← Chapters

အံ့ဖွယ်သစ်ရွက်မြို့အရှင်ကျဆုံးခြင်း

Vol. 69 Ch. 951

အံ့ဖွယ်သစ်ရွက်မြို့အရှင်ကျဆုံးခြင်း

Vol. 69 Ch. 951

"သတ်....."

အံ့ဖွယ်သစ်ရွက်မြို့အရှင်က လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အစိမ်းရောင်လေဓားသွားများစွာက သွေးပုဆိန်အင်ပါယာအရှင်ကို ခွဲဖြတ်လာတယ်။ ဓားသွားတွေအားလုံးက မိုင်သန်းကျော်ရှည်လျားတယ်။

အန္တိမအဆင့်အစီအရင်ကိုးခုရဲ့အထောက်အပံ့နဲ့အတူ အံ့ဖွယ်သစ်ရွက်မြို့အရှင်ရဲ့ခွန်အားက ကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိလာတယ်။

ဝုန်း......

ပုဆိန်ကို လွှဲယမ်းလိုက်ရာ သွေးပုဆိန်အင်ပါယာအရှင်က လေဓားသွားတွေကို အလွယ်တကူဖယ်ရှားနိုင်ခဲ့တယ်။

သူက သွေးပုဆိန်အင်ပါယာအရှင်ကို မရင်ဆိုင်နိုင်တာကို သိပြီး အံ့ဖွယ်သစ်ရွက်မြို့အရှင်က လေပေါက်ကွဲတိုက်ပွဲဝင်္ကပါနဲ့မီးစက်လုံးတိုက်ပွဲဝင်္ကပါတို့ကို လှည့်ပတ်တိုက်ခိုက်လိုက်တယ်။

လေပေါက်ကွဲတိုက်ပွဲဝင်္ကပါနဲ့မီးစက်လုံးတိုက်ပွဲဝင်္ကပါတို့က အန္တိမအဆင့်တိုက်ပွဲဝင်္ကပါတွေ ဖြစ်နေတာ စိတ်မကောင်းစရာပဲ။ သူတို့ရဲ့စွမ်းအားက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေရဲ့အဆင့်မှာရှိတယ်။ သူတော်စင်အရှင်တွေနဲ့ဖွဲ့စည်းထားတဲ့လှံတိုက်ပွဲဝင်္ကပါကတောင် အန္တိမအဆင့်ဖြစ်ပြီး ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့စွမ်းအားရှိတယ်။

ထာဝရစစ်တပ်စကြာဝဠာမှာကျော်ကြားရတဲ့အကြောင်းရင်းတွေထဲကတစ်ခုကတော့ သူတို့ရဲ့အန္တိမအဆင့်တိုက်ပွဲဝင်္ကပါတွေကြောင့်ပါပဲ။

အန္တိမအဆင့်တိုက်ပွဲဝင်္ကပါအများစုကို စကြာဝဠာရဲ့အထွတ်အထိပ်ဂိုဏ်းတွေကပဲ ပိုင်ဆိုင်တယ်။

***

တစ်ရက်၊ နှစ်ရက်.....

နှစ်ဖွဲ့လုံးက တည်ရှိမြဲရှိနေပြီး ညီမျှနေတယ်။

"ဖရိုဖရဲသွေးပုဆိန်"

နောက်တစ်ပတ်ကြတော့ သွေးပုဆိန်အင်ပါယာအရှင်ရဲ့ခန္ဓာကိုယ်က ချီစွမ်းပကားတွေ ရုတ်တရက်ပေါက်ကွဲထွက်လာတယ်။ သူက သွေးပုဆိန်ကို လက်နှစ်ဖက်နဲ့ ကိုင်ဆောင်ထားကာ ဦးခေါင်းအထက် ပင့်တင်လိုက်တယ်။ ပြီးနောက် သူက အားအင်အပြည့်နဲ့ ခုတ်ချလိုက်တော့တယ်။

မိုင်သန်းချီရှည်တဲ့သွေးရောင်ပုဆိန်ပုံရိပ်တစ်ခုက အန္တိမအဆင့်အစီအရင်ကိုးလွှာကိ အကြမ်းပတမ်း ခုတ်ပိုင်းလာတယ်။

ဝုန်း......ဒုန်း.......

