← Chapters

ဟောက်ထျန်း၏ ပထမတိုက်ပွဲ

Vol. 20 Ch. 297

ဟောက်ထျန်း၏ ပထမတိုက်ပွဲ

Vol. 20 Ch. 297

ကစားသမားများ၏ အစွန်၌ လီကဲက မျက်မှောင်ကြုတ်နေသည်။

ဟန်ရှောင်းသည် အတန်းအစား တိုးတက်ရေး အသိပညာကို ရောင်းချခြင်းအတွက် ကစားသမားအများစု အံ့အားသင့်ခဲ့ကြသော်လည်း လီကဲမှာ လုံးဝ မပျော်ရွှင်ခဲ့ပေ။ သူ့တွင် အတန်းအစား တိုးတက်မှု အသိပညာ တစ်မျိုး ရှိနှင့်ပြီးဖြစ်သည်၊ ထိုအရာသည် ရရှိရန် ‘နတ်ဘုရားများအသင်း’၏ အရင်းအမြစ် အများအပြား အသုံးချခဲ့ရသော အသိပညာ တစ်မျိုးဖြစ်သည်။ ဒါဟာ လီကဲရဲ့ ဝှက်ဖဲဖြစ်ပြီး၊ ပြိုင်ပွဲမှာ ထွန်းလင်းဖို့ အသုံးချသွားမည်ဖြစ်၏။

သို့သော်လည်း ဟန်ရှောင်း၏ လုပ်ဆောင်ချက်များသည် သူ၏ ဝှက်ဖဲ၏ ထိရောက်မှုကို သိသိသာသာ လျော့ကျစေပြီး သူနှင့် အခြား ကစားသမားများကြား ခြားနားချက်ကို သွယ်ဝိုက်၍ လျှော့ချလိုက်သည်။ လူတိုင်းပိုင်ဆိုင်သည့် အရာတစ်ခုဟာ ရှားပါးတယ်လို့ မယူဆနိုင်တော့ပေ။

လီကဲသည် အဓိပ္ပါယ်မဖော်နိုင်သော အကြည့်ဖြင့် ဟန်ရှောင်းကို ကြည့်နေသည်။

ဟိုဘက်ဒီဘက်ရှိ နတ်ဘုရားအဆင့်ကစားသမားအချို့သည် အုပ်စုဖွဲ့စကားပြောကြပြီး ထုံးစံအတိုင်း ဒုတိယမင်းသားသည် ကြွားလုံးထုတ်နေ၏။ "ငါ့လိုမျိုး နတ်ဘုရားအဆင့် ကစားသမားနဲ့ဆိုရင်၊ ‘နန်းဆက်အသင်း’ကို ဖိုင်နယ်ကို ပို့ဆောင်ဖို့ဆိုတာ အသေးအဖွဲလေးပဲ။ အဘိုးကြီးဝမ်လို အဘိုးကြီးတစ်ယောက်က သူ့ကို သယ်လာဖို့ ခွင့်တောင်းရလိမ့်မယ်။”

"အဲဒါက ‘ရေတပ်ဗိုလ်ချုပ်ကြီး’ကြောင့်သာ မဟုတ်ရင် မင်းရဲ့ ‘နန်းဆက်အသင်း’က အကြီးမားဆုံးကလပ်တွေထဲက တစ်ခုဖြစ်လာမှာမဟုတ်ဘူး" နေမင်းခရမ်းသီးက ရှုတ်ချပြောဆိုလိုက်သည်။

ဒုတိယမင်းသားသည် ဒေါသတကြီး ဖြစ်နေသည်။ အချိန်အတော်ကြာအောင် ငြင်းခုံခဲ့ကြပြီး လီကဲက ပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းလျှောက်လာပြီး “ယုံကြည်မှုရှိတာ ကောင်းပါတယ်။ လူတိုင်းက သူတို့ရဲ့ စကေးတွေကို မြှင့်တင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေမှာ တရုတ်နိုင်ငံအတွက် ဂုဏ်ယူစရာ တစ်ခုခုရဖို့ အကူအညီ လိုအပ်ပါတယ်”

