အာရုံခံစားမှု
Vol. 20 Ch. 296
ခိုလှုံရေးစခန်းသည် လူများဖြင့် ပြည့်ကျပ်နေသည်။ ပြိုင်ပွဲဝင်တွေတင်မကဘဲ ပရိသတ်များလည်း ရှိနေသည်။ ခါတိုင်းထက် ဆယ်ဆ ပိုပြင်းထန်၏။ ကစားသမားများ၏ ဆိုင်တန်းများသည် ရင်ပြင်မှ မြို့တံခါးနီးပါးအထိ ရှည်လျားလာသည်။
ဌာနခွဲများသည် ကစားသမားတိုင်းအတွက် ကြီးမားသည့် ပွဲတော်များပင်။ ပွဲတော်တွင် မရှိသည့်ကစားသမားများသည် ဖိုရမ်များတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်သည်။
ဖွင့်လှစ်ရန် သုံးရက်အလိုတွင်၊ တစ်ရက်သည် တိုက်ဆိုင်စွာပင် Black Phantom ၏ လုယက်ပုံး အရောင်းနေ့ ဖြစ်နေသည်။ ကစားသမားအမြောက်အမြား ခိုလှုံရေးစခန်းသို့ လာရောက်ကြသည့် အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းမှာ ဟန်ရှောင်းကြောင့်လည်း ဖြစ်သည်။
သူရောက်လာလေ့ရှိသည့် နေရာတွင် လူများအုံခဲနေ၏။ အမျိုးသား ကစားသမားတစ်ဦးသည် လူအုပ်အပြင်ဘက်တွင် ရပ်ကာ ခြေဖျားထောက်ပြီး လှည့်ပတ်ကြည့်ရှုနေသည်။
“သူ သိပ်မကြာခင် ဒီကို ရောက်လာတော့မယ်” ကစားသမားက တိုးတိုးလေး ပြောလိုက်သည်။
သူ၏ ID မှာ 'ကျင့်ကျဲ' ဖြစ်ပြီး၊ အဆင့် ၂၀ ယန္တရားပညာရှင်ဖြစ်သည်။ လူစည်ကားရာ ခိုလှုံရေးစခန်းတွင် သတိမပြုမိနိုင်သည့် ပရိသတ်များထဲမှ တစ်ဦးဖြစ်သည်။ သူသည် ဖိုရမ်များမှတစ်ဆင့် ဟန်ရှောင်း၏ လုပ်ဆောင်ချက်များကို သိခဲ့သောကြောင့် အဆင့်နိမ့်စက်ပစ္စည်းအချို့ကို ဝယ်လိုခဲ့သည်။
ဤကဲ့သို့သော ကစားသမားသစ်များသည် ဟန်ရှောင်း၏ ရေရှည်အမြတ်အစွန်းများကို ယူဆောင်လာ၏။
အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ဟန်ရှောင်းသည် ထရပ်ကားကို မောင်းနှင်ပြီး ၂၇၀ ဒီဂရီ ဒရစ်ဖ်ဆွဲလိုက်ပြီး နေရာသို့ ရောက်ရှိလာသည်။ သူကားပေါ်ကနေ ခုန်ဆင်းပြီး စောင့်ဆိုင်းနေကြသည့် ကစားသမားများက သေတ္တာတွေကို ဆွဲယူဖို့ ချက်ချင်း ဝိုင်းအုံလာကြသည်။
သေတ္တာအရေအတွက် အကန့်အသတ်သာရှိ၏။ ၎င်းတို့ကို တတ်နိုင်သမျှ မြန်မြန်ဝယ်ဖို့ဆိုတာ မတိုက်ခိုက်ဘဲ မဖြစ်နိုင်သလောက်ပင်။ ကျင့်ကျဲမှာ လူအုပ်ကြီး၏ ဝိုင်းတွန်းခြင်းကို ခံလိုက်ရသည်။
သေတ္တာတွေ ရောင်းကုန်ပြီးမှသာ လူစုပြီး ထွက်သွားကြတယ်။ ကျင့်ကျဲသက်ပြင်းတစ်ချက်ချလိုက်သည်။ ဟန်ရှောင်းသည် နေရာတွင် ရှိနေသးသည်ကို မြင်လိုက်ရသဖြင့် လျင်မြန်စွာ လျှောက်သွားပြီး အရည်အချင်းများကို သင်ယူလိုကြောင်း ထုတ်ဖော်ပြလိုက်သည်။ သူ့ဆန္ဒအတိုင်း ဆိုင်စာရင်းကို မြင်လိုက်ရ၏။