အန္တိမအဆင့်အလွှာကိုးလွှာမှာ အက်ကြောင်းတွေ ဖြစ်လာတယ်။

"မကောင်းတော့ဘူး"

အံ့ဖွယ်သစ်ရွက်မြို့အရှင်ရဲ့အမူအရာက ပြောင်းလဲသွားတော့တယ်။ ရုတ်တရက် သွေးပုဆိန်အင်ပါယာအရှင်ရဲ့ခွန်အားက ဆယ်ဆကျော်တိုးလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

သွေးပုဆိန်အင်ပါယာအရှင်တစ်ယောက်တည်းဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ပြဿနာက သူ့မှာ တပ်ရင်း၁၉တစ်ခုလုံးရဲ့အကူအညီရှိပြီး အစီအရင်တွေထဲရှိ အလွန်သေးနုပ်တဲ့ဟာကွက်တစ်ခုကို အသုံးချနိုင်စေခဲ့တယ်။

"ကမ္ဘာစွမ်းအား၊ ထောက်ပံ့စမ်း"

အံ့ဖွယ်သစ်ရွက်မြို့အရှင်က သူ့ရဲ့လက်နှစ်ဖက်စလုံးနဲ့ ချိတ်ပိတ်တစ်ခုကို ဖြစ်စေခဲ့တယ်။ ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်မှအစိမ်းရောင်ချီတစ်ခုက အစီအရင်ထဲသို့ ပေါင်းစပ်လာတယ်။

နောက်အခိုက်အတန့်မှာတော့ အစီအရင်ပေါ်ရှိအက်ကြောင်းတွေက ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။

"ကမ္ဘာသစ်ရွက်ရဲ့စွမ်းအား....." သွေးပုဆိန်အင်ပါယာအရှင်ရဲ့အမူအရာက မည်းမှောင်သွား‌တယ်။

သူက တစ်ခုကိုပဲ စိုးရိမ်တယ်၊ အဲဒါက တကယ်ဖြစ်ပျက်ခဲ့တာပဲ။ အံ့ဖွယ်သစ်ရွက်မြို့အရှင်က ကမ္ဘာသစ်ရွက်ရဲ့စွမ်းအားကို ဘယ်လိုသုံးရမလဲကို သိတယ်။

ဒါက စွမ်းအားအပိုင်းအစတစ်ခုပဲဆိုရင်တောင် အဲဒါက ကြောက်စရာကောင်းတယ်။

တကယ်တော့ ဒါက ကမ္ဘာသစ်ပင်မှသစ်ရွက်လေ။

သွေးပုဆိန်အင်ပါယာအရှင်၊ မင်း အခုထွက်သွားရင် မင်းရဲ့အရှက်ကွဲမှုကို ကာကွယ်နိုင်ပါသေးတယ်။ ကမ္ဘာချိတ်ပိတ်......

အံ့ဖွယ်သစ်ရွက်မြို့အရှင်က အော်လိုက်ပြီး လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။ ဧရာမအစိမ်းရောင်လက်ဝါးတစ်ခုက မီးစက်လုံးတိုက်ပွဲဝင်္ကပါကို ရိုက်ဆောင့်လိုက်တယ်။

အုံး......

မီးစက်လုံးတိုက်ပွဲဝင်္ကပါက ပျက်စီးသွားတယ်။

မီးစက်လုံးတိုက်ပွဲဝင်္ကပါထဲရှိလူတိုင်းက လွင့်ထွက်ပြီး သွေးတွေ အန်ထွက်လာတယ်။

"သူ့ခွန်အားက......"

