စစ်ပွဲရောက်လာပြီ
Vol. 68 Ch. 949
"ငါတို့တွေ ငါတို့ရဲ့စွမ်းအင်ကို မင်းကို ပေးလိုက်မယ်"
သူတို့က လီဖူချန်းကို လိုက်မမီနိုင်တော့တာကို မြင်ပြီး လူသားသဏ္ဍာန်သက်ရှိသုံးယောက်က သူတို့ရဲ့စွမ်းအင်ကို အနက်ရောင်သက်ရှိထဲသို့ ထည့်သွင်းလိုက်တယ်။
အင်းဆက်မျိုးနွယ်မှာ ကြောက်စရာကောင်းတဲ့စွမ်းပကားအချို့ရှိတယ်။ သူတို့ရဲ့မျိုးပွားနိုင်စွမ်း၊ သတင်းအချက်အလက်မျှဝေခြင်းနဲ့စွမ်းအင်မျှဝေခြင်းတို့လဲ ပါတယ်။
စွမ်းအင်တွေ သုံးဆပိုလာတဲ့အခါ အနက်ရောင်သက်ရှိက အာကာသ-အချိန်လမ်းကြောင်းရဲ့စီးဆင်းမှုကို ရပ်တန့်တဲ့ချီတည်ရှိမှုတစ်ခုကို ထုတ်လွှတ်လိုက်တော့တယ်။
…
"ငါ နောက်ဆုံးတော့ ထွက်ပေါက်ကို ရောက်လာပြီ"
နောက်ထပ်ခုနှစ်ရက်ကြာပြီးနောက် လီဖူချန်းက အင်းဆက်မျိုးနွယ်စစ်မြေပြင်ရဲ့အပြင်နယ်နိမိတ်ကို ရောက်ရှိလာတယ်။
ဒီအချိန်အတောအတွင်း အင်းဆက်မျိုးနွယ်စစ်မြေပြင်က ဖိအားကို တိုးလာစေတယ်။ သူက အရှိန်လျော့လိုက်ရင် သေမင်းနဲ့ရင်ဆိုင်ရမယ်လို့တော့ လီဖူချန်းက ကြိုတင်သိနေတယ်။
ချိတ်ပိတ်အတားအဆီးကို ထိုးဖောက်ပြီးနောက် လီဖူချန်းက ဓားအားလမ်းကြောင်းထဲကို ဝင်လာတယ်။
ဝီ.......ဝီ.......
ထိုအချိန်မှာ အနက်ရောင်သက်ရှိတစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာတယ်။ သူ ထွက်ပေါ်လာတာနဲ့ အာကာ-အချိန်က ရပ်သွားတယ်။ တည်မြဲတဲ့ဓားအားလမ်းကြောင်းကလည်း တွန့်လိမ်သွားရတယ်။
လီဖူချန်းက လှည့်ကြည့်လိုက်တယ်၊ သူ့မျက်လုံးတွေက ပြူးကျယ်သွားရတယ်။
အနက်ရောင်သက်ရှိရဲ့ချီတည်ရှိမှုက ခရမ်းရောင်သက်ရှိထက် လေးဆပိုသန်မာတယ်။ ဆိုလိုတာကတော့ ခရမ်းရောင်သက်ရှိနဲ့နှိုင်းယှဉ်ရင် အနက်ရောင်သက်ရှိက စွမ်းအင်လေးဆပိုများတယ်။
စွမ်းအင်နဲ့ခွန်အားက တူညီတဲ့အချိုးအစားမရှိဘူး။ စွမ်းအင်နှစ်ဆက အခြေခံအားဖြင့် ခွန်အားဆယ်ဆကို ဆိုလိုတယ်။
ဝုန်း......
