သတ်ဖြတ်ခြင်း
Vol. 68 Ch. 948
"ဒဏ်ရာမရဘူးလား"
စစ်သင်္ဘော အဝေးရောက်သွားတာနဲ့ လီဖူချန်းက ခရမ်းရောင်သက်ရှိကို ကြည့်လိုက်တယ်။
ခရမ်းရောင်သက်ရှိအပေါ်မှာ ဒဏ်ရာတွေ လုံးမရှိမနေဘူး။ ဓားခုတ်ချက်က ၎င်းကို လွင့်ထွက်စေရုံသာတတ်နိုင်မှန်း အလွန်သိသာတယ်။
"ကြည့်ရတာ အန္တိမအဆင့်လက်နက်တွေကပဲ သူ့ကို ဒဏ်ရာရစေနိုင်ပုံပဲ"
လီဖူချန်းက နတ်ဆရာဓားကို သိမ်းပြီး ကောင်းကင်ဘုံဆက်ဓားကို ဆွဲထုတ်လိုက်တယ်။
အင်းဆက်မျိုးနွယ်ရဲ့ခုခံမှုက တကယ်မာကျောပေမယ့် အဆင့်မြင့်အန္တိမအဆင့်လက်နက်တစ်ခုနဲ့အတွေ့မှာတော့ မာကျောတဲ့ခုခံမှုက အသုံးမဝင်တော့ဘူး။ သံချပ်ဝတ်လူက အင်းဆက်ကောင်းကင်ဘုံအရှင်ကို ဒဏ်ရာရစေခဲ့တာက သိသာတဲ့သက်သေပြချက်ပဲ။
ခရမ်းရောင်သက်ရှိရဲ့မျက်လုံးတွေက ကျုံ့သွားတော့တယ်။ လီဖူချန်းရဲ့ဓားက သံချပ်ဝတ်လူရဲ့ဓားနဲ့ အတူတူပဲဆိုတာကို ၎င်းက မြင်နိုင်တယ်။
ဟိန်းသံ......
ချွန်ထက်တဲ့သွားတွေ ပြည့်နေတဲ့သူ့ရဲ့ပါးစပ်ကို ဟကာ ခရမ်းရောင်သက်ရှိက ဟိန်းလိုက်တယ်၊ ဖျက်ဆီးခြင်းအသံလှိုင်းတစ်ခုက လီဖူချန်းကို ရိုက်ခတ်လာတယ်။
အမှောင််ထုဖရိုဖရဲဟင်းလင်းပြင်ထဲမှာ အသံလှိုင်းတစ်ခုက ပဲ့တင်ထပ်သွားတယ်။
လီဖူချန်းက ဒီအသံလှိုင်းရဲ့ဒဏ်ကို မခုခံနိုင်ရင် သူက ဖုန်အစအနဖြစ်သွားမယ်ဆိုတာ တွေးကြည့်ဖို့ မခက်ပါဘူး။
စိတ်မကောင်းစရာတစ်ခုကတော့ ဓားချီအကာအကွယ်နဲ့အတူ အသံလှိုင်းက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို မကျူးကျော်နိုင်တော့တာပဲ။
"မူလဘူတဓား......"
ဟင်းလင်းပြင်ထဲမှာ ဓားတစ်သောင်းက ဓားတစ်လက်အဖြစ် ပြောင်းသွားတယ်။ ပြီးနောက် ဓားက ခရမ်းရောင်သက်ရှိထံ မတွေးတောနိုင်လောက်တဲ့အရှိန်နဲ့ ခုတ်ချလာတော့တယ်။
ဖူး......
