မြို့ကို ဝိုင်းရံခြင်း
Vol. 69 Ch. 950
အံ့ဖွယ်သစ်ရွက်မြို့အရှင်အိမ်တော်......
"နင့်မှာ အရှုံးပေးဖို့အချိန်ရှိပါသေးတယ်။ သွေးပုဆိန်အင်ပါယာအရှင်က သနားကြင်နာတတ်တဲ့သူမျိုးမဟုတ်ဘူး" အသေင်္ချပန်းအမျိုးသမီးက အံ့ဖွယ်သစ်ရွက်မြို့အရှင်ကို ဖျောင်းဖျလိုက်တယ်။
အံ့ဖွယ်သစ်ရွက်မြို့အရှင်က မလိုလားဟန်နဲ့ ပြောလိုက်တယ်" ငါ့ကို နှစ်သောင်းအနည်းငယ်ပဲ အချိန်ပေးပါ၊ ငါ ကြယ်ပိုင်နက်အဆင့်ကို ချိုးဖြတ်နိုင်လိမ့်မယ်။ အခုလိုအရှုံးပေးဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးပဲ"
ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်က အံ့ဖွယ်သစ်ရွက်မြို့အရှင်ကို အကျိုးပြုတယ်။ သူက ပိုသန်မာလာလေ၊ အဲဒါက ပိုပြီးတော့အကျိုးပြုလေပဲ။ ဒီလိုတိုးတက်မှုနှုန်းအရ နှစ်သောင်းအနည်းငယ်အတွင်းမှာ သူက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့ဒုတိယမြောက်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်။ စိတ်မကောင်းစရာတစ်ခုကတော့ သွေးပုဆိန်အင်ပါယာအရှင်က အခု ရောက်လာခဲ့တာပဲ။
အသေင်္ချပန်းအမျိုးသမီးက သက်ပြင်းချကာ ပြောလိုက်တယ်"ဒါပေမယ့် နင်သိရမှာက သွေးပုဆိန်အင်ပါယာအရှင်က သာမန်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်မဟုတ်ဘူး။ သူက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးနဲ့ နှိုင်းယှဉ်နိုင်တယ်။ နင်အနိုင်ရဖို့အခွင့်အလမ်းက တစ်ဆယ်ရာခိုင်နှုန်းအောက်သာ ရှိတယ်။ နင်ကျရှုံးတာနဲ့ နင် ပြန်လာနိုင်တော့မှာမဟုတ်ဘူး။ အခု နင် အံ့ဖွယ်သစ်ရွက်မြို့ကို လက်လွှတ်လိုက်ရင် နင့်မှာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်ဖြစ်လာဖို့ အခွင့်အရေးရှိသေးတယ်"
သူမက ဘယ်လိုလုပ်ပြီး အံ့ဖွယ်သစ်ရွက်မြို့အရှင်ရဲ့ခံစားချက်ကို နားမလည်နိုင်ရမှာလဲ။
"ငါ သိတယ်၊ ငါ အံ့ဖွယ်သစ်ရွက်မြို့အရှင်က အရင်ကနဲ့ မတူတော့ဘူး။ သွေးပုဆိန်အင်ပါယာအရှင်က ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်ကို လိုချင်ရင် သူက သူ့ရဲ့စွမ်းရည်ကို ပြသဖို့လိုလိမ့်မယ်"
အနိုင်ရဖို့အခွင့်အလမ်းတစ်ခုမှမရှိရင် အံ့ဖွယ်သစ်ရွက်မြို့အရှင်က စွန့်စားရဲလိမ့်မှာမဟုတ်ဘူး။ သူ့ကို အခုလိုယုတ္တိမဲ့စေတဲ့သေးငယ်တဲ့မျှော်လင့်ချက်အမျှင်တစ်ခုကြောင့်ပဲ။
တစ်ခဏတိတ်ဆိတ်သွားပြီးနောက် အသေင်္ချပန်းအမျိုးသမီးက ခေါင်းမော့ကာ လေးနက်စွာ ပြောလိုက်တယ်"ငါက ဒီစစ်ပွဲမှာ ပါဝင်လိမ့်မှာမဟုတ်ဘူး။ နင် နားလည်ပေးနိုင်မှာပါ"
သွေးပုဆိန်အင်ပါယာအရှင်က ကြောက်စရာမကောင်းဘူး၊ သူ့ရဲ့ကျောထောက်နောက်ခံဖြစ်တဲ့ထာဝရစစ်တပ်ရဲ့ထာဝရအရှင်ဘုရင်က ကြောက်စရာကောင်းလွန်းတယ်။
ဒါက အသေင်္ချပန်းအမျိုးသမီးက သူမရဲ့အသက်ကို မစွန့်စားရဲတဲ့အကြောင်းပြချက်ပဲ။
