန်ရောက်လာမှာပါ။"
ကြော်ငြာများသည် တိုတိုတုတ်တုတ်မဟုတ်ပဲ နောက်ငါးမိနစ်ကြာအောင် စတင်ပြသတော့သည်။ ဘယ်ကလေးအနှီးပိုကောင်းလဲဆိုတဲ့ မှတ်ချက်တွေတောင် ဆွေးနွေးလာတဲ့အခါ အစီအစဉ်မှူးတွေက ပြန်ပေါ်လာ၏။
ဟန်ရှောင်းသည် ပြောစရာစကားမရှိတော့ပေ။ ဒီအပိုင်းက အရမ်းရှည်တာ မဆန်းပါဘူး...
"ပြန်လည်ကြိုဆိုပါတယ်။ ဒါဆို၊ အစပျိုးဂြိုလ် ၁၃ခုနဲ့ တူညီအောင် ပရိုလိဂ်ကို ၁၃ ပိုင်းခွဲထားပြီး သက်ဆိုင်တဲ့ ဂြိုလ်အသီးသီးရဲ့ အားအကောင်းဆုံး အသင်းများကို ရွေးချယ်တယ်။ ပြီးတော့ အားကောင်းတဲ့ Esports နိုင်ငံတချို့က ကလပ်တွေက သူတို့ရဲ့ အခြေစိုက်စခန်းတွေကို ရွေးထားပြီး၊ ဆိုလိုချင်တာက သူတို့ဌာနခွဲကို ကြိုပြီး ရွေးလိုက်တာပဲ…”
အစီအစဉ်မှူး နှစ်ယောက်သည် မတူညီသည့် ဌာနခွဲများ၏ အခြေအနေနှင့် အင်အားတောင့်တင်းတဲ့ နိုင်ငံတွေကို မိတ်ဆက်ပေးခဲ့သည်။ အားကောင်းသည့်အသင်းကို သူတို့ပြောလိုက်တိုင်း၊ ထိုအဖွဲ့၏ ကြွေးကြော်သံများ ပေါ်ထွက်လာသည်။ အင်အားကြီးအသင်းတိုင်းတွင် ကမ္ဘာတစ်ဝှမ်း၌ ပရိသတ်များရှိကြသည်။
ရေပင်လယ်ဂြိုလ် ဌာနခွဲအကြောင်းပြောသောအခါ တုံ့ပြန်မှုသည် အပြင်းထန်ဆုံးဖြစ်သည်။ ၎င်းသည် 'Galaxy Times' ၏ တရုတ်ဗားရှင်းဖြစ်သည်။
“… ရေပင်လယ်ဂြိုလ် က တရုတ်ကလပ်များရဲ့ အဓိကဌာနခွဲဖြစ်ပါတယ်။ ရေပင်လယ်ဂြိုလ် ဌာနခွဲ၏ အခြေအနေများကို ခွဲခြမ်းစိတ်ဖြာဖို့ ဧည့်သည်များအား ဖိတ်ခေါ်ထားပါတယ်။ ‘နတ်ဘုရားကျောင်းဆောင်’ မှ လီကဲ၊ ‘နန်းဆက်အသင်း’မှ ဒုတိယမင်းသား၊ ‘ရှည်လျားကောင်းကင်ကလပ်’မှ ဟောက်ထျန်းနှင့် ‘ငါးနှင့် ခရမ်းသီးကြော်အသင်း’ မှ Sun Eggplant နေမင်းခရမ်းသီးတို့ကို နွေးထွေးစွာ ကြိုဆိုလိုက်ကြရအောင်။”
မှတ်ချက်များ ပေါက်ကွဲထွက်ကုန်၏။ ဤကလပ်လေးခုသည် ရန်သူများဖြစ်သည်ကို လူတိုင်းသိကြသော်လည်း တစ်နေရာတည်းတွင် စုရုံးနေကြသည်။ အလွန်ရှားပါးသော အခါသမယဖြစ်၏။
ဤလေးယောက်စလုံးသည် အကြီးဆုံးကလပ်အသင်းများ၏ ခေါင်းဆောင်များပင်။ သူတို့မှာ ပရိတ်သတ်တွေ အများကြီးရှိပြီး သူတို့ဟာ ရန်သူတွေဖြစ်တာကြောင့် မှတ်ချက်များသည် အချိန်တိုအတွင်း ငြင်းခုံမှုတွေ ပြည့်နှက်နေတော့သည်။
"သူဌေး လီကဲ၊ အရမ်းခန့်တာပဲ!"