သူတို့၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ သူ့ကိုယ်သူ ခေါင်းဆောင်အဖြစ် အမြဲမှတ်ယူနေတဲ့ လီကဲရဲ့ သဘောထားကို မကြိုက်ကြပါဘူး။ ဟောက်ထျန်းက တိုက်ရိုက်ပင် ပြောလိုက်၏ "မင်းက တခြားသူတွေကို အမြဲတမ်း ကိုယ်စားပြုနေသလို လုပ်နေတာ ငါမကြိုက်ဘူး၊ ကိုယ့်အတွက် ကိုယ်ပြောစမ်းပါ။"

လီဂီ၏ အပြုံးသည် ပျောက်ကွယ်သွား၏။ သူက ဟောက်ထျန်းကိုကြည့်ပြီး အေးစက်စွာပြောတယ် "ဒါဆို ပြိုင်ပွဲမှာ မင်းကိုတွေ့မယ်။ ငါ့ကို လွယ်လွယ်နဲ့ အနိုင်ယူခွင့်မပေးနဲ့”

တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း မီးပွားများ လွင့်ပျံလာသည်။

ရုတ်တရက် အေးအေးလူလူ ပြောလိုက်သည့်အသံတစ်ခု ပေါ်လာသည်။ "မင်းကိုတွေ့ပြီ ငတုံးရယ်၊ လေ့ကျင့်ဖို့ ငါ့အဖွဲ့ကို ပြန်လိုက်ခဲ့။"

တခြားသူတွေက လှည့်ကြည့်တယ်။ မုတ်ဆိတ်မွေးမရိတ်ထားသည့် ကစားသမားတစ်ယောက် လမ်းလျှောက်လာခဲ့တယ်။ သူသည် ဖိုသီဖတ်သီနှင့် ကပျစ်ကညစ်ပုံပေါက်သော်လည်း သူ့ခေါင်းပေါ်ရှိ ID မှာ 'ရေတပ်ဗိုလ်ချုပ်ကြီး' ဖြစ်သည်။ ဤသည်မှာ အမှန်ပင်၊ ‘နန်းဆက်အသင်း’၏ အမာခံ၊ တရုတ်နိုင်ငံရှိ ဦးဆောင်သူစာရင်း၏ ထိပ်ဆုံးရှိ သိုသိုဝှက်ဝှက်နေတတ်သော လျှို့ဝှက်ဆန်းကြယ်သည့် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်သည်။ သူ့တွင် ထင်ရှားကျော်ကြားသော နာမည်ပြောင်တစ်ခု ရှိ၏ - ဧကရာဇ်!

"ငါ့ကို ငတုံးလို့ မခေါ်နဲ့!" ဒုတိယမင်းသားကတော့ ပျော်ရွှင်မနေပေ။

“ကောင်းပြီ ငတုံး။” ရေတပ်ဗိုလ်ချုပ်ကြီးက ခေါင်းညိတ်သည်။

"သောက်ရူး!" ဒုတိယမင်းသားသည် သူ၏အသင်းတွင် နတ်ဘုရားကစားသမားကိုတွေ့သောအခါ သူ၏တည်ငြိမ်မှုမှာ အလွယ်တကူ ဆုံးရှုံးသွားသည်။ သူက ဒေါသတကြီးနှင့်ပြော၏ “သိပ်မာနကြီးမနေနဲ့! တစ်နေ့တော့ မင်းရဲ့ကျောပေါ်စီးပြီး ဘယ်သူက ပိုကောင်းလဲ မင်းကိုပြမယ်!"

အူး...