"ငါ နားလည်ပါတယ်" အံ့ဖွယ်သစ်ရွက်မြို့အရှင်က ခေါင်းညိတ်လိုက်တယ်။
အံ့ဖွယ်သစ်ရွက်မြို့မှမိုင်ဘီလီယံအကွာမှာ သွေးရောင်ရဲတိုက်တစ်ခုက လွင့်မျောနေတယ်။
ရဲတိုက်ရဲ့အရှေ့မှာ သွေးပုဆိန်အမှတ်အသားတစ်ခုရှိတယ်။
ရဲတိုက်အထဲရှိ နန်းတော်ခန်းမထဲမှာတော့ သူတော်စင်အရှင်တွေနဲ့ကောင်းကင်ဘုံအရှင်တွေက စုဝေးနေကြတယ်။
တပ်ရင်း၁၉ရဲ့ခွန်အားကို အပြင်လူတွေက နားလည်ဖို့ခက်ခဲတယ်။
သွေးပုဆိန်အင်ပါယာအရှင်အပြင် မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်ဆယ်ယောက်၊ သာမန်ကောင်းကင်ဘုံအရှင်တစ်ရာကျော်နဲ့ သူတော်စင်အရှင်သောင်းကျော်ရှိတယ်။ ကျန်တာတွေအားလုံးက အထက်တန်းသူတော်စင်တွေပါပဲ။
ကောင်းကင်ဘုံအရှင်တွေရဲ့အရေအတွက်က ကြယ်ပိုင်နက်တစ်ခုရဲ့တစ်ဝက်နဲ့တောင် နှိုင်းယှဉ်နိုင်တယ်။
ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်မှာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေ ဒါဇင်ကျော်သာ ရှိတယ်။
နန်းတော်ခန်းမရဲ့ပလ္လင်ပေါ်မှာ အနီရင့်ရောင်အသားရေနဲ့ဘီလူးတစ်ကောင်က ထိုင်နေတယ်။
ဒီအနီရင့်ရောင်ဘီလူးက တပ်ရင်း၁၉ရဲ့တပ်မှူးဖြစ်တဲ့သွေးပုဆိန်အင်ပါယာအရှင်ဆိုတာ သံသယရှိစရာမလိုပါဘူး။
သွေးပုဆိန်အင်ပါယာအရှင်က သူနှစ်ပေါင်းဘယ်လောက်ရှင်သန်လာတာကို မေ့ထားတယ်။ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့သက်တမ်းက အကန့်အသတ်မဲ့တယ်။ အသက်ကို တွက်ချက်နေရတာ အဓိပ္ပါယ်မရှိလှပါဘူး။
အထဲမှာသွေးနီရောင်အရည်ရှိတဲ့ဧရာမဝိုင်တစ်ခွက်ကို ကိုင်ထားတယ်။ သူက ၎င်းကို အနည်းငယ်လှုပ်ခါကာ ပါးစပ်အပြည့်တစ်ခွက်မော့သောက်လိုက်တယ်။
"အံ့ဖွယ်သစ်ရွက်မြို့အရှင်ကို သတင်းပို့လိုက်ပါ.....သူက တစ်လအတွင်း အညံ့မခံရင် မြို့ကို လာဝိုင်းမယ်" သွေးပုဆိန်အင်ပါယာအရှင်က ကောင်းကင်ဘုံအရှင်တစ်ယောက်အား အမိန့်ပေးလိုက်တယ်။
"နားလည်ပါပြီ" ကောင်းကင်ဘုံအရှင်က အမိန့်ကို လက်ခံလိုက်တယ်။
"အင်ပါယာအရှင်၊ ဘာလို့ တစ်လတောင် စောင့်နေမှာလဲ။ ငါတို့ရဲ့ခွန်အားနဲ့ဆိုရင် အံ့ဖွယ်သစ်ရွက်မြို့ရဲ့အစီအရင်ကို ချိုးဖြတ်ဖို့က ခက်ခံလိမ့်မှာမဟုတ်ဘူး။ တကယ်တော့ ငါတို့မှာ ထာဝရလှံရှိတယ်လေ" ကောင်းကင်ဘုံအရှင်တစ်ယောက်က သွေးပုဆိန်အင်ပါယာအရှင်ရဲ့ရည်ရွယ်ချက်ကို နားမလည်နိုင်ဘူးဖြစ်နေတယ်။
ထာဝရလှံက တပ်မှူးတိုင်းကို ထာဝရအရှင်ဘုရင်ပေးအပ်ထားတဲ့ဗျူဟာလက်နက်တစ်ခုဖြစ်တယ်။ အဲဒါမှာ ထာဝရအရှင်ဘုရင်ရဲ့စွမ်းအင်ပါဝင်တယ်။
"ထာဝရလှံမရှိရင်တောင် ငါတို့တပ်ရင်း၁၉က အံ့ဖွယ်သစ်ရွက်မြို့ကို သိမ်းပိုက်နိုင်တဲ့ခွန်အားရှိတယ်"
ဟုတ်တယ်။ဒါက စကြာဝဠာမြို့တစ်ခုမျှသာပဲ"
"ငါ့အမြင်အရ ငါတို့က အံ့ဖွယ်သစ်ရွက်မြို့အရှင်ကို အခုပဲ အညံ့ခံဖို့ ဖိအားပေးသင့်တယ်။ သူက မလိုက်နာရင် ငါတို့က ရက်ရက်စက်စက်သတ်ဖြတ်ကြမယ်"