ခရမ်းရောင်သွေးတွေ ပန်းထွက်လာပြီး ခရမ်းရောင်သက်ရှိရဲ့ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားတယ်။
"သူ့ရဲ့ခွန်အားက လှိုင်းအောက်ကောင်းကင်ဘုံအရှင်ထက် အဆများစွာ ပိုသန်မာတယ်။ သူက အဆင့်၅ကောင်းကင်ဘုံအရှင်တစ်ယောက်ပဲ ဖြစ်လောက်တယ်"
အကွက်အချို့ရှိပြီးနောက် လီဖူချန်းက ခရမ်းရောင်သက်ရှိရဲ့ခွန်အားက အကြမ်းဖျင်းခန့်မှန်းခဲ့တယ်။
အဆင့်၅ကောင်းကင်ဘုံအရှင်တစ်ယောက်ကို အားနည်းတယ်လို့ သတ်မှတ်လို့မရဘူး။
အဆင့်၅ကောင်းကင်ဘုံအရှင်တစ်ယောက်ကို အံ့မခန်းလက်နက်တစ်ခုမရှိတဲ့အဆင့်၁ကောင်းကင်ဘုံအရှင်တစ်ယောက်ကတောင် သတ်ဖို့ ခက်ခဲတယ်။
ဒါပေမယ့် လီဖူချန်းကတော့ မတူပါဘူး။
"ကောင်းကင်ဘုံဆက်ဓားမရှိဘဲနဲ့ ငါ့ခွန်အားက အဆင့်၅နဲ့အဆင့်၄ကောင်းကင်ဘုံအရှင်တွေနဲ့ ယှဉ်လို့ရနေပြီ။ ကောင်းကင်ဘုံဆက်ဓားနဲ့ဆိုရင် ငါက အဆင့်၃ကောင်းကင်အရှင်တွေကိုတောင် ရင်ဆိုင်တိုက်ခိုက်ဖို့ ယုံကြည်ချက်ရရှိတယ်"
ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့စွမ်းအားက အဆုံးမဲ့ဆိုပေမယ့် သူတို့ရဲ့အသက်စွမ်းအားက အဆုံးမမဲ့ပါဘူး။ သူတို့က အဆင့်မြင့်အန္တိမအဆင့်လက်နက်တွေကြောင့် ထိခိုက်ခံစားရလိမ့်မယ်။ ခရမ်းရောင်သက်ရှိက အဆင့်၃ဒါမှမဟုတ်အဆင့်၄ကောင်းကင်ဘုံအရှင်ဆိုရင်တောင် လီဖူချန်းက အောင်ပွဲရနိုင်တယ်၊ ဒါပေမယ့် အခွင့်အရေးက အလွန်နိမ့်ကျတယ်။
ကံကောင်းတာကတော့ ရန်သူက အဆင့်၅ကောင်းကင်ဘုံအရှင်ဖြစ်နေလို့ပဲ၊ သူ့အနေနဲ့ ရန်သူကို သတ်ဖြတ်ဖို့ အခွင့်အရေးကောင်းရှိတယ်လို့ လီဖူချန်းက ခံစားမိတယ်။
ဖျက်ဆီးခြင်းအသံလှိုင်းက အသုံးမဝင်တာကို မြင်ပြီး ခရမ်းရောင်သက်ရှိက လီဖူချန်းကို အနီးကပ်တိုက်ခိုက်လာတယ်။
အင်းဆက်တွေက အနီးကပ်တိုက်ပွဲမှာ အလွန်ကြောက်စရာကောင်းတယ်။ သူတို့ရဲ့အရေပြားက ရန်သူကို တိုက်စားဖျက်ဆီးနိုင်တဲ့ ဖျက်ဆီးခြင်းအက်ဆစ်ဆစ်မျိုးကို ထုတ်လုပ်နိုင်တယ်။ အန္တိမအဆင့်လက်နက်တစ်ခုကိုတောင် ဖျက်ဆီးနိုင်တယ်။ ဒါပေမယ့် အဆင့်မြင့်ကောင်းကင်ဘုံဆက်ဓားရဲ့ခွန်အားနဲ့ဆိုရင် ၎င်းက ပျက်ဆီးသွားမှာကို စိုးရိမ်စရာမလိုပါဘူး။
"ဒီလိုတိုက်ခိုက်ရေးစွမ်းရည်က တကယ်မယုံနိုင်စရာပဲ"
အင်းဆက်မျိုးနွယ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်က မွေးကတည်းက သဘာဝအတိုင်းပါလာတယ်။ လီဖူချန်းရဲ့တိုက်ခိုက်ရေးပါရမီက အလွန်အမင်းအံ့မခန်းမဖြစ်ရင် စိတ်ဝိညာဉ်ရဲ့အထောက်အပံ့ရှိရင်တောင် သူက ခရမ်းရောင်သက်ရှိအတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။
ဖူး......ဖူး......ဖူး
ခရမ်းရောင်သက်ရှိမှာ အခုထိမကုသရသေးတဲ့ဓားဒဏ်ရာတစ်ခုရှိပြီး နောက်ထပ်ဓားဒဏ်ရာတစ်ခုက ပွင့်လာတယ်။ ထိုအချိန်မှာ သူ့ကို ကြည့်ရတာ လူသားဇကာတစ်ခုနဲ့တူတယ်။
နှစ်နာရီ.....တစ်ရက်.....ဆယ်ရက်......