စီရင်ချက်နေ့ကောင်းကင်ဘုံအရှင်က ထိတ်လန့်သွားတယ်။ သူတို့နှစ်ယောက်စလုံးက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေဖြစ်ပေမယ့် အန္တိမအဆင့်အစီအရင်နဲ့ကမ္ဘာသစ်ရွက်ရဲ့အထောက်အပံ့နဲ့အတူ အံ့ဖွယ်သစ်ရွက်မြို့အရှင်က တကယ်ကို ကြောက်စရာကောင်းလှတယ်။

နောက်ပိုင်းမှာတော့ အံ့ဖွယ်သစ်ရွက်မြို့အရှင်က လေပေါက်ကွဲတိုက်ပွဲနဲ့ဝင်္ကပါလှံတိုက်ပွဲဝင်္ကပါတို့ကို ရိုက်ထည့်လိုက်တယ်။

"ငါ မင်းနဲ့အံ့ဖွယ်သစ်ရွက်မြို့ကို အထင်သေးမိခဲ့တယ်လို့တော့ ငါ ဝန်ခံတယ်"

သွေးပုဆိန်အင်ပါယာအရှင်က အစိမ်းရောင်လက်ဝါးအပေါ် ခုတ်ပိုင်းလိုက်ပေမယ့် သန်မာတဲ့သက်ရောက်မှုကြောင့် သူက မိုင်ထောင်ကျော်နောက်ဆုတ်ပေးလိုက်ရတယ်။

"စိတ်မကောင်းစရာကတော့ မင်းရဲ့ခွန်အားက ကမ္ဘာသစ်ရွက်ဖို့ထိန်းချုပ်ဖို့ လုံလောက်ရုံမျှပဲ။ မင်းက အမြဲတမ်း ဒီလိုဆက်သွားနိုင်မယ်လို့တော့ ငါ မယုံဘူး"

သွေးပုဆိန်အင်ပါယာအရှင်ရဲ့ခန္ဓာကိုယ်ပေါ်ရှိအင်းကွက်တွေက ပုရွက်ဆိတ်တွေပမာ သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားတော့တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်က ပိုကြီးလာတယ်။

မိုင်တစ်သောင်း၊ မိုင်တစ်သန်း၊ မိုင်သန်းတစ်ရာ.....

သွေးပုဆိန်အင်ပါယာအရှင်က မိုင်တစ်ရာကို ရောက်ပြီးနောက် ရပ်လိုက်တယ်။

အရွယ်အစားကြီးမားလာပြန်တဲ့သွေးရောင်ပုဆိန်ကို ပင့်လျက် သွေးပုဆိန်အင်ပါယာအရှင်က အံ့ဖွယ်သစ်ရွက်မြို့ကို အကြိမ်တစ်ထောင်ခုတ်ပိုင်းလိုက်တယ်။ ရိုးစင်းတဲ့ပုဆိန်ပုံရိပ်တွေက ဒေါသထွက်နေတဲ့လှိုင်းတစ်ခုပမာ အံ့ဖွယ်သစ်ရွက်မြို့ကို ဝါးမြိုလိုက်တယ်။

ဝုန်း ဝုန်း ဝုန်း.....

ကမ္ဘာသစ်ရွက်ရဲ့အထောက်အပံ့နဲ့အတူ အံ့ဖွယ်သစ်ရွက်မြို့က အဆများစွာပိုခိုင်မာလာပြီး ပျက်စီးမယ့်လက္ခဏာတွေ တစ်ခုမှမရှိဘူး။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်နှစ်ပတ်ကုန်ဆုံးသွားပြန်တယ်။