ကောင်းကင်ဘုံအရှင်အားလုံးက သူတို့ရဲ့အမြင်တွေကို ထုတ်ပြနေတယ်။
သွေးပုဆိန်အင်ပါယာအရှင်ရဲ့ညာဘက်ခြမ်းနဲ့အနီးဆုံးမှာရှိတဲ့မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်က ထရပ်လိုက်တယ်။ စီရင်ချက်နေ့ကောင်းကင်ဘုံအရှင်က လည်ချောင်းရှင်းကာ ပြောလိုက်တယ်"အင်ပါယာအရှင်မှာ အဲဒီလိုပြုလုပ်ရတာအတွက် သူ့ရဲ့ကိုယ်ပိုင်အတွေးရှိမှာပါ။ ပထမကတော့ ထဝရလှံထဲရှိစွမ်းအင်က အကန့်အသတ်ရှိပြီး တစ်ခါသုံးခြင်းက တစ်ခုလျော့နည်းသွားခြင်းကို ဆိုလိုတယ်။ မြင့်မြတ်တဲ့ထာဝရအရှင်ဘုရင်က အကျိုးအမြတ်မရှိဘဲနဲ့ ထာဝရလှံထဲရှိစွမ်းအင်ကို ပြန်ဖြည့်ပေးလိမ့်မှာမဟုတ်ဘူး။ ဒုတိယကတော့ အံ့ဖွယ်သစ်ရွက်မြို့က အခြားစကြာဝဠာမြို့တွေနဲ့ မတူဘူး။ အဲဒါမှာ ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်ရဲ့အထောက်အပံ့ရှိတယ်။ အံ့ဖွယ်သစ်ရွက်မြို့အရှင်က ထင်ရာစိုင်းရင် ငါတို့တပ်ရင်း၁၉က အနိုင်ရရင်တောင် ဆုံးရှုံးမှုတွေ သေချာပေါက်ရှိလာလိမ့်မယ်"
သွေးပုဆိန်အင်ပါယာအရှင်က ခေါင်းညိတ်လိုက်တယ်"စီရင်ချက်နေ့ကောင်းကင်ဘုံအရှင်ပြောတာ မှန်တယ်။ အံ့ဖွယ်သစ်ရွက်မြို့အရှင်က ဘာမှမဟုတ်ပေမယ့် အံ့ဖွယ်သစ်ရွက်မြို့နဲ့ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်ကိုတော့ အထင်သေးလို့မရဘူး"
အံ့ဖွယ်သစ်ရွက်မြို့ရဲ့အကာအကွယ်မရှိရင် အံ့ဖွယ်သစ်ရွက်မြို့အရှင်ဆယ်ယောက်ကတောင် သွေးပုဆိန်အင်ပါယာအရှင်ကို ခြိမ်းခြောက်နိုင်လိမ့်မှာမဟုတ်ဘူး။
"သွေးပုဆိန်အင်ပါယာအရှင်က အံ့ဖွယ်သစ်ရွက်မြို့အရှင်ကို တစ်လအတွင်း အညံ့ခံဖို့ အမိန့်ပေးထားတယ်၊ သို့မဟုတ်ရင် အကျိုးဆက်က မတွေးရဲစရာဖြစ်လာလိမ့်မယ်" ဒီနေ့မှာတော့ ကျယ်လောင်သောအသံတစ်ခုက အံ့ဖွယ်သစ်ရွက်မြို့တစ်ဝက်လောက်ကို ပဲ့တင်ထပ်သွားတော့တယ်။
"ဒါက ရာဇသံပဲ"
"အံ့ဖွယ်သစ်ရွက်မြို့အရှင်က ဘာလုပ်မလဲကို ငါ သိချင်တယ်"
"သူ အညံ့ခံလောက်မှာပါ။ သွေးပုဆိန်အင်ပါယာအရှင်က ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ထဲမှာ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကသာ ယှဉ်ပြိုင်နိုင်တယ်"
အံ့ဖွယ်သစ်ရွက်မြို့ထဲရှိကောင်းကင်ဘုံအရှင်တွေက ဆွေးနွေးနေကြတော့တယ်။
သူတို့က သွေးပုဆိန်အင်ပါယာအရှင်ကို အပြစ်မပြုမိသရွေ့ ဒီစစ်ပွဲက သူတို့နဲ့မဆိုင်ပါဘူးလေ။
ကြည်လင်ပြတ်သားတဲ့အသံတစ်ခုက မြို့အရှင်အိမ်တော်မှ ကောင်းကင်ထဲကို ပေါက်ကွဲထွက်လာတယ်" ပြန်ပြီးတော့ သွေးပုဆိန်အင်ပါယာအရှင်ကို ပြောလိုက်ပါ။ ဒါက သူ့လုပ်ချင်တိုင်းလုပ်လို့ရတဲ့နေရာတစ်ခုမဟုတ်ဘူး"
"ဒါ....." လူတိုင်းက အံ့ဩတုန်လှုပ်သွားကြတယ်။
"အံ့ဖွယ်သစ်ရွက်မြို့အရှင်မှာ ကျောထောက်နောက်ခံတစ်ခုခုများရှိနေမလား။ သို့မဟုတ်ရင် သူက ဒီလိုအမူအရာနဲ့ သွေးပုဆိန်အင်ပါယာအရှင်ကို ပြောရဲလိမ့်မှာမဟုတ်လောက်ဘူး"
"ဖြစ်နိုင်တာက....."