ခရမ်းရောင်သက်ရှိရဲ့အသက်စွမ်းအားတစ်ဝက်ကို ဖယ်ရှားပြီးတဲ့အချိန်မှာတော့ သူက စတင်ထွက်ပြေးသွားတော့တယ်။
"ထွက်ပြေးဖို့မစဉ်းစားနဲ့...."
အခြားတစ်ယောက်ယောက်ဆိုရင် ခရမ်းရောင်သက်ရှိက လွတ်မြောက်ဖို့ ပြဿနာရှိမှာမဟုတ်ဘူး။ ပထမကတော့ သူ့ကို ခြေရာခံလိုက်ဖို့ နည်းလမ်းမရှိဘူး။ ဒုတိယကတော့ ခရမ်းရောင်သက်ရှိက မြန်လွန်းပြီး လိုက်မီဖို့ခက်ခဲတယ်။
ဒါပေမယ့် လီဖူချန်းကတော့ မတူဘူး။ သူက အစကတည်းက ခရမ်းရောင်သက်ရှိအပေါ်မှာ စိတ်တိညာဉ်အမှတ်အသားတစ်ခုကို ချန်ထားခဲ့တယ်။ သူဘယ်ကိုပြေးပြေး ကိစ္စမရှိဘူး၊ လီဖူချန်းက အာရုံခံနိုင်တယ်။ ဒါ့ပြင် လိီဖူချန်းရဲ့မြန်နှုန်းက ခရမ်းရောင်သက်ရှိအောက် မနိမ့်ကျဘူး။ လီဖူချန်က အနောက်မှာ ကျန်ခဲ့ရင်တောင် သူက ဓားအားလမ်းကြောင်းတစ်ခုကို ဖန်တီးပြီး အမီလိုက်နိုင်တယ်။
တဖြည်းဖြည်းနဲ့ ခရမ်းရောင်သက်ရှိရဲ့ချီတည်ရှိမှုက အားနည်းလာတော့တယ်။ ၎င်းကို ကြည့်ရတာ လေထဲက ဖယောင်းတိုင်မီးတောက်တစ်ခုလို ဘယ်အချိန်မဆို ပျောက်ကွယ်သွားနိုင်တယ်။
"သေစမ်း"
ဓားအားလမ်းကြောင်းမှ တစ်ဟုန်ထိုးပြေးထွက်လာပြီး လီဖူချန်းက သူ့ရဲ့သတ်ဖြတ်ကွက်ဖြစ်တဲ့ဓားချီမူလပြန်သွားခြင်းကို အသုံးပြုလိုက်တယ်။
ဝှစ်......