အနက်ရောင်သက်ရှိက လက်သီးတစ်ချက်ထုတ်ဖော်လိုက်ပြီး ဓားအားလမ်းကြောင်းကို ပေါက်ကွဲထွက်စေလိုက်တယ်။
"ငါ ကြောက်မယ်လို့ ထင်နေတာလား"
ဒီနေရာက ချိတ်ပိတ်အတားအဆီးနဲ့ မဝေးတာကြောင့် လီဖူချန်းက အနက်ရောင်သက်ရှိကို ကြောက်မနေဘူး၊ သူက ခုတ်ပိုင်းချက်တစ်ခုနဲအတူ တန်ပြန်တိုက်ခိုက်လိုက်တယ်။
သူတို့နှစ်ယောက်အကြားတိုက်ပွဲက အတော်လေးပွက်လောရိုက်သွားစေတယ်။ အဲဒါက ချိတ်ပိတ်အတားအဆီးအထိတောင် ပျံ့နှံ့ပြီး ၎င်းကို တွန့်လိမ်သွားစေတယ်။
ဒါပေမယ့် ချိတ်ပိတ်အတားအဆီးအပေါ်ရှိတွန့်လိမ်ရှုံ့တွခြင်းက ဖြစ်စဉ်တစ်ခုမျှသာပဲ။ ချိတ်ပိတ်ကိုယ်တိုင်က မချွတ်ယွင်းရင် ၎င်းကို မထိခိုက်စေနိုင်ပါဘူး။
နာကြည်းပင်လယ်ဓားအရှင်နဲ့အခြားသူတွေက ချိတ်ပိတ်ကိုဖြတ်ကာ ရေးတေးတေးမြင်လိုက်ရတယ်။ သူတို့က လီဖူချန်းနဲ့အနက်ရောင်သက်ရှိတို့ရဲ့ရှင်းလင်းပြတ်သားမှုမရှိတဲ့ပုံရိပ်တွေကို မြင်နိုင်တယ်။
"ဒါ မူလအဆုံးစွန်းဓားသူတော်စင်အရှင်ပဲ"
"တစ်ခုခုတော့ မှားနေပြီ။ အင်းဆက်ကောင်းကင်ဘုံအရှင်က ခရမ်းရောင်လူသားသဏ္ဍာန်သက်ရှိတစ်ယောက်ဆိုတာ ငါ မှတ်မိပါတယ်။ ဘာလို့ အခု အနက်ရောင်လူသားသဏ္ဍာန်သက်ရှိဖြစ်နေရတာလဲ"
တိုက်ပွဲက အလွန်အမင်းကြမ်းတယ်။ အနက်ရောင်သက်ရှိက ခရမ်းရောင်သက်ရှိထက် အဆဒါဇင်အနည်းငယ်ပိုသန်မာပေမယ့် လီဖူချန်းက နောက်မဆုတ်ပါဘူး။ သူ့စွမ်းအင်မကုန်ဆုံးတဲ့အထိ သူက အနက်ရောင်သက်ရှိကို လုံးဝမကြောက်ဘူး။
"ထားလိုက်တော့"
အချိန်အကြာကြီး တိုက်ခိုက်ပြီးနောက် သူက အနက်ရောင်သက်ရှိကို သတ်ဖို့ အခွင့်အရေးတစ်ခုမှ မရှိမှန်း လီဖူချန်းက သေချာတယ်။
ချွမ်း......
တုန်ခါမှုလှိုင်းကို အသုံးပြုကာ လီဖူချန်းက ချိတ်ပိတ်အတားအဆီးဆီ ပျံသန်းသွားတော့တယ်။
အနက်ရောင်သက်ရှိက လှောင်ပြုံးပြုံးလိုက်တယ်၊ သူ့ခန္ဓာကိုယ်က ရွှေ့ပြောင်းသွားပြီး လီဖူချန်းရဲ့အရှေ့မှာ ရုတ်တရက်ထွက်ပေါ်လာတယ်။
ခွန်အားအရ သူက လီဖူချန်းထက် မသန်မာနိုင်ပေမယ့် မြန်နှုန်းအရ သူက အတော်လေးမြင့်တယ်။
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း.......'