လူတိုင်းက သို့လောသို့လောဖြစ်နေတယ်။
"အံ့ဖွယ်သစ်ရွက်မြို့အရှင်၊ တစ်လကြာပြီးနောက် မင်းအနေနဲ့ အခုလိုမျိုးပြန်ပြောနိုင်ပါစေလို့ ငါ မျှော်လင့်တယ်" အကြောင်းလာကြားတဲ့ကောင်းကင်ဘုံအရှင်က မကျေမနပ်နဲ့ ထွက်သွားတော့တယ်။
"တစ်လလား" လမ်းပေါ်မှာ လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
ဒီစစ်ပွဲက သူတို့နဲ့မဆက်စပ်ပေမယ့် သူတို့ကိုတော့ သေချာပေါက် သက်ရောက်မှုရှိတယ်။
အံ့ဖွယ်သစ်ရွက်မြို့အရှင်က သမာသမတ်ကျတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သူ့အုပ်ချုပ်မှုအောက်မှာ အံ့ဖွယ်သစ်ရွက်မြို့က အမိန့်အတိုင်း လိုက်နာမှုရှိတယ်။
ထာဝရစစ်တပ်ကတော့ ထိုအစဉ်အလာကို ဆန့်ကျင်တယ်၊ သူတို့က မြို့ကို အုပ်ချုပ်ရင် ပရမ်းပတာဖြစ်သွားဖို့က များတယ်။
ဒါက အမှောင်ပူဆွေးခြင်းကောင်းကင်ဘုံအရှင်ရဲ့အမှောင်ပူဆွေးခြင်းမြို့ထက်တောင် ပိုဆိုးဝါးလာနိုင်တယ်။
"သူအနိုင်ရပါစေလို့ ငါ မျှော်လင့်တယ်" လီဖူချန်းက သက်ပြင်းချလိုက်တယ်။
သွေးပုဆိန်ရဲတိုက်.....
"ကြည့်ရတာ သူ့မှာ ကျောထောက်နောက်ခံတစ်ခုခုရှိပုံရတယ်။ စိတ်ဝင်စားစရာပဲ......" သွေးပုဆိန်အင်ပါယာအရှင်က ခေါင်းညိတ်ကာ ရယ်လိုက်တယ်။
စီရင်ချက်နေ့ကောင်းကင်ဘုံအရှင်က နှာခေါင်းရှုံ့ကာ ပြောလိုက်တယ်" သူ့မှာ နောက်ခံရှိရင်တောင် သူ သေရမယ်"
စကြာဝဠာမြို့တိုင်းကို အန္တိမအဆင့်အစီအရင်တွေနဲ့ ဝန်းရံထားတာကြောင့် စကြာဝဠာမြို့တစ်မြို့ကို သိမ်းပိုက်ဖို့က အမှန်တကယ်ခက်ခဲတယ်။
အန္တိမအဆင့်အစီအရင်တွေမှာ အဆင့်တွေရှိတယ်၊ အဆင့်နိမ့်၊ အလယ်ဆင့်၊ အဆင့်မြင့်နဲ့ ထူးကဲအဆင့်။
ယေဘုယျအားဖြင့်ပြောရရင် အဆင့်နိမ့်အန္တိမအဆင့်အစီအရင်တွေက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကို မခုခံနိုင်ဘူး၊ အလယ်ဆင့်အန္တိမအဆင့်အစီအရင်တွေက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေကို မခုခံနိုင်ဘူး။ အဆင့်မြင့်အန္တိမအဆင့်အစီအရင်တွေက အကြိုနတ်ဘုရားတွေကို မခုခံနိုင်ဘူး၊ ထူးကဲအဆင့်အန္တိမအဆင့်အစီအရင်တွေကသာ ချိုးနှိမ်ဖို့မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် စကြာဝဠာမြို့တစ်မြို့က အန္တိမအဆင့်အစီအရင်များစွာကို တပ်ဆင်နိုင်တယ်။