စက်ယန္တရားတွေ အများကြီးနဲ့ အရည်အချင်းတွေကို ဒီနေရာမှာလည်း သင်ယူနိုင်ပုံရတယ်။ ဒီ NPC ရဲ့ လုပ်ဆောင်ချက်တွေက တော်တော်များတာပဲ။ သူက ပင်မဇာတ်ကြောင်းမှာ အဓိက ဇာတ်ကောင်လို့ ငါကြားဖူးတယ်... ကျင့်ကျဲသည် ဂျာမီနယ်အဖွဲ့အစည်း၏ ပင်မဇာတ်လမ်းကို ပြီးဆုံးပြီးနောက်မှ စတင်ခဲ့သော ကစားသမားအသစ်ဖြစ်သည်။ ဟန်ရှောင်း၏ အတိတ်အကြောင်း သူ မသိသလောက်ပင်။
ထိုပစ္စည်းများက သူ့နှလုံးခုန်နှုန်းကို ပိုမိုမြန်ဆန်စေသည်။ အောက်ဘက်သို့ ဆင်းသွားပြီးနောက် အံ့သြပြီး မျက်လုံးများက ပြူးကျယ်သွားသည်။
ဤသည်မှာ… ‘တိုက်ခိုက်သူ’နှင့် ‘အက်စ်ပါ’ တို့အတွက် အတန်းအစားတိုးတက်မှု အသိပညာများ [စွမ်းအင်ပေါက်ကွဲခြင်း] နှင့် [အဆင့် ၂ မျိးရိုးဗီဇ ကွင်းဆက် - ခံနိုင်ရည်အား မြှင့်တင်ခြင်း] တို့ ဖြစ်သည်။ နှစ်ခုလုံးကို အတွေ့အကြုံအမှတ် ၃၀,၀၀၀ နှင့် ရောင်းချထား၏။ ကျင့်ကျဲသည် အံ့အားသင့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်။
Black Phantom သည် ယန္တရားပညာရှင် လမ်းညွှန် မဟုတ်ဘူးလား။ အခြားအတန်းအစား နှစ်ခုအတွက် အတန်းအစားတိုးတက်ရေး အသိပညာကို သူဘာကြောင့်ရောင်းတာလဲ။
မည်သို့ပင်ဖြစ်စေ သူသည် ၎င်းတို့ကို အသုံးမချနိုင်ခဲ့ပေ။
ကျင့်ကျဲသည် ဖန်သားပြင်ဓာတ်ပုံကို ရိုက်ယူပြီး ဖိုရမ်များတွင် ပုံမှန်လိုပင် တင်လိုက်ကာ ဆိုင်ရှိ အခြားပစ္စည်းများကို ဆက်လက်ကြည့်ရှုနေသည်။ သူ မမျှော်လင့်ထားသည့် အရာက… ဒီပို့စ်က ဖိုရမ်တွေမှာ မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်၏!
ဒါက ဘာကိုဆိုလိုမှန်းသိတဲ့ ကစားသမားတိုင်း ထိတ်လန့်သွားကြသည်။
ကျင့်ကျဲသည် အတန်းအစား တိုးတက်မှု အသိပညာမှာ မည်မျှ ရှားပါးသည်ကို မသိရသေးသော်လည်း စီနီယာ ကစားသမားများက ၎င်းကို ကောင်းစွာ သိကြသည်။ နိုင်ငံ၆နိုင်ငံနှင့် ရင်းနှီးမှုအဆင့် ‘ရိုသေလေးစားခြင်း’ သို့ ရောက်မှသာ အတန်းအဆင့် တိုးတက်မှု အသိပညာကို ဖလှယ်နိုင်သည်။ ယခု အချိန်အထိ ထိုသို့ ဘယ်သူမှ မလုပ်နိုင်သေးပေ။ သို့သော် ဟန်ရှောင်းသည် ၎င်းတို့ကို ရုတ်တရတ်ကြီး စတင်ရောင်းချနေသည်။
ဟန်ရှောင်းနဲ့ ပတ်သက်ပြီး ကစားသမားဟောင်းများ၏ ခံစားမှုကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြနိုင်သည်။
ကြောက်မက်ဖွယ်ကောင်းလှ၏။
လအနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟန်ရှောင်း၏အမည်သည် ဖိုရမ်များကို တစ်ဖန်လွှမ်းမိုးသွားပြန်သည်။