အခြားသူများက မနှစ်မြို့ကြပေ။

သူနိုးမလာသေးသလိုပဲ ရေတပ်ဗိုလ်ချုပ်က တခြားသူတွေကို မနှုတ်ဆက်ဘဲ ဒုတိယမင်းသားကို လည်ပင်းကနေ ဆွဲခေါ်သွား၏။ သူသည် သူ့ပုံစံအတိုင်းသာ ပြုလုပ်လေ့ရှိပြီး အခြားသူများနှင့် လိုက်လျောညီထွေမရှိဘဲ လီကဲ၏ မျက်လုံးများတွင်တော့ မောက်မာမှုဖြစ်သည်။

‘ရေတပ်ဗိုလ်ချုပ်ကြီး’၏ နောက်ကျောကို ကြည့်လိုက်ရာ လီကဲ၏ မျက်လုံးများ တောက်ပလာပြီး စိတ်ထဲမှာ ငြီးတွားသွားသည်။ ရေတပ်ဗိုလ်ချုပ်ကြီး၏ ထိပ်တန်းထိုင်ခုံကို သူတောင့်တနေ၏၊ သူသာ ထိပ်တန်းကစားသမားဖြစ်လာမှ သူ့ရဲ့ကစားသမားဘဝက ဒီထက်ပိုပြီး တိုးတက်လာနိုင်ပါသည်။

"ဒီပရိုလိဂ်မှာ အမှားအယွင်းအတွက် နေရာမရှိဘူး။"

အကြည့်ချင်းဖလှယ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် မျက်လုံးထဲရှိ စိတ်ပိုင်းဖြတ်မှုများကို တွေ့လိုက်ရသည်။

…

သုံးရက်ဆက်တိုက် ရောင်းချပြီးနောက်၊ ဟန်ရှောင်းရရှိသော အတွေ့အကြုံအမှတ် သည် ကြောက်စရာကောင်းလှသော ပမာဏ ၁,၀၀၀,၀၀၀,၀၀၀ သို့ ရောက်ရှိသွားသည်။ ယခင် ၅၀၀,၀၀၀,၀၀၀ အပါအဝင်၊ သူ့တွင် စုစုပေါင်း အတွေ့အကြုံအမှတ် ၁,၅၀၀,၀၀၀,၀၀၀ ရှိနေသည်။

အတွေ့အကြုံအမှတ် သိုလှောင်မှုပမာဏက အာကာသထဲမှာ ငါက အတွေ့အကြုံအမှတ် အတွက် ဘယ်လောက်ကြာကြာ စိတ်ပူစရာ မလိုဘူးလဲဆိုတာကို ဆုံးဖြတ်တယ်။ ငါ့ကြီးထွားမှု နောက်ထပ်အဆင့်က ကြယ်များကြားမှာ ရှိလိမ့်မယ်။ တိုးတက်မှုအတွက် အခွင့်အလမ်းတွေကို အတွေ့အကြုံအမှတ် လုံလုံလောက်လောက်နဲ့ပဲ ဖမ်းဆုပ်နိုင်မှာ။ အဆင့် ၇၀ ပြီးရင်၊ အတွေ့အကြုံအမှတ် အသုံးစရိတ်တွေ ပိုမြင့်လာလိမ့်မယ်။ ဒါ့အပြင်၊ ငါက အတွေ့အကြုံရှိအမှတ် အရမ်းသုံးရတဲ့ ယန္တရားပညာရှင်။ အာကာသထဲရောက်ပြီးရင်၊ ကစားသမား အများကြီးနဲ့တွေ့ဖို့ အခွင့်အလမ်း အများကြီးရှိမှာမဟုတ်ဘူး၊ ပြီးတော့ ဗားရှင်းအပ်ဒိတ်တွေကြားမှာ အလွတ်ကာလတွေ ကျန်နေသေးတယ်။

ဟန်ရှောင်းသည် အနာဂတ်လမ်းကြောင်းများကို တွေးနေသည်။ သူရခဲ့သော အတွေ့အကြုံအမှတ် သည် ပမာဏကြီးမားသောပုံပေါက်သော်လည်း နဂါးငွေ့တန်းထဲသို့ဝင်ပြီးနောက် တစ်ရက်တွင် ကုန်ဆုံးသွားမည်ဖြစ်သည်။ ထိုသို့ဖြစ်မည်မှာ သေချာသောကြောင့် အတွေ့အကြုံအမှတ် ကို တတ်နိုင်သမျှ စုဆောင်းထားရသည်။

ဘန်း!