အံ့ဖွယ်သစ်ရွက်မြို့မှာ အလယ်ဆင့်အန္တိမအဆင့်အစီအရင်နှစ်ခုနဲ့အဆင့်နိမ့်အန္တိမအဆင့်အစီအရင်ခုနှစ်ခုရှိတယ်။ ပုံမှန်အနေအထားမှာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေက အဲဒါကို ဘယ်တော့မှမချိုးဖြတ်နိုင်ဘူး။
ဒါပေမယ့် သွေးပုဆိန်အင်ပါယာအရှင်က သာမန်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်မဟုတ်ဘူး၊ တပ်ရင်း၁၉ကလည်း အရေအတွက်ကသာ မြင့်မားနေတာမဟုတ်ဘူး။ လက်ရှိအချိန်ထိ တပ်ရင်း၁၉က စကြာဝဠာမြို့သုံးမြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး သူတို့က မြို့ကိုဝိုင်းရံရာမှာ အတော်လေးအတွေ့အကြုံရှိတယ်။
"အလျင်လိုစရာမလိုဘူး။ တစ်လက ခပ်မြန်မြန်ကုန်ဆုံးသွားမှာပါ"
သွေးပုဆိန်အင်ပါယာအရှင်က မစိုးရိမ်ဘူး၊ သူက ဒီလိုခံစားချက်မျိုးကို နှစ်သက်တယ်။
ဘဝက ရှည်လျားတယ်၊ သူက သူကိုယ်တိုင်အတွက် ဖျော်ဖြေမှုအချို့ကို မရှာတွေ့နိုင်ရင် အဲဒါက ငြီးငွေ့စရာကောင်းလိမ့်မယ်။
"သွေးပုဆိန်အင်ပါယာအရှင်၊ ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်က ထွက်သွားပေးပါ" သွေးပုဆိန်ရဲတိုက်ရဲ့အပြင်ဘက်မှာ မျက်လုံးမှိတ်ထားတဲ့လူအိုကြီးတစ်ယောက်က တဖြည်းဖြည်း ပေါ်ထွက်လာတယ်။
"ကန့်လန့်ဖြတ်မြစ်ဘိုးဘေး......"
သွေးပုဆိန်အင်ပါယာအရှင်ရဲ့မျက်လုံးတွေက သွေးပုဆိန်ရဲတိုက်ကို ကျော်ဖြတ်ကာ မျက်လုံးမှိတ်ထားတဲ့လူအိုကြီးတစ်ယောက်ကို မြင်လိုက်တယ်။
"မင်းက ထွက်သွားဖို့ ဆန္ဒရှိသရွေ့ ငါ မင်းကို မင်းရဲ့ဆုံးရှုံးမှုအစိတ်အပိုင်းတစ်ခုအတွက် လျော်ကြေးပေးမှာပါ" ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ပြောလိုက်တယ်။
ထိုစကားကို ကြားပြီး သွေးပုဆိန်အင်ပါယာအရှင်က သရော်လိုက်တယ်"ငါ ထင်တာမမှားရင် သင်က အံ့ဖွယ်သစ်ရွက်မြို့အရှင်နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပြီးပြီမလား"
"ပြဿနာတစ်ခုခုရှိလို့လား" ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက မငြင်းပယ်ပါဘူး။
"ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်ကို အရယူဖို့ ငါ ဆုံးဖြတ်ထားပြီးပြီ" သွေးပုဆိန်အင်ပါယာအရှင်က ပြတ်သားစွာ ပြောလိုက်တယ်။
"ဒီလိုဆိုမှတော့ ဒီလူအိုကြီးက ထွက်သွားရတော့မှာပေါ့" တစ်ဖက်လူရဲ့လေသံကို ကြားပြီးနောက် သဘောတူညီမှုမရနိုင်တော့ဘူးဆိုတာကို ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက သိတယ်။
အံ့ဖွယ်သစ်ရွက်မြို့.....