သွေးပုဆိန်အင်ပါယာအရှင်ရဲ့တိုက်ခိုက်မှုက နှေးကွေးလာတယ်။

သူ့ခွန်အားကို အဆုံးစွန်းအကန့်အသတ်အထိ ပေါက်ကွဲစေခြင်းမရှိရင် သူ့ရဲ့စွမ်းအားက မကုန်ခန်းနိုင်တော့ဘူး။ ဒါပေမယ့် အရင်ရက်အနည်းငယ်ကတော့ သူက အံ့ဖွယ်သစ်ရွက်မြို့အရှင်ကို စမ်းသပ်လိုခဲ့တာဖြစ်တယ်၊ ဒါကြောင့် သူက ပိုပြီးကြမ်းကြုတ်ခဲ့တယ်။

မြို့ဂိတ်ပေါက်အပေါ်မှာတော့ အံ့ဖွယ်သစ်ရွက်မြို့အရှင်ရဲ့နဖူးပြင်က ချွေးအနည်းငယ်ထွက်နေတယ်။

ကမ္ဘာသစ်ရွက်ရဲ့စွမ်းအားကို ထိန်းချုပ်ရတာက သူ့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုပါပဲ။

ဥပမာအနေနဲ့ လူတစ်ယောက်က အလေးချိန်တစ်ရာရှိတဲ့လက်နက်တစ်ခုကို တစ်နေ့လုံး လွှဲယမ်းပြီးနောက် တစ်စုံတစ်ယောက်က မမောပန်းနိုင်ပေမယ့် အလေးချိန်တစ်ထောင်ရှိတဲ့လက်နက်တစ်ခုကိုတစ်ကြိမ်လွှဲယမ်းခြင်းက လူတစ်ယောက်ကို မောပန်းစေဖို့ လုံလောက်တယ်။

အနောက်တစ်ခုက စွမ်းအားတွေပိုပေးပေမယ့် ကိုင်ဆောင်သူက ခွန်အားလုံလုံလောက်လောက်ရှိရမယ်။

"နောက်ထပ်လှုပ်ရှားလိုက်"

သွေးပုဆိန်အင်ပါယာအရှင်ရဲ့အမိန့်နဲ့အတူ သွေးပုဆိန်နန်းတော်က ငွေရောင်တိုင်လုံးနှစ်ခုကို ဆန့်ထုတ်စေလိုက်တယ်။ သူတို့က အရှည်အားဖြင့် မိုင်သောင်းအနည်းငယ်ရှိပြီး အထူအားဖြင့် မိုင်ရာအနည်းငယ်ရှိတယ်။

ဝီဝီဝီ.......

ကြောက်စရာကောင်းတဲ့လျှပ်စစ်စီးကြောင်းတွေက ငွေတိုင်တွေအပေါ်မှာ တလက်လက်ဖြစ်နေတယ်။

ချက်ချင်းပဲ အကန့်အသတ်မဲ့မိုးကြိုးစက်လုံးတစ်ခုက ငွေတိုင်တွေအကြားမှာ ထွက်ပေါ်လာတယ်။

မိုးကြိုးစက်လုံးက အရွယ်အစားတစ်သမတ်တည်းရှိမနေပါဘူး။ တစ်ခါတစ်ရံ အဲဒါက မိုင်ထောင်အနည်းငယ်ရှိပြီး တစ်ခါတစ်လေမှာတော့ မျက်လုံးနဲ့မြင်ဖို့အတွက်တောင် သေးငယ်လွန်းတယ် ။

အသံမထွက်၊ တည်ရှိမှုတစ်ခုမှ မထွက်ပေါ်လာဘဲ မိုးကြိုးစက်လုံးကို အံ့ဖွယ်သစ်ရွက်မြို့ထံ ပစ်လွှတ်လိုက်တော့တယ်။

ဒိန်း......ဂျိန်း......