ပြတင်းပေါက်အပြင်ဘက်တွင် ရင်ပြင်မှ မီးရှူးမီးပန်းများ ကောင်းကင်သို့ တက်လာသည်။

၎င်းသည် ပရိုလိဂ်၏ တရားဝင်စတင်ခြင်းကို ဆိုလိုသည်။

ဆူနာမီကဲ့သို့ ကျယ်လောင်သော အသံလှိုင်းများ ကောင်းကင်ယံသို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ငုံ့ကြည့်လိုက်သောအခါ ပြိုင်ကွင်းကို အားကစားရုံ၏ ဖွဲ့စည်းပုံအဖြစ် ပြန်လည်တည်ဆောက်ထားသည်။ ၎င်း၏ အလယ်တွင် သေးငယ်သော ကွင်းကိုးကွင်းဖြင့် ဝန်းရံထားသော ကွင်းကြီးတစ်ခုရှိသည်။ အလယ်အစွန်းတွင် ကြီးမားသောစခရင်ကြီးတစ်ခုရှိပြီး ထိုအောက်တွင် ကြေညာသူများနှင့် ဒိုင်လူကြီးများအတွက် ထိုင်ခုံများရှိသည်။ အပြင်ဘက်တွင် ထိုင်ခုံများမှာ ပရိတ်သတ်များအတွက်ဖြစ်ပြီး နေရာလွတ်များ မရှိဘဲ အော်ဟစ်အားပေးသံများဖြင့် ပွဲတော်၏ အငွေ့အသက်များကို ပြည့်နှက်နေပါသည်။

“ဒါဆို စပြီပဲ။” ဟန်ရှောင်းသည် ဆိုဖာပေါ်တွင် လှဲလျောင်းကာ သက်တောင့်သက်သာ အနေအထားသို့ ပြောင်းလဲကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် ဖိုရမ်များကို ဖွင့်လိုက်သည်။

သူကဲ့သို့ ကြည့်ရှုနေကြသူ သန်းပေါင်းများစွာ ရှိနေသည်။

လှပသောအမျိုးသမီးအစီအစဉ်မှူး ‘ဖီးနစ်နီ’သည် သူမ၏မျက်နှာပေါ်တွင် ပရော်ဖက်ရှင်နယ်အပြုံးကို ၀တ်ဆင်ထားပြီး အမြင့်ဆုံးကွင်းကြီးတွင် မတ်တပ်ရပ်ကာ အဖွင့်မိန့်ခွန်းပြောသည်။ သူမ၏ ကြည်နူးစရာကောင်းသော နှစ်သက်ဖွယ် အသံသည် ကွင်းအတွင်းရှိ စပီကာများမှပျံ့လွင့်လာသည်။ "Galaxy ပရိုလိဂ် ပထမရာသီ၊ ရေပင်လယ်ဂြိုလ် ဌာနခွဲ၏ ခြေစစ်ပွဲများကို တရားဝင် စတင်လိုက်ပါပြီ။"

“ကျွန်မတို့မှာ အသင်းပေါင်း ၂,၇၅၉ သင်းနဲ့ ကစားသမား ၁၀၄,၆၅၂ ယောက်ရှိပါတယ်။ အသင်းများသည် တောရိုင်းနယ်မြေများတွင် ယှဉ်ပြိုင်မှာဖြစ်တယ်။ ပြိင်ကွင်းက ‘တစ်ဦးချင်း’များအတွက် နေရာဖြစ်ပါတယ်။ ဤကွင်းတွေက ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်မယ့်နေရာ ဖြစ်ပါတယ်။ ရှုံးထွက်ပုံစံဖြစ်ပြီး၊ အတွဲများကို ကျပန်းရွေးချယ်ပါမယ်။ ရှုံးနိမ့်သူကို ဖယ်ထုတ်မှာဖြစ်ပြီး အနိုင်ရသူသည် အကောင်းဆုံးအသင်း ၃၈ သင်းနှင့် ကစားသမား ၆၄ ဦးကို ရွေးချယ်သည်အထိ နောက်တစ်ဆင့်သို့ ဝင်ရောက်မှာဖြစ်ပါတယ်။