"မင်း စဉ်းစားပြီးပြီလား" ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ပြောလိုက်တယ်။
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ဒီနေရာကို လာတာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်၊ အဲဒါက ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်အတွက်ပဲ။
သူက ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်အတွက် စစ်မှန်တဲ့ကမ်းလှမ်းမှုတစ်ခုကို ပေးဖို့ဆန္ဒရှိတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် အံ့ဖွယ်သစ်ရွက်မြို့အရှင်က ကမ္ဘာသစ်ရွက်ကို ဆုံးရှုံးသွားရင်တောင် အရာအားလုံးကို ဆုံးရှုံးသွားရလိမ့်မှာမဟုတ်ဘူး။
ဒါပေမယ့် အံ့ဖွယ်သစ်ရွက်မြို့အရှင်က သွေးပုဆိန်အင်ပါယာအရှင်နဲ့ ရင်ဆိုင်မယ်ဆိုရင် သူက အရာအားလုံးကို ဆုံးရှုံးရရုံသာမက သူ့အသက်ကိုတောင် ဆုံးရှုံးနိုင်တယ်။
ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်ကို နှစ်ပိုင်းခွဲခြင်း.....သူတို့က အဲလောက်မစွမ်းပါဘူး။
သူတို့နှစ်ယောက် အတူတကွ အသုံးပြုမယ်ဆိုတာကလည်း လက်တွေ့မကျလှပါဘူး၊ သူတို့က တစ်ယောက်ရဲ့ရည်ရွယ်ချက်ကို အခြားတစ်ယောက်က မသိဘူးလေ။
"ငါ နှစ်တစ်သိန်းဖလှယ်မှုကို ပြုလုပ်ဖို့ ကျမ်းကျိန်နိုင်တယ်" အံ့ဖွယ်သစ်ရွက်မြို့အရှင်က ကြယ်ပိုင်နက်အဆင့်ကို ချိုးဖြတ်ဖို့ ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်ကို လိုအပ်တယ်။
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ခေါင်းခါလိုက်တယ်" မဖြစ်နိုင်ဘူး၊ ငါ ထာဝရစပ်တပ်ကို ဆန့်ကျင်နေတာနဲ့တင် ကြီးမားတဲ့စွန့်စားမှုတစ်ခုကို ပြုလုပ်နေတာပဲ"
အခြားရန်သူတစ်ယောက်ယောက်သာဆိုရင် ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ဒီအခြေအနေကို သဘောတူနိုင်မှာပါ၊ ဒါပေမယ့် ရန်သူက ထာဝရစစ်တပ်ဖြစ်တယ်။ ထာဝရစစ်တပ်ကို ဆန့်ကျင်ဖို့ တစ်စုံတစ်ယောက်က ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်ဖြစ်ရမယ်ဒါမှမဟုတ်လူသေတစ်ယောက်ဖြစ်ရမယ်။
ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်ကို ရရှိတာနဲ့ သူက ၎င်းရဲမှော်ဝင်ဆန်းပြားမှုတွေကို လေ့လာနိုင်တယ်။ အဲဒါက သူ့ခွန်အားကို နောက်တစ်ဆင့်ရောက်ရှိစေနိုင်တယ်။
သူ့အနေနဲ့ နှစ်ပေါင်းတစ်သိန်းစောင့်ဆိုင်းဖို့က မဖြစ်နိုင်တဲ့အရာပဲ။
အဆုံးမှာတော့ ညှိနှိုင်းမှုက မဖြစ်မြောက်ခဲ့ပါဘူး။
***
နောက်တစ်လမှာတော့.....
သွေးပုဆိန်ရဲတိုက်က အံ့ဖွယ်သစ်ရွက်မြို့အနီးကို ပျံသန်းလာတယ်။ လူတိုင်းက သွေးပုဆိန်ရဲတိုက်ကို စိုက်ကြည့်နေကြတယ်။
"အံ့ဖွယ်သစ်ရွက်မြို့အရှင်၊ မြန်မြန်အသတ်လာခံစမ်း"
အနီရောင်အသားရေနဲ့ဘီလူးက ပျံသန်းလာတယ်။ သူ့ဘေးနှစ်ဖက်မှာတော့ လေပေါက်ကွဲကောင်းကင်ဘုံအရှင်နဲ့စီရင်ချက်နေ့ကောင်းကင်ဘုံအရှင်တို့က လိုက်ပါလာတယ်။
"သွေးပုဆိန်အင်ပါယာအရှင်၊ အဲလောက်ထိ မခြိမ်းခြောက်ပါနဲ့လား" အံ့ဖွယ်သစ်ရွက်မြို့အရှင်က မြို့ဂိတ်ပေါက်တွေပေါ်မှာ ထွက်ပေါ်လာတယ်။
စီရင်ချက်နေ့ကောင်းကင်ဘုံအရှင်က အံ့ဖွယ်သစ်ရွက်မြို့အရှင်ကို လက်ညှိုးထိုးလိုက်တယ်"အင်ပါယာအရှင်က မင်းကို အခွင့်အရေးတစ်ခုပေးထားပြီးပြီ၊ ဒါပေမယ့် မင်းက လက်မခံခဲ့ဘူး။ အခုမှ တစ်ခုခုပြောတာက နောက်ကျသွားပြီ"