“‘နတ်ဘုရားကျောင်းဆောင်’ က အမှိုက်တွေပဲ။ Fan Girls ဖန်ဂဲလ်လေးတွေ၊ နောက်ဆုတ်လိုက်ပါ!”
"ငါ့ကို မတားနဲ့၊ လီကဲရဲ့ ကလေးကို မွေးပေးချင်တယ်!"
“ငါတို့ မရှုံးနိုင်ဘူး ညီအကိုတို့။ ဟောက်ထျန်း၊ ငါလည်း မင်းရဲ့ကလေးကို မွေးချင်တယ်!"
"ဒုတိယ Mace က ဘာလို့ ထွက်လာတာလဲ၊ ‘နန်းဆက်အသင်း’ရဲ့ သူဌေးက ဘယ်မှာလဲ။ တရုတ်ရဲ့ ထိပ်တန်းကစားသမားကို တွေ့ချင်ပါတယ်”
“ဒါက စည်းကျော်တာပဲ၊ သူ့ကို Second Mace လို့ ဘယ်လိုခေါ်လဲ။ သူ့ကို ဒုတိယမင်းသား လို့ ခေါ်ပါ !”
“နေမင်းခရမ်းသီးက အကောင်းဆုံးပဲ”
ထူးခြားသောလက္ခဏာများရှိသော ပရော်ဖက်ရှင်နယ် နတ်ဘုရားအဆင့် ကစားသမားလေးယောက်သည် ရုပ်ပုံထဲတွင် ပေါ်လာသည်။ လီကဲသည် အဖွဲ့၏ အချောဆုံးဖြစ်ပြီး အမြဲလိုလို သူ့မျက်နှာပေါ်တွင် နွေးထွေးသော အမူအရာရှိသည်။ ဟောက်ထျန်းသည် ကျောက်တုံးကဲ့သို့ အမူအရာမဲ့စွာ သူ့ဘေးတွင် ထိုင်နေသည်။
ဒုတိယမင်းသားသည် ‘နန်းဆက်အသင်း’ ၏ နာမည်ကြီးကစားသမားများထဲမှ တစ်ဦးဖြစ်သည် - မာနကြီးပြီး ခေါင်းကို မြင့်မြင့်မော့ထားကာ ဆံပင်ကိုဖြီးကာ 'အလွန်မောက်မာသည်' ၏ အဓိပ္ပါယ်ကို အပြည့်အဝ ဖော်ပြနေသည်။
သူတို့လေးယောက်ထဲတွင် ဒီကောင်လေးက မုန်းတီးသူအများဆုံးရှိနေ၏။ တရုတ်နိုင်ငံ၏ နံပါတ် ၁ နတ်ဘုရားအဆင့် ကစားသမားသည် ‘နန်းဆက်အသင်း’တွင် ပါဝင်သည်။ လျှို့ဝှက်ဆန်းကြယ်ပြီး မည်သည့်ရှိုးများတွင်မျှ ပါဝင်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေနဲ့ ဒုတိယမင်းသားက သူ့အဖွဲ့ထဲက နတ်ကစားသမားကို ဆိုးဆိုးရွားရွားပြောရတာကို နှစ်သက်ပြီး သိမ်းပိုက်ချင်တဲ့ ရည်မှန်းချက်ကို လုံးဝဖုံးကွယ်မထားပေ။ သို့သော်၊ သူသည် သူ့အသင်းရှိ နတ်ဘုရားအဆင့် ကစားသမားများ၏ ရယ်စရာ မကြာခဏဖြစ်လာသော်လည်း သူဘယ်သောအခါမှ မပြောင်းလဲချေ။ ထိုအရာအားလုံးမှလွဲ၍ သူက ပြိုင်ပွဲမှာ ဘယ်တုန်းကမှ ဝန်ထုပ်ဝန်ပိုးမဟုတ်သည့်အတွက် မုန်းတီးသူအများစုဟာ နောက်ပြောင်နေရုံမျှသာဖြစ်သည်။