ကျင့်ကျဲ အံ့အားသင့်သွားသည်။ သူ၏ ပေါ့ပေါ့ပါးပါး တင်လိုက်သည့်ပို့စ်က ဒီလို တုံ့ပြန်မှုမျိုး ဖြစ်လာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
သို့သော် ပို၍ ထိတ်လန့်စရာမှာ နောက်မှ ထွက်ပေါ်လာသည်။ သတင်းကြားတော့ နေရာတိုင်းမှ မရေမတွက်နိုင်သော ကစားသမားများသည် ဟန်ရှောင်းဆီသို့ ဝိုင်းအုံလာကြသည်။ သတင်းအမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက်၊ ကွင်းပြင်ရှိ ကစားသမားများအားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။
Black Phantom သည် ကစားသမားများ၏ ကောင်းချီးများ ဖြစ်သည်။
ရုတ်တရက် လူအုပ်ကြီး၏ အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး လမ်းကြောင်းတစ်ခုကို အလိုအလျောက် ခွဲပေးလိုက်ကြသည်။ နာမည်ကြီး ပရော်ဖက်ရှင်နယ် ကစားသမားများ တစ်ယောက်ပြီး တစ်ယောက် လျှောက်လာကြ၏ - လီကဲ၊ ဟောက်ထျန်း၊ နေမင်းခရမ်းသီး၊ စသဖြင့်။ သူတို့က တစ်နေရာတည်းတွင် စုရုံးနေပြီး အာရုံစိုက်မှုများကို ဆွဲဆောင်သွားကြတော့သည်။
ပရိုလိဂ် ရောက်လာတော့မည့် အချိန်တွင် အတန်းအစား တိုးတက်ရေး အသိပညာ၏ ပေါ်ထွက်လာမှုသည် အချိန်နှင့်တစ်ပြေးညီ အထောက်အကူဖြစ်မည်မှာ သေချာနေသည်။ ဘယ်သူမှ အခြားသူများထက် နောက်မကျချင်သောကြောင့် အားလုံးက ဤနေရာသို့ ပြေးလာကြသည်။ နာမည်ကြီး ပရော်ဖက်ရှင်နယ် ကစားသမား ဒါဇင်ပေါင်းများစွာက ဟန်ရှောင်းကို ဝိုင်းရံထားကြ၏။
အနီးနားရှိ ကစားသမားအချို့သည် ယခင်က ၎င်းတို့၏ အိုင်ဒေါများနှင့် တွေ့ဆုံခွင့်မရခဲ့သဖြင့် ၎င်းတို့၏ စိတ်လှုပ်ရှားမှုနှင့် အော်သံများကို ဖုံးကွယ်မထားနိုင်တော့ပေ။
ကျင့်ကျဲ လုံးဝအံ့အားသင့်သွားသည်။ သူ ပေါ့ပေါ့ပါးပါး လွှင့်တင်ခဲ့တဲ့ ပို့စ်တစ်ခုက နတ်ဘုရားအဆင့် ပရိုကစားသမားတွေကို ဆွဲဆောင်ဖို့ ဖြစ်လာသည်။ သူသည် ဘာမှမဟုတ်သည့် သူတစ်ဦးသာဖြစ်ပြီး ထိုကဲ့သို့ အတွေ့အကြုံမျိုး တစ်ခါမှ မကြုံဖူးပေ။ သူက စိတ်လှုပ်ရှားမှုကြောင် တုန်ရီနေ၏။
ဤပရိုကစားသမားများသည် အတန်းအစား တိုးတက်ရေး အသိပညာကို ဝယ်ယူရန် ဦးဆောင်ကြသည်။ ဟန်ရှောင်း၏ အင်တာဖေ့စ်ရှိ အတွေ့အကြုံအမှတ်သည် မိနစ်တိုင်းတွင် သန်းနှင့်ချီ၍ တဟုန်ထိုး တက်လာ၏။ ဟန်ရှောင်း အလွန်ပျော်ရွှင်သွားသည်။