"အဲဒါကို အခွင့်အရေးတစ်ခုလို့ ခေါ်တယ်ပေါ့လေ" အံ့ဖွယ်သစ်ရွက်မြို့အရှင်က သရော်လိုက်တယ်။
"ဒီလူက သွေးပုဆိန်အင်ပါယာအရှင်လား"
လူအများစုအတွက်တော့ ဒါက သွေးပုဆိန်အင်ပါယာအရှင်ကို ပထမဆုံးမြင်တွေ့ရခြင်းပါပဲ။ လူတိုင်းရဲ့နှလုံးသားက ခုန်ပေါက်နေပြီး သူတို့က အနီရောင်အသားရေနဲ့ဘီလူးကို ကြည့်လိုက်တယ်။ တစ်နေ့မှာ သူတို့မှာ ဒီလိုစွမ်းအားမျိုးရှိနိုင်ရင် သူတို့က နောင်တမရဘဲ သေနိုင်လိမ့်မယ်။
"သူက ကြယ်ပိုင်နက်အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဆိုတာ အံ့ဩစရာမရှိဘူးပဲ"
လူတော်တော်များများက မြို့တံတိုင်းတွေအပေါ်မှာ ရပ်နေကြပြီး လီဖူချန်းလည်း အပါအဝင်ဖြစ်တယ်။
အခြားသူတွေနဲ့ မတူညီတာကတော့ သူတို့ရဲ့လိပ်ပြာအသိစိတ်အာရုံက သွေးပုဆိန်အင်ပါယာအရှင်ထံ မနီးကပ်နိုင်ခင် မမြင်နိုင်တဲ့စွမ်းအားတစ်ခုကြောင့် ကြေမွသွားတယ်။ ဒီလိုနဲ့ သူတို့က သူတို့ရဲ့ပကတိမျက်စိဖြင့်သာ လေ့လာကြည့်ရှုနိုင်တယ်။ လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံကတော့ သွေးပုဆိန်အင်ပါယာအရှင်ထံ နီးကပ်နိုင်ပြီး ရှာဖွေတွေ့ရှိခြင်းခံရလိမ့်မှာမဟုတ်ဘူး။
လီဖူချန်းရဲ့စိတ်ဝိညာဉ်အာရုံတွေထဲမှာ သွေးပုဆိန်အင်ပါယာအရှင်က သိပ်သည်းတဲ့ထာဝရအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး အဲဒါက ကြယ်နဲ့တူတယ်။ အဲဒါကို ပြင်ပအားတစ်ခုခုက မဖျက်ဆီးသရွေ့ အဲဒါက အမြဲတမ်းတည်ရှိနိုင်လိမ့်မယ်။ အဲဒါက နှစ်သန်းပေါင်းများစွာဒါမှမဟုတ်နှစ်ဘီလီယံချီအထိ တည်မြဲနေလိမ့်မယ်။
သွေးပုဆိန်အင်ပါယာအရှင်ရဲ့အရေပြားမှာ မဖျက်ဆီးနိုင်တဲ့ဥပဒေသတစ်ခုရှိတယ်။ ဒီအာကာသ-အချိန်လမ်းကြောင်းက လုံးဝပျက်စီးသွားခဲ့ရင်တောင် သွေးပုဆိန်အင်ပါယာအရှင်ရဲ့အရေပြားက ထိခိုက်မှုတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူးလို့ လီဖူချန်းက ခံစားမိတယ်။
သွေးပုဆိန်အင်ပါယာအရှင်ရဲ့မျက်လုံးတွေက အနာဂတ်ကို ကြိုမြင်နိုင်ပုံပေါ်တယ်။ သူက ဆန္ဒရှိနေသရွေ့ သူက အနာဂတ်ကို ရိပ်ခနဲမြင်နိုင်တယ်။ သူ့စွမ်းအင်က ကြယ်သမုဒ္ဒရာလို ကြီးမားကျယ်ပြန့်တယ်။ သေးငယ်တဲ့လှိုင်းဂယက်တစ်ခုကတင် မည်သူကိုမဆို ကြောက်ရွံ့စေဖို့၊စိတ်အားငယ်စေဖို့ လုံလောက်တယ်။
အခြားကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေက သူ့ကို တူညီတဲ့ခံစားချက်ပေးနိုင်မလားကိုတော့ သူမသိဘူး၊ သူ သိတာကတော့ သွေးပုဆိန်အင်ပါယာအရှင်က အလွန်အားကောင်းတယ်၊ အလွန်အမင်းအားကောင်းတယ်ဆိုတာပဲ။ အံ့ဖွယ်သစ်ရွက်မြို့ရဲ့အကာအကွယ်မရှိရင် သူ့ရဲ့ချီတည်ရှိမှုအရိပ်အယောင်တစ်ခုက လူပေါင်းမရေမတွက်နိုင်လောက်ကို သတ်ဖြတ်ဖို့ လုံလောက်တယ်။
"ငါ သွေးပုဆိန်အင်ပါယာအရှင်က တပ်ရင်း၁၉ကို ဦးဆောင်ပြီး စကြာဝဠာမြို့သုံးမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်။ အံ့ဖွယ်သစ်ရွက်မြို့က စတုတ္ထမြောက်ဖြစ်လာလိမ့်မယ်" သွေးပုဆိန်အင်ပါယာအရှင်က သူ့ရဲ့ညာဘက်လက်ကို မြှောက်လိုက်ပြီး သွေးနီရောင်ဧရာမပုဆိန်တစ်ခုက ထွက်ပေါ်လာတယ်။
"ပင်လယ်ဖြိုခွင်းခြင်း......."