ငွေရောင်ဓားပင်လယ်က အနက်ရောင်သက်ရှိတစ်ကိုယ်လုံးကို ဝါးမျိုသွားတယ်။
အနက်ရောင်သက်ရှိက ဓားပင်လယ်ကို ဆုတ်ဖြဲကာ လီဖူချန်းရဲ့အရှေ့မှာ နောက်တစ်ကြိမ်ထွက်ပေါ်လာတယ်။
"နာကြည်းပင်လယ်မိုးကုတ်စက်ဝိုင်း......"
ရုတ်တရက် အနက်ရောင်ဓားချီတစ်ခုက ချိတ်ပိတ်အတားအဆီးထဲကို ဖြည်းညှင်းစွာ ဝင်ရောက်လာတယ်။ အဲဒါက အနက်ရောင်သက်ရှိကို ဖုံးလွှမ်းသွားပြီး အနက်ရောင်သက်ရှိကို အမည်မသိဓားကမ္ဘာတစ်ခုထဲသို့ ခေါ်ဆောင်သွားတယ်။
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ မြန်မြန်ထွက်လာ" နာကြည်းပင်လယ်ဓားအရှင်ရဲ့အသံက လီဖူချန်းရဲ့နားထဲကို ကူးပြောင်းလာတယ်။
လီဖူချန်းက အင်းဆက်မျိုးနွယ်စစ်မြေပြင်မှ ချက်ချင်းပြေးထွက်သွားတော့တယ်။
လီဖူချန်းထွက်သွားပြီးမကြာမီမှာ အနက်ရောင်သက်ရှိရဲ့ပုံရိပ်က ဟင်းလင်းပြင်မှ ဖြည်းဖြည်းချင်း ပေါ်လာတယ်။
နာကြည်းပင်လယ်ဓားအရှင်က မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပေမယ့် သူက အနက်ရောင်သက်ရှိကို အတားအဆီးအပြင်ဘက်မှ ပိတ်ဖမ်းဖို့ကြိုးစားနေတယ်။ ရလဒ်ကတော့ ချီးကျူးထိုက်ပေတယ်၊ အမြဲတမ်းပိတ်ဖမ်းထားဖို့ကတော့ မဖြစ်နိုင်ပါဘူး။
ဝုန်း.....
ချိတ်ပိတ်အတားအဆီးက လီဖူချန်းနဲ့အခြားသူတွေအပေါ် သက်ရောက်မှုတစ်ခုမှ မရှိပေမယ့် အနက်ရောင်သက်ရှိအပေါ်ကိုတော့ ၎င်းက ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တယ်။ အနက်ရောင်သက်ရှိရဲ့အခွံက အက်ကွဲသွားပြီး အနက်ရောင်သွေးတွေက ပန်းထွက်လာတယ်။
"ကျေးဇူးအများကြီးတင်ပါတယ် ဓားအရှင်" လီဖူချန်းက နာကြည်းပင်လယ်ဓားအရှင်အား ဦးညွှတ်လိုက်လေတယ်။
နာကြည်းပင်လယ်ဓားအရှင်က ပြောလိုက်တယ်" ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ။ မင်းမရှိရင် ငါ့သမီးက အခုလိုချောချောမွေ့မွေ့နဲ့ ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး"
ပြောရင်း နာကြည်းပင်လယ်ဓားအရှင်က တစ်ချက်ကြည့်ကာ အားလုံးကို ပြောလိုက်တယ်"မှတ်ထားပါ၊ ဒီအင်းဆက်မျိုးနွယ်စစ်မြေပြင်ကို နောက်ထပ်မဝင်နဲ့တော့။ အထဲမှာ မူလအဆင့်အုံတစ်ခုရှိတယ်လို့ ငါ သံသယရှိတယ်၊ အင်းဆက်ကောင်းကင်ဘုံအရှင်နှစ်ယောက်ထက်တောင် ပိုနိုင်တယ်"
သူတို့ပြန်ရောက်ပြီးနောက် ဒီအကြောင်းကို အစည်းအရုံးခေါင်းဆောင်ထံ တင်ပြဖို့ သူ စီစဉ်ထားတယ်။ သူက အင်းဆက်မျိုးနွယ်စစ်မြေပြင်ကို ဘယ်လိုဖြေရှင်းရတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရတဲ့သူမဟုတ်ဘူး။ ဆုံးဖြတ်ချက်ကို အထက်အကြီးအကဲတွေကပဲ ပြုလုပ်တယ်။