နောက်ဆုံးတစ်ယောက်၊ နေမင်းခရမ်းသီးသည် ‘ငါးနှင့် ခရမ်းသီးကြော်အသင်း’ ၏ 'Three Chariots စစ်ရထားသုံးစင်း' ၏ နောက်ဆုံးအဖွဲ့ဝင်ဖြစ်သည်။ သူသည် နေကာမျက်မှန်တပ်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူက စည်းမဲ့ကမ်းမဲ့စွာ အသွင်အပြင်ရှိကာ ချိတ်ထားသောခြေထောက်နှစ်ဖက်ကို အဆက်မပြတ်လှုပ်ယမ်းပြီး ကုလားထိုင်နောက်တွင် လက်တစ်ဖက်ပစ်၍ သူဌေးတစ်ယောက်လို ထိုင်နေသည်။ သူ့နှုတ်ခမ်းကြားမှာ သွားကြားထိုးတံတောင်ရှိတယ်။ ကင်မရာများရှေ့တွင် ဆေးလိပ်မသောက်ရဟူသော စည်းကမ်းမရှိပါက ထိုအရာသည် သွားကြားထိုးတံသည် သေချာပေါက်ဖြစ်မည်မဟုတ်ပေ။
လီကဲက ပြုံးပြီး “မင်းရဲ့ ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါကို စဉ်းစားကြည့်တော့၊ ဒါက Galaxy Times မှာ ကျွန်တော် လေးကြိမ်မြောက် ပေါ်လာတာပဲ။”
“Galaxy Times မှာ ဧည့်သည်အဖြစ် လာရောက်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” အမျိုးသားအစီအစဉ်မှူးက ပြောသည်။ "ကျွန်တော်တို့ရဲ့ နတ်ဘုရားအဆင့် ကစားသမားလေးယောက်၊ ကျေးဇူးပြုပြီး ရေပင်လယ်ဂြိုလ် ပြိုင်ပွဲအခြေအနေအတွက် ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ စလိုက်ကြရအောက်။
သူတို့က ခွဲခြမ်းစိတ်ဖြာမှုကို စတင်လိုက်ကြသည်။ လီကဲနှင့် ဒုတိယမင်းသားလေးတို့က စကားအများဆုံးပြောကြသည်၊ ဟောက်ထျန်းသည် စကားမပြောလုနီးပါးဖြစ်ပြီး နေမင်းခရမ်းသီးသည် ရံဖန်ရံခါဆိုသလို ဝင်ပြော၏။
ရေပင်လယ်ဂြိုလ် ဌာနခွဲသည် တရုတ်နိုင်ငံအတွက် အဓိကနေရာဖြစ်သည်။ ကလပ်အသင်း စုစုပေါင်း ဆယ်ဂဏန်းရှိခဲ့သည်။ နာမည်အကြီးဆုံး လေးခုအပြင် Thunder Storm မိုးကြိုးမုန်တိုင်းအသင်း၊ Fanatics ရူးသွပ်မှုကလပ်နှင့် Nine Gates ဂိတ်တံခါးကိုးခုအဖွဲ့ ကဲ့သို့သော ကလပ်အသင်းကြီးများ ရှိနေသည်။ အားကောင်းသော ပရိုကစားသမားများ မြောက်များစွာရှိ၏။ ခေါင်းစဉ်ကို အကြာကြီး ဆွေးနွေးကြတယ်။ သူတို့ရဲ့အမြင်မှာတော့ အကြီးဆုံးအသင်း လေးခုက နိုင်ပွဲရဖို့ အခွင့်အရေးအများဆုံးအသင်းတွေ ဖြစ်နေတုန်းပင်။