ခရမ်းရောင်သက်ရှိမှ နောက်ဆုံးလက်ကျန်အသက်စွမ်းအားအရိပ်အယောင်က ဓားချီကြောင့် နုပ်နုပ်စဉ်းသွားပြီး ၎င်းရဲ့ခန္ဓာကိုယ်က အပိုင်းပိုင်းဖြစ်သွားတော့တယ်။
ခရမ်းရောင်အင်းဆက်ပုံဆောင်ခဲတစ်ခုက အလောင်းအပိုင်းအစတွေမှ ပျံသန်းထွက်လာတယ်။
အင်းဆက်ပုံဆောင်ခဲက မဖော်ပြနိုင်လောက်အောင် အန္တရာယ်များပြီး အင်းဆက်ပုံဆောင်ခဲအတွင်းရှိစွမ်းအင်အဆင့်ကို ရှာတွေ့ဖို့က မဖြစ်နိုင်ဘူး။ စွမ်းအင်တွေ ဘယ်လောက်ပဲပါဝင်နေပါစေ ကိစ္စမရှိဘူး၊ ကြယ်အလုံးတစ်ရာရဲ့စွမ်းအင်ကိုတောင် မယှဉ်နိုင်ဘူး။
လီဖူချန်းက သူ့ရဲ့ညာလက်ကို ဆန့်ထုတ်ကာ ခရမ်းရောင်အင်းဆက်ပုံဆောင်ခဲကို ဆုတ်ကိုင်လိုက်တယ်။
ထိုအခိုက်မှာတော့ သူက အရည်ကျိုထားတဲ့သံအပိုင်းအစတစ်ခုကို ကိုင်ထားရသလို လီဖူချန်းက ခံစားရပြီး အဲဒါက လက်ကို အတော်လေးပူစေတယ်။
အတော်လေးအားနည်းတဲ့သူတော်စင်အရှင်တစ်ယောက်သာဆိုရင် ခရမ်းရောင်အင်းဆက်ပုံဆောင်ခဲကို သူတို့က ထိတွေ့မိတာနဲ့ ပြာအဖြစ် ချက်ချင်းပြောင်းသွားရလိမ့်မယ်။
"စိတ်ဝင်စားစရာပဲ၊ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာနဲ့တောင် နှိုင်းယှဉ်နိုင်တဲ့စွမ်းအားရှိတာပဲ"
လီဖူချန်းက အတော်လေးထိတ်လန့်သွားတယ်၊ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာက ဖြန့်ဝေလိုက်တဲ့အခါ ဘာမှမဟုတ်ဘူးလို့ ပြောနိုင်တယ်။ ဒါပေမယ့် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာလုံးစုစည်းနေတာကတော့ အလွန်အမင်းကြောက်စရာကောင်းတယ်။ စွမ်းအင်ပေါက်ကွဲထွက်သွားတာနဲ့ အားနည်းတဲ့ကောင်းကင်ဘုံအရှင်တွေကို သတ်ဖြတ်ဖို့လုံလောက်တယ်။
"ထွက်သွားဖို့အချိန်ပဲ"
ခရမ်းရောင်အင်းဆက်ပုံဆောင်ခဲကို သိမ်းပြီးနောက် လီဖူချန်းက လျင်မြန်စွာ ထွက်ခွာလာတယ်။
သူ ခရမ်းရောင်သက်ရှိကို သတ်လိုက်တဲ့အခိုက်မှာ သတင်းအချက်အလက်တစ်ခုက အုံကို ပြန်ရောက်ရှိသွားတာကို လီဖူချန်းက မသိခဲ့ဘူး။
ဖြောက်......
အဝါရောင်အင်းကွက်တွေနဲ့အင်းဆက်ဥတစ်လုံးက အက်ကွဲလာတယ်။ ပြီးနောက် အနက်ရောင်အင်းကွက်တွေနဲ့အင်းဆက်ဥတစ်လုံးကလည်း ချက်ချင်း အက်ကွဲလာတယ်.......