“ခြေစစ်ပွဲတွေက ဂိမ်းတွင်းအချိန်တစ်လကြာမယ်။ ဟုတ်တယ်၊ ဒါက ရှည်လျားတဲ့ ရာသီတစ်ခု ဖြစ်လိမ့်မယ်၊ ဒါပေမယ့် လုပ်ငန်းစဉ် တစ်ခုလုံးကို ထုတ်လွှင့်သွားမယ်။ ထုတ်လွှင့်မှုကို ကြည့်ရှုတဲ့ ပရိသတ်များသည် လွတ်လပ်စွာကြည့်ရှုလိုသည့် ကစားသမားကို ရွေးချယ်နိုင်ပြီး ကျွန်မတို့ရဲ့ တရားဝင်ထုတ်လွှင့်မှုက ဟိုက်လိုက်လုပ်ပြသင့်တဲ့ တိုက်ပွဲတွေကို ကျပန်းရွေးချယ်မည်ဖြစ်သည်။"

ဖီးနစ်နီသည် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများနှင့် ပို၍ ပျော်စရာကောင်းသော အခြေအနေဖြစ်‌စေမည့် မိန့်ခွန်းကို ပြောဆိုပြီးနောက် ကွင်းဝင်ပေါက်ဆီသို့ ညွှန်ပြလိုက်သည်။

“နောက်တစ်ခုက၊ ‘တစ်ဦးချင်း’အတွက် အဖွင့်တိုက်ပွဲကို စလိုက်ရအောင်။ ပြိုင်ပွဲဝင်နှစ်ယောက်ကို နွေးထွေးစွာ ကြိုဆိုလိုက်ရအောင်။”

မှောင်နေသော ဥမင်လိုဏ်ခေါင်းမှ ဟောက်ထျန်းနှင့် ID 'Star Chess ကြယ်စင်စစ်တုရင်' ပါသော ပြိုင်ပွဲဝင် ထွက်လာသည်။ သူတို့နှစ်ယောက် ပေါ်လာသည်နှင့် ကွင်း၏ လေထုသည် အထွတ်အထိပ်သို့ ရောက်သွား၏။

အဖွင့်တိုက်ပွဲ၏ အငွေ့အသက်ကိုအာမခံရန်၊ မှတ်ပုံတင်ထားသော ပရော်ဖက်ရှင်နယ် ကစားသမားများထဲမှ ကစားသမားများကို ရွေးချယ်ထားသည်။ ဟောက်ထျန်းနှင့် ကြယ်စင်စစ်တုရင်တို့မှာ ရွေးချယ်ခံရ၏။

နှစ်ယောက်သား ပင်မကွင်းဆီသို့ လျှောက်သွားကြသည်။ ဖီးနစ်နီသည် သူတို့ကြားတွင် ရပ်ကာ သူတို့ကို မိတ်ဆက်ပေးသည်။ “ကျွန်တော့်ရဲ့ ညာဖက်မှာ ပြိုင်ပွဲဝင်သူနဲ့ အားလုံး ရင်းနှီးပြီးသားလို့ ယုံကြည်ပါတယ်။ Esports ကွင်းတွင် ကိုးနှစ်ကြာ တိုက်ပွဲဝင်နေတဲ့ စစ်သည်ဟောင်းတစ်ဦး၊ တရုတ် ပရော်ဖက်ရှင်နယ် ကစားသမား ခေါင်းဆောင်စာရင်းဇယားတွင် ထိပ်တန်းငါးယောက်ထဲမှာ အကြိမ်ပေါင်းများစွာရှိနေပြီး ဂုဏ်ယူဖွယ်ကောင်းသော တိုက်ပွဲသမိုင်းကို ပိုင်ဆိုင်ထားတဲ့ တည်ငြိမ်ခိုင်မာတယ်၊ တစ်ချိန်တည်းမှာ ကြမ်းတမ်းထက်သန်မှုရှိတဲ့ တိုက်ပွဲပုံစံနဲ့၊ သူကတော့ ‘ရှည်လျားကောင်းကင်ကလပ်’ရဲ့ အဓိက ကစားသမား ဟောက်ထျန်းဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့လက်ဝဲဘက်မှာ မင်းတို့နဲ့ သိပ်မရင်းနှီးတဲ့ ကစားသမားတစ်ယောက်ပါ။ သူသည် တစ်ချိန်က ‘နတ်ဘုရားများအသင်း’မှာ ရှိခဲ့ပြီး၊ Esports နယ်ပယ်တွင် အကြီးတန်းတစ်ဦးဖြစ်ပါတယ်။ သူ့ရာထူးက အခု လီကဲလိုပဲ သူ့ကလပ်ရဲ့ အမာခံဖြစ်ပေမယ့် လွန်ခဲ့တဲ့ငါးနှစ်က အနားယူခဲ့ပါတယ်။ အခုတော့ သူ့အတိတ်ဂုဏ်နဲ့ အောင်ပွဲခံတဲ့စိတ်နဲ့ ပြန်လာခဲ့တယ်။ သူက ‘နတ်ဘုရားများအသင်း’ နဲ့ ပြန်ပြီး စာချုပ်ချုပ်ထားတဲ့ ကြယ်စင်စစ်တုရင်ဖြစ်ပါတယ်။!”