အတန်းအစား တိုးတက်ရေး အသိပညာတွေကို အခုအချိန်အထိ စုဆောင်းထားတာ တကယ်ထိုက်တန်တယ်။ လုံးဝ အမြတ်ကြီး မြတ်တာပဲ! ဟန်ရှောင်း ဝမ်းသာသွားသည်။ သူသည် အတန်းအစား တိုးတက်ရေး အသိပညာကို အကြီးအကျယ် မျှော်မှန်းထားခဲ့သည်။ ဗားရှင်း ၁.၀ တွင်၊ အတန်းအစား တိုးတက်ရေး အသိပညာများရယူရန် ကြိုတင်လိုအပ်ချက်များမှာ အလွန်ခက်ခဲ၏။ ကစားသမားတွေက ထိုအသိပညာကို ရရှိရန် ခက်ခဲမှုတွေ အများကြီး ကြုံခဲ့ရသော်လည်း သူက ကြိုတင်လိုအပ်ချက်မရှိဘဲ သူတို့ကို ရောင်းချလိုက်သည်။ ကစားသမားတွေအားလုံး သေချာပေါက် တုန်လှုပ်သွားကြလိမ့်မည်။
ဤအတန်းအစား နှစ်ခုအတွက် အတန်းအစား တိုးတက်မှု အသိပညာသည် ဂျာမီနယ်အဖွဲ့အစည်း ဗဟိုကွန်ပြူတာမှလာသည်။ ယခုအခါတွင် ဂျာမီနယ်အဖွဲ့အစည်းသည် အမြစ်ပြတ် ချေမှုန်းခံလိုက်ရသောအခါတွင်၊ သူ၏လက်ထဲရှိ အတန်းအစား တိုးတက်မှု အသိပညာသည် ရေပင်လယ်ဂြိုလ်တစ်ခုလုံး၏ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်လာတော့သည်။
ယန္တရားပညာရှင်များ၊ ဝယ်ယူနိုင်စွမ်း မလုံလောက်သော ကစားသမားများနှင့် အလားအလာအမှတ် မလုံလောက်သော ကစားသမားများအပါအဝင် သောင်းနှင့်ချီသော ကစားသမားများသည် ခိုလှုံရေးစခန်းတွင် စုဝေးနေကြသည်။ ဝယ်ယူသည့်ကစားသမားများမှာ ဆယ်ပုံတစ်ပုံသာ ရှိလျှင်ပင်၊ သူ၏ အမြတ်အစွန်းမှာ ရူးသွပ်စရာကောင်းလောက်အောင် ရနိုင်သေးသည်။
ဤအချိန်တွင် ကစားသမားများအတွက် ၃၀,၀၀၀ မှာ မမြင့်မားပေ။ ဟန်ရှောင်းသည် အရေအတွက်များများ ရောင်းလိုသောကြောင့် ဤစျေးနှုန်းဖြင့် ရောင်းချခဲ့သည်။ ထို့ပြင်၊ ပြိုင်ပွဲဝင်သူများသည် တတ်နိုင်သမျှ အားကောင်းစေရန် သူတို့၏ အတွေ့အကြုံအမှတ် အများစုကို ပြိုင်ပွဲမစမီ သုံးစွဲကြသောကြောင့်၊ စျေးအရမ်းမြင့်လျှင် သူက အတွေ့အကြုံအမှတ် မလုံလောက်သူများကို ရရှိမည့် အခွင့်အရေးကို လက်လွတ်သွားလိမ့်မည်။
သူသည် ၎င်းကို နာရီအနည်းငယ်ကြာအောင် တောက်လျှောက်ရောင်းချခဲ့ပြီး နေဝင်စပြုလာချိန်တွင် ရပ်တန့်လိုက်သည်။
သူက အင်တာဖေ့စ်ကို ကြည့်လိုက်၏။ သူရရှိခဲ့သော အတွေ့အကြုံအမှတ် သည် တရားလွန်လွန်းသော ငွေပမာဏ ၃၀၀,၀၀၀,၀၀၀ ဖြစ်သည်။
ဟန်ရှောင်းသည် လေးလတာကာလအတွင်း ပွဲတော်မျိုးစုံဖြင့် အတွေ့အကြုံအမှတ် ၅၀၀,၀၀၀,၀၀၀ ကျော်ရှိခဲ့ပြီး တစ်ရက်အတွင်း ထက်ဝက်ကျော် တိုးလာသည်။
အတန်းအစား တိုးတက်ရေး အသိပညာအတွက် ကစားသမားများ၏ တောင်းဆိုမှုသည် ရူးလောက်စရာကောင်း၏။ ပထမရက်အနည်းငယ်အတွင်း မြင့်မားလာမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းလာလိမ်မည်။ သို့သော်လည်း ထိုသို့ဖြစ်လျှင်ပင် အခြားသောစွမ်းရည်များကဲ့သို့ပင် ကောင်းမွန်သည့် အမြတ်အစွန်းကို ရရှိနေမည်ဖြစ်သည်။