အချိန်တိုအတွင်းမှာ အင်းဆက်ဥလေးလုံးက အကောင်ပေါက်သွားပြီး အားကောင်းတဲ့လူသားပုံသဏ္ဍာန်သက်ရှိလေးယောက်က ထွက်လာတယ်။
အက်စ်က သေပြီ"
"ထိုလူသားကို ရှာပြီး သူ့ကို စားရအောင်"
အနက်ရောင်သက်ရှိရဲ့မျက်လုံးက အလင်းတန်းနှစ်ခုကို ပစ်လွှတ်လိုက်တယ်။ အလင်းက ဟင်းလင်းပြင်ထဲမှာ မျက်နှာပြင်တစ်ခုကို ဖြစ်ပေါ်စေပြီး လီဖူချန်းရဲ့ပုံရိပ်ထင်ထင်ရှားရှားကို ပြသလိုက်တယ်။
ပြီးနောက် သက်ရှိလေးယောက်က ပျောက်သွားတယ်။
…
အမှောင်ထုထဲမှာ ပြင်းထန်တဲ့အန္တရာယ်တစ်ခုလိုက်ပါလာတာကို လီဖူချန်းက ခံစားမိပြီး သူ့ရဲ့မြန်နှုန်းကို အကန့်အသတ်အထိ တိုးမြှင့်ခဲ့ရတယ်။ မကြာခဏ သူက အလျင်တိုးဖို့ ဓားအားလမ်းကြောင်းတစ်ခုကို ဖန်တီးနေခဲ့တယ်။
…
"ငါတို့တွေ ချိတ်ပိတ်အတားအဆီးကို ရောက်လာပြီ" ရောင်စုံဝတ်အမျိုးသမီးရဲ့အသံက ပဲ့တင်ထပ်လာတယ်၊ စစ်သင်္ဘောက အတားအဆီးအလွှာတစ်ခုကို ချိုးဖြတ်ပြီး အပြင်ကမ္ဘာမှာ ထွက်ပေါ်လာတယ်။
"အဖေ..." မီယာသူတော်စင်အရှင်မက နာကြည်းပင်လယ်ဓားအရှင်ကို မြင်တဲ့အခါ သူမက စိတ်လှုပ်ရှားစွာနဲ့ အော်လိုက်လေတယ်။
"မီယာ....." နာကြည်းပင်လယ်ဓားအရှင်လည်း စိတ်လှုပ်ရှားသွားတယ်။ လက်ကို ဝှေ့ယမ်းလိုက်ရာ မီယာသူတော်စင်အရှင်မက သူ့အရှေ့မှာ ထွက်ပေါ်လာပြီး သူတို့က ပွေ့ဖက်လိုက်ကြတယ်။
"အဖေ၊ ငါ အဖေ့ကို စိုးရိမ်စေမိပြီ" မီယာသူတော်စင်အရှင်မက ခေါင်းမော့ကာ တောင်းပန်လိုက်တယ်။
နာကြည်းပင်လယ်ဓားအရှင်က ပြောလိုက်တယ်" မင်း အသက်ရှင်နေသရွေ့ အဆင်ပြေပါတယ်"
"နှုတ်ဆက်ပါတယ်၊ ဓားအရှင်"
စစ်သင်္ဘောကို သိမ်းပြီးတာနဲ့ လူတိုင်းက သင်္ဘောမှ ထွက်လာကြတယ်။
နာကြည်းပင်လယ်ဓားအရှင်က တစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်တဲ့လေသံနဲ့ မေးလိုက်တယ်" မူလအဆုံးစွန်းဓားသူတော်စင်အရှင်ကရော ဘယ်မှာလဲ"
မီယာသူတော်စင်အရှင်မက ဖြေလိုက်တယ်" လမ်းမှာ ငါတို့က အင်းဆက်မျိုးနွယ်ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ မူလအဆုံးစွန်းဓားသူတော်စင်အရှင်က နောက်မှာ ချန်နေခဲ့တယ်......"
"အင်းဆက်ကောင်းကင်ဘုံအရှင်လား" နာကြည်းပင်လယ်ဓားအရှင်ရဲ့အမူအရာက အနည်းငယ်ပြောင်းလဲသွားတယ်။
အင်းဆက်မျိုးနွယ်စစ်မြေပြင်မှာ အင်းဆက်ကောင်းကင်ဘုံအရှင်တွေ ရှိနေသေးတာပေါ့လေ။ ဒါက ကြီးမားတဲ့ကိစ္စတစ်ခုပဲ။
"ဒီလိုဆိုမှတော့ ငါတို့ တစ်ချက်စောင့်ရအောင်။ မူလအဆုံးစွန်းဓားသူတော်စင်အရှင်ရဲ့ခွန်အားနဲ့ဆိုရင် သူက အသက်ရှင်လွတ်မြောက်နိုင်မှာပါ"
တစ်ယောက်မှ သဘောမတူတာမရှိဘူး။ တကယ်တော့ လီဖူချန်းမရှိရင် သူတို့က ဒီနေရာမှာတောင် ရှိနေနိုင်မှာ မဟုတ်ဘူးလေ။