ပရိသတ်များကြားတွင် အားပေးမှုများ ပေါက်ကွဲခဲ့သည်။ နှစ်ဘက်စလုံးတွင် ထောက်ခံသူများရှိသော်လည်း နှိုင်းယှဉ်ပါက ကြယ်စင်စစ်တုရင်၏ ပရိသတ်အုပ်စုမှာ သေးငယ်သည်။ သူက ငါးနှစ်ကြာ အငြိမ်းစားယူခဲ့သည်။ ထို့ကြောင့် သူ၏ ကျော်ကြားမှုမှာ အများအားဖြင့် မှေးမှိန်သွား၏။ ကြယ်စင်စစ်တုရင်က သူ့ပရိသတ်တွေကို ကြည့်လိုက်တယ်။ သူတို့အားလုံး ရင်းနှီးပြီးသား မျက်နှာတွေပင်။ အငြိမ်းစားယူပြီးနောက် ငါးနှစ်ကြာသည့်တိုင် ထိုကဲ့သို့ အားပေးသည့် ပရိသတ်အဖွဲ့တစ်ဖွဲ့ရှိရန် သူ မမျှော်လင့်ခဲ့ပေ။ သူတော်တော် ရင်ထဲထိသွားသည်။ ပရိတ်သတ်တွေကို နှုတ်ဆက်ရင်း ခေါင်းညိတ်ပြလိုက်၏။

ပရိသတ်တွေကလည်း ဒါကိုမြင်တော့ ခွန်အားအပြည့်နဲ့ အော်ဟစ်အားပေးနေကြသည်။

ဖီးနစ်နီသည် နှစ်ဖက်စလုံးကို မိတ်ဆက်ပေးပြီးနောက်တွင် သူမသည် ကြယ်စင်စစ်တုရင်သို့ ဦးစွာချဉ်းကပ်ပြီး ပြုံးပြုံးလေး ပြောလိုက်၏။ “ပရော်ဖက်ရှင်နယ် အခင်းအကျင်းမှ ပြန်လည်ကြိုဆိုပါတယ်။ မင်းအခု ဘယ်လိုခံစားရလဲ?"