သွေးပုဆိန်အင်ပါယာအရှင်က အံ့ဖွယ်သစ်ရွက်မြို့ကို ခုတ်ပိုင်းလိုက်တယ်။
"အို......ဘုရားရေ......"
လူတိုင်းရဲ့မြင်ကွင်းထဲမှာ သွေးရောင်ပုဆိန်တစ်လက်က ရက်ရက်စက်စက်ခုတ်ပိုင်းလိုက်တယ်။ အဲဒါက အရွယ်အစားအားဖြင့် မိုင်သန်းချီရှိတယ်။
အံ့ဖွယ်သစ်ရွက်မြို့အထက်မှာ အရောင်မတူညီတဲ့အတားအဆီးကိုးခုက မတူညီတဲ့အာကာသ-အချိန်တွေမှ ပေါက်ကွဲထွက်လာတယ်။ သူတို့က သွေးပုဆိန်နဲ့ ထိတွေ့သွားတဲ့အခါ အာကာသ-အချိန်က မှန်တစ်ချပ်ပမာ ကြေမွသွားတယ်၊ ရပ်တန့်သွားတယ်၊ ပြီးနောက် ပုံမှန်အခြေအနေကို ပြန်ရောက်သွားတော့တယ်။
အန္တိမအဆင့်အစီအရင်အလွှာကိုးလွှာလား" သွေးပုဆိန်အင်ပါယာအရှင်က မျက်မှောင်ကြုတ်လိုက်တယ်။
သူဝန်းရံခဲ့တဲ့အရင်စကြာဝဠာမြို့တွေမှာ သူရင်ဆိုင်ခဲ့ရတဲ့အမြင့်ဆုံးအရေအတွက်က အန္တိမအဆင့်အစီအရင်အလွှာခုနှစ်လွှာပါပဲ။
"ဝင်္ကပါ"
အမိန့်နဲ့အတူ လေပေါက်ကွဲကောင်းကင်ဘုံအရှင်က ကောင်းကင်ဘုံအရှင်ခြောက်ဆယ့်လေးယောက်ကို ဦးဆောင်ကာ လေပေါက်ကွဲတိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းလိုက်တယ်။ စီရင်ချက်နေ့ကောင်းကင်ဘုံအရှင်က ကောင်းကင်ဘုံအရှင်ခုနှစ်ဆယ့်နှစ်ယောက်ကို ဦးဆောင်ကာ မီးဘောလုံးတိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းခဲ့တယ်။
အုံး......ဂျိန်း......
တိုက်ပွဲဝင်္ကပါနှစ်ခုက အံ့ဖွယ်သစ်ရွက်မြို့ကို တိုက်ခိုက်လာတယ်။
ဒါတင်မကသေးပါဘူး။ သွေးပုဆိန်ရဲတိုက်အတွင်းမှ သူတော်စင်အရှင်သောင်းကျော်က ပျံသန်းထွက်လာပြီး ဧရာမလှံတိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်တယ်။ ပြီးနောက် အဲဒါက အံ့ဖွယ်သစ်ရွက်မြို့ကို ထိုးဆောင့်လိုက်တော့တယ်။
နောက်ဆုံးမှာတော့ သွေးပုဆိန်ရဲတိုက်ကလည်း သွေးနီရောင်အလင်းတိုင်တစ်ခုကို ဖော်ထုတ်လိုက်တယ်။
သွေးပုဆိန်ရဲတိုက်က တိုက်ခိုက်ရေးရဲတိုက်တစ်ခုဖြစ်ပြီး စွမ်းအင်အရင်းအမြစ်လုံလုံလောက်လောက်ရှိရင် မီးစွမ်းအားက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ထက် မနိမ့်ကျပါဘူး။
တိုက်ခိုက်မှုလေးလွှာနဲ့အတူ အန္တိမအဆင့်အစီအရင်ကိုးလွှာလုံးက ထွက်ပေါ်လာပြီး တောက်ပနေတော့တယ်။
ထိုအချိန်မှာ မြို့ထဲရှိလူတိုင်းက မြေပြင်တုန်ခါနေတာကိုသာ ခံစားနိုင်တော့တယ်။