အစပျိုးဂြိုလ် ၁၃ခု၊ ပါ၀င်သောနိုင်ငံ ၃၇နိုင်ငံ။ နိုင်ငံငယ်များသည် ၎င်းတို့၏ အခြေစိုက်စခန်းများကို ရွေးချယ်နိုင်စွမ်းမရှိပေ။ ရေပင်လယ်ဂြိုလ် တွင် နိုင်ငံခြားကလပ်ပွဲအချို့ရှိပြီး အများအပြားမဟုတ်သော်လည်း ၎င်းတို့သည် အားကောင်းကြ၏။ လျှော့တွက်လို့ မရပေ။
အခြေစိုက်ဂြိုလ်လို့ ကိုယ့်ဖာသာကိုယ် ခေါ်ကြသော်လည်း ဘယ်နိုင်ငံမဆို လာကစားနိုင်ကြသည်၊ ဒါက ကစားသမားတွေအတွက် သဘာဝအတိုင်း ဖွဲ့စည်းထားတဲ့ နယ်မြေတစ်ခုဖြစ်သည်။ အချို့သောကလပ်များသည် အခြားဌာနခွဲများသို့ သန်မာသောကစားသမားများကို စေလွှတ်ကာ ဒေသခံကလပ်များကို အနိုင်ယူရန် သာမာန်ကစားသမားများအသွင်ဖြင့် အသင်းဖွဲ့ကာ ပြည်တွင်းကစားသမားများကို မျက်နှာပျက်စေမည့်အသင်းတစ်ခုကို ဖန်တီးလိမ့်မည်ဟု ဟန်ရှောင်းက သတိရမိသည်။
သူတစ်ခါတွေ့ဖူးတဲ့ Electrolux က ဒီလိုမျိုးပင်။
“… ခြေစစ်ပွဲတွေက အပြင်းထန်ဆုံး အဆင့်ဖြစ်လာမှာပါ” လီကဲက ပြောသည်။ “ပါဝင်ကစားသူတွေက ပျမ်းမျှ အဆင့် ၄၀ မှာ ရှိနေပြီး၊ အမြင့်ဆုံးအဆင့်မဟုတ်သေးပါဘူး။ ဖယ်ရှားရေးအဆင့်မှာ ကံတရားက တစ်စိတ်တစ်ပိုင်း ပါဝင်ပေမယ့် ပိုပြီးကြာကြာနေနိုင်လေ၊ တိုက်ပွဲတွေ ပိုများလာလေပဲ။ ကျွန်တော်တို့တောင် ပွဲတိုင်းကို ယုံကြည်မှုရှိတယ်လို့တောင် ပြောလို့မရပါဘူး။ ကံကြမ္မာရဲ့ အကျိုးသက်ရောက်မှုက လျော့ပါးသွားပါလိမ့်မယ်။ နောက်ဆုံး အသင်း ၃၈ သင်းက တကယ့် ကျွမ်းကျင်မှု အားကောင်းတဲ့ အသင်းတွေ ဖြစ်လာမှာ သေချာပါတယ်။”
ဒုတိယမင်းသားက လှောင်ပြောင်တယ်။ “ဟဲဟဲ၊ အဲဒါ မင်းရဲ့’နတ်ဘုရားကျောင်းဆောင်’ ဘုရားဗိမာန်တော်က အရမ်းနုနေလို့။ ငါတို့’နန်းဆက်အသင်း’ဟာ အကြွင်းမဲ့ယုံကြည်မှုရှိတယ်။ ငါတို့ကို တွေ့တဲ့သူတိုင်းက သေခြင်းတရားကို စောင့်နေရမှာ။”
လီကဲက အပြင်မှာ ပြုံးနေပေမယ့် အတွင်းမှာတော့ ကျိန်ဆဲလိုက်သည်။
သူသည် ထိုအရူးကို စိတ်မ၀င်စားဘဲ ဟောက်ထျန်းကို လှည့်ကြည့်လိုက်သည်။ သူက ပြုံးပြီး "အဘိုးကြီးဟောက်၊ မင်းအိပ်မက်ကို ဖြည့်ဆည်းပြီး ဒီတစ်ကြိမ် နိုင်ငံတကာချန်ပီယံ ဖြစ်လာနိုင်မလား"