“လွမ်းဆွတ်စရာပဲ” ကြယ်စင်စစ်တုရင်က စိတ်ခံစားချက်များစွာဖြင့် ပြောလိုက်သည်။ "ပရော်ဖက်ရှင်နယ် အခင်းအကျင်းမှာ တိုက်ပွဲဝင်ခဲ့ရတဲ့ နေ့ရက်တွေကို သတိရမိပါတယ်"

"‘နတ်ဘုရားများအသင်း’ကို မင်းဦးဆောင်ပေးခဲ့တဲ့ အောင်မြင်မှုတွေနဲ့ ဂုဏ်ယူစရာ အရောင်အသွေးတွေကို ကျွန်မတို့ အမြဲအမှတ်ရနေမှာပါ။" ဖီးနစ်နီက သူ့ကို ချီးကျူးစကားပြောပြီးနောက် မေးလိုက်သည် “ဒါက Galaxy မှာ ကျင်းပတဲ့ ပြိုင်ပွဲရဲ့ ပထမဆုံးရာသီပါ။ ဒီဂိမ်းနဲ့ ပတ်သက်ပြီး မင်းဘယ်လောက် အကျွမ်းတဝင်ရှိတယ်ဆိုတာ ပြောပြနိုင်မလား။"

"ကျွန်တော်က အခြေအနေ အရမ်းကောင်းတယ်။" ကြယ်စင်စစ်တုရင်က ပြုံးပြီး ပြောလိုက်သည်။“မည်သူ့ကိုမဆို ပြိုင်ဘက်ကို အနိုင်ယူဖို့ စိတ်ချပါ”

ဖီးနစ်နီက နောက်ထပ်မေးခွန်းအနည်းငယ်မေးသည်။ ကြယ်စင်စစ်တုရင်သည် ၎င်းတို့အား လွယ်ကူစွာ ဖြေခဲ့သည်။ သူသည် အစီအစဉ်မှူးများနှင့် ဆက်ဆံရာတွင် အတွေ့အကြုံရှိသူဖြစ်သည်။

ဖီးနစ်နီ၏ မျက်လုံးများ တောက်ပလာသည်။ သူမသည် စိတ်ဝင်စားစရာကောင်းသည့် စကားဝိုင်းဖန်တီးရန် သူမ၏ အထက်လူကြီးထံမှ တောင်းဆိုမှုကို လက်ခံရရှိခဲ့ပြီး “အငြိမ်းစားယူပြီးတော့ မင်းရဲ့စုဆောင်းငွေတွေကို လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြုပ်နှံခဲ့တာ ငါကြားတယ်။ မင်းရဲ့ကုမ္ပဏီက မနှစ်က ဒေဝါလီခံဖို့ တင်ခဲ့ရတယ်။ ဒါက မင်းအနေနဲ့ ပရော်ဖက်ရှင်နယ် အခင်းအကျင်းကို ပြန်လာရတဲ့ အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းလား။”

ကြယ်စင်စစ်တုရင်၏ အမူအရာမှာ မပြောင်းလဲဘဲ “အဲဒီလို မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် အခင်းအကျင်းက ကျွန်တော့်နာမည်ကို တည်ဆောက်ခဲ့တဲ့နေရာပါ။ ပြန်ရောက်တာက ကျွန်တော်ဘယ်ကလာတယ်ဆိုတာ မမေ့ဖူးလို့ပါပဲ။ မျိုးဆက်သစ်လူငယ်တွေနဲ့ တိုက်ပွဲဝင်ဖို့ မျှော်လင့်နေပါတယ်။ အလားအလာကောင်းရှိတဲ့ ကစားသမားတချို့ကို ရှာဖွေဖော်ထုတ်ပြီး အခုခေတ် လူငယ်ကစားသမားတွေကို အတွေ့အကြုံတချို့ သင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါက နိုင်ငံတကာပြိုင်ပွဲတွေမှာ သူတို့ရဲ့တိုက်ပွဲတွေမှာ အကူအညီ ပေးနိုင်မှာပါ။”

သူစကားပြောနေစဉ်တွင် သူက အကြီးတန်းတစ်ယောက်လို သာလွန်သောခံစားချက်ဖြင့် ဟောက်ထျန်းအား ပြုံးပြလိုက်သည်။ ဟောက်ထျန်းကို သူ့အငယ်တန်းအဖြစ် သတ်မှတ်ခဲ့သည်။ ကြယ်စင်စစ်တုရင်ဖော်ပြခဲ့သည့် 'လူငယ်ကစားသမားများ' တွင် ဟောက်ထျန်းပါဝင်၏။

All Chapters