ဟန်ရှောင်းသည် ဖိုရမ်များကို ဖွင့်ကြည့်လိုက်သည်။ ရေပင်လယ်ဂြိုလ်အကွက် တွင် အတန်းအစား တိုးတက်ရေး အသိပညာများအကြောင်း ပို့စ်များဖြင့် ပြည့်နှက်နေပါသည်။ ယန္တရားပညာရှင်ဖြစ်လင့်ကစား အခြားအတန်းအစား နှစ်ခုအတွက် အတန်းအစားတိုးတက်မှုကို ဘာကြောင့် ရုတ်တရက်ရောင်းရသနည်းဟု လူအများက သုံးသပ်နေကြသည်။
ဒါက တခြားဂြိုလ်များ၏ အကွက်တွေကိုတောင် သက်ရောက်မှု ရှိသွားသည်။ အခြားဌာနခွဲရှိ ကစားသမားများ တုန်လှုပ်သွားပြီး ဖိအားများ ခံစားခဲ့ရသည်။ ၎င်းသည် ဌာနခွဲများကြား ပြိုင်ပွဲဖြစ်ပြီး ရေပင်လယ်ဂြိုလ် ကစားသမားများသည် အတန်းအစား တိုးတက်ရေး အသိပညာကို ရရှိသောကြောင့် အခြားဂြိုလ်များအတွက် သတင်းဆိုးတစ်ခုဖြစ်သည်။ ဂြိုလ်အားလုံးမှ ကစားသမားများသည် ၎င်းကို ဆွေးနွေးနေကြသည်။
ဟန်ရှောင်းသည် ရေပင်လယ်ဂြိုလ်တွင် အလွန်ကျော်ကြားခဲ့ပြီး တစ်ခါတစ်ရံ Galaxy Times တွင်လည်း ပါဝင်ခဲ့သည်။ သို့သော်လည်း သူ၏ကျော်ကြားမှုအများစုကို ရေပင်လယ်ဂြိုလ်တွင်သာ ကန့်သတ်ထားသည်။ ဒါဟာ သူ့နာမည်ကို တခြားကစားသမားတွေဆီ ပျံ့နှံ့သွားစေတဲ့ ပထမဆုံး အကြိမ်ပင်။ အခြားဂြိုလ်များမှ ကစားသမားများသည် သူ၏အမည် - ရေပင်လယ်ဂြိုလ်၏ ဒဏ္ဍာရီ NPC၊ Black Phantom၊ ဟန်ရှောင်း၊ လုယက်ပုံးတို့ကို စတင်သိရှိလာကြသည်။
အမှန်တော့၊ ကမ္ဘာဂြိုဟ်တိုင်းတွင် ပင်မဇာတ်ကြောင်း ဇာတ်ကောင်များ ရှိကြပြီး ပင်မဇာတ်ကြောင်း မစ်ရှင်များတွင် တက်ကြွစွာပါဝင်နေကြသည်။ ပင်မဇာတ်ကြောင်း ဇာတ်ကောင်ချင်းတူသော်လည်း ဟန်ရှောင်းကတော့ အရမ်းကွဲပြားနေသည်။ သူသည် ဇာတ်ကြောင်းမစ်ရှင်များကို တစ်ကြိမ်ပြီးတစ်ကြိမ် မထောက်ပံ့သော်လည်း၊ သူကမ်းလှမ်းသည့် လုပ်ဆောင်ချက်များသည် အလွန်တရာ ကြွယ်ဝလှသည်။ ရေပင်လယ်ဂြိုလ် ကစားသမားများသည် သူ့ထံမှ မရေမတွက်နိုင်သော အကျိုးကျေးဇူးများ ရရှိခဲ့သည်။
သူသည် ဇာတ်လမ်းဇာတ်ကြောင်း၏ အဓိကဇာတ်ကောင်၊ ယန္တရားပညာရှင်၊ ရှားပါးပစ္စည်းများအတွက် အရောင်းသမား၊ ပုံမှန်ဆုပေးပွဲမစ်ရှင်များအတွက် ဖြန့်ဖြူးသူ၊ လုယက်ပုံးရောင်းချသူ...စသည်တို့ ဖြစ်နေသည်။ သူ၏ဝိသေသလက္ခဏာသည် အလွန်ရှုပ်ထွေးသောကြောင့် ကစားသမားများသည် ထိုကဲ့သို့သော မည်သည့် NPC ကိုမျှ မမြင်ခဲ့ဖူးပေ။ ရေပင်လယ်ဂြိုလ်ကစားသူများ၏ နှလုံးသားထဲတွင် သူ၏ရပ်တည်ချက်သည် ထူးခြားပြီး အစားထိုးမရနိုင်ချေ။ ခေတ်များပြောင်းလဲမှုကို အတူတကွ ဖြတ်သန်းခဲ့ရသလိုပင်။ ကစားသမားများသည် သူ့အကြောင်းတွေးသည့်အခါ ရင်းနှီးမှုနဲ့ ယုံကြည်မှုကို ခံစားခဲ့ကြရသည်။