"အောင်မြင်မှုဆိုတာ ကြိုးစားမှုပေါ်မှာ မူတည်တယ်။" ဟောက်ထျန်း၏ စကားများသည် အနည်းငယ်မျှသာဖြစ်သော်လည်း ရှင်းလင်းသော အဓိပ္ပါယ်ရှိသည်။
ဒုတိယမင်းသားက မောက်မောက်မာမာပြောပြီး “အားကုန်ခံမနေပါနဲ့။ ချန်ပီယံက ‘နန်းဆက်အသင်း’ပဲဖြစ်လိမ့်မယ်။”
Sun Eggplant နေမင်းခရမ်းသီးက သူ့ကို စွေကြည့်လိုက်ကာ “ငတုံး”
ဒုတိယမင်းသားက ခေါင်းကိုလှည့်ပြီး ဒေါသတကြီးစိုက်ကြည့်နေတယ်။
"မင်း ဘာကိုကြည့်နေတာလဲ၊ အရိုက်ခံချင်နေတာလား" နေမင်းခရမ်းသီးသည် အချိန်မရွေး တိုက်ခိုက်တော့မလိုမျိုး သူ့အင်္ကျီလက်ကို ခေါက်လိုက်သည်။
ဒုတိယမင်းသားက နောက်ဆုတ်သွားပြီး ညည်းတွား၏။ “အရိုင်းအစိုင်းကောင်”
သူတို့ လေးယောက် အပြန်အလှန် တုံ့ပြန်ကြပြီး မှတ်ချက် များ ထွက်ပေါ်လာသည်။ ဤအပိုင်းက ပြိုင်ပွဲကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားသည်။ နောက်ဆုံးမှာတော့ သူတို့လေးယောက်က သူတို့ အသင်းတွေရဲ့ ပြင်ဆင်မှုတွေကို ကြော်ငြာခဲ့ကြပြီး ချန်ပီယံဆုအတွက် သူတို့၏ ပြင်းထန်သည့် စိတ်ပိုင်းဖြတ်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြသည်။
ဟန်ရှောင်းခေါင်းခါလိုက်သည်။ သူတို့အားလုံးဟာ စည်းကမ်းမဲ့တဲ့ပုံပေါက်ပေမယ့် သူတို့အားလုံးက နတ်ဘုရားအဆင့် ကစားသမားတွေဖြစ်သည်။
ရှိုးမှတစ်ဆင့်၊ ပရိုလိဂ် ပထမရာသီ၏ အမှတ်တရဟောင်းများကို ပြန်လည်သတိရလာ၏။
…
‘ခြေစစ်ပွဲ’မှတ်ပုံတင်ခြင်းသည် အလွန်လျင်မြန်စွာ ပြီးဆုံးသွားသည်။ တရားဝင်စတင်မှုမှာ သုံးရက်အကြာတွင်ဖြစ်ပြီး ပြိုင်ပွဲဝင်တွေအားလုံး တတ်နိုင်သမျှ ပြင်ဆင်ကြတယ်။
ယခုတစ်ကြိမ်တွင် သိန်းနှင့်ချီသော ကစားသမားများသည် ခိုလှုံရေးစခန်း၌ စုဝေးကာ ကွင်းပတ်ပတ်လည်တွင် စုရုံးနေကြပြီး ရင်ပြင်ကို လုံးဝပြည့်စေသည်။
ဟန်ရှောင်းက ရင်ပြင်ကို ငုံ့ကြည့်လိုက်သည်။
စတင်ရန် နောက်ထပ်သုံးရက် လိုသေးသည်…
ဟန်ရှောင်းလှည့်ပြီး အောက်ထပ်ကို ဆင်းသွား၏။
အချိန်ကျပြီ!