နေရာတစ်ခုလုံးက မိုးကြိုးအလင်းတွေနဲ့ ပြည့်နေတယ်။ မိုးကြိုးအလင်းတောက်ပမှုနဲ့ ရင်ဆိုင်ရတဲ့အခါ အာကာသ-အချိန်က အဓိပ္ပါယ်မဲ့သွားကာ သူတို့အားလုံးက ရှေးဦးမူလအခြေအနေသို့ ပြောင်းလဲသွားတော့တယ်။

"ဒါက ရှေးဦးမူလနတ်မိုးကြိုးပဲ" အံ့ဖွယ်သစ်ရွက်မြို့အရှင်ရဲ့အမူအရာက အလွန်ဆိုးရွားသွားတယ်။

ရှေးဦးမူလနတ်မိုးကြိုးက မိုးကြိုးရဲ့မူလအခြေအနေတစ်ခုဖြစ်တယ်။

ကောင်းကင်ဘုံအရှင်တွေက ရှေးဦးမူလအခြေအနေကို နားလည်ထားတယ်ဆိုပေမယ့် နားလည်မှုမှာလည်း ကွဲပြားမှုတွေရှိတယ်။ ကနဦးနားလည်မှုနဲ့အပြည့်အဝနားလည်မှုတွေက လုံးဝခြားနားတဲ့သဘောတရားတွေပါပဲ။

ဒါက သာမန်တိုက်ပွဲတစ်ခုဆိုရင် သူက ရှေးဦးမူလနတ်မိုးကြိုးကို မရင်ဆိုင်နိုင်ရင်တောင် သူက အဲဒါကို ရှောင်တိမ်းနိုင်တယ်။ အချက်အလက်အရ သူက သွေးပုဆိန်အင်ပါယာအရှင်ကို ရှေးဦးမူလနတ်မိုးကြိုးအတွက် စွမ်းအင်ကိုစုဆောင်းဖို့ အချိန်ပေးမှာမဟုတ်ပါဘူး။

ဒါပေမယ့် ဒါက မြို့ဝန်းရံခြင်းဖြစ်ပြီး သူက အံ့ဖွယ်သစ်ရွက်မြို့နဲ့အတူ ရှောင်တိမ်းဖို့က မဖြစ်နိုင်ပါဘူး။

ဒါကြောင့် သူက ရွေးချယ်စရာမရှိဘဲ အဲဒါကို ထိပ်တိုက်ရင်ဆိုင်လိုက်ရတော့တယ်။

"ချို့ယွင်းချက်တစ်ခုရှိတယ်"

ရှေးဦးမူလနတ်မိုးကြိုးက အံ့ဖွယ်သစ်ရွက်မြို့ရဲ့အစီအရင်ကို မချိုးဖြတ်နိုင်ပေမယ့် အဲဒါက သိသာထင်ရှားတဲ့ချို့ယွင်းချက်တစ်ခုကို ထွက်ပေါ်လာစေခဲ့တယ်။ အခွင့်အရေးကို အသုံးပြုလျက် ချို့ယွင်းချက်ကို ခုတ်ပိုင်းဖို့ သွေးပုဆိန်အင်ပါယာအရှင်က သူ့ရဲ့အန္တိမအဆင့်လျှို့ဝှက်နည်းလမ်းကို အသုံးပြုခဲ့တယ်။

ဖြောက်......

အံ့ဖွယ်သစ်ရွက်မြို့ထဲမှာ ဧရာမပုဆိန်အမှတ်အသားတစ်ခုက ထွက်ပေါ်လာတယ်။ ပုဆိန်အမှတ်အသားထဲမှာ လူတိုင်းကို ဖျက်ဆီးခဲ့တယ်။

"ပြေးကြတော့....."