"နားလည်ပါတယ်" လူတိုင်းက ခေါင်းညိတ်လိုက်တယ်။
သူတို့က အရူးလား.....တစ်ယောက်ယောက်က ဈေးကြီးပေးပြီး သူတို့ကို ဖိတ်ခေါ်ရင်တောင် သူတို့က ဒီအင်းဆက်မျိုးနွယ်စစ်မြေပြင်ကို ဝင်ရောက်တော့မှာမဟုတ်ဘူး။
…
ဓားကြယ်မြို့ကို ပြန်ရောက်ပြီးနောက် နာကြည်းပင်လယ်ဓားအရှင်က ဓားအရိုးခုနှစ်ခုကို လီဖူချန်းထံ ပေးလိုက်တယ်။
ဓားအရိုးအပိုင်းအစဆယ်ခုနဲ့ဆိုရင် သူက မူလအဆုံးစွန်းဓားနည်းလမ်းကို ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေသို့ မြှင့်တင်နိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။
မူလအဆုံးစွန်းဓားနည်းလမ်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ချိုးဖြတ်ပြီးတာနဲ့ သူ့ခွန်အားက ကြောက်စရာကောင်းလာလိမ့်မယ်။ ကောင်းကင်ဘုံဆက်ဓားနဲ့ဆိုရင် သူက အဆင့်၃ဒါမှမဟုတ်အဆင့်၂ကောင်းကင်ဘုံအရှင်တွေနဲ့ ရင်ဆိုင်ဖို့ ပြဿနာရှိလိမ့်မှာမဟုတ်ဘူး။ သူက အဆင့်၁ကောင်းကင်ဘုံအရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့တောင် ယုံကြည်ထားတယ်။
ဒါပေမယ့် ကျင့်ကြံခြင်းနည်းလမ်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ချိုးဖြတ်သွားတာနဲ့ ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာပြီးလို့ ယူဆနိုင်တယ်။
သိုင်းတာအိုကျင့်ကြံသူတွေ ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာဖို့အတွက် လမ်းကြောင်းနှစ်ခုရှိတယ်။ ပထမနည်းလမ်းကတော့ အန္တိမအဆင့်သိုင်းပညာတစ်ခုကို နားလည်ဖို့ပဲ။ ဒုတိယနည်းလမ်းကတော့ ထိပ်တန်းအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို နားလည်ဖို့ပါပဲ။
အန္တိမအဆင့်သိုင်းပညာတစ်ခုကို နားလည်ပြီးနောက် တစ်စုံတစ်ယောက်ရဲ့သွေးမျိုးဆက်က အန္တိမအဆင့်သွေးမျိုးဆက်တစ်ခုအဖြစ် ပြောင်းသွားလိမ့်မယ်၊ အဲဒါက ကောင်းကင်ဘုံအရှင်သွေးမျိုးဆက်တစ်ခုလည်း ဖြစ်တယ်။
ထိပ်တန်းအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို နားလည်ပြီးနောက် တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်က ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မယ်။
ဓားအရိုးက ဓားတာအိုကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်တယ်။