အစကတော့ မြို့ထဲမှာဆိုရင် ဘေးကင်းမယ်လို့ အားလုံးက တွေးထားကြတယ်။ ဘယ်သူနိုင်နိုင်ရှုံးရှုံး ကိစ္စမရှိဘူး၊ မြို့အရှင်ပြောင်းသွားရုံ‌ပဲပေါ့လေ။

ဒါပေမယ့် အခု သူတို့က မှားယွင်းခဲ့မှန်း သိလာခဲ့တယ်။

ဘယ်သူနိုင်နိုင်ရှုံးရှုံး ကိစ္စမရှိဘူး၊ ကြီးမားတဲ့သေကြေပျက်စီးမှုတွေက ဖြစ်လာရမှာပဲ။

ဒါက မလွဲဧကန်ပဲ။

ဒါပေမယ့် သူတို့ဘယ်‌နေရာကိုပဲ ပြေးပြေး မထူးဘူးဆိုတာကို သူတို့က လျင်မြန်စွာ သဘောပေါက်ခဲ့တယ်။ ပုဆိန်အမှတ်အသားတွေက ကြုံသလိုပေါ်ထွက်လာနေတယ်။ မြို့အပြင်ဘက်ကိုပြေးထွက်ဖို့က ပိုတောင်မဖြစ်နိုင်ပါဘူး။

မြို့အပြင်ဘက်ရှိဟင်းလင်းပြင်က အလွန်ဖရိုဖရဲပရမ်းပတာဖြစ်တယ်။ ကောင်းကင်ဘုံအရှင်တွေကတောင် သူတို့ရဲ့အသက်ကို ဆုံးရှုံးသွားနိုင်တယ်။

မိုးကြိုးစက်လုံးများစွာက အံ့ဖွယ်သစ်ရွက်မြို့အပေါ် ကျရောက်လာပြီး အစီအရင်တွေကို မတည်မငြိမ်ဖြစ်လာစေတယ်။

သွေးပုဆိန်ရဲတိုက်အထဲမှာ လေပေါက်ကွဲကောင်းကင်ဘုံအရှင်နဲ့စီရင်ချက်နေ့ကောင်းကင်ဘုံအရှင်တို့ ရှိတယ်။

ရှေးဦးမူလနတ်မိုးကြိုးကို အသုံးပြုဖို့ ကြီးမားတဲ့စွမ်းအင်အရင်းမြစ်တွေကို လိုအပ်တယ်။ ၁၉တပ်ရင်းတစ်ခုလုံးက စွမ်းအင်ကို သွေးပုဆိန်ရဲ့စွမ်းအင်ရေကန်ထဲသို့ ထည့်သွင်းနေတယ်။ ဒါက ရှေးဦးမူလနတ်မိုးကြိုးကို အဆက်မပြတ်လောင်ကျွမ်းစေဖို့ တစ်ခုတည်းသောနည်းလမ်းပါပဲ။ သွေးပုဆိန်အင်ပါယာအရှင်ကို အခွင့်အရေးကို ဆုတ်ကိုင်ကာ အစီအရင်တွေရဲ့ချို့ယွင်းချက်တွေကို တိုက်ခိုက်ရလိမ့်မယ်။

ဒါပေမယ့် မြို့နေလူထုကတော့ သေရေးရှင်ရေးအကျပ်အတည်းကို ကျရောက်နေတယ်။ သူတို့က ပုဆိန်အမှတ်အသားတွေ ဆင်းသက်လာပြီး အသက်တွေ အမှည့်ခြွေနေတာကိုသာ ကြည့်ရှုနိုင်တယ်။ သူတို့က ဘာမှမတတ်နိုင်ခဲ့ဘူး။

"သတိထားကြ....."

ပုဆိန်အမှတ်အသားက မြို့တံတိုင်းတွေရဲ့ဒီအစိတ်အပိုင်းအပေါ် ကျရောက်လာတာကို လီဖူချန်းက ချက်ချင်းသတိပြုမိပြီး လျင်မြန်စွာ ခုန်ဆင်းလိုက်တော့တယ်။

ဖြောက်......