နှစ်ဝက်ရှိပြီးဆိုပေမယ့် လေတိမ်ဓားသူတော်စင်အရှင်နဲ့အခြားသူတွေက မထွက်သွားရသေးဘူး။
ဓားရေကန်မှ ထွက်လာတာနဲ့ သူတို့က သီးခြားကျင့်ကြံခဲ့ကြတယ်။ သူတို့ရဲ့ကျင့်ကြံမှုပြီးဆုံးပြီးနောက် လီဖူချန်းပြန်မရောက်လာသေးတာကို သတိပြုမိပြီး သူတို့က စောင့်နေကြတော့တယ်။
မည့်သို့ပင်ဖြစ်စေ ဓားကြယ်မြို့က ဓားတာအိုကျင့်ကြံသူတွေအတွက် အကောင်းဆုံးနေရာတစ်ခုပဲလေ။ ဒီနေရာမှာ အချိန်အကြာကြီးနေရတာ သူတို့အတွက် အဆင်ပြေပါတယ်။
ဓားကြယ်မြို့မှာ ရက်အနည်းငယ်ထပ်နေပြီးနောက် လီဖူချန်းတို့အုပ်စုက ထွက်ခွာသွားတော့တယ်။
အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဓားသမားအစည်းအရုံးရှိတည်နေရာရွှေ့ပြောင်းရေးအစီအရင်က လင်းလက်သွားတယ်။ ပုံရိပ်ငါးခုက ထွက်ပေါ်လာတယ်။
"ဘာဖြစ်နေတာလဲ"
အံ့ဖွယ်သစ်ရွက်မြို့ရဲ့လေထုထဲမှာ လီဖူချန်းက သိပ်သည်းတဲ့ဖိအားတစ်ခုကို ချက်ချင်း ခံစားမိတယ်။
အတိတ်မှာတုန်းက အံ့ဖွယ်သစ်ရွက်မြို့က အလွန်ငြိမ်းချမ်းတဲ့ခံစားချက်တစ်ခုကို ပေးတယ်။ တကယ်တော့ ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်ထဲမှာ အကန့်အသတ်မဲ့အသက်စွမ်းအားတွေပါရှိပြီး အဲဒါက စကြာဝဠာရှိပိုင်နက်တစ်ခုရဲ့ဥပဒေသကို သက်ရောက်နိုင်တယ်။
"အံ့ဖွယ်သစ်ရွက်မြို့ကို ချိတ်ပိတ်ထားတယ်။ ဘယ်သူမှ ဝင်လို့ထွက်လို့မရဘူး။ ဒါပေမယ့် အခု ကြယ်ပိုင်နက်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို ချိတ်ပိတ်မထားဘူး။ ဒါကြောင့် မင်းတို့အဖွဲ့ ပြန်လာလို့ရတယ်" သက်တံဖြူကောင်းကင်ဘုံအရှင်က သူတို့အဖွဲ့ရဲ့မြင်ကွင်းမှာ ထွက်ပေါ်လာပြီး ရှင်းပြလိုက်တယ်။
"ဒုအစည်းအရုံးခေါင်းဆောင်၊ ဘာဖြစ်နေတာလဲ" သစ်ရွက်နီဓားသူတော်စင်အရှင်မက နားမလည်နိုင်ဘူးဖြစ်နေတယ်။
သက်တံဖြူကောင်းကင်ဘုံအရှင်က ရှင်းပြလိုက်တယ်"ဒါတွေအားလုံးက ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်ကြောင့်ပဲ။ ဒီသစ်ရွက်ကို မရေမတွက်နိုင်တဲ့အထွတ်အထိပ်ကျွမ်းကျင်သူတွေက အဆက်မပြတ်ပစ်မှတ်ထားနေတယ်။ ဒါပေမယ့် တစ်ယောက်မှ အဲဒါကို ရယူဖို့ ယုံကြည်ချက်မရှိဘူး။ အတိတ်တုန်းက ဖြစ်ပွားခဲ့တဲ့စစ်ပွဲနဲ့ မတူညီစွာနဲ့ ရက်စက်တဲ့တစ်စုံတစ်ယောက်က ထွက်ပေါ်လာတယ်။ သူက ထာဝရစစ်တပ်ရဲ့တပ်ရင်း၁၉ရဲ့တပ်မှူးဖြစ်သူသွေးပုဆိန်အင်ပါယာအရှင်ပဲ။ သူက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ပဲ။ သူနဲ့ရင်ဆိုင်ရတဲ့အခါ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးတောင် သတိထားဖို့လိုတယ်။ သူ့ရဲ့တပ်ရင်း၁၉နဲ့ဆိုရင် သူက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကိုတောင် သိမ်းပိုက်နိုင်တယ်လို့ပြောရင် မလွန်ဘူး။ အခု တပ်ရင်း၁၉က အံ့ဖွယ်သစ်ရွက်မြို့ကို ဝန်းရံထားပြီး အာကာသ-အချိန်ကိုတောင် ချိတ်ပိတ်ထားတယ်။ တစ်ယောက်မှမဝင်နိုင်သလိုမထွက်နိုင်ဘူး။ ကြယ်ပိုင်နက်တည်နေရာရွှေ့ပြောင်းရေးအစီအရင်က အဆင့်လုံလုံလောက်လောက်မမြင့်မားရင် မင်းတို့တွေကတောင် ပြန်လာနိုင်မှာ မဟုတ်ဘူး"
"ထာဝရစစ်တပ်......လူတိုင်းရဲ့နှလုံးက အေးစက်သွားတော့တယ်။
ထာဝကစစ်တပ်က နာမည်ဆိုးဖြင့် ကျော်ကြားတယ်။ ထာဝရစစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ထာဝရအရှင်ဘုရင်က စကြာဝဠာရဲ့ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုဖြစ်တယ်။
ယေဘုယျအားဖြင့်ပြောရရင် ထာဝရစစ်တပ်မှာ အုပ်စုနှစ်စုရှိတယ်။ ပထမတစ်ခုက တပ်ရင်းတွေပဲ။ အခြားသူတွေကတော့ ကောင်းကင်လှည့်သားရဲအာဏာရှင်လို နေရာတိုင်းမှာ ပြန့်ကျဲနေပြီး မစ်ရှင်အတွက်သာ စုရုံးလေ့ရှိကြတယ်။
ယခု အံ့ဖွယ်သစ်ရွက်မြို့ကို သွေးပုဆိန်အင်ပါယာအရှင်ရဲ့တပ်ရင်း၁၉က ပစ်မှတ်ထားလာတာကြောင့် အကျိုးရလဒ်က ကောင်းလောက်မှာမဟုတ်ဘူး။
"ငါတို့တွေ ဓားကြယ်မြို့ရဲ့ဓားသမားအစည်းအရုံးနဲ့ ဆက်သွယ်သင့်လား" လီဖူချန်းက မေးလိုက်တယ်။
ဓားကြယ်မြို့ရဲ့ဓားသမားအစည်းအရုံးက ကြယ်စုအဆင့်ဓားသမားအစည်းအရုံးတစ်ခုဖြစ်ပြီး ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေ သေချာပေါက်ရှိတယ်။
သက်တံဖြူကောင်းကင်ဘုံအရှင်က ခေါင်းခါလိုက်တယ်"ဒါက အံ့ဖွယ်သစ်ရွက်မြို့အရှင်နဲ့သွေးပုဆိန်အင်ပါယာအရှင်ကြားစစ်ပွဲတစ်ခုပဲ။ ငါတို့က ပါဝင်လို့မရဘူး၊ ငါတို့က ဒုက္ခတွေကို ဖိတ်ခေါ်လို့မရဘူး"
ဓားသမားအစည်းအရုံးဖြစ်စေ၊ ထာဝရစစ်တပ်ဖြစ်စေ၊ သူတို့က အသန်မာဆုံးဂိုဏ်းတွေထဲကတစ်ခုဖြစ်တယ်။ ဒိလိုဂိုဏ်းတွေက ပဋိပက္ခတိုက်ပွဲတွေ အလွယ်တကူဖြစ်ပွားလေ့မရှိဘူး။ တကယ်တော့ အထွတ်အထိပ်ဂိုဏ်းတွေကြားပဋိပက္ခက ချောချောမွေ့မွေ့နဲ့ ပြီးဆုံးလိမ့်မှာမဟုတ်ဘူး။ တကယ်တော့ ပဋိပက္ခတစ်ခုဖြစ်လာတာနဲ့ သူတို့က ခွန်အားအပြည့်တိုက်ခိုက်ကြရလိမ့်မယ်။ သေးငယ်တဲ့ပဋိပက္ခတွေအတွက်နဲ့ စကြာဝဠာအဆင့်စစ်ပွဲတစ်ခုကို ဖြစ်လာစေနိုင်တယ်လေ။