တော်တော်များများက လီဖူချန်းအနောက်မှအနီးကပ်လိုက်လာခဲ့ပေမယ့် မလွတ်မြောက်နိုင်တဲ့သူတွေ အများကြီးကျန်ရှိနေသေးတယ်၊ ပြင်းထန်တဲ့ချီကြောင့် အပိုင်းပိုင်းဆုတ်ပြဲသွားကြတော့တယ်။

"စွမ်းအားကို အဆရာကျော်ဒါမှမဟုတ်တစ်ထောင်လောက် လျော့ချနိုင်ပေမယ့် မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်အောက်က မခုခံနိုင်သေးဘူးပဲ"

ပုဆိန်အမှတ်အသားကျဆင်းလာတဲ့အခါ အရာအားလုံးက ဗလာဖြစ်သွားသလို လီဖူချန်းက ခံစားမိတယ်။

တိုက်ပွဲဆက်ဖြစ်နေခြင်းက လူတိုင်းကို ကြောက်ရွံ့စေတယ်။ တိုက်ပွဲမကြာမီအဆုံးသတ်ပါစေလို့ အားလုံးက မျှော်လင့်နေကြတယ်။

အချက်အလက်အရ အံ့ဖွယ်သစ်ရွက်မြို့အရှင်အညံ့ခံပါစေလို့ လူအချို့က ဆန္ဒပြုနေတယ်။ ဒါက တိုက်ပွဲပြီးဆုံးဖို့အမြန်ဆုံးနည်းလမ်းဖြစ်တာကြောင့်ပါပဲ။

အံ့ဖွယ်သစ်ရွက်မြို့အရှင်ရဲ့စိတ်အခြေအနေက အတော်လေးဆိုးနေတယ်။ ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့စွမ်းအင်က ကြီးမားကျယ်ပြောပေါများတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က ပြိုင်ဘက်မကင်းပါဘူး။

သူ့ရဲ့စိတ်အခြေအနေက ပိုဆိုးလာတာကြောင့် အံ့ဖွယ်သစ်ရွက်မြို့အရှင်က ကမ္ဘာသစ်ပင်ရဲ့သစ်ရွက်မှစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းနည်းပါးလာတယ်။

ဖြောက်....ဖြောက်......ဖြောက်.....

အံ့ဖွယ်သစ်ရွက်မြို့က ဖရိုဖရဲဖြစ်နေတယ်။ ပုဆိန်အမှတ်အသားတွေက နေရာတိုင်းမှာရှိပြီး ဓားသမားအစည်းအရုံးကိုတောင် ပုဆိန်အမှတ်အသားက ခုတ်ပိုင်းခဲ့တယ်။

"အချိန်ကျပြီ"

သွေးပုဆိန်အင်ပါယာအရှင်ရဲ့မျက်လုံးတွေက ကြောက်စရာကောင်းတဲ့အလင်းတွေ ပေါက်ကွဲထွက်လာပြီး သူ့လက်မှာတော့ မီးခိုးရောင်လှံတစ်ခုကို ကိုင်ဆောင်ထားတယ်။

မီးခိုရောင်လှံထွက်ပေါ်လာတာနဲ့ ပတ်ဝန်းကျင်ရှိအာကာသ-အချိန်နဲ့စွမ်းအင်က လှံဆီ စုဝေးလာတယ်။ ပြီး‌နောက် သူတို့က ကြောက်စရာကောင်းတဲ့ထာဝရစွမ်းအားအဖြစ် ပြောင်းလဲသွား‌တော့တယ်။

"စွမ်းအင်အားလုံးကို ထုတ်ယူကူးပြောင်းခြင်း" လီဖူချန်းက အတော်လေးမှင်တက်သွားတယ်။

ရှေးဦးမူလအခြေအနေကို နားလည်ပြီးနောက် စွမ်းအင်အားလုံးကို ဖျက်ဆီးဖို့က မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် စွမ်းအင်တွေကို ထုတ်ယူကူးပြောင်းဖို့ဆိုတာကတော့ သာမန်လူတွေ မလုပ်နိုင်တဲ့အရာပဲ။ ရှေးဦးမူလအခြေအနေကို အပြည့်အဝနားလည်ထားတဲ့သူတွေအတွက်သာ ဖြစ်နိုင်တယ်။ ဒီလိုလူတွေက အနည်းဆုံးအကြိုနတ်ဘုရားဖြစ်လိမ့်မယ်။

"သွားတော့"

အော်သံနဲ့အတူ သွေးပုဆိန်အင်ပါယာအရှင်က သူ့ရဲ့လက်မောင်းမှခွန်အားကို အသုံးပြုပြီး မီးခိုးရောင်လှံက မီးခိုးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ အဲဒါက အံ့ဖွယ်သစ်ရွက်မြို့ရဲ့အစီအရင်တွေနဲ့အံ့ဖွယ်သစ်ရွက်မြို့အရှင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့တယ်။

"ဟူး....."

ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက အဆက်မပြတ်စောင့်ကြည့်နေခဲ့တယ်၊ သူက သက်ပြင်းတစ်ချက်ချကာ ပျောက်ကွယ်သွားတော့တယ်။

"ဒီလိုလုပ်ဖို့ လိုအပ်လို့လား" အသေင်္ချပန်းအမျိုးသမီးက ခေါင်းခါယမ်းလိုက်တယ်၊ သူမရဲ့မျက်လုံးတွေက ရှုပ်ထွေးနေတယ်။

သူမက ထာဝရစစ်တပ်ရဲ့ထာဝရလှံနဲ့ပတ်သက်ပြီး သိတယ်။ အံ့ဖွယ်သစ်ရွက်မြို့အရှင်က ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဆိုရင် သူက ဒီလှံအောက်မှ အသက်ရှင်နိုင်ကောင်းရှင်နိုင်မယ်။ ဒါပေမယ့် မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်က‌တော့ သေချာပေါက်သေဆုံးရလိမ့်မယ်။

"အရူးပဲ"

အနက်ရောင်ရေဝဲတစ်ခုအထဲမှာ အမှောင်ပူဆွေးခြင်းကောင်းကင်ဘုံအရှင်က လှောင်လိုက်‌တယ်။ သူ့အမြင်အရ အံ့ဖွယ်သစ်ရွက်မြို့အရှင်က ရူးနေတာပဲ။ မဖြစ်နိုင်မှန်းသိပေမယ့် သူက ကြိုးစားခဲ့တယ်။ သေခြင်းကို ရှာဖွေနေတာနဲ့ အတူတူပဲမဟုတ်ဘူးလား။

"ငါ ဒါကို လက်မခံနိုင်ဘူး......" အံ့ဖွယ်သစ်ရွက်မြို့အရှင်က သွေးပုဆိန်အင်ပါယာအရှင်ကို မျက်လုံးပြူးကာ ကြည့်လိုက်တယ်။

သူက အောင်မြင်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် ကျဆုံးခဲ့ရတယ်။

တန်ဖိုးကတော့ သေခြင်းတရားပဲ။

သူ့ရဲ့စိတ်ဝိညာဉ်နဲ့အတူ အံ့ဖွယ်သစ်ရွက်မြို့အရှင်ရဲ့ခန္ဓာကိုယ်က ပြာအဖြစ် ပေါက်ကွဲထွက်သွားတော့တယ်။

လက်ကို ဝှေ့ယမ်းလိုက်ရာ ထာဝရလှံက ပြန်ရောက်လာတယ်။ သွေးပုဆိန်အင်ပါယာအရှင်က အေးစက်တဲ့လေသံနဲ့‌ ပြောလိုက်တယ်"ဒါက ထာဝရစွမ်းအားရဲ့ခြောက်ဆယ်ရာခိုင်နှုန်းကို အသုံးပြုခဲ့တာပဲ။ မင်း အတော်လေးလုပ်ဆောင်နိုင်ခဲ့ပါတယ်လေ"